မြစ်ကြီးနားတွင် သတင်းထောက် နှစ်ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် အတွင်း အမျိုးသမီး သတင်းထောက်တစ်ဦးအပါအဝင် မြစ်ကြီးနားအခြေစိုက် သတင်းထောက်နှစ်ဦး ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင် သက်သေများက ပြောသည်။

မတ်လ ၂၉ ရက်နေ့ ယနေ့တွင် မြစ်ကြီးနားမြို့ ၊ ရမ်ပူရပ်ကွက်မှ သပိတ်စစ်ကြောင်းခံတပ် အကြမ်းဖက်ဖြိုခွင်း ခံ ရပြီးနောက် သတင်းထောက်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြော သည်။

“ကျနော်တို့က သတင်းထောက်တွေလို့ ပြောတာ။ အဲ့ဒါ သတင်းထောက်တွေဆိုရင် ပိုရိုက်ရမယ်ဆိုပြီး အသား ကုန် ရိုက်ပြီး ဖမ်းသွားတာ” ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

ယနေ့ ရိုက်နှက်ဖမ်းဆီးခံရသူများမှာ မြစ်ကြီးနားအခြေဆိုက် The 74 Media သတင်းဌာနမှ အမျိုးသမီးသတင်း ထောက် မချန်းဘူနှင့် Kachin Waves သတင်းဌာနမှ အမျိုးသားသတင်းထောက် ကိုလရော် တို့ ဖြစ်သည်။

အေးစေတီအနီး ရောက်ရှိနေသည့် သတင်းထောက်တစ်ဦး က “အေးစေတီမှာပဲ၊ ဒီနေ့မနက်က အေးစေတီမှာ ပစ်ကြတယ်။ အေးစေတီကြက်ခြေနီရုံးနားမှာ အဖမ်းခံရတာ ဟုတ်တယ်။ ဆန္ဒပြပွဲနဲ့တော့ နည်းနည်းဝေးတဲ့ နေ ရာမှာ ဖမ်းခေါ်ခံရတာ။ ရိုက်ပြီးဖမ်းသွားတယ်။ ဘေးက မြင်တဲ့လူတွေကို သွားမေးတော့ အဲ့လိုပြောကြတယ်။ မိန်းကလေးတစ်ယောက်ရယ်၊ နည်းနည်းဝဝနဲ့ အရပ် ရှည်ရှည်နဲ့ သတင်းထောက် ယောက်ကျားလေး တစ် ယောက် ပါသွားတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း ဖမ်းဆီးခံရသည့် သတင်း ထောက် အယောက် ၅၀ ရှိပြီဖြစ်သည်ဟု ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် စာရင်းများ အရ သိရသည်။

*** ZAWGYI ***
ျမစ္ႀကီးနားတြင္ သတင္းေထာက္ ႏွစ္ဦး ဖမ္းခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၉ ရက္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ ရမ္ပူရပ္ကြက္ အတြင္း အမ်ိဳးသမီး သတင္းေထာက္တစ္ဦးအပါအဝင္ ျမစ္ႀကီးနားအေျခစိုက္ သတင္းေထာက္ႏွစ္ဦး ဖမ္းဆီးခံလိုက္ရသည္ဟု မ်က္ျမင္ သက္ေသမ်ားက ေျပာသည္။

မတ္လ ၂၉ ရက္ေန႔ ယေန႔တြင္ ျမစ္ႀကီးနားၿမိဳ႕ ၊ ရမ္ပူရပ္ကြက္မွ သပိတ္စစ္ေၾကာင္းခံတပ္ အၾကမ္းဖက္ၿဖိဳခြင္း ခံ ရၿပီးေနာက္ သတင္းေထာက္ႏွစ္ဦးကို ႐ိုက္ႏွက္ဖမ္းဆီးသြားျခင္း ျဖစ္သည္ဟု မ်က္ျမင္သက္ေသမ်ားက ေျပာ သည္။

“က်ေနာ္တို႔က သတင္းေထာက္ေတြလို႔ ေျပာတာ။ အဲ့ဒါ သတင္းေထာက္ေတြဆိုရင္ ပို႐ိုက္ရမယ္ဆိုၿပီး အသား ကုန္ ႐ိုက္ၿပီး ဖမ္းသြားတာ” ဟု မ်က္ျမင္သက္ေသတစ္ဦးက ေျပာသည္။

ယေန႔ ႐ိုက္ႏွက္ဖမ္းဆီးခံရသူမ်ားမွာ ျမစ္ႀကီးနားအေျခဆိုက္ The 74 Media သတင္းဌာနမွ အမ်ိဳးသမီးသတင္း ေထာက္ မခ်န္းဘူႏွင့္ Kachin Waves သတင္းဌာနမွ အမ်ိဳးသားသတင္းေထာက္ ကိုလေရာ္ တို႔ ျဖစ္သည္။

ေအးေစတီအနီး ေရာက္ရွိေနသည့္ သတင္းေထာက္တစ္ဦး က “ေအးေစတီမွာပဲ၊ ဒီေန႔မနက္က ေအးေစတီမွာ ပစ္ၾကတယ္။ ေအးေစတီၾကက္ေျခနီ႐ုံးနားမွာ အဖမ္းခံရတာ ဟုတ္တယ္။ ဆႏၵျပပြဲနဲ႔ေတာ့ နည္းနည္းေဝးတဲ့ ေန ရာမွာ ဖမ္းေခၚခံရတာ။ ႐ိုက္ၿပီးဖမ္းသြားတယ္။ ေဘးက ျမင္တဲ့လူေတြကို သြားေမးေတာ့ အဲ့လိုေျပာၾကတယ္။ မိန္းကေလးတစ္ေယာက္ရယ္၊ နည္းနည္းဝဝနဲ႔ အရပ္ ရွည္ရွည္နဲ႔ သတင္းေထာက္ ေယာက္က်ားေလး တစ္ ေယာက္ ပါသြားတယ္” ဟု ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မတ္လ ၂၈ ရက္ေန႔အထိ ျမန္မာႏိုင္ငံတဝွမ္း ဖမ္းဆီးခံရသည့္ သတင္း ေထာက္ အေယာက္ ၅၀ ရွိၿပီျဖစ္သည္ဟု ျပည္တြင္းအေျခဆိုက္ သတင္းေထာက္မ်ားက ျပဳစုထားသည့္ စာရင္းမ်ား အရ သိရသည္။