ဖားကန့်တွင် တိုက်ပွဲများဖြစ်၊ အာဏာသိမ်းကောင်စီက လေယာဉ်ဖြင့်တိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်ကောင်စီ တပ်က ဝေ ဟင် ထိုးစစ်များဖြင့် တိုက်ခိုက်မှုများရှိနေသည်ဟု သိရသည်။

ဖားကန့်မြို့ ၊ တောမှော်-လုံးခင်းကျေးရွာအုပ်စုထဲရှိ ဖဝါကျေးရွာ၊ ကထန်ယန်ရွာကျေးရွာအနီး အနီးတဝိုက် မတ် လ ၂၈ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် တိုက်ပွဲဖြစ် ပွားနေသည်ဟု ဒေသခံများက ပြောသည်။

“ကထန်ယန်ရွာ၊ မဇွပ်ယန်ရယ်၊ ဆန်ခါ၊ ဖဝါ တစ်ဝိုက် အဲ့နားမှာ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က လက်နက် ကြီးနဲ့ ဆယ်ကြိမ်မကဘူး ပစ်တယ်။ ဒီမနက်မှ တိုက်ပွဲရပ်သွားတာ။ တိုက်ပွဲရပ်တာနဲ့ ၆ နာရီခွဲ လောက်မှာ ဟာလီကော်ပတာပေါ့။ လေယာဉ်နှစ်စီးနဲ့ တော်မှော်ဖက်ကို လာရောက်ပစ်ခတ်ပြီးမှ ပြန်သွားတာ။” ဟု ဖားကန့် ဒေသခံတစ်ဦး က ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ယနေ့ နံနက် ၁ နာရီခွဲ အချိန်ခန့်က စတင်ပြီး နံနက် ၆ နာရီအထိ တိုက်ပွဲများ ဖြစ် ပွားနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အခြား အတည်မပြုရသေးသော သတင်းများအရ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့များက ယနေ့ နံနက် အစောပိုင်းတွင် တပ်စခန်း တစ်ခုနှင့် ရဲစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အပြန်အလှန်အားဖြင့် အာဏာသိမ်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ရှိနေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေသည့် အနီးအနား ကျေးရွာ အချို့ ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“ဖဝါကျေးရွာက လူတွေ ထွက်ပြေးနေကြရတယ်။ အိမ်ထောင်စု ၂၀ ကျော် ၃၀ လောက်တော့ လုံးခင်း ကချင်နှစ်ခြင်းဘုရားကျောင်းကို ရောက်လာကြပြီ။ မရောက်လာသေးတာတွေလည်း ရှိတယ်။ ဖားကန့် မြို့နယ်၊ လုံးခင်းအုပ်စု၊ ဖဝါကျေးရွာမှာဖြစ်တာပါ။ တောက်ပကြယ် ကုမ္ပဏီမှာလည်း ပစ်ခတ်မှု ဖြစ်တယ် လို့ ပြောတယ်” ဟု လုံးခင်း ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဖဝါကျေးရွာရှိ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟုလည်း လုံးခင်းဒေသခံတစ်ဦး က ဆက်ပြောသည်။

“လက်နက်ကြီးတွေလည်း ဒီနေ့မနက်ပေါ့ ၃ နာရီလောက်ကမှာ ဘုရားကျောင်းနားက ရဲစခန်းကို သွားပစ် တယ်။ လေးယောက်လောက်ကတော့ လွတ်သွားတယ်လို့ ပြောတယ်။ ကျန်တဲ့ရဲတွေ အကုန်ကျတယ်လို့ ပြောတယ်။ ဒီကျနော်တို့ ဖာဝါကျေးရွာပေါ့၊ အဲ့ဒီက ရဲစခန်း ကို KIA က သွားပစ်တာပါ။ KIA ဘက်က လည်း တစ်ယောက်ကျတယ်လို့တော့ ပြောတယ်။ အတိအကျတော့ မသိသေးဘူး” ဟု အဆိုပါ လုံးခင်း ဒေသခံ က ဆက်ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းတူဖော်ရေးကုမ္ပဏီများတွင်းရှိ အစောင့်ရဲတပ်ဖွဲ့ဝင်များကိုလည်း KIA တပ်က ဝင်ရောက်ပစ်ခတ်မှုများရှိသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု တိုက်ပွဲများတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်း၊ ဝေဟင်ထိုးစစ်ဆင်ခြင်းများကြောင့် ဒေသခံပြည်သူ ထိခိုက် သေဆုံးမှုများ ရှိသည်ဟု ဒေသခံများက ပြောဆိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၁၁ နေ့က စတင်ပြီး ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ် ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

Photo – Crd

*** ZAWGYI ***
ဖားကန႔္တြင္ တိုက္ပြဲမ်ားျဖစ္၊ အာဏာသိမ္းေကာင္စီက ေလယာဥ္ျဖင့္တိုက္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၈ ရက္။

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ား ျဖစ္ပြားေနၿပီး အာဏာသိမ္းစစ္ေကာင္စီ တပ္က ေဝ ဟင္ ထိုးစစ္မ်ားျဖင့္ တိုက္ခိုက္မႈမ်ားရွိေနသည္ဟု သိရသည္။

ဖားကန႔္ၿမိဳ႕ ၊ ေတာေမွာ္-လုံးခင္းေက်း႐ြာအုပ္စုထဲရွိ ဖဝါေက်း႐ြာ၊ ကထန္ယန္႐ြာေက်း႐ြာအနီး အနီးတဝိုက္ မတ္ လ ၂၈ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္ တိုက္ပြဲျဖစ္ ပြားေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ကထန္ယန္႐ြာ၊ မဇြပ္ယန္ရယ္၊ ဆန္ခါ၊ ဖဝါ တစ္ဝိုက္ အဲ့နားမွာ တိုက္ပြဲျဖစ္တယ္။ စစ္တပ္က လက္နက္ ႀကီးနဲ႔ ဆယ္ႀကိမ္မကဘူး ပစ္တယ္။ ဒီမနက္မွ တိုက္ပြဲရပ္သြားတာ။ တိုက္ပြဲရပ္တာနဲ႔ ၆ နာရီခြဲ ေလာက္မွာ ဟာလီေကာ္ပတာေပါ့။ ေလယာဥ္ႏွစ္စီးနဲ႔ ေတာ္ေမွာ္ဖက္ကို လာေရာက္ပစ္ခတ္ၿပီးမွ ျပန္သြားတာ။” ဟု ဖားကန႔္ ေဒသခံတစ္ဦး က ေျပာသည္။

ဖားကန႔္ၿမိဳ႕နယ္အတြင္း ယေန႔ နံနက္ ၁ နာရီခြဲ အခ်ိန္ခန႔္က စတင္ၿပီး နံနက္ ၆ နာရီအထိ တိုက္ပြဲမ်ား ျဖစ္ ပြားေနျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

အျခား အတည္မျပဳရေသးေသာ သတင္းမ်ားအရ ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တပ္ဖြဲ႕မ်ားက ယေန႔ နံနက္ အေစာပိုင္းတြင္ တပ္စခန္း တစ္ခုႏွင့္ ရဲစခန္း ၃ ခုကို တိုက္ခိုက္သိမ္းပိုက္ခဲ့သည္။

အျပန္အလွန္အားျဖင့္ အာဏာသိမ္း စစ္ေကာင္စီက လက္နက္ႀကီးမ်ားျဖင့္ ဆက္တိုက္ပစ္ခတ္မႈမ်ား ရွိေနသည့္အတြက္ တိုက္ပြဲျဖစ္ပြားေနသည့္ အနီးအနား ေက်း႐ြာ အခ်ိဳ႕ ေဒသခံမ်ားလည္း စစ္ေဘးတိမ္းေရွာင္ေနရသည္ဟု သိရသည္။

“ဖဝါေက်း႐ြာက လူေတြ ထြက္ေျပးေနၾကရတယ္။ အိမ္ေထာင္စု ၂၀ ေက်ာ္ ၃၀ ေလာက္ေတာ့ လုံးခင္း ကခ်င္ႏွစ္ျခင္းဘုရားေက်ာင္းကို ေရာက္လာၾကၿပီ။ မေရာက္လာေသးတာေတြလည္း ရွိတယ္။ ဖားကန႔္ ၿမိဳ႕နယ္၊ လုံးခင္းအုပ္စု၊ ဖဝါေက်း႐ြာမွာျဖစ္တာပါ။ ေတာက္ပၾကယ္ ကုမၸဏီမွာလည္း ပစ္ခတ္မႈ ျဖစ္တယ္ လို႔ ေျပာတယ္” ဟု လုံးခင္း ေဒသခံတစ္ဦးက ေျပာသည္။

ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု၊ ဖဝါေက်း႐ြာရွိ ရဲစခန္းကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA က ဝင္ေရာက္ပစ္ခတ္ခဲ့သည္ဟုလည္း လုံးခင္းေဒသခံတစ္ဦး က ဆက္ေျပာသည္။

“လက္နက္ႀကီးေတြလည္း ဒီေန႔မနက္ေပါ့ ၃ နာရီေလာက္ကမွာ ဘုရားေက်ာင္းနားက ရဲစခန္းကို သြားပစ္ တယ္။ ေလးေယာက္ေလာက္ကေတာ့ လြတ္သြားတယ္လို႔ ေျပာတယ္။ က်န္တဲ့ရဲေတြ အကုန္က်တယ္လို႔ ေျပာတယ္။ ဒီက်ေနာ္တို႔ ဖာဝါေက်း႐ြာေပါ့၊ အဲ့ဒီက ရဲစခန္း ကို KIA က သြားပစ္တာပါ။ KIA ဘက္က လည္း တစ္ေယာက္က်တယ္လို႔ေတာ့ ေျပာတယ္။ အတိအက်ေတာ့ မသိေသးဘူး” ဟု အဆိုပါ လုံးခင္း ေဒသခံ က ဆက္ေျပာသည္။

ဖားကန႔္ၿမိဳ႕နယ္အတြင္းရွိ ေက်ာက္စိမ္းတူေဖာ္ေရးကုမၸဏီမ်ားတြင္းရွိ အေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ားကိုလည္း KIA တပ္က ဝင္ေရာက္ပစ္ခတ္မႈမ်ားရွိသည္ဟု ေဒသခံမ်ားက ေျပာသည္။

ဖားကန႔္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ ပစ္ခတ္မႈ တိုက္ပြဲမ်ားတြင္ အာဏာသိမ္းစစ္ေကာင္စီ၏ တပ္မ်ားက လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ပစ္ခတ္ျခင္း၊ ေဝဟင္ထိုးစစ္ဆင္ျခင္းမ်ားေၾကာင့္ ေဒသခံျပည္သူ ထိခိုက္ ေသဆုံးမႈမ်ား ရွိသည္ဟု ေဒသခံမ်ားက ေျပာဆိုလည္း အတည္ျပဳႏိုင္ျခင္း မရွိေသးေပ။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မတ္လ ၁၁ ေန႔က စတင္ၿပီး ကခ်င္ျပည္နယ္အတြင္း ကခ်င္လြတ္လပ္ ေရးတပ္မေတာ္ KIA ႏွင့္ အာဏာသိမ္းစစ္ေကာင္စီတို႔အၾကား တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနသည္။

Photo – Crd