ကရင်စစ်ဘေးရှောင်များအား ထိုင်းနိုင်ငံမှ ပြန်မောင်းထုတ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်။

ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာကြသည့် ကရင်စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော် ကို ထိုင်းစစ်တပ်က ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုပဲ နှင်ထုတ်နေသည်ဟု နယ်စပ်ရောက် ကရင်စစ်ရှောင်များက ပြောသည်။

နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ကျေးရွာများမှ စစ်ရှောင် ၂၀၀၀ ကျော်ကို မတ်လ ၂၉ ရက်နေ့ (ယနေ့) တွင် ထိုင်းစစ်တပ်က ပြန်နှင်ထုတ်နေသည်ဟု ထွက်ပြေးတိမ်းရှောင် လာသည့် ကရင်တိုင်းရင်းသား တစ်ဦးက ကရင်ဘာသာဖြင့် ပြောဆိုထားသည့် ရုပ်သံတစ်ခုထဲတွင်တွေ့ရ သည်။

“ကရင်တွေပြန်လာပြီ၊ သက်ကြီးရွယ်အိုတွေလည်းပါတယ်။ ထိုင်းကိုထွက်ပြေးတော့လည်း ထိုင်းစစ်တပ်က ပြန် နှင်ထုတ်တယ်။ ဘာမှ လုပ်လို့မရဘူး ပြန်ရတာပဲ။ ထိုင်းစစ်တပ်က ကရင်တွေကို နှင်ထုတ်နေပြီ။ ထိုင်း စစ် သားတွေက အများကြီးပဲ။ ဒါက တော်တော်ခက်ခဲတဲ့အခက်အခဲပဲ” ဟု ကရင်စစ်ရှောင် တစ်ဦးက ၎င်း၏ FB ကွန်ရက်စာမျက်နှာတွင် ရိုက်ကူး တင်ထားကာ အဆိုပါ ရုပ်သံကလစ်ကိုလည်း အားလုံးဝိုင်းရှယ် ပေးကြရန် တောင်းဆိုထားသည်။

မတ်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့ က အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် လေကြောင်းထိုးစစ်များ ပြုလုပ်လာသည့်အတွက် စစ်ဘေးလွတ်ရာ ထိုင်းဘက်ခြမ်းကို ခိုလှုံရန် ထွက်ပြေးလာ ကြခြင်း ဖြစ်သည်။

“အခု လူတွေ ပြန်သွားရပြီ။ ကရင်တိုင်းရင်းသားတွေကို လူတွေက တော်တော်အနိုင်ကျင့်ကြတယ်။ ထိုင်းဘက် မှာလည်းတစ်မျိုး အနိုင်ကျင့်တယ်။ မြန်မာဘက်မှာလည်း တစ်မျိုး အနိုင်ကျင့်ကြတယ်” အဆိုပါ စစ်ရှောင်က ပြောသည်။

ယနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က စတင်ပြီး ထိုင်းအာဏာပိုင်များက နေရပ်ရင်းသို့ ပြန်ခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။

အီတူးထာ ဒေသခံ (စစ်ရှောင်) ၂၀၀၀ ကျော်သည် ၎င်းတို့၏ နေရပ်သို့ မပြန်ရဲကြသောကြောင့် ယခုခါ အနီးအနား တောတောင်များထဲတွင် သွားရောက်ပုန်းအောင်နေကြရသည်ဟု စစ်ရှောင်များက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ ၏ စစ်တပ်က ယခုရက်ပိုင်းအတွင်း သံလွင်ငြိမ်းချမ်းရေးဥယျာဉ်အတွင်းရှိ ကျေး ရွာများဖြစ်ကြသည့် အီတူးထာကျေးရွာနှင့် အနီးအနားရှိ ကျေးရွာအချို့ကို လေယာဉ်ဖြင့် လာရောက် ပစ်ခတ် ခြင်း၊ လက်နက် ကြီး/လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများ နှင့် ကရင်အရပ် ဘက်အဖွဲ့အစည်းများက ပြောသည်။

ထို့ကြောင့် အဆိုပါကျေးရွာများက ဒေသခံ ရွာသားများ သံလွင်မြစ်နံဘေးတစ်လျှောက်မှ ထိုင်းနိုင်ငံဘက် ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အာဏာသိမ်းစစ်ကောင်စီ စစ်တပ်တို့အကြားက တိုက်ပွဲများ ကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ စစ်ဘေးတိမ်းရှောင်လာသူများရှိသကဲ့သို့ တောတောင်များထဲတွင် ပုန်း အောင်း စစ်ရှောင်နေရသူလည်း တစ်သောင်းဝန်းကျင်ခန့်ရှိနေသည်ဟု ကရင်အရပ်ဘက်အဖွဲ့ အစည်းများ က ပြောသည်။

မတ်လ ၂၇ နှင့် ၂၈ရက်နေ့ တို့တွင် အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်မဟာ(၅) မူတြော်ခရိုင် အုပ်ချုပ်မှု နယ်မြေအတွင်းက ဒေပူးနိုကျေးရွာ၊ တနေးလူတောင်ကုန်း ကျေးရွာ၊ ကလိုဘောထာကျေးရွာ၊ မောယူနီကျေးရွာ၊ သယ်ဘိုးပလောကျေးရွာ၊ သီးကောထာကျေးရွာ၊ ဟိုကေကျေး ရွာ စုစုပေါင်း ကျေးရွာ ၇ ရွာ ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KNU က ထုတ်ပြန် ထား သည်။

ထိုပစ်ခတ်မှုများကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် နှစ်လုံး မီး လောင်ခဲ့သည်။ နှစ်ရက်အတွင်း တပ်မတော်(၅) မူတြော်ခရိုင်အတွင်း ကျေးရွာ ၇ ရွာ မှ ဒေသခံပြည်သူ တစ်သောင်းဝန်းကျင်ခန့်လည်း စစ်ဘေးလွတ်ရသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU က ယနေ့ ထုတ်ပြန်ထားသည်။

Photo – Salween Peace Park

*** ZAWGYI ***
ကရင္စစ္ေဘးေရွာင္မ်ားအား ထိုင္းႏိုင္ငံမွ ျပန္ေမာင္းထုတ္

သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၂၉ ရက္။

ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ထြက္ေျပးလာၾကသည့္ ကရင္စစ္ေဘးဒုကၡသည္ ၂၀၀၀ ေက်ာ္ ကို ထိုင္းစစ္တပ္က ထိုင္းႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ခြင့္မျပဳပဲ ႏွင္ထုတ္ေနသည္ဟု နယ္စပ္ေရာက္ ကရင္စစ္ေရွာင္မ်ားက ေျပာသည္။

နယ္စပ္သို႔ ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္အတြင္းရွိ ေက်း႐ြာမ်ားမွ စစ္ေရွာင္ ၂၀၀၀ ေက်ာ္ကို မတ္လ ၂၉ ရက္ေန႔ (ယေန႔) တြင္ ထိုင္းစစ္တပ္က ျပန္ႏွင္ထုတ္ေနသည္ဟု ထြက္ေျပးတိမ္းေရွာင္ လာသည့္ ကရင္တိုင္းရင္းသား တစ္ဦးက ကရင္ဘာသာျဖင့္ ေျပာဆိုထားသည့္ ႐ုပ္သံတစ္ခုထဲတြင္ေတြ႕ရ သည္။

“ကရင္ေတြျပန္လာၿပီ၊ သက္ႀကီး႐ြယ္အိုေတြလည္းပါတယ္။ ထိုင္းကိုထြက္ေျပးေတာ့လည္း ထိုင္းစစ္တပ္က ျပန္ ႏွင္ထုတ္တယ္။ ဘာမွ လုပ္လို႔မရဘူး ျပန္ရတာပဲ။ ထိုင္းစစ္တပ္က ကရင္ေတြကို ႏွင္ထုတ္ေနၿပီ။ ထိုင္း စစ္ သားေတြက အမ်ားႀကီးပဲ။ ဒါက ေတာ္ေတာ္ခက္ခဲတဲ့အခက္အခဲပဲ” ဟု ကရင္စစ္ေရွာင္ တစ္ဦးက ၎၏ FB ကြန္ရက္စာမ်က္ႏွာတြင္ ႐ိုက္ကူး တင္ထားကာ အဆိုပါ ႐ုပ္သံကလစ္ကိုလည္း အားလုံးဝိုင္းရွယ္ ေပးၾကရန္ ေတာင္းဆိုထားသည္။

မတ္လ ၂၇ ရက္ေန႔ႏွင့္ ၂၈ ရက္ေန႔တို႔ က အာဏာသိမ္းစစ္ေကာင္စီ၏ စစ္တပ္က ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားႏွင့္ ေလေၾကာင္းထိုးစစ္မ်ား ျပဳလုပ္လာသည့္အတြက္ စစ္ေဘးလြတ္ရာ ထိုင္းဘက္ျခမ္းကို ခိုလႈံရန္ ထြက္ေျပးလာ ၾကျခင္း ျဖစ္သည္။

“အခု လူေတြ ျပန္သြားရၿပီ။ ကရင္တိုင္းရင္းသားေတြကို လူေတြက ေတာ္ေတာ္အႏိုင္က်င့္ၾကတယ္။ ထိုင္းဘက္ မွာလည္းတစ္မ်ိဳး အႏိုင္က်င့္တယ္။ ျမန္မာဘက္မွာလည္း တစ္မ်ိဳး အႏိုင္က်င့္ၾကတယ္” အဆိုပါ စစ္ေရွာင္က ေျပာသည္။

ယေန႔ ညေန ၅ နာရီခြဲအခ်ိန္ခန႔္က စတင္ၿပီး ထိုင္းအာဏာပိုင္မ်ားက ေနရပ္ရင္းသို႔ ျပန္ခိုင္းျခင္း ျဖစ္သည္ဟု သိရသည္။

အီတူးထာ ေဒသခံ (စစ္ေရွာင္) ၂၀၀၀ ေက်ာ္သည္ ၎တို႔၏ ေနရပ္သို႔ မျပန္ရဲၾကေသာေၾကာင့္ ယခုခါ အနီးအနား ေတာေတာင္မ်ားထဲတြင္ သြားေရာက္ပုန္းေအာင္ေနၾကရသည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

အာဏာသိမ္း စစ္ေကာင္စီ ၏ စစ္တပ္က ယခုရက္ပိုင္းအတြင္း သံလြင္ၿငိမ္းခ်မ္းေရးဥယ်ာဥ္အတြင္းရွိ ေက်း ႐ြာမ်ားျဖစ္ၾကသည့္ အီတူးထာေက်း႐ြာႏွင့္ အနီးအနားရွိ ေက်း႐ြာအခ်ိဳ႕ကို ေလယာဥ္ျဖင့္ လာေရာက္ ပစ္ခတ္ ျခင္း၊ လက္နက္ ႀကီး/လက္နက္ငယ္မ်ားျဖင့္ ထိုးစစ္ဆင္ျခင္းမ်ား ဆက္တိုက္ျပဳလုပ္ေနသည္ဟု ေဒသခံမ်ား ႏွင့္ ကရင္အရပ္ ဘက္အဖြဲ႕အစည္းမ်ားက ေျပာသည္။

ထို႔ေၾကာင့္ အဆိုပါေက်း႐ြာမ်ားက ေဒသခံ ႐ြာသားမ်ား သံလြင္ျမစ္နံေဘးတစ္ေလွ်ာက္မွ ထိုင္းႏိုင္ငံဘက္ ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရျခင္း ျဖစ္သည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ႏွင့္ အာဏာသိမ္းစစ္ေကာင္စီ စစ္တပ္တို႔အၾကားက တိုက္ပြဲမ်ား ေၾကာင့္ ထိုင္း-ျမန္မာနယ္စပ္သို႔ စစ္ေဘးတိမ္းေရွာင္လာသူမ်ားရွိသကဲ့သို႔ ေတာေတာင္မ်ားထဲတြင္ ပုန္း ေအာင္း စစ္ေရွာင္ေနရသူလည္း တစ္ေသာင္းဝန္းက်င္ခန႔္ရွိေနသည္ဟု ကရင္အရပ္ဘက္အဖြဲ႕ အစည္းမ်ား က ေျပာသည္။

မတ္လ ၂၇ ႏွင့္ ၂၈ရက္ေန႔ တို႔တြင္ အာဏာသိမ္းစစ္ေကာင္စီ စစ္တပ္က ကရင္အမ်ိဳးသားအစည္း အ႐ုံး (KNU) တပ္မဟာ(၅) မူေၾတာ္ခ႐ိုင္ အုပ္ခ်ဳပ္မႈ နယ္ေျမအတြင္းက ေဒပူးႏိုေက်း႐ြာ၊ တေနးလူေတာင္ကုန္း ေက်း႐ြာ၊ ကလိုေဘာထာေက်း႐ြာ၊ ေမာယူနီေက်း႐ြာ၊ သယ္ဘိုးပေလာေက်း႐ြာ၊ သီးေကာထာေက်း႐ြာ၊ ဟိုေကေက်း ႐ြာ စုစုေပါင္း ေက်း႐ြာ ၇ ႐ြာ ကိုလည္း ဗုံးႀကဲတိုက္ခိုက္ခဲ့သည္ဟု KNU က ထုတ္ျပန္ ထား သည္။

ထိုပစ္ခတ္မႈမ်ားေၾကာင့္ အရပ္သား ၃ ဦး ေသဆုံး၊ ၉ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး လူေနအိမ္ ႏွစ္လုံး မီး ေလာင္ခဲ့သည္။ ႏွစ္ရက္အတြင္း တပ္မေတာ္(၅) မူေၾတာ္ခ႐ိုင္အတြင္း ေက်း႐ြာ ၇ ႐ြာ မွ ေဒသခံျပည္သူ တစ္ေသာင္းဝန္းက်င္ခန႔္လည္း စစ္ေဘးလြတ္ရသို႔ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု KNU က ယေန႔ ထုတ္ျပန္ထားသည္။

Photo – Salween Peace Park