ရန်ကုန်/မန္တလေး အထွက်ကားများ စစ်ဆေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်။
ရန်ကုန်မှ နယ်မြို့များသို့ ပြန်သည့် ခရီးသည်ကားများကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ခရီးသည်များက ပြောသည်။
ရန်ကုန်မှ တောင်ကြီး၊ ရန်ကုန်မှ လွိုင်ကော်၊ ရန်ကုန်မှ မြစ်ကြီးနားအပြင် အခြား မြို့နယ်များသို့ ပြန်လာသည့် ခရီးသည်တင် လေအိတ်ကားများကို ရန်ကုန်အထွက်တွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ခရီးသွားပြည်သူ များက ပြောသည်။
“ရန်ကုန်ကားကြီးကွင်းဂိတ်မှာ စစ်တယ်။ အိတ်တွေကိုစစ်တယ်။ မှတ်ပုံတင်စစ်တယ်။ ရဲတွေကစစ်တယ်။ ဖြူး အထွက်မှာလား အဲ့ဒီနေရာမှာလည်း ထပ်ပြီး စစ်တယ်။ အဲ့ဒီဂိတ်မှာတော့ စစ်သားတွေက စစ်တယ်။ ပစ္စည်းတွေ စစ်တယ်။ ကားပေါ်တက်ပြီးစစ်တယ်။ နောက် ထပ်တစ်နေရာ ထပ်စစ်သေးတယ်။ ပစ္စည်းတွေစစ်တယ်။ အမြန် လမ်းပေါ်မှာပဲ စစ်တာ။ အိမ် စီးကားတွေကိုလည်း အသားကုန်စစ်တယ်။ အားလုံးရပ် တစ်စီးပြီးတစ်စီး စစ် တယ်” ဟု ရန်ကုန်မှ တောင်ကြီး သို့ သွားသည့် ခရီးသည်တစ်ဦး က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အတွင်း မြို့နယ်များအလိုက် အာဏာသိမ်းစစ်ကောင်စီ၏ စစ် တပ်နှင့်ရဲများက ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွဲမှုများ၊ ဝင်ရောက်ပစ်ခတ်ခြင်း၊ ပစ်သတ်ခြင်းများ၊ ဖမ်းဆီးခြင်းများ၊ ခြောက်လန့်ခြင်းများ ဆက်တိုက်ပြုလုပ်လာသည့်အတွက် ရန်ကုန်တွင် မနေရဲကြသည့် ပြည်သူအချို့က နယ်မြို့များသို့ ထွက်ခွာနေကြခြင်း ဖြစ်သည်။
အမြန်လမ်းတစ်လျှောက် စစ်သားများ၊ ရဲများက ခရီးသည်ယာဉ်များကို တားဆီးကာ စစ်ဆေးမှုများကို မတ်လ ဒုတိယ အပတ်ခန့် ကစတင်၍ စစ်ဆေးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်ဟုလည်း ခရီးသည်များက ပြောသည်။
မန္တလေးမှ လွိုင်ကော်ခရီးစဉ်တစ်လျှောက်တွင်လည်း ယခင်က စစ်ဆေးမှုများ မရှိခဲ့သော်လည်း ယခုခါ စစ်ဆေး မှုများ ရှိလာနေသည်ဟု ခရီးသည်များက ပြောသည်။
မန္တလေးမှ ပြင်ဦးလွင်သို့ သွားသည့် လမ်းတွင်လည်း မှတ်ပုံတင်စစ်ဆေးခြင်း၊ ဖုန်းစစ်ဆေးခြင်းများ လုပ်ဆောင် နေသည်ဟု ခရီးသွားများက ပြောသည်။
“မန္တလေးအထွက်မှာ စစ်တာတော့ မဟုတ်ဘူး။ သူက တစ်ရက်နဲ့တစ်ရက်နေရာ မတူဘူး။ စစ်ချင်တဲ့အချိန် စစ် တာ။ သူက မှတ်ပုံတင်စစ်တယ်။ ဖုန်းတွေလည်းစစ်တယ်။ စစ်သားတွေကပဲ စစ်တာ။ တချို့ကလည်းပြောတာ က ဖုန်းနဲ့တိုက်ပြီး စစ်တယ်လို့ပြောတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့ မှ မန္တလေးသို့သွားသည့် ခရီးသည်တစ်ဦးကလည်း “ကျနော်တို့က ကားစင်းလုံးငှားပြီးလာတာပါ။ ကျနော်တို့ ကားကိုတော့ ဒီအတိုင်းပဲ စစ်တယ်။ ဘယ်သွားမှာလဲပေါ့ ကျနော်တို့က မန္တလေးမှာ ဆေးရုံးပြရမယ်၊ ဆေးစာရွက်ပြတော့ သွားခိုင်းတယ်။ မြစ်ကြီးနား မန္တလေးကြားမှာတော့ ဂိတ်သုံးဂိတ်ရှိတယ် အဲ့ဒီမှာ စစ်တာ ပေါ့နော်။ Express ကားကြီးတွေဆို အကုန်စစ်တယ်။ မှတ်ပုံတင်နဲ့ တိုက်ပြီးစစ်တယ်။ ဘာရှာတာလည်းတော့ မသိ ဘူးနော်။ စစ်တာတော့ အရမ်းစစ်တယ်။ တချို့ဆို ကားတွေ လမ်းဘေးမှာ ရပ်ခိုင်းထားတယ်။ ဒီအချိန် က တော့ ခရီးမသွားတာကောင်းပါတယ်” ဟု ပြောသည်။
မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက်တွင်လည်း အစစ်အဆေးများ တိုးချဲ့ထားသည်ဟု ခရီးသွား များက ပြောသည်။
စစ်တပ်က အာဏာမသိမ်းခင် COVID-19 ကပ်ရောဂါကြောင့် ခရီးသည်ပို့ဆောင်ရေး လေကြောင်း၊ ကားလမ်း များ၊ မီးရထားများကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက် စစ်တပ်က အာဏာသိမ်းပြီးနောက် မီးရထားများ ခရီးသည် သယ်ယူပို့ဆောင်ခြင်းနှင့် လေကြောင်း လိုင်းများမှာ ယခင်အတိုင်း ပြေးဆွဲနိုင်ခြင်း မရှိသော်လည်း ကားလမ်းများ ပြန်ဖွင့်ပေးခဲ့သည့်အတွက် အဝေးပြေး မော်တော်ယာဉ် သယ်ယူပို့ဆောင်သည့် လေအိတ်ကား ခရီးစဉ်များမှာ ပြန်လည်ပြေးဆွဲနေသည်။
Photo – Crd
*** ZAWGYI ***
ရန္ကုန္/မႏၲေလး အထြက္ကားမ်ား စစ္ေဆး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၄ ရက္။
ရန္ကုန္မွ နယ္ၿမိဳ႕မ်ားသို႔ ျပန္သည့္ ခရီးသည္ကားမ်ားကို အာဏာသိမ္းစစ္ေကာင္စီ၏ တပ္မ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ခရီးသည္မ်ားက ေျပာသည္။
ရန္ကုန္မွ ေတာင္ႀကီး၊ ရန္ကုန္မွ လြိဳင္ေကာ္၊ ရန္ကုန္မွ ျမစ္ႀကီးနားအျပင္ အျခား ၿမိဳ႕နယ္မ်ားသို႔ ျပန္လာသည့္ ခရီးသည္တင္ ေလအိတ္ကားမ်ားကို ရန္ကုန္အထြက္တြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ခရီးသြားျပည္သူ မ်ားက ေျပာသည္။
“ရန္ကုန္ကားႀကီးကြင္းဂိတ္မွာ စစ္တယ္။ အိတ္ေတြကိုစစ္တယ္။ မွတ္ပုံတင္စစ္တယ္။ ရဲေတြကစစ္တယ္။ ျဖဴး အထြက္မွာလား အဲ့ဒီေနရာမွာလည္း ထပ္ၿပီး စစ္တယ္။ အဲ့ဒီဂိတ္မွာေတာ့ စစ္သားေတြက စစ္တယ္။ ပစၥည္းေတြ စစ္တယ္။ ကားေပၚတက္ၿပီးစစ္တယ္။ ေနာက္ ထပ္တစ္ေနရာ ထပ္စစ္ေသးတယ္။ ပစၥည္းေတြစစ္တယ္။ အျမန္ လမ္းေပၚမွာပဲ စစ္တာ။ အိမ္ စီးကားေတြကိုလည္း အသားကုန္စစ္တယ္။ အားလုံးရပ္ တစ္စီးၿပီးတစ္စီး စစ္ တယ္” ဟု ရန္ကုန္မွ ေတာင္ႀကီး သို႔ သြားသည့္ ခရီးသည္တစ္ဦး က ေျပာသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ရန္ကုန္ၿမိဳ႕ အတြင္း ၿမိဳ႕နယ္မ်ားအလိုက္ အာဏာသိမ္းစစ္ေကာင္စီ၏ စစ္ တပ္ႏွင့္ရဲမ်ားက ဆႏၵျပျပည္သူမ်ားကို အၾကမ္းဖက္ၿဖိဳခြဲမႈမ်ား၊ ဝင္ေရာက္ပစ္ခတ္ျခင္း၊ ပစ္သတ္ျခင္းမ်ား၊ ဖမ္းဆီးျခင္းမ်ား၊ ေျခာက္လန႔္ျခင္းမ်ား ဆက္တိုက္ျပဳလုပ္လာသည့္အတြက္ ရန္ကုန္တြင္ မေနရဲၾကသည့္ ျပည္သူအခ်ိဳ႕က နယ္ၿမိဳ႕မ်ားသို႔ ထြက္ခြာေနၾကျခင္း ျဖစ္သည္။
အျမန္လမ္းတစ္ေလွ်ာက္ စစ္သားမ်ား၊ ရဲမ်ားက ခရီးသည္ယာဥ္မ်ားကို တားဆီးကာ စစ္ေဆးမႈမ်ားကို မတ္လ ဒုတိယ အပတ္ခန႔္ ကစတင္၍ စစ္ေဆးမႈမ်ား ျပဳလုပ္လာျခင္း ျဖစ္သည္ဟုလည္း ခရီးသည္မ်ားက ေျပာသည္။
မႏၲေလးမွ လြိဳင္ေကာ္ခရီးစဥ္တစ္ေလွ်ာက္တြင္လည္း ယခင္က စစ္ေဆးမႈမ်ား မရွိခဲ့ေသာ္လည္း ယခုခါ စစ္ေဆး မႈမ်ား ရွိလာေနသည္ဟု ခရီးသည္မ်ားက ေျပာသည္။
မႏၲေလးမွ ျပင္ဦးလြင္သို႔ သြားသည့္ လမ္းတြင္လည္း မွတ္ပုံတင္စစ္ေဆးျခင္း၊ ဖုန္းစစ္ေဆးျခင္းမ်ား လုပ္ေဆာင္ ေနသည္ဟု ခရီးသြားမ်ားက ေျပာသည္။
“မႏၲေလးအထြက္မွာ စစ္တာေတာ့ မဟုတ္ဘူး။ သူက တစ္ရက္နဲ႔တစ္ရက္ေနရာ မတူဘူး။ စစ္ခ်င္တဲ့အခ်ိန္ စစ္ တာ။ သူက မွတ္ပုံတင္စစ္တယ္။ ဖုန္းေတြလည္းစစ္တယ္။ စစ္သားေတြကပဲ စစ္တာ။ တခ်ိဳ႕ကလည္းေျပာတာ က ဖုန္းနဲ႔တိုက္ၿပီး စစ္တယ္လို႔ေျပာတယ္” ဟု ခရီးသြားတစ္ဦးက ေျပာသည္။
ျမစ္ႀကီးနားၿမိဳ႕ မွ မႏၲေလးသို႔သြားသည့္ ခရီးသည္တစ္ဦးကလည္း “က်ေနာ္တို႔က ကားစင္းလုံးငွားၿပီးလာတာပါ။ က်ေနာ္တို႔ ကားကိုေတာ့ ဒီအတိုင္းပဲ စစ္တယ္။ ဘယ္သြားမွာလဲေပါ့ က်ေနာ္တို႔က မႏၲေလးမွာ ေဆး႐ုံးျပရမယ္၊ ေဆးစာ႐ြက္ျပေတာ့ သြားခိုင္းတယ္။ ျမစ္ႀကီးနား မႏၲေလးၾကားမွာေတာ့ ဂိတ္သုံးဂိတ္ရွိတယ္ အဲ့ဒီမွာ စစ္တာ ေပါ့ေနာ္။ Express ကားႀကီးေတြဆို အကုန္စစ္တယ္။ မွတ္ပုံတင္နဲ႔ တိုက္ၿပီးစစ္တယ္။ ဘာရွာတာလည္းေတာ့ မသိ ဘူးေနာ္။ စစ္တာေတာ့ အရမ္းစစ္တယ္။ တခ်ိဳ႕ဆို ကားေတြ လမ္းေဘးမွာ ရပ္ခိုင္းထားတယ္။ ဒီအခ်ိန္ က ေတာ့ ခရီးမသြားတာေကာင္းပါတယ္” ဟု ေျပာသည္။
ျမစ္ႀကီးနား-ဗန္းေမာ္-လြယ္ဂ်ယ္လမ္းတစ္ေလွ်ာက္တြင္လည္း အစစ္အေဆးမ်ား တိုးခ်ဲ႕ထားသည္ဟု ခရီးသြား မ်ားက ေျပာသည္။
စစ္တပ္က အာဏာမသိမ္းခင္ COVID-19 ကပ္ေရာဂါေၾကာင့္ ခရီးသည္ပို႔ေဆာင္ေရး ေလေၾကာင္း၊ ကားလမ္း မ်ား၊ မီးရထားမ်ားကို ပိတ္ထားခဲ့ျခင္းျဖစ္သည္။
ထို႔ေနာက္ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မီးရထားမ်ား ခရီးသည္ သယ္ယူပို႔ေဆာင္ျခင္းႏွင့္ ေလေၾကာင္း လိုင္းမ်ားမွာ ယခင္အတိုင္း ေျပးဆြဲႏိုင္ျခင္း မရွိေသာ္လည္း ကားလမ္းမ်ား ျပန္ဖြင့္ေပးခဲ့သည့္အတြက္ အေဝးေျပး ေမာ္ေတာ္ယာဥ္ သယ္ယူပို႔ေဆာင္သည့္ ေလအိတ္ကား ခရီးစဥ္မ်ားမွာ ျပန္လည္ေျပးဆြဲေနသည္။
Photo – Crd