စစ်ဘေးရှောင်များ ပြန်မောင်းထုတ်မှုကို ကရင် CBO များ ပြစ်တင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးဒုက္ခသည်များကို လက်မခံပဲ ပြန်မောင်းထုတ် နေခြင်းသည် နိုင်ငံတကာ ဥပဒေကို ထိုင်းအစိုးရမှ ချိုးဖောက်ရာရောက်သည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်း အချို့က ပြောဆိုလိုက်သည်။

ယခုရက်ပိုင်းတွင် KNU တပ်မဟာ ၅ နယ်မြေ မူတြော် (ဖာပွန်) ခရိုင်တွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် ထိုင်းဖက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို ထိုင်းအစိုးရဖက်မှ လက်မခံပဲ ပြန်လည်မောင်းထုတ်နေသည့်အပေါ် ကရင်အရပ်ဖက်အဖွဲ့အစည်းအချို့က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကရင်အမျိုးသမီးအစည်းအရုံး KWO အထွေထွေ အတွင်းရေးမှူး နော်ကညောဖောက “အမှားလုပ်နေတဲ့သူတွေ ကို သူတို့ပံ့ပိုးကူညီနေတဲ့အတွက် War Crime လို့ပြောလို့ရတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်း ရှောင်လာသူ တွေကို လက်မခံခြင်းက နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်။ အဲဒါကြောင့် ထိုင်းကလည်း ဗမာတွေနဲ့အတူတူပဲ သူတို့ဗမာတွေကို ကူညီနေတဲ့အတွက် သူတို့က အမှားတွေကို လုပ်နေတဲ့သူတွေ ဖြစ်တယ်။ အဲဒါ International Crime ပဲလေ အမှားလုပ်တဲ့အတွက် ထွက်ပြေးလာတဲ့သူတွေကို အတင်းပြန်ခိုင်းတယ်။ အသက်ဘေးကနေ ထွက်ပြေးလာတဲ့သူတွေကို အတင်းပြန်ခိုင်းတာဟာ နိုင်ငံတကာ ဥပဒေစည်း မျဉ်းစည်းကမ်း တွေကို ချိုးဖောက်ပြီးတော့ အမှားလုပ်နေတာဖြစ်တယ်” ဟု ပြောသည်။

မတ်လ ၂၉ ရက်နေ့ (ယမန်နေ့) က သံလွင်မြစ်ကိုဖြတ်ပြီး ထိုင်းဖက်ခြမ်းကို ထွက်ပြေးရောက်ရှိလာသည့် စစ် ဘေး ဒုက္ခသည်များကို ထိုင်းအစိုးရဖက်မှ ပြန်လည်ပို့ဆောင်ခံရသည့် ဖြစ်စဉ်ရှိ ခဲ့သကဲ့သို့ မတ်လ ၃၀ ရက်နေ့ (ယနေ့) တွင်လည်း စစ်ဘေးရှောင်များကို လက်မခံပဲ မြန်မာဖက်ကမ်းသို့ ထပ်မံပို့ဆောင်ခဲ့သည်။

ယမန်နေ့ နှင့် ယနေ့တွင် မြန်မာဖက်ခြမ်းမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် ဦးရေ စုစုပေါင်း ၂၄၀၀ ကျော် ကို ထိုင်းအစိုးရဖက်က လက်မခံပဲ နေရပ် ပြန်ခိုင်းခဲ့သည် ဟု ဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင်များကို ထိုင်းဖက်က ပြန်လည်ပို့ဆောင်ခဲ့သော်လည်း စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့ နေထိုင်ရာ နေရပ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက လေယာဉ်များဖြင့် လာ ရောက် ပစ်ခတ်နေသည့်အပေါ် စိုးရိမ်သည့်အတွက် တောတောင်များထဲတွင် နေထိုင်နေရသည်ဟု ဆိုသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ပြောရေးဆိုခွင့်ရှိသူ စောလေးကပေါက “သူတို့ပြန်တာကတော့ အီးသူးထ IDP Camp ကိုပဲ ဟိုဖက်ကမ်း ဒီဖက်ကမ်းပဲဆိုတော့ သူတို့သွားနေတဲ့ နေရာပဲ ပြန်ရတာပေါ့။ ဒါပေ မယ့် ဘယ်လိုမှ နေလို့မရတော့ မောင်းထုတ်ခံရတော့ သူတို့ ပြန်ရတာပေါ့။ ဒါပေမယ့် သူတို့ အနေနဲ့ ကတော့ တ ကယ့် ငရဲရောက်နေသလို ဖြစ်သွားတာပေါ့။ နေလို့မရတဲ့နေရာမှာ ပြန်နေရတယ်။ ကိုယ့်အသက်ကို ဖက်နဲ့ထုပ် ထားရတဲ့ အနေအထားမျိုးပေါ့နော်” ဟု ပြောသည်။

နော်ကညောဖောကလည်း “ဒီနေ့ ပြန်မောင်းထုတ်တာတော့ အပြတ်အသတ်ပဲ အီသူးထကို ပြန်သွားတဲ့သူ တွေက ရွာထဲမှာ မနေရဲတော့ အဲဒီအနီးအနားမှာရှိတဲ့ တောတွေတောင်တွေထဲမှာ နေနေကြတယ်။ ရွာသားတွေက သူတို့ ကို လေယာဉ်နဲ့ လာပစ်မှာ ကြောက်လို့ အတင်းမောင်းထုတ်တော့ ပြန်ရတာပဲလေ။ ကျမတို့အမြင်တော့ ထိုင်းက ဗမာနဲ့အတူတူပဲ ထိုင်းဖက်က ဘယ်လိုပြောသလဲဆိုတော့ အီသူးထရွာဆိုတာ ပြည်သူတွေပဲနေတဲ့ နေရာ ဖြစ်တဲ့ အတွက် စစ်တပ်က လေယာဉ်နဲ့ ပြည်သူတွေကို လာမပစ်ဘူးဆိုပြီးတော့ သူတို့က ထွက်ပြေးလာတဲ့သူတွေကို ပြန်ခိုင်းတယ်” ဟု ပြောသည်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် များသောအားဖြင့် ကလေးသူ ငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစား အသောက်များအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်းများက ဆို သည်။

ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များမှာ၊ မယ်နူထာရွာ၊ သီးကော်ထာရွာ၊ အီးသူထာရွာ၊ အူးဝေး ကလိုးရွာ စသည့် ကျေးရွာများမှာ သံလွင်မြစ်ကမ်းနှင့် နီးသည့် ကျေးရွာများ ဖြစ်သည့်အတွက် ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ် ဖက်အဖွဲ့အစည်းများ က ပြောသည်။

ထို့အပြင် တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ စသည့် သံလွင်မြစ်နှင့် မနီးသည့် ကျေးရွာများမှ ပြည်သူများ သည်လည်း တိုက်ပွဲများကြောင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

မတ်လ ၂၇ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်းစစ်ကောင်စီ၏ အရေး ပါသည့် တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား စစ်ရေးတင်မာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိ ဖြစ်သည်။

*** ZAWGYI ***
စစ္ေဘးေရွာင္မ်ား ျပန္ေမာင္းထုတ္မႈကို ကရင္ CBO မ်ား ျပစ္တင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃၀ ရက္။

စစ္ေဘးေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ စစ္ေဘးဒုကၡသည္မ်ားကို လက္မခံပဲ ျပန္ေမာင္းထုတ္ ေနျခင္းသည္ ႏိုင္ငံတကာ ဥပေဒကို ထိုင္းအစိုးရမွ ခ်ိဳးေဖာက္ရာေရာက္သည္ဟု ကရင္အရပ္ဖက္ အဖြဲ႕အစည္း အခ်ိဳ႕က ေျပာဆိုလိုက္သည္။

ယခုရက္ပိုင္းတြင္ KNU တပ္မဟာ ၅ နယ္ေျမ မူေၾတာ္ (ဖာပြန္) ခ႐ိုင္တြင္ လက္ရွိျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား ေၾကာင့္ ထိုင္းဖက္ျခမ္းသို႔ ထြက္ေျပးတိမ္းေရွာင္လာသည့္ စစ္ေဘးေရွာင္မ်ားကို ထိုင္းအစိုးရဖက္မွ လက္မခံပဲ ျပန္လည္ေမာင္းထုတ္ေနသည့္အေပၚ ကရင္အရပ္ဖက္အဖြဲ႕အစည္းအခ်ိဳ႕က ေျပာဆိုလိုက္ျခင္းျဖစ္သည္။

ကရင္အမ်ိဳးသမီးအစည္းအ႐ုံး KWO အေထြေထြ အတြင္းေရးမႉး ေနာ္ကေညာေဖာက “အမွားလုပ္ေနတဲ့သူေတြ ကို သူတို႔ပံ့ပိုးကူညီေနတဲ့အတြက္ War Crime လို႔ေျပာလို႔ရတယ္။ တိုက္ပြဲေၾကာင့္ ထြက္ေျပးတိမ္း ေရွာင္လာသူ ေတြကို လက္မခံျခင္းက ႏိုင္ငံတကာ ဥပေဒေတြကို ခ်ိဳးေဖာက္ရာေရာက္တယ္။ အဲဒါေၾကာင့္ ထိုင္းကလည္း ဗမာေတြနဲ႔အတူတူပဲ သူတို႔ဗမာေတြကို ကူညီေနတဲ့အတြက္ သူတို႔က အမွားေတြကို လုပ္ေနတဲ့သူေတြ ျဖစ္တယ္။ အဲဒါ International Crime ပဲေလ အမွားလုပ္တဲ့အတြက္ ထြက္ေျပးလာတဲ့သူေတြကို အတင္းျပန္ခိုင္းတယ္။ အသက္ေဘးကေန ထြက္ေျပးလာတဲ့သူေတြကို အတင္းျပန္ခိုင္းတာဟာ ႏိုင္ငံတကာ ဥပေဒစည္း မ်ဥ္းစည္းကမ္း ေတြကို ခ်ိဳးေဖာက္ၿပီးေတာ့ အမွားလုပ္ေနတာျဖစ္တယ္” ဟု ေျပာသည္။

မတ္လ ၂၉ ရက္ေန႔ (ယမန္ေန႔) က သံလြင္ျမစ္ကိုျဖတ္ၿပီး ထိုင္းဖက္ျခမ္းကို ထြက္ေျပးေရာက္ရွိလာသည့္ စစ္ ေဘး ဒုကၡသည္မ်ားကို ထိုင္းအစိုးရဖက္မွ ျပန္လည္ပို႔ေဆာင္ခံရသည့္ ျဖစ္စဥ္ရွိ ခဲ့သကဲ့သို႔ မတ္လ ၃၀ ရက္ေန႔ (ယေန႔) တြင္လည္း စစ္ေဘးေရွာင္မ်ားကို လက္မခံပဲ ျမန္မာဖက္ကမ္းသို႔ ထပ္မံပို႔ေဆာင္ခဲ့သည္။

ယမန္ေန႔ ႏွင့္ ယေန႔တြင္ ျမန္မာဖက္ျခမ္းမွ ထြက္ေျပးတိမ္းေရွာင္လာသည့္ စစ္ေဘးေရွာင္ ဦးေရ စုစုေပါင္း ၂၄၀၀ ေက်ာ္ ကို ထိုင္းအစိုးရဖက္က လက္မခံပဲ ေနရပ္ ျပန္ခိုင္းခဲ့သည္ ဟု ဆိုသည္။

လက္ရွိတြင္ စစ္ေဘးေရွာင္မ်ားကို ထိုင္းဖက္က ျပန္လည္ပို႔ေဆာင္ခဲ့ေသာ္လည္း စစ္ေဘးေရွာင္မ်ားအေနျဖင့္ ၎တို႔ ေနထိုင္ရာ ေနရပ္တြင္ အာဏာသိမ္းစစ္ေကာင္စီ၏ လက္နက္ကိုင္တပ္မ်ားက ေလယာဥ္မ်ားျဖင့္ လာ ေရာက္ ပစ္ခတ္ေနသည့္အေပၚ စိုးရိမ္သည့္အတြက္ ေတာေတာင္မ်ားထဲတြင္ ေနထိုင္ေနရသည္ဟု ဆိုသည္။

ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ ေျပာေရးဆိုခြင့္ရွိသူ ေစာေလးကေပါက “သူတို႔ျပန္တာကေတာ့ အီးသူးထ IDP Camp ကိုပဲ ဟိုဖက္ကမ္း ဒီဖက္ကမ္းပဲဆိုေတာ့ သူတို႔သြားေနတဲ့ ေနရာပဲ ျပန္ရတာေပါ့။ ဒါေပ မယ့္ ဘယ္လိုမွ ေနလို႔မရေတာ့ ေမာင္းထုတ္ခံရေတာ့ သူတို႔ ျပန္ရတာေပါ့။ ဒါေပမယ့္ သူတို႔ အေနနဲ႔ ကေတာ့ တ ကယ့္ ငရဲေရာက္ေနသလို ျဖစ္သြားတာေပါ့။ ေနလို႔မရတဲ့ေနရာမွာ ျပန္ေနရတယ္။ ကိုယ့္အသက္ကို ဖက္နဲ႔ထုပ္ ထားရတဲ့ အေနအထားမ်ိဳးေပါ့ေနာ္” ဟု ေျပာသည္။

ေနာ္ကေညာေဖာကလည္း “ဒီေန႔ ျပန္ေမာင္းထုတ္တာေတာ့ အျပတ္အသတ္ပဲ အီသူးထကို ျပန္သြားတဲ့သူ ေတြက ႐ြာထဲမွာ မေနရဲေတာ့ အဲဒီအနီးအနားမွာရွိတဲ့ ေတာေတြေတာင္ေတြထဲမွာ ေနေနၾကတယ္။ ႐ြာသားေတြက သူတို႔ ကို ေလယာဥ္နဲ႔ လာပစ္မွာ ေၾကာက္လို႔ အတင္းေမာင္းထုတ္ေတာ့ ျပန္ရတာပဲေလ။ က်မတို႔အျမင္ေတာ့ ထိုင္းက ဗမာနဲ႔အတူတူပဲ ထိုင္းဖက္က ဘယ္လိုေျပာသလဲဆိုေတာ့ အီသူးထ႐ြာဆိုတာ ျပည္သူေတြပဲေနတဲ့ ေနရာ ျဖစ္တဲ့ အတြက္ စစ္တပ္က ေလယာဥ္နဲ႔ ျပည္သူေတြကို လာမပစ္ဘူးဆိုၿပီးေတာ့ သူတို႔က ထြက္ေျပးလာတဲ့သူေတြကို ျပန္ခိုင္းတယ္” ဟု ေျပာသည္။

စစ္ေဘးေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသည့္ စစ္ေဘးဒုကၡသည္မ်ားသည္ မ်ားေသာအားျဖင့္ ကေလးသူ ငယ္၊ ကိုယ္ဝန္ေဆာင္မိခင္၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ နာမက်န္းသူမ်ားလည္း ပါရွိေနၿပီး ၎တို႔အတြက္ ေရႏွင့္ အစား အေသာက္မ်ားအျပင္ အဖက္ဖက္မွ အကူအညီမ်ား လိုအပ္ေနသည္ဟု ကရင္အရပ္ဖက္ အဖြဲ႕အစည္းမ်ားက ဆို သည္။

ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ စစ္ေဘးေရွာင္မ်ားမွာ၊ မယ္ႏူထာ႐ြာ၊ သီးေကာ္ထာ႐ြာ၊ အီးသူထာ႐ြာ၊ အူးေဝး ကလိုး႐ြာ စသည့္ ေက်း႐ြာမ်ားမွာ သံလြင္ျမစ္ကမ္းႏွင့္ နီးသည့္ ေက်း႐ြာမ်ား ျဖစ္သည့္အတြက္ ထိုင္းဖက္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကေသာ္လည္း ထိုင္းအစိုးရက လက္မခံပဲ ျပန္လည္ ေမာင္းထုတ္ခဲ့သည္ဟု ကရင္အရပ္ ဖက္အဖြဲ႕အစည္းမ်ား က ေျပာသည္။

ထို႔အျပင္ တေကာတိုေဘာ႐ြာ၊ ေဒပိုႏို႐ြာ၊ သဒါးဒဲ႐ြာ စသည့္ သံလြင္ျမစ္ႏွင့္ မနီးသည့္ ေက်း႐ြာမ်ားမွ ျပည္သူမ်ား သည္လည္း တိုက္ပြဲမ်ားေၾကာင့္ ေတာထဲေတာင္ထဲတြင္ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု သိရသည္။

မတ္လ ၂၇ ရက္ေန႔က ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၅ က အာဏာသိမ္းစစ္ေကာင္စီ၏ အေရး ပါသည့္ တပ္စခန္းတစ္ခုကို ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ စစ္ေကာင္စီတပ္မ်ားႏွင့္ KNU တပ္မဟာ ၅ တို႔အၾကား စစ္ေရးတင္မာမႈမ်ား ပိုမိုရွိလာၿပီး တိုက္ပြဲမ်ား ျဖစ္ပြားေနသည္မွာ ယေန႔အခ်ိန္အထိ ျဖစ္သည္။