ဖားကန့်တွင် အာဏာသိမ်း ဆန့်ကျင်သူ ၅ ဦး ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၅ ဦး ကို အာဏာ သိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များက ပြောသည်။
မတ်လ ၂၄ ရက်နေ့ (ယနေ့) ညနေ ၄ နာရီခွဲ အချိန်ခန့် တွင် ဖားကန့်မြို့ ၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာ ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီဝင် အမျိုးသားနှစ်ဦးကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်စု မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံရသူ ကိုမျိုး ၏ ဇနီးဖြစ်သူ ဒေါ်ခင်စန်းတင့် က “ဟုတ်တယ် ကျမအမျိုးသားကို ဖမ်းသွားတယ်။ အခု ညနေ လေးနာရီခွဲလောက်မှာ တပ်မ ၃၃ နဲ့ ဖားကန့်ကရဲတွေနဲ့ လာပြီးမှ ဝှိုက်ပြီးမှ ဖမ်းသွားတာပါရှင့်။ ဘာ ကြောင့်ဖမ်းတယ်ဆိုတာလည်း ဘာမှ မပြောပဲ လက်ထိပ်ခတ်ပြီး ဖမ်းပြီးခေါ်သွားတာပါ။ အခုထိ ဘာအဆက် အသွယ်မှလည်းမရသေးဘူး။ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း ဘာမှ မပြောသွားဘူး။ သူတို့က ဇွတ်ကြီး လက် ထိပ်ခတ်ပြီးခေါ်သွားတာ။ ကား ခြောက်စီးနဲ့ လူဦးရေက အနည်းဆုံး ၅၀ ကျော်ပဲ ရှိတယ်” ဟု ပြော သည်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာတွင် နေထိုင်သူ ကိုကျော်မျိုးဦး (ခ) ကိုမျိုးနှင့် ဦးမောင်ဌေးတို့ ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးကို ဖားကန့်မြို့ရှိ ဗျူဟာကုန်းကို ခေါ်ဆောင်သွားသည်ဟု ဒေါ်ခင်စခန်းတင့် က ဆက်ပြောသည်။
“ကျမအမျိုးသားကတော့ ဘာမှ မလုပ်ဘူး။ အိမ်မှာနေတာ်။ ကျောက်ရေမဆေးပဲ ရှာတာပါ။ ကျမအထင်တော့ ဆန္ဒပြလို့ ဖမ်းတယ်ထင်တာပဲ။ NLD ပါတီဝင်ဆိုတာလည်း ဟုတ်ပါတယ်။ မှန်ပါတယ်။ ကျမတို့ကတော့ ဒီလို ဖမ်းတာရှိပြီဆိုတာနဲ့ ဆန္ဒပြတဲ့လူတွေ အကုန်လုံးကို လိုက်ဖမ်းတော့မှာ ဖြစ်တဲ့အတွက် ဒီတိုက်ပွဲမအောင်မချင်း ဆက်တိုက်သွားရမှာပဲရှင့်။ သူတို့ပြောတော့ ဖားကန့်ဗျူဟာကုန်းကို ခေါ်သွားတယ်လို့တော့ ကြားတယ်။ ကျမ တို့ ကတော့ မတရားသဖြင့် သူများအိမ်ထဲ နိုင်ထက်စီးနင်းလုပ်တဲ့အတွက်ကြောင့် ကျမတို့က တရားမျှတမှုရ အောင်တော့ ဆက်ပြီးတောင်းဆိုသွားပါ့မယ်ရှင့်။”
ထို့အပြင် ဗန်းမော်မြို့တွင်လည်း ယနေ့နံနက်ပိုင်း အာရုဏ်ဦးသပိတ်တွင် မင်းအောင်လှိုင်အသုဘ ဖိတ်စာဝေ သည့် နည်းပညာတက္ကသိုလ်ကျောင်းသား ၃ ဦးအား စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးခေါ် ဆောင် သွား သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ဖိတ်စာဝေသူ ကျောင်းသား ၇ ဦးရှိသည့်အနက် ၎င်းတို့အထဲမှ မောင်စိုင်းလင်းထက်ကျော်၊ မောင်သိန်း ငွေနှင့် မောင်နန်ဂျာရော် တို့ကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်၊ လုံးခင်းက ဖမ်းဆီးခံရသူ နှစ်ဦးကို ဖမ်းဆီးသွားသည့် စစ်သားများမှာ တပ်မ ၃၃ ဘက်တံဆိပ်များ ဝတ် ဆင်ထားသည့် စစ်သားများ ဖြစ်ပြီး စစ်သားနှင့် ရဲတပ်ဖွဲ့ ဝင် အယောက် ၅၀ ခန့်က လာရောက်ဖမ်းဆီးခေါ် ဆောင်သွား ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
မည်သည့်အကြောင်းအရာကြောင့် ဖမ်းဆီးသွားသည်ကို တိတိ မသိရသေးဘူးဟုလည်း မိသားစုဝင်များက ဆို သည်။
ဖားကန့်မြို့နယ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ(ယခုလ)အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူ ဒေသခံပြည်သူ ၈ ဦး ဖမ်းဆီးခံထားရသည်ဟု သိရသည်။
Photo – Crd
*** ZAWGYI ***
ကခ်င္ျပည္နယ္တြင္ အာဏာသိမ္း ဆန႔္က်င္သူ ၅ ဦး ဖမ္းဆီး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၄ ရက္။
ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕ႏွင့္ ဖားကန႔္ၿမိဳ႕နယ္ထဲက စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားသူ ၅ ဦး ကို အာဏာ သိမ္းစစ္ေကာင္စီ၏ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု မိသားစုဝင္မ်ားက ေျပာသည္။
မတ္လ ၂၄ ရက္ေန႔ (ယေန႔) ညေန ၄ နာရီခြဲ အခ်ိန္ခန႔္ တြင္ ဖားကန႔္ၿမိဳ႕ ၊ လုံးခင္းေက်း႐ြာအုပ္စု၊ ၿငိမ္းခ်မ္းသာယာ ေက်း႐ြာမွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ NLD ပါတီဝင္ အမ်ိဳးသားႏွစ္ဦးကို စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္စု မိသားစုဝင္မ်ားက ေျပာသည္။
ဖမ္းဆီးခံရသူ ကိုမ်ိဳး ၏ ဇနီးျဖစ္သူ ေဒၚခင္စန္းတင့္ က “ဟုတ္တယ္ က်မအမ်ိဳးသားကို ဖမ္းသြားတယ္။ အခု ညေန ေလးနာရီခြဲေလာက္မွာ တပ္မ ၃၃ နဲ႔ ဖားကန႔္ကရဲေတြနဲ႔ လာၿပီးမွ ဝႈိက္ၿပီးမွ ဖမ္းသြားတာပါရွင့္။ ဘာ ေၾကာင့္ဖမ္းတယ္ဆိုတာလည္း ဘာမွ မေျပာပဲ လက္ထိပ္ခတ္ၿပီး ဖမ္းၿပီးေခၚသြားတာပါ။ အခုထိ ဘာအဆက္ အသြယ္မွလည္းမရေသးဘူး။ ဘာေၾကာင့္ဖမ္းတယ္ဆိုတာလည္း ဘာမွ မေျပာသြားဘူး။ သူတို႔က ဇြတ္ႀကီး လက္ ထိပ္ခတ္ၿပီးေခၚသြားတာ။ ကား ေျခာက္စီးနဲ႔ လူဦးေရက အနည္းဆုံး ၅၀ ေက်ာ္ပဲ ရွိတယ္” ဟု ေျပာ သည္။
ဖမ္းဆီးခံရသူ ႏွစ္ဦးမွာ လုံးခင္းေက်း႐ြာအုပ္စု၊ ၿငိမ္းခ်မ္းသာယာေက်း႐ြာတြင္ ေနထိုင္သူ ကိုေက်ာ္မ်ိဳးဦး (ခ) ကိုမ်ိဳးႏွင့္ ဦးေမာင္ေဌးတို႔ ျဖစ္ၾကသည္။ ၎တို႔ႏွစ္ဦးကို ဖားကန႔္ၿမိဳ႕ရွိ ဗ်ဴဟာကုန္းကို ေခၚေဆာင္သြားသည္ဟု ေဒၚခင္စခန္းတင့္ က ဆက္ေျပာသည္။
“က်မအမ်ိဳးသားကေတာ့ ဘာမွ မလုပ္ဘူး။ အိမ္မွာေနတာ္။ ေက်ာက္ေရမေဆးပဲ ရွာတာပါ။ က်မအထင္ေတာ့ ဆႏၵျပလို႔ ဖမ္းတယ္ထင္တာပဲ။ NLD ပါတီဝင္ဆိုတာလည္း ဟုတ္ပါတယ္။ မွန္ပါတယ္။ က်မတို႔ကေတာ့ ဒီလို ဖမ္းတာရွိၿပီဆိုတာနဲ႔ ဆႏၵျပတဲ့လူေတြ အကုန္လုံးကို လိုက္ဖမ္းေတာ့မွာ ျဖစ္တဲ့အတြက္ ဒီတိုက္ပြဲမေအာင္မခ်င္း ဆက္တိုက္သြားရမွာပဲရွင့္။ သူတို႔ေျပာေတာ့ ဖားကန႔္ဗ်ဴဟာကုန္းကို ေခၚသြားတယ္လို႔ေတာ့ ၾကားတယ္။ က်မ တို႔ ကေတာ့ မတရားသျဖင့္ သူမ်ားအိမ္ထဲ ႏိုင္ထက္စီးနင္းလုပ္တဲ့အတြက္ေၾကာင့္ က်မတို႔က တရားမွ်တမႈရ ေအာင္ေတာ့ ဆက္ၿပီးေတာင္းဆိုသြားပါ့မယ္ရွင့္။”
ထို႔အျပင္ ဗန္းေမာ္ၿမိဳ႕တြင္လည္း ယေန႔နံနက္ပိုင္း အာ႐ုဏ္ဦးသပိတ္တြင္ မင္းေအာင္လႈိင္အသုဘ ဖိတ္စာေဝ သည့္ နည္းပညာတကၠသိုလ္ေက်ာင္းသား ၃ ဦးအား စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားက ႐ိုက္ႏွက္ဖမ္းဆီးေခၚ ေဆာင္ သြား သည္ဟု ေဒသခံမ်ားက ေျပာသည္။
အဆိုပါ ဖိတ္စာေဝသူ ေက်ာင္းသား ၇ ဦးရွိသည့္အနက္ ၎တို႔အထဲမွ ေမာင္စိုင္းလင္းထက္ေက်ာ္၊ ေမာင္သိန္း ေငြႏွင့္ ေမာင္နန္ဂ်ာေရာ္ တို႔ကို အာဏာသိမ္းစစ္ေကာင္စီ၏ စစ္တပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးသြားသည္ဟု အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက ေျပာသည္။
ဖားကန႔္၊ လုံးခင္းက ဖမ္းဆီးခံရသူ ႏွစ္ဦးကို ဖမ္းဆီးသြားသည့္ စစ္သားမ်ားမွာ တပ္မ ၃၃ ဘက္တံဆိပ္မ်ား ဝတ္ ဆင္ထားသည့္ စစ္သားမ်ား ျဖစ္ၿပီး စစ္သားႏွင့္ ရဲတပ္ဖြဲ႕ ဝင္ အေယာက္ ၅၀ ခန႔္က လာေရာက္ဖမ္းဆီးေခၚ ေဆာင္သြား ျခင္းျဖစ္သည္ဟု မိသားစုဝင္မ်ားက ေျပာသည္။
မည္သည့္အေၾကာင္းအရာေၾကာင့္ ဖမ္းဆီးသြားသည္ကို တိတိ မသိရေသးဘူးဟုလည္း မိသားစုဝင္မ်ားက ဆို သည္။
ဖားကန႔္ၿမိဳ႕နယ္အတြင္း စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မတ္လ(ယခုလ)အတြင္း စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵထုတ္ေဖာ္သူ ေဒသခံျပည္သူ ၈ ဦး ဖမ္းဆီးခံထားရသည္ဟု သိရသည္။
Photo – Crd