ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်။

ရှမ်းမြောက်ဒေသ သီပေါမြို့နယ်အတွင်း ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံ ၁၀၀ ကျော် စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

သီပေါမြို့နယ်ရှိ ကုန်းဆာကျေးရွာအုပ်စုအတွင်းက ကျေးရွာများအနီး မတ်လ ၂၂ ရက်နေ့က ရှမ်း ပြည်တိုးတက် ရေးပါတီ ရှမ်းပြည်တပ်တော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်း ပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။

“အခုက တစ်ရာ လောက် ထွက်ပြေးလာကြတယ်။ သူတို့ရွာနားမှာ ၂၂ ရက်နေ့ ညက တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်ဗျ။ ရွာနားလေးအထိ တိုက်ပွဲကဖြစ်လာတယ်၊ လက်နက်ကြီးတွေ ဘာတွေလည်း ကျလာလာ တော့ မနေရဲကြတော့ဘူး။ အခုလည်း ရွာမှာ ကျန်ခဲ့တဲ့လူတွေလည်း ရှိတယ်လို့တော့ ပြောတယ်။ အခု သီပေါ ဒီအောင်မင်္ဂလာဘုန်းကြီးမှာပဲဗျ။ ကျနော်တို့ ရတဲ့စာရင်းကတော့ အိမ်ထောင်စု ၃၃ စုရှိတယ် တစ် ရာတော့ မပြည့်ဘူး” ဟု ထွက်ပြေးလာကြသည့် စစ်ရှောင်များကို သွားရောက်ကူညီခဲ့သူ တစ်ဦးက ပြော သည်။

ဆွန်လုံကျေးရွာ အပြင် အနီးအနားက အခြားကျေးရွာများမှ ထွက်ပြေးလာကြသည့် စစ်ရှောင်ပြည်သူများ ကို ယခုခါ သီပေါမြို့ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတွင် နေရာချထားပေးသည်ဟု သွားရောက် ကူ ညီခဲ့သူက ဆက် ပြောသည်။

“အိမ်ထောင်စု ၃၃ စုက ရွာသားတွေအတွက်တော့ အခုက ကျနော်တို့ သီပေါက ပရဟိတအဖွဲ့တွေ လူငယ် တွေ ရပ်မိရပ်ဖတွေက ကူညီပေးထားတယ်။ စားစာရာတွေ စီစဉ်ပေးထားတယ်။ သူတို့ ဒီရွာသားတွေပြော တာတော့ ထပ်ပြီး ရောက်လာဖို့လည်း ရှိသေးတယ်။ လောလောဆယ်တော့ တခြား ဘာမှ သိပ်လိုတာမျိုး တော့ မရှိသေးပါဘူး။ ရက်ကြာလာရင်တော့ မလွယ်ဘူးပေါ့ဗျာ” ဟု ဆက်ပြောသည်။

ထို့အပြင် စားသောက်စရာများကိုလည်း သီပေါဒေသခံများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက တတ်နိုင် သမျှပံ့ပိုးပေးထားရသည်ဟု ပြောသည်။

အဆိုပါတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ နှစ်ဖက်လက်နက်ကိုင်များအား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ထို့အပြင် နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းကြား ဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် စစ်ရှောင်ပြည်သူများ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးပဲ မန်စံကျေးရွာထဲက ဘုန်းတော်ကြီး ကျောင်းတွင် တစ်လကျော်အကြား စစ်ဘေးရှောင်နေကြရသူများလည်း ရှိနေဆဲဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက် ကတည်းက SSPP၊ TNLA ပူးပေါင်းတပ်ဖွဲ့ များ နှင့် RCSS တပ်တို့အကြား ကျောက်မဲမြို့ နယ် တော့ဆန်၊ လွယ်အံကျေးရွာအုပ်စုနှင့် နမ္မတူမြို့နယ် မန်ဝါ ကျေးရွာအနီးတို့တွင် နှစ်ဖက်ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဒေသခံ (၁)ထောင်ကျော် ထွက် ပြေးတိမ်းရှောင်နေကြရသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

*** ZAWGYI ***
ရွမ္းတပ္ႏွစ္ဖြဲ႕ တိုက္ပြဲေၾကာင့္ ေဒသခံမ်ား စစ္ေဘးေရွာင္ေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၄ ရက္။

ရွမ္းေျမာက္ေဒသ သီေပါၿမိဳ႕နယ္အတြင္း ရွမ္းတပ္ဖြဲ႕ႏွစ္ဖြဲ႕အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနသည့္အတြက္ ေဒသခံ ၁၀၀ ေက်ာ္ စစ္ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

သီေပါၿမိဳ႕နယ္ရွိ ကုန္းဆာေက်း႐ြာအုပ္စုအတြင္းက ေက်း႐ြာမ်ားအနီး မတ္လ ၂၂ ရက္ေန႔က ရွမ္း ျပည္တိုးတက္ ေရးပါတီ ရွမ္းျပည္တပ္ေတာ္ ေျမာက္ပိုင္း (SSPP/SSA) ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ ရွမ္း ျပည္တပ္မေတာ္ ေတာင္ပိုင္း RCSS/SSA တို႔အၾကား တိုက္ပြဲ ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။

“အခုက တစ္ရာ ေလာက္ ထြက္ေျပးလာၾကတယ္။ သူတို႔႐ြာနားမွာ ၂၂ ရက္ေန႔ ညက တိုက္ပြဲျဖစ္တယ္လို႔ ေျပာတယ္ဗ်။ ႐ြာနားေလးအထိ တိုက္ပြဲကျဖစ္လာတယ္၊ လက္နက္ႀကီးေတြ ဘာေတြလည္း က်လာလာ ေတာ့ မေနရဲၾကေတာ့ဘူး။ အခုလည္း ႐ြာမွာ က်န္ခဲ့တဲ့လူေတြလည္း ရွိတယ္လို႔ေတာ့ ေျပာတယ္။ အခု သီေပါ ဒီေအာင္မဂၤလာဘုန္းႀကီးမွာပဲဗ်။ က်ေနာ္တို႔ ရတဲ့စာရင္းကေတာ့ အိမ္ေထာင္စု ၃၃ စုရွိတယ္ တစ္ ရာေတာ့ မျပည့္ဘူး” ဟု ထြက္ေျပးလာၾကသည့္ စစ္ေရွာင္မ်ားကို သြားေရာက္ကူညီခဲ့သူ တစ္ဦးက ေျပာ သည္။

ဆြန္လုံေက်း႐ြာ အျပင္ အနီးအနားက အျခားေက်း႐ြာမ်ားမွ ထြက္ေျပးလာၾကသည့္ စစ္ေရွာင္ျပည္သူမ်ား ကို ယခုခါ သီေပါၿမိဳ႕ရွိ ေအာင္မဂၤလာဘုန္းေတာ္ႀကီးေက်ာင္းတြင္ ေနရာခ်ထားေပးသည္ဟု သြားေရာက္ ကူ ညီခဲ့သူက ဆက္ ေျပာသည္။

“အိမ္ေထာင္စု ၃၃ စုက ႐ြာသားေတြအတြက္ေတာ့ အခုက က်ေနာ္တို႔ သီေပါက ပရဟိတအဖြဲ႕ေတြ လူငယ္ ေတြ ရပ္မိရပ္ဖေတြက ကူညီေပးထားတယ္။ စားစာရာေတြ စီစဥ္ေပးထားတယ္။ သူတို႔ ဒီ႐ြာသားေတြေျပာ တာေတာ့ ထပ္ၿပီး ေရာက္လာဖို႔လည္း ရွိေသးတယ္။ ေလာေလာဆယ္ေတာ့ တျခား ဘာမွ သိပ္လိုတာမ်ိဳး ေတာ့ မရွိေသးပါဘူး။ ရက္ၾကာလာရင္ေတာ့ မလြယ္ဘူးေပါ့ဗ်ာ” ဟု ဆက္ေျပာသည္။

ထို႔အျပင္ စားေသာက္စရာမ်ားကိုလည္း သီေပါေဒသခံမ်ားႏွင့္ လူမႈကူညီေရးအသင္းအဖြဲ႕မ်ားက တတ္ႏိုင္ သမွ်ပံ့ပိုးေပးထားရသည္ဟု ေျပာသည္။

အဆိုပါတိုက္ပြဲအေျခအေနမ်ားႏွင့္ ပတ္သက္၍ ႏွစ္ဖက္လက္နက္ကိုင္မ်ားအား ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္ လည္း ဖုန္းလက္ခံေျဖၾကားျခင္း မရွိခဲ့ေပ။

ထို႔အျပင္ နမၼတူၿမိဳ႕နယ္အတြင္း တိုင္းရင္းသားလက္နက္ကိုင္မ်ား အခ်င္းခ်င္းၾကား ျဖစ္ပြားေနသည့္ တိုက္ပြဲ မ်ားေၾကာင့္ စစ္ေရွာင္ျပည္သူမ်ား ယေန႔အခ်ိန္ထိ ေနရပ္မျပန္ႏိုင္ေသးပဲ မန္စံေက်း႐ြာထဲက ဘုန္းေတာ္ႀကီး ေက်ာင္းတြင္ တစ္လေက်ာ္အၾကား စစ္ေဘးေရွာင္ေနၾကရသူမ်ားလည္း ရွိေနဆဲျဖစ္သည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီလ ၁၃ ရက္ ကတည္းက SSPP၊ TNLA ပူးေပါင္းတပ္ဖြဲ႕ မ်ား ႏွင့္ RCSS တပ္တို႔အၾကား ေက်ာက္မဲၿမိဳ႕ နယ္ ေတာ့ဆန္၊ လြယ္အံေက်း႐ြာအုပ္စုႏွင့္ နမၼတူၿမိဳ႕နယ္ မန္ဝါ ေက်း႐ြာအနီးတို႔တြင္ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ားျပင္းထန္စြာ ျဖစ္ပြားခဲ့ၿပီး ေဒသခံ (၁)ေထာင္ေက်ာ္ ထြက္ ေျပးတိမ္းေရွာင္ေနၾကရသည္မွာ ယေန႔အခ်ိန္ထိ ျဖစ္သည္။