မွန်ပြည်နယ်တွင် ဆန္ဒပြသူများကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်။
မွန်ပြည်နယ်တွင် ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးခံရသူများကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနှင့် တရားစွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။
မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရေးမြို့ပေါ်တွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွင် စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြရင်း အဖမ်းခံရသူများကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
ထိုဆန္ဒပြပွဲကိုစစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များ က သေနတ်ပစ်ဖောက် ဖြိုခွင်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြနေသော ပြည်သူများအား လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၁၇ ဦးအထိရှိခဲ့သည်။
“မနေ့က အဖမ်းခံရတာ ၁၇ ဦးအထိရှိတယ်၊ သူတို့ကို ၅၀၅(က) နဲ့ အမှုဖွင့် တရားစွဲထားတယ်လို့ ရဲစခန်းကနေ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ ၁၇ ဦးတွင် လူငယ်အမျိုးသမီးအများစုပါဝင်ပြီး ကျိုက်မရောအကျဉ်းထောင် တွင် ထိန်းသိမ်းထား သည်ဟု ဒေသခံများက ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်စီရင်ခံရလျှင် အမြင့်ဆုံး ထောင် ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည်။
ရေးမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသူတို့ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပစ်ခတ် လိုက် လံဖြိုခွင်းနေသည့် အတွက် ဆန္ဒပြမှုကို လူအနည်းငယ်ဖြင့် ပုံစံအမျိုးမျိုးပြောင်းပြီး ဆက်လက် လုပ်ဆောင်နေ ကြသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လိုက်လံ ပစ်ခတ်ဖြိုခွင်းနေမှုကြောင့် မွန်ပြည်နယ်တွင် ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူ အများအပြားရှိနေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည့် စာရင်းများအရ စစ် အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့ထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချ မှတ် ခြင်းခံထားရသူ စုစုပေါင်း (၂၆၈၂) ဦးထိရှိခဲ့ပြီ ဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၅) ဦး ရှိပြီဖြစ်သည်ဟု သိရသည်။
ထို့အပြင် အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရ သောကြောင့် တိမ်းရှောင်နေသူ (၁၀၉) ဦး နှင့် ပြန် လည် လွတ်မြောက်လာသူ (၃၈၀) ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
*** ZAWGYI ***
မြန္ျပည္နယ္တြင္ ဆႏၵျပသူမ်ားကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈျဖင့္ တရားစြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၃ ရက္။
မြန္ျပည္နယ္တြင္ ဆႏၵျပပြဲမ်ားအတြင္း ဖမ္းဆီးခံရသူမ်ားကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈႏွင့္ တရားစြဲခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
မတ္လ ၂၂ ရက္ေန႔ နံနက္ပိုင္းက ေရးၿမိဳ႕ေပၚတြင္ ျပဳလုပ္ခဲ့သည့္ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲ တြင္ စစ္အာဏာရွင္အား ဆန႔္က်င္ဆႏၵျပရင္း အဖမ္းခံရသူမ်ားကို ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲခဲ့ျခင္းျဖစ္သည္။
ထိုဆႏၵျပပြဲကိုစစ္တပ္ ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား က ေသနတ္ပစ္ေဖာက္ ၿဖိဳခြင္းၿပီးေနာက္ စစ္အာဏာရွင္ ဆန႔္က်င္ဆႏၵျပေနေသာ ျပည္သူမ်ားအား လိုက္လံဖမ္းဆီးခဲ့ရာ ဖမ္းဆီးခံရသူ ၁၇ ဦးအထိရွိခဲ့သည္။
“မေန႔က အဖမ္းခံရတာ ၁၇ ဦးအထိရွိတယ္၊ သူတို႔ကို ၅၀၅(က) နဲ႔ အမႈဖြင့္ တရားစြဲထားတယ္လို႔ ရဲစခန္းကေန သိရတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။
ဖမ္းဆီးခံရသူ ၁၇ ဦးတြင္ လူငယ္အမ်ိဳးသမီးအမ်ားစုပါဝင္ၿပီး က်ိဳက္မေရာအက်ဥ္းေထာင္ တြင္ ထိန္းသိမ္းထား သည္ဟု ေဒသခံမ်ားက ေျပာသည္။
ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က) ျဖင့္ ျပစ္ဒဏ္စီရင္ခံရလွ်င္ အျမင့္ဆုံး ေထာင္ ဒဏ္ ၃ ႏွစ္အထိ က်ခံရႏိုင္သည္။
ေရးၿမိဳ႕တြင္ စစ္အာဏာရွင္အလိုမရွိေၾကာင္း ဆႏၵေဖာ္ထုတ္ေနသူတို႔ကို စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔က ပစ္ခတ္ လိုက္ လံၿဖိဳခြင္းေနသည့္ အတြက္ ဆႏၵျပမႈကို လူအနည္းငယ္ျဖင့္ ပုံစံအမ်ိဳးမ်ိဳးေျပာင္းၿပီး ဆက္လက္ လုပ္ေဆာင္ေန ၾကသည္။
အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပေနသူမ်ားကို စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔က လိုက္လံ ပစ္ခတ္ၿဖိဳခြင္းေနမႈေၾကာင့္ မြန္ျပည္နယ္တြင္ ၃ ဦးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူႏွင့္ ဖမ္းဆီးခံရသူ အမ်ားအျပားရွိေနသည္။
ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)က ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ စစ္ အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွ မတ္လ ၂၂ ရက္ေန႔ထိ ဖမ္းဆီး၊ တရားစြဲဆို၊ ျပစ္ဒဏ္ခ် မွတ္ ျခင္းခံထားရသူ စုစုေပါင္း (၂၆၈၂) ဦးထိရွိခဲ့ၿပီ ျဖစ္ၿပီး ေထာင္ဒဏ္ခ်မွတ္ျခင္းခံထားရသူ (၁၅) ဦး ရွိၿပီျဖစ္သည္ဟု သိရသည္။
ထို႔အျပင္ အမႈဖြင့္ျခင္းခံထားရၿပီး ဖမ္းဝရမ္းထုတ္ျခင္းခံထားရ ေသာေၾကာင့္ တိမ္းေရွာင္ေနသူ (၁၀၉) ဦး ႏွင့္ ျပန္ လည္ လြတ္ေျမာက္လာသူ (၃၈၀) ဦးရွိၿပီဟု ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားသည္။