လားရှိုးမြို့ပေါ် နှစ်ရက်ဆက် ဗုံးပေါက်ကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံ များက ပြောသည်။
လားရှိုးမြို့ ၊ ရပ်ကွက် (၁) တွင် မတ်လ ၂၃ ရက်နေ့ (ယနေ့)တွင် ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ရာ ကလေး ငယ် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ဒီနေ့က အဲ့ဒီက ရပ်ကွက် (၁) နယ်မြေ (၉) ထဲက ဦးတင်သန်းဆိုတဲ့လူအိမ်ထဲမှာပေါက်ကွဲတာ၊ ကလေး လည်း နှစ်ယောက် ဒဏ်ရာရတယ်။ ရပ်ကွက်က လူတွေပြောတာတော့ ဒီနေ့ နေ့လည် သုံးနာရီမတ်တင်းမှာ နှစ်ခါပေါက်တယ်။ လေးနာရီမှာ တစ်ခါပေါက်တယ်။ အဲ့ဒီဦးတင်သန်းကတော့ စစ်တပ်က အငြိမ်းစားလို့ ပြောကြတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ဖြစ်ပွားခဲ့သည့် ရပ်ကွက် (၁) က ပေါက်ကွဲမှုမှာ စစ်တပ်မှ အငြိမ်းစားယူထားသူ တစ်ဦး၏ အိမ်ဖြစ် ကြောင်း၊ အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူလည်း ရှိကြောင်း လားရှိုးဒေသခံများက ပြော သည်။
“ဟုတ်တယ်၊ ကျမကိုယ်တိုင်ကြားတာပါ။ ဗုံးသံက ကျမတို့ နေရာနဲ့ သိပ်မဝေးဘူး။ ဒီရပ်ကွက် ၁၊ မန္တလေး အထွက် လမ်းနားမှာပဲ။ ရန်တိုင်းအောင် ဘုရားနားလောက်မှာပဲထင်တယ်။ ခန့်မှန်းကြည့်မယ်ဆိုရင်။ ဗုံးသံ က တော်တော်လေး ကျယ်တယ်။ ဒီနေ့လည်း ဗုံးသံလည်း ကြားရတယ်။ မနေ့ကလည်း ဗုံးသံတွေ ကြားရ တယ်။ ဒီ နေ့ ရဲ့ ပေါက်ကွဲမှုက ကျမတို့ရဲ့ ရပ်ကွက် ၁ မှာပဲ၊ အိမ်တွေတောင်မှ တုန်သွားတာ၊ အဲ့နားမှာ ကား ကြီးဝန်းလည်း တစ်ခုရှိတယ်” ဟု လားရှိုးရပ်ကွက် (၁) က ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် မတ်လ ၂၂ ရက်နေ့ (ယမန်နေ့) မွန်းလွဲပိုင်းအချိန်ကလည်း လားရှိုးမြို့ ရပ်ကွက် (၄) နယ်မြေ အတွင်းရှိ ရဲရိပ်သာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
မနေ့ကတော့ ဖြစ်တာတော့ ဒီအတိုင်းပဲ သူတို့လိုက်စစ်တယ်၊ စစ်ပြီးတော့ ဘာမှ မတွေ့တော့ အဲ့အတိုင်းပဲ ပြီးသွားတယ်။ ဒီနေ့ကတော့ အခုအချိန်ထိ ရဲနဲ့ စစ်တပ်က အဲ့ရပ်ကွက်ထဲမှာ ရှိနေတုန်းပဲ” ဟု အမည်မဖော် လိုသူ ဒေသခံတစ်ဦးက ဆက်ပြောသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် ရဲရိပ်သာရုံးအတွင်းက ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိသော်လည်း ယနေ့ဖြစ်ပွားသည့် လားရှိုးမြို့ ရပ်ကွက် (၁) အတွင်းက ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူ နှစ်ဦး ရှိသည် ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
လားရႈိးၿမိဳ႕ေပၚ ႏွစ္ရက္ဆက္ ဗုံးေပါက္ကြဲ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္ မတ္လ ၂၃ ရက္။
ရွမ္းျပည္နယ္ ေျမာက္ပိုင္း လားရႈိးၿမိဳ႕တြင္ ႏွစ္ရက္ဆက္တိုက္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္ဟု ေဒသခံ မ်ားက ေျပာသည္။
လားရႈိးၿမိဳ႕ ၊ ရပ္ကြက္ (၁) တြင္ မတ္လ ၂၃ ရက္ေန႔ (ယေန႔)တြင္ ဗုံးေပါက္ကြဲမႈ သုံးႀကိမ္ျဖစ္ပြားခဲ့ရာ ကေလး ငယ္ ႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိမႈ ရွိခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
“ဒီေန႔က အဲ့ဒီက ရပ္ကြက္ (၁) နယ္ေျမ (၉) ထဲက ဦးတင္သန္းဆိုတဲ့လူအိမ္ထဲမွာေပါက္ကြဲတာ၊ ကေလး လည္း ႏွစ္ေယာက္ ဒဏ္ရာရတယ္။ ရပ္ကြက္က လူေတြေျပာတာေတာ့ ဒီေန႔ ေန႔လည္ သုံးနာရီမတ္တင္းမွာ ႏွစ္ခါေပါက္တယ္။ ေလးနာရီမွာ တစ္ခါေပါက္တယ္။ အဲ့ဒီဦးတင္သန္းကေတာ့ စစ္တပ္က အၿငိမ္းစားလို႔ ေျပာၾကတယ္” ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။
ယေန႔ျဖစ္ပြားခဲ့သည့္ ရပ္ကြက္ (၁) က ေပါက္ကြဲမႈမွာ စစ္တပ္မွ အၿငိမ္းစားယူထားသူ တစ္ဦး၏ အိမ္ျဖစ္ ေၾကာင္း၊ အဆိုပါ ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိသူလည္း ရွိေၾကာင္း လားရႈိးေဒသခံမ်ားက ေျပာ သည္။
“ဟုတ္တယ္၊ က်မကိုယ္တိုင္ၾကားတာပါ။ ဗုံးသံက က်မတို႔ ေနရာနဲ႔ သိပ္မေဝးဘူး။ ဒီရပ္ကြက္ ၁၊ မႏၲေလး အထြက္ လမ္းနားမွာပဲ။ ရန္တိုင္းေအာင္ ဘုရားနားေလာက္မွာပဲထင္တယ္။ ခန႔္မွန္းၾကည့္မယ္ဆိုရင္။ ဗုံးသံ က ေတာ္ေတာ္ေလး က်ယ္တယ္။ ဒီေန႔လည္း ဗုံးသံလည္း ၾကားရတယ္။ မေန႔ကလည္း ဗုံးသံေတြ ၾကားရ တယ္။ ဒီ ေန႔ ရဲ႕ ေပါက္ကြဲမႈက က်မတို႔ရဲ႕ ရပ္ကြက္ ၁ မွာပဲ၊ အိမ္ေတြေတာင္မွ တုန္သြားတာ၊ အဲ့နားမွာ ကား ႀကီးဝန္းလည္း တစ္ခုရွိတယ္” ဟု လားရႈိးရပ္ကြက္ (၁) က ေဒသခံတစ္ဦးက ေျပာသည္။
ထို႔အျပင္ မတ္လ ၂၂ ရက္ေန႔ (ယမန္ေန႔) မြန္းလြဲပိုင္းအခ်ိန္ကလည္း လားရႈိးၿမိဳ႕ ရပ္ကြက္ (၄) နယ္ေျမ အတြင္းရွိ ရဲရိပ္သာတြင္ ေပါက္ကြဲမႈ ျဖစ္ပြားခဲ့သည္။
မေန႔ကေတာ့ ျဖစ္တာေတာ့ ဒီအတိုင္းပဲ သူတို႔လိုက္စစ္တယ္၊ စစ္ၿပီးေတာ့ ဘာမွ မေတြ႕ေတာ့ အဲ့အတိုင္းပဲ ၿပီးသြားတယ္။ ဒီေန႔ကေတာ့ အခုအခ်ိန္ထိ ရဲနဲ႔ စစ္တပ္က အဲ့ရပ္ကြက္ထဲမွာ ရွိေနတုန္းပဲ” ဟု အမည္မေဖာ္ လိုသူ ေဒသခံတစ္ဦးက ဆက္ေျပာသည္။
ယမန္ေန႔က ျဖစ္ပြားခဲ့သည့္ ရဲရိပ္သာ႐ုံးအတြင္းက ေပါက္ကြဲမႈတြင္ ထိခိုက္ဒဏ္ရာ ရရွိသူ မရွိေသာ္လည္း ယေန႔ျဖစ္ပြားသည့္ လားရႈိးၿမိဳ႕ ရပ္ကြက္ (၁) အတြင္းက ေပါက္ကြဲမႈတြင္ ထိခိုက္ဒဏ္ရာ ရရွိသူ ႏွစ္ဦး ရွိသည္ ဟု ေဒသခံမ်ားက ေျပာသည္။