အခွင့်အရေးချိုးဖောက်မှုများ အမြန်ဆုံး ရပ်တန့်ရန် မွန်အမျိုးသမီးကွန်ရက် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်။

အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများအား အာဏာသိမ်းစစ်ကောင်စီမှ မတရား ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေမှုများအား အမြန်းဆုံး ရပ်တန့်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အလျှင်အမြန်ဖျက်သိမ်းရေး မွန်အမျိုးသမီးများကွန်ရက် က တောင်းဆိုလိုက်သည်။

မတ်လ ၂၄ ရက်နေ့(ယနေ့) တွင် ကျရောက်သည့် (၁၇) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ် အနေ ဖြင့် မွန်အမျိုးသမီးများ ကွန်ယက် က ကြေညာချက်ထုတ်ပြီး ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ကျည်အစစ်ဖြင့် ပစ်ခတ်ခြင်း မြို့နေပြည်သူများ အား လက်နက်ဖြင့်ငြိမ်းခြောက်ပစ်ခတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို မတရားလုယက်ခြင်း နေအိမ်အတွင်း ပစ်ခတ်ခြင်း ဖမ်းဆီးနှိပ်စက်ခြင်း စတဲ့ မတရားနှိပ်စက် သတ်ဖြတ်ခြင်းများပြုလုပ်ခြင်းဖြင့် လူထုကို ထိတ်လန့် ကြောက်ရွံ့စေရန် ရည်ရွယ်ပြီး အခြေခံလူ့အခွင့်အရေးများကို ကြီးမားစွာ ချိုးဖောက်လျှက်ရှိတယ်” ဟု မွန် အမျိုးသမီးများကွန်ရက် က ပြောသည်။

မွန်အမျိုးသမီးများ ကွန်ယက် က ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များ နှင့် အပြစ်မဲ့ပြည်သူ များအား အမြန်ဆုံး လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်နေမှုများအား အမြန်ဆုံးရပ်တန့်ပေးရန်တို့ကိုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း တောင်းဆို ထားသည်။

ထို့အပြင် “အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အလျှင်အမြန်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအသစ် အမြန်ဆုံးရေးဆွဲရေး၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအသစ် ရေးဆွဲ ရာတွင် တိုင်းရင်းသားအားလုံးပါဝင်ကိုယ်စားပြုမှုကို သေချာစေရေး အလေးပေးဆောင်ရွက်သွားရေး၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် အမြန်ပေါ်ထွန်းလာရေး” စသည့်အချက်များကိုလည်း တောင်းဆိုထား သည်။

အလားတူ မွန်အမျိုးသမီးများကွန်ယက်အနေဖြင့် စစ်အာဏာရှင်ချုပ်ငြိမ်းစေရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများ တိုင်းရင်းသား သွေးချင်းများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းလည်း ပြောဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်များသည် အခြေခံလူ့အခွင့်အရေးများကို ကြီးမားစွာ ချိုးဖောက်လျှက် ရှိ သည်ဟု မွန်အမျိုးသမီးများကွန်ရက် က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် မွန်အမျိုးသမီးများကွန်ရက်၏ ဦးတည်ချက်ဖြစ်သော အမျိုးသမီး ဘဝ မြင့်မားတိုးတက်ရေး၊ အမျိုးသမီးများ ခေါင်းဆောင်မှုတွင် ပိုမိုပါဝင်လာရေးနှင့် အမျိုးသမီးများ နိုင်ငံရေး ကဏ္ဍတွင် ပိုမိုပါဝင်လာစေရေးတို့ကို ဆက်လက်ဖော်ဆောင်ရန်အတွက် ကြီးမားသော စိန်ခေါ်ချက်တစ်ခုဖြစ်နေ သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

*** ZAWGYI ***
အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား အျမန္ဆုံး ရပ္တန႔္ရန္ မြန္အမ်ိဳးသမီးကြန္ရက္ ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၄ ရက္။

အာဏာသိမ္းမႈအေပၚ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနေသာ ျပည္သူမ်ားအား အာဏာသိမ္းစစ္ေကာင္စီမွ မတရား ဖမ္းဆီး ႏွိပ္စက္ သတ္ျဖတ္ေနမႈမ်ားအား အျမန္းဆုံး ရပ္တန႔္ရန္ႏွင့္ ၂၀၀၈ ဖြဲ႕စည္းပုံ အလွ်င္အျမန္ဖ်က္သိမ္းေရး မြန္အမ်ိဳးသမီးမ်ားကြန္ရက္ က ေတာင္းဆိုလိုက္သည္။

မတ္လ ၂၄ ရက္ေန႔(ယေန႔) တြင္ က်ေရာက္သည့္ (၁၇) ႀကိမ္ေျမာက္ မြန္အမ်ိဳးသမီးမ်ားေန႔ အထိမ္းအမွတ္ အေန ျဖင့္ မြန္အမ်ိဳးသမီးမ်ား ကြန္ယက္ က ေၾကညာခ်က္ထုတ္ၿပီး ထိုကဲ့သို႔ ေတာင္းဆိုလိုက္ျခင္းျဖစ္သည္။

“ၿငိမ္းခ်မ္းစြာ ဆႏၵျပတဲ့ လူထုကို အၾကမ္းဖက္ၿဖိဳခြင္းျခင္း၊ က်ည္အစစ္ျဖင့္ ပစ္ခတ္ျခင္း ၿမိဳ႕ေနျပည္သူမ်ား အား လက္နက္ျဖင့္ၿငိမ္းေျခာက္ပစ္ခတ္ျခင္း၊ ျပည္သူပိုင္ပစၥည္းမ်ားကို မတရားလုယက္ျခင္း ေနအိမ္အတြင္း ပစ္ခတ္ျခင္း ဖမ္းဆီးႏွိပ္စက္ျခင္း စတဲ့ မတရားႏွိပ္စက္ သတ္ျဖတ္ျခင္းမ်ားျပဳလုပ္ျခင္းျဖင့္ လူထုကို ထိတ္လန႔္ ေၾကာက္႐ြံ႕ေစရန္ ရည္႐ြယ္ၿပီး အေျခခံလူ႔အခြင့္အေရးမ်ားကို ႀကီးမားစြာ ခ်ိဳးေဖာက္လွ်က္ရွိတယ္” ဟု မြန္ အမ်ိဳးသမီးမ်ားကြန္ရက္ က ေျပာသည္။

မြန္အမ်ိဳးသမီးမ်ား ကြန္ယက္ က ဖမ္းဆီးထိန္းသိမ္းထားသည့္ ႏိုင္ငံေရးေခါင္းေဆာင္မ်ား ႏွင့္ အျပစ္မဲ့ျပည္သူ မ်ားအား အျမန္ဆုံး လႊတ္ေပးေရး၊ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသည့္ ျပည္သူမ်ားကို မတရားဖမ္းဆီးႏွိပ္စက္ သတ္ျဖတ္မႈမ်ား စသည့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ေနမႈမ်ားအား အျမန္ဆုံးရပ္တန႔္ေပးရန္တို႔ကိုလည္း ၎တို႔၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္း ေတာင္းဆို ထားသည္။

ထို႔အျပင္ “အာဏာရွင္စနစ္ဟူသမွ် ခ်ဳပ္ၿငိမ္းေရး၊ ၂၀၀၈ ဖြဲ႕စည္းပုံ အလွ်င္အျမန္ဖ်က္သိမ္းေရးႏွင့္ ဖက္ဒရယ္ စနစ္ကို အေျခခံသည့္ ဖြဲ႕စည္းပုံအသစ္ အျမန္ဆုံးေရးဆြဲေရး၊ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ဖြဲ႕စည္းပုံအသစ္ ေရးဆြဲ ရာတြင္ တိုင္းရင္းသားအားလုံးပါဝင္ကိုယ္စားျပဳမႈကို ေသခ်ာေစေရး အေလးေပးေဆာင္႐ြက္သြားေရး၊ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ အျမန္ေပၚထြန္းလာေရး” စသည့္အခ်က္မ်ားကိုလည္း ေတာင္းဆိုထား သည္။

အလားတူ မြန္အမ်ိဳးသမီးမ်ားကြန္ယက္အေနျဖင့္ စစ္အာဏာရွင္ခ်ဳပ္ၿငိမ္းေစေရး ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသည့္ ျပည္သူမ်ား တိုင္းရင္းသား ေသြးခ်င္းမ်ားႏွင့္အတူ ရပ္တည္လွ်က္ရွိေၾကာင္းလည္း ေျပာဆိုထားသည္။

အာဏာသိမ္းစစ္ေကာင္စီ၏လုပ္ရပ္မ်ားသည္ အေျခခံလူ႔အခြင့္အေရးမ်ားကို ႀကီးမားစြာ ခ်ိဳးေဖာက္လွ်က္ ရွိ သည္ဟု မြန္အမ်ိဳးသမီးမ်ားကြန္ရက္ က ေျပာသည္။

အာဏာသိမ္းစစ္ေကာင္စီ လက္ထက္တြင္ မြန္အမ်ိဳးသမီးမ်ားကြန္ယက္၏ ဦးတည္ခ်က္ျဖစ္ေသာ အမ်ိဳးသမီး ဘဝ ျမင့္မားတိုးတက္ေရး၊ အမ်ိဳးသမီးမ်ား ေခါင္းေဆာင္မႈတြင္ ပိုမိုပါဝင္လာေရးႏွင့္ အမ်ိဳးသမီးမ်ား ႏိုင္ငံေရး က႑တြင္ ပိုမိုပါဝင္လာေစေရးတို႔ကို ဆက္လက္ေဖာ္ေဆာင္ရန္အတြက္ ႀကီးမားေသာ စိန္ေခၚခ်က္တစ္ခုျဖစ္ေန သည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။