ပစ်ခတ်မှုများတားဆီးရန် စစ်ရှောင်များအား ကူညီရန် KPSN တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။

ပစ်ခတ်သတ်ဖြတ်မှုများအား နိုင်ငံတကာမှ ဝိုင်းဝန်းတားဆီးပေးရန်နှင့် စစ်ဘေးရှောင်များတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိရောက်စွာပေးရန် ကရင် ငြိမ်းချမ်းရေး အထောက်အ ကူပြုကွန်ရက် KPSN က တောင်းဆို လိုက်သည်။

မတ်လ ၂၉ ရက်နေ့ (ယနေ့) တွင် KPSN က သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွင်းရှိ ကျေးရွာများအား အာဏာ သိမ်းစစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်ထဲ တွင် အဆို ပါ အချက်များကို ထည့်သွင်းတောင်းဆိုထားသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က “ထွက်ပြေးတိမ်း ရှောင်နေရတဲ့ သူတွေကို လာရောက်ကူညီပေးမယ့် အကူအညီပေးတဲ့အဖွဲ့တွေကို လမ်းဖွင့်ပေးဖို့ နိုင်ငံတကာ က လည်း ထွက်ပြေးနေရတဲ့သူတွေကို အကူအညီပေးဖို့၊ နောက်တစ်ခုက အဓိကတောင်းဆိုချင်တာကတော့ နိုင်ငံတ ကာကနေ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ခံနေရတဲ့ မြန်မာ ပြည်သားတွေ ကို ကူညီကာကွယ်ပေးဖို့၊ ပြီးတော့ ကုလသမဂ္ဂ လုံခြုရေး ကောင်စီက မြန်မာနိုင်ငံက ကိစ္စရပ်တွေကို ICC တင် သွင်းဖို့ရယ် နောက်တစ်ခုက ကုလသမဂ္ဂလုံခြုံရေးကောင်စီက အခြေအနေကို စောင့်ကြည့်တဲ့ စောင့်ကြည့်ရေး အဖွဲ့ကို စေလွှတ်ပေးဖို့ ဖြစ်တယ်။ပြီးတော့ အာဏာသိမ်းစစ်ကောင်စီရဲ လက်နက်ခဲ့ယမ်း ဝယ်ယူမှုကို ပိတ်ပင် တားဆီးဖို့ စတာတွေကို UN က လုပ်ဆောင်ပေး ဖို့အတွက်ဖြစ်တယ်ပေါ့နော” ဟု ပြောသည်။

ထို့အပြင် လက်နက်မဲ့ပြည်သူများကို အကာအကွယ်ပေးနိုင်သည့် ဥပဒေသည် နိုင်ငံထဲတွင် မရှိတော့သည့် အတွက် ပြည်သူများအား အကြမ်းဖက် နိုင်နှင်းဖြိုခွင်းနေသည့် စစ်ကောင်စီတပ်များအား နိုင်ငံတကာ ဥပဒေ အပေါ်တွင် ရပ်တည်ပြီး အရေးယူအပြစ်ပေးနိုင်သည့်အထိ လုပ်ဆောင်ပေးရန် နော်ဝါးခူရှီးက တိုက်တွန်းသည်။

၎င်းက “စစ်အာဏာ သိမ်းလိုက်တဲ့အတွက် တိုင်းသူပြည်သားတွေကို ကာကွယ်ပေးတဲ့ အစိုးရမရှိတော့ဘူး။ အာ ဏာသိမ်းစစ်တပ်က တိုင်းသူပြည်သားတွေကို အကြမ်းဖက်နှိမ်စက်နေတဲ့အတွက် နိုင်ငံတကာ တိုင်းပြည်တွေ အနေနဲ့ မြန်မာပြည်သားတွေကို ဒီလိုလုပ်ရပ်တွေကနေ ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ ပြီးတော့ အဓိက ဒီလို အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်တွေကို အပြစ်ပေးအရေးယူပေးဖို့ နောက်တစ်ခုက တိုင်းပြည်မှာ ဥပဒေတွေ အသုံးပြုလို့ မရတော့တဲ့အတွက် နိုင်ငံတကာ ဥပဒေအပေါ်မှာ ရပ်တည်ပြီး ပြည်သူ တွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်ကို တွန်းအားပေးဖို့ အပြစ်ပေးအရေး ယူပေးဖို့နဲ့ တိုင်းသူ ပြည်သားတွေကို အကာအကွယ်ပေးဖို့အတွက်ဖြစ်တယ်” ဟု ပြောသည်။

မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည့် KPSN ၏ ထုတ်ပြန်ချက်ထဲတွင် အာဏာသိမ်းစစ်တပ်၏ မင်းမဲ့စရိုက် နှင့် ပစ်ခတ်သတ်ဖြတ်မှုများ ယခုထက်ပိုမိုကြီးမားများပြားလာခြင်းမရှိအောင် နိုင်ငံတကာအသိုင်းအဝန်းမှ အရေးတကြီး ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးရန်၊ ထို့ပြင် အာဏာသိမ်းစစ်တပ်၏ ချိုးဖောက်မှုများကို နိုင်ငံ တကာခုံရုံးတွင် စစ်ဆေးအရေးယူနိုင်ရန်၊ မြန်မာနိုင်ငံအတွင်းသို့ စောင့်ကြည့်လေ့လာရေး ယန္တရားများဖွဲ့စည်းပို့ ဆောင်ရန်နှင့် အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းဝယ်ယူခွင့်ကိုပိတ်ပင်တားဆီးရန် စသည်များအတွက် UN Security Council Resolution မှ ဆောင်ရွက်ပေးရန်တို့ကို ထည့်သွင်းထားသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်မှ ဌာနေတိုင်းရင်းသား ဒေသအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပစ် ခတ်သတ်ဖြတ်မှုများကို ချက်ချင်းရပ်တန့်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ ၎င်းတို့ ၏ တပ်စခန်းများကို ကျွန်ုပ်တို့ဒေသအတွင်းမှ အမြန်ဆုံး ပြန်လည်ထွက်ခွာသွားရန်နှင့် စစ်ဘေးမှ ထွက်ပြေးတိမ်း ရှောင်နေရသော ဒေသခံပြည်သူလူထုများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ထိ ရောက်စွာကူညီပံ့ပိုးပေးရန် ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်။

ပြည်သူလူထုထံမှ မတရားသိမ်းပိုက်ထား သော အာဏာများကို အရပ်သားအစိုးရဆီသို့ ပြန်လည်အပ်နှင်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အမြန်ဆုံး ဖော်ဆောင်တည် ဆောက်ရန် ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်အာဏာသိမ်းမှုကို မလိုလားကြောင်း ဆန္ဒပြ တောင်းနေကြသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်များမှ အကြမ်းဖက်ဖြိုခွင်းကာ ကျည်အစစ် ဖြင့် ပစ်ခတ်မှုများ၊ ရိုက်နှက်မှုများ၊ မတရားဖမ်းဆီးနှိမ်စက်ခြင်းများ စသည့် လူ့အခွင့် အရေးချိုးဖောက်မှု များကို တွင်တွင်ကျယ်ကျယ် ကျူးလွန်နေသည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့်အာ ဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများလည်း ပြင်း ထန်စွာ ပြန်လည်ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အတွက်သာမက အဖက်ဖက်မှ အကူအညီများလည်း လိုအပ်နေသည်ဟု ဆိုသည်။

*** ZAWGYI ***
ပစ္ခတ္မႈမ်ားတားဆီးရန္ စစ္ေရွာင္မ်ားအား ကူညီရန္ KPSN ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃၀ ရက္။

ပစ္ခတ္သတ္ျဖတ္မႈမ်ားအား ႏိုင္ငံတကာမွ ဝိုင္းဝန္းတားဆီးေပးရန္ႏွင့္ စစ္ေဘးေရွာင္မ်ားတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ား ထိေရာက္စြာေပးရန္ ကရင္ ၿငိမ္းခ်မ္းေရး အေထာက္အ ကူျပဳကြန္ရက္ KPSN က ေတာင္းဆို လိုက္သည္။

မတ္လ ၂၉ ရက္ေန႔ (ယေန႔) တြင္ KPSN က သံလြင္ၿငိမ္းခ်မ္းေရး ဥယ်ာဥ္အတြင္းရွိ ေက်း႐ြာမ်ားအား အာဏာ သိမ္းစစ္တပ္မွ ေလယာဥ္ျဖင့္ ဗုံးႀကဲပစ္ခတ္တိုက္ခိုက္မႈႏွင့္ ပတ္သက္သည့္ ထုတ္ျပန္ခ်က္ထဲ တြင္ အဆို ပါ အခ်က္မ်ားကို ထည့္သြင္းေတာင္းဆိုထားသည္။

ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ KPSN က ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီး က “ထြက္ေျပးတိမ္း ေရွာင္ေနရတဲ့ သူေတြကို လာေရာက္ကူညီေပးမယ့္ အကူအညီေပးတဲ့အဖြဲ႕ေတြကို လမ္းဖြင့္ေပးဖို႔ ႏိုင္ငံတကာ က လည္း ထြက္ေျပးေနရတဲ့သူေတြကို အကူအညီေပးဖို႔၊ ေနာက္တစ္ခုက အဓိကေတာင္းဆိုခ်င္တာကေတာ့ ႏိုင္ငံတ ကာကေန စစ္ေကာင္စီရဲ႕ ရက္စက္ၾကမ္းၾကဳတ္တဲ့ အၾကမ္းဖက္လုပ္ရပ္ေတြမွာ ခံေနရတဲ့ ျမန္မာ ျပည္သားေတြ ကို ကူညီကာကြယ္ေပးဖို႔၊ ၿပီးေတာ့ ကုလသမဂၢ လုံျခဳေရး ေကာင္စီက ျမန္မာႏိုင္ငံက ကိစၥရပ္ေတြကို ICC တင္ သြင္းဖို႔ရယ္ ေနာက္တစ္ခုက ကုလသမဂၢလုံၿခဳံေရးေကာင္စီက အေျခအေနကို ေစာင့္ၾကည့္တဲ့ ေစာင့္ၾကည့္ေရး အဖြဲ႕ကို ေစလႊတ္ေပးဖို႔ ျဖစ္တယ္။ၿပီးေတာ့ အာဏာသိမ္းစစ္ေကာင္စီရဲ လက္နက္ခဲ့ယမ္း ဝယ္ယူမႈကို ပိတ္ပင္ တားဆီးဖို႔ စတာေတြကို UN က လုပ္ေဆာင္ေပး ဖို႔အတြက္ျဖစ္တယ္ေပါ့ေနာ” ဟု ေျပာသည္။

ထို႔အျပင္ လက္နက္မဲ့ျပည္သူမ်ားကို အကာအကြယ္ေပးႏိုင္သည့္ ဥပေဒသည္ ႏိုင္ငံထဲတြင္ မရွိေတာ့သည့္ အတြက္ ျပည္သူမ်ားအား အၾကမ္းဖက္ ႏိုင္ႏွင္းၿဖိဳခြင္းေနသည့္ စစ္ေကာင္စီတပ္မ်ားအား ႏိုင္ငံတကာ ဥပေဒ အေပၚတြင္ ရပ္တည္ၿပီး အေရးယူအျပစ္ေပးႏိုင္သည့္အထိ လုပ္ေဆာင္ေပးရန္ ေနာ္ဝါးခူရွီးက တိုက္တြန္းသည္။

၎က “စစ္အာဏာ သိမ္းလိုက္တဲ့အတြက္ တိုင္းသူျပည္သားေတြကို ကာကြယ္ေပးတဲ့ အစိုးရမရွိေတာ့ဘူး။ အာ ဏာသိမ္းစစ္တပ္က တိုင္းသူျပည္သားေတြကို အၾကမ္းဖက္ႏွိမ္စက္ေနတဲ့အတြက္ ႏိုင္ငံတကာ တိုင္းျပည္ေတြ အေနနဲ႔ ျမန္မာျပည္သားေတြကို ဒီလိုလုပ္ရပ္ေတြကေန ကာကြယ္ေပးဖို႔ တာဝန္ရွိတယ္။ ၿပီးေတာ့ အဓိက ဒီလို အၾကမ္းဖက္မႈေတြကို လုပ္ေဆာင္ေနတဲ့ စစ္အာဏာရွင္ေတြကို အျပစ္ေပးအေရးယူေပးဖို႔ ေနာက္တစ္ခုက တိုင္းျပည္မွာ ဥပေဒေတြ အသုံးျပဳလို႔ မရေတာ့တဲ့အတြက္ ႏိုင္ငံတကာ ဥပေဒအေပၚမွာ ရပ္တည္ၿပီး ျပည္သူ ေတြကို အၾကမ္းဖက္ သတ္ျဖတ္ေနတဲ့ စစ္အာဏာရွင္ကို တြန္းအားေပးဖို႔ အျပစ္ေပးအေရး ယူေပးဖို႔နဲ႔ တိုင္းသူ ျပည္သားေတြကို အကာအကြယ္ေပးဖို႔အတြက္ျဖစ္တယ္” ဟု ေျပာသည္။

မတ္လ ၂၉ ရက္ေန႔က ထုတ္ျပန္ထားသည့္ KPSN ၏ ထုတ္ျပန္ခ်က္ထဲတြင္ အာဏာသိမ္းစစ္တပ္၏ မင္းမဲ့စ႐ိုက္ ႏွင့္ ပစ္ခတ္သတ္ျဖတ္မႈမ်ား ယခုထက္ပိုမိုႀကီးမားမ်ားျပားလာျခင္းမရွိေအာင္ ႏိုင္ငံတကာအသိုင္းအဝန္းမွ အေရးတႀကီး ဝိုင္းဝန္းတားဆီးေဆာင္႐ြက္ေပးရန္၊ ထို႔ျပင္ အာဏာသိမ္းစစ္တပ္၏ ခ်ိဳးေဖာက္မႈမ်ားကို ႏိုင္ငံ တကာခုံ႐ုံးတြင္ စစ္ေဆးအေရးယူႏိုင္ရန္၊ ျမန္မာႏိုင္ငံအတြင္းသို႔ ေစာင့္ၾကည့္ေလ့လာေရး ယႏၲရားမ်ားဖြဲ႕စည္းပို႔ ေဆာင္ရန္ႏွင့္ အာဏာသိမ္းစစ္တပ္၏ လက္နက္ခဲယမ္းဝယ္ယူခြင့္ကိုပိတ္ပင္တားဆီးရန္ စသည္မ်ားအတြက္ UN Security Council Resolution မွ ေဆာင္႐ြက္ေပးရန္တို႔ကို ထည့္သြင္းထားသည္။

ထို႔အျပင္ အာဏာသိမ္းစစ္တပ္မွ ဌာေနတိုင္းရင္းသား ေဒသအတြင္း ေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈမ်ားႏွင့္ ပစ္ ခတ္သတ္ျဖတ္မႈမ်ားကို ခ်က္ခ်င္းရပ္တန႔္ရန္၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားကို ခ်က္ခ်င္းရပ္တန႔္ရန္၊ ၎တို႔ ၏ တပ္စခန္းမ်ားကို ကြၽႏ္ုပ္တို႔ေဒသအတြင္းမွ အျမန္ဆုံး ျပန္လည္ထြက္ခြာသြားရန္ႏွင့္ စစ္ေဘးမွ ထြက္ေျပးတိမ္း ေရွာင္ေနရေသာ ေဒသခံျပည္သူလူထုမ်ားအတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီမ်ားကို ထိ ေရာက္စြာကူညီပံ့ပိုးေပးရန္ ထုတ္ျပန္ခ်က္ထဲတြင္ ေတာင္းဆိုထားသည္။

ျပည္သူလူထုထံမွ မတရားသိမ္းပိုက္ထား ေသာ အာဏာမ်ားကို အရပ္သားအစိုးရဆီသို႔ ျပန္လည္အပ္ႏွင္းၿပီး တန္းတူေရးႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ အျပည့္အဝရွိေသာ ဖက္ဒရယ္ ဒီမိုကေရစီ အုပ္ခ်ဳပ္ေရးစနစ္ကို အျမန္ဆုံး ေဖာ္ေဆာင္တည္ ေဆာက္ရန္ ထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။

တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံတဝန္းတြင္ စစ္အာဏာသိမ္းမႈကို မလိုလားေၾကာင္း ဆႏၵျပ ေတာင္းေနၾကသည့္ ျပည္သူမ်ားကို အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားမွ အၾကမ္းဖက္ၿဖိဳခြင္းကာ က်ည္အစစ္ ျဖင့္ ပစ္ခတ္မႈမ်ား၊ ႐ိုက္ႏွက္မႈမ်ား၊ မတရားဖမ္းဆီးႏွိမ္စက္ျခင္းမ်ား စသည့္ လူ႔အခြင့္ အေရးခ်ိဳးေဖာက္မႈ မ်ားကို တြင္တြင္က်ယ္က်ယ္ က်ဴးလြန္ေနသည္ဟု ဆိုသည္။

တစ္ဖက္တြင္လည္း စစ္အာဏာသိမ္းၿပီးေနာက္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားႏွင့္အာ ဏာသိမ္းစစ္ေကာင္စီ၏ လက္နက္ကိုင္တပ္တို႔အၾကား ႏွစ္ဖက္စစ္ေရးတင္းမာမႈမ်ားႏွင့္ တိုက္ပြဲမ်ားလည္း ျပင္း ထန္စြာ ျပန္လည္ျဖစ္ပြားေနသည္။

ထိုတိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူမ်ား ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး စားဝတ္ေနေရး အတြက္သာမက အဖက္ဖက္မွ အကူအညီမ်ားလည္း လိုအပ္ေနသည္ဟု ဆိုသည္။