KNU တပ်မဟာ ၅ ကို လေကြောင်းမှ ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီက လေကြောင်းဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်သည့် အတွက် အရပ်သား သေဆုံး ဒဏ်ရာရသူများရှိသည်ဟု KNU က ပြောသည်။

မတ်လ ၂၈ ရက်နေ့ (ယနေ့) KNU ၏ ထုတ်ပြန်ချက်ထဲတွင် KNU တပ်မဟာ ၅ ဧရိယာအတွင်းသို့ မတ်လ ၂၇ ည ၇ နာရီမှ နံနက် ၂ နာရီအထိ အာဏာသိမ်းစစ်ကောင်၏ လေကြောင်းတပ်များက လာရောက်ပစ်ခတ် တိုက် ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ ၅ ၏ ဌာနချုပ်ကို အာဏာသိမ်း အကြမ်း ဖက်စစ်အုပ်စုမှ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ည ၇ နာရီ မှ နံနက် ၂ နာရီအထိ လေယာဉ် ၂ စင်း ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ ပစ်ခတ်ရာတွင် နေအိမ်တစ်လုံးမီးလောင်ပျက်စီး၍ ထိုအိမ်အတွင်းတွင် နေထိုင်သော သူသည်လဲထိခိုက်သေဆုံးပြီးမီးလောင်ကျွမ်းခဲ့သည်။ ထို့ပြင် အခြားသော ပြည်သူ လူထုများ ထိ ခိုက်ဒဏ်ရာရရှိမှု နှင့် သေဆုံးမှုများလဲရှိခဲ့ပါသည်”

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်းစစ်ကောင်စီ၏ သီးမူထာ တပ်စခန်းအား မတ်လ ၁၇ ရက်နေ့ အစောပိုင်းက ဝင်ရောက် သိမ်းယူပြီးနောက် အာဏာသိမ်းစစ်ကောင်စီမှ အဆိုပါ ဒေသသို့ လေယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟု KNU က ဆိုသည်။

ထို့သို့ ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ပျက်စီးပြီး ၎င်းနေအိမ်အတွင်းနေထိုင်သူကို မီးလောင်ကျွမ်း သေဆုံးနေသည်ကို တွေ့ရသည်ဟု KNU ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များ သေဆုံးမှုများရှိသည့်အပြင် ဖမ်းဆီးရမိထားမှုများလည်း ရှိသည်ဟု မတ်လ ၂၇ ရက် (ယမန်နေ့) က KNU ၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ ရ သည်။

“အဆိုပါဖြစ်စဉ် တွင် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ် တပ်ဖွဲ့ဝင် (၁၀) ဦးကျဆုံးခဲ့ပြီး ဒု-တပ်ရင်းမှူး တစ်ဦး ပါဝင်ခဲ့ပါသည်။ စစ်သုံ့ပန်း (၈) ဦး ကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ စစ်သုံ့ပန်း (၈) ဦး ထဲတွင် ဒု-ဗိုလ် အဆင့် ရှိသူတစ်ဦး ပါဝင်ပြီး အခြား (၂) ဦး မှာ ဒဏ်ရာရရှိထား သောကြောင့် ကေအဲန်အယ်လ်အေ ဆေးတပ်တွင် ဆေးကုသမှု ခံယူနေပါသည်”

ထိုတိုက်ပွဲများကြောင့် အဆိုပါ ဒေသရှိနှင့် အနီးအနားရှိ ပတ်ဝန်းကျင်မှ အိမ်ထောင်စု ၅၄ စုမှာ ထိုင်းနိုင်ငံနယ် စပ် သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း KNU နှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများ ဆက်တိုက်ဆိုသလို ပြင်းထန်စွ ဖြစ်ပွားလာသည့်အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့နှင့်ပါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။

*** ZAWGYI ***
KNU တပ္မဟာ ၅ ကို ေလေၾကာင္းမွ ပစ္ခတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၈ ရက္။

ကရင္အမ်ိဳးသား အစည္းအရံုး KNU တပ္မဟာ ၅ နယ္ေျမ မူေၾတာ္ (ဖာပြန္) ခ႐ိုင္အတြင္းသို႔ အာဏာသိမ္းစစ္ေကာင္စီက ေလေၾကာင္းျဖင့္ လာေရာက္ ပစ္ခတ္တိုက္ခိုက္သည့္ အတြက္ အရပ္သား ေသဆံုး ဒဏ္ရာရသူမ်ားရွိသည္ဟု KNU က ေျပာသည္။

မတ္လ ၂၈ ရက္ေန႔ (ယေန႔) KNU ၏ ထုတ္ျပန္ခ်က္ထဲတြင္ KNU တပ္မဟာ ၅ ဧရိယာအတြင္းသို႔ မတ္လ ၂၇ ည ၇ နာရီမွ နံနက္ ၂ နာရီအထိ အာဏာသိမ္းစစ္ေကာင္၏ ေလေၾကာင္းတပ္မ်ားက လာေရာက္ပစ္ခတ္ တိုက္ ခိုက္ျခင္းျဖစ္သည္ဟု ေဖာ္ျပထားသည္။

“ေကအဲန္ယူ – ကရင္အမ်ိဳးသားအစည္းအ႐ုံး မူေၾတာ္ခ႐ိုင္ တပ္မဟာ ၅ ၏ ဌာနခ်ဳပ္ကို အာဏာသိမ္း အၾကမ္း ဖက္စစ္အုပ္စုမွ ၂၀၂၁ ခုႏွစ္ မတ္လ ၂၇ ရက္ေန႔ည ၇ နာရီ မွ နံနက္ ၂ နာရီအထိ ေလယာဥ္ ၂ စင္း ျဖင့္ ဝင္ေရာက္ပစ္ခတ္ခဲ့ပါသည္။ ထိုသို႔ ပစ္ခတ္ရာတြင္ ေနအိမ္တစ္လုံးမီးေလာင္ပ်က္စီး၍ ထိုအိမ္အတြင္းတြင္ ေနထိုင္ေသာ သူသည္လဲထိခိုက္ေသဆုံးၿပီးမီးေလာင္ကြၽမ္းခဲ့သည္။ ထို႔ျပင္ အျခားေသာ ျပည္သူ လူထုမ်ား ထိ ခိုက္ဒဏ္ရာရရွိမႈ ႏွင့္ ေသဆုံးမႈမ်ားလဲရွိခဲ့ပါသည္”

ကရင္အမ်ိဳးသား အစည္းအရံုး KNU တပ္မဟာ ၅ က အာဏာသိမ္းစစ္ေကာင္စီ၏ သီးမူထာ တပ္စခန္းအား မတ္လ ၁၇ ရက္ေန႔ အေစာပိုင္းက ၀င္ေရာက္ သိမ္းယူၿပီးေနာက္ အာဏာသိမ္းစစ္ေကာင္စီမွ အဆိုပါ ေဒသသို႔ ေလယာဥ္ျဖင့္ လာေရာက္ ပစ္ခတ္ခဲ့သည္ဟု KNU က ဆိုသည္။

ထို႔သို႔ ပစ္ခတ္မႈေၾကာင့္ ေနအိမ္တစ္လံုးမီးေလာင္ပ်က္စီးၿပီး ၎ေနအိမ္အတြင္းေနထုိင္သူကို မီးေလာင္ကၽြမ္း ေသဆံုးေနသည္ကို ေတြ႔ရသည္ဟု KNU ထုတ္ျပန္ခ်က္ထဲတြင္ ေရးသားထားသည္။

အဆိုပါ တိုက္ခိုက္မႈအတြင္း အာဏာသိမ္းစစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္ဖြဲ႔မ်ား ေသဆံုးမႈမ်ားရွိသည့္အျပင္ ဖမ္းဆီးရမိထားမႈမ်ားလည္း ရွိသည္ဟု မတ္လ ၂၇ ရက္ (ယမန္ေန႔) က KNU ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ ရ သည္။

“အဆုိပါျဖစ္စဥ္ တြင္ အာဏာသိမ္းစစ္အုပ္စု လက္ေအာက္ခံတပ္ တပ္ဖြဲ႔ဝင္ (၁၀) ဦးက်ဆုံးခဲ့ၿပီး ဒု-တပ္ရင္းမွဴး တစ္ဦး ပါဝင္ခဲ့ပါသည္။ စစ္သုံ႔ပန္း (၈) ဦး ကို ဖမ္းဆီးရမိခဲ့ၿပီး အဆုိပါ စစ္သုံ႔ပန္း (၈) ဦး ထဲတြင္ ဒု-ဗုိလ္ အဆင့္ ရွိသူတစ္ဦး ပါဝင္ၿပီး အျခား (၂) ဦး မွာ ဒဏ္ရာရရွိထား ေသာေၾကာင့္ ေကအဲန္အယ္လ္ေအ ေဆးတပ္တြင္ ေဆးကုသမႈ ခံယူေနပါသည္”

ထိုတိုက္ပြဲမ်ားေၾကာင့္ အဆိုပါ ေဒသရွိႏွင့္ အနီးအနားရွိ ပတ္၀န္းက်င္မွ အိမ္ေထာင္စု ၅၄ စုမွာ ထိုင္းႏိုင္ငံနယ္ စပ္ သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့သည္ဟု KNU ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ပိုင္း KNU ႏွင့္ တပ္မေတာ္တို႔အၾကား စစ္ေရးတင္းမာမႈမ်ား ပိုမိုရွိလာၿပီး တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို ျပင္းထန္စြ ျဖစ္ပြားလာသည့္အျပင္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ၊ တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA တို႔ႏွင့္ပါ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနသည္။