လေကြောင်း တိုက်ခိုက်မှု လူနာများ ထိုင်းဘက်ခြမ်းတွင် ဆေးကုသမှု ခံယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်။
ကရင်အမျိုးသားအစည်းအရုံး KNU ကို အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က လေယာဉ်များအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ရွာသား ၇ ဦး အရေးပေါ်ဆေးကုသနိုင်းရေး ထိုင်းနိုင်ငံဘက်အခြမ်းသို့ ရောက်ရှိလာ သည်။
တပ်မဟာ (၅) နယ်မြေဖြစ်သည့် မူတြော်(ဖာပွန်) အတွင်းရှိ ဒေပူနိုကျေးရွာမှ ဒေသခံ ရွာသား ၇ ဦးကို ယနေ့ မွန်း လွဲပိုင်းက ထိုင်း-မြန်မာနယ်စပ် သောလယ်ထာ့(မဲ့စလန်း) ကျေးရွာသို့ ပို့ပြီး ဆေးကုမှု ခံယူရန် ရောက်ရှိလာ သည်ဟု The Reporter ထိုင်းသတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောထား သည်။
ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဆေးကုသရန် ရောက်ရှိလာသည့် ကရင်အမျိုးသားတစ်ဦးက “ရင်ဘတ်တွေနာတယ်။ ပေါင်လည်းနာတယ်။ ဗုံးပေါက်တာ ညမှာပဲ။ ညမှာ ဗုံးတွေ ဆက် တိုက်လာ ကြဲသွားတယ်။ ဘယ်လို ထိသွားမှန်း တောင် မသိဘူးနော်။ တစ်ကိုယ်လုံး လှုပ်လို့လည်း မရတော့ဘူး။ သတိလည်း မရတော့ဘူး။ ခြေထောက်မှာ လည်း ထိတယ်။ နားကလည်း အခုထိ အူနေတယ် ဘာမှ သိပ်မကြားရဘူး။ ကျနော်တို့ နှစ်ယောက်လုံး မိုင်းအတူ တူထိတာပါ။ ဗုံးကြဲတဲ့အချိန် ကျနော်ရောက်နေတဲ့နေရာ နည်းနည်းနိမ့်တယ်။ ဗုံးကျတာ အရှိန်အရမ်းပြင်း တယ်။ ဗုံးကျပြီးနောက် ဘာမှ မသိတော့ဘူး။ လေယာဉ်နဲ့ ဗုံးကြဲတာပါ” ဟု ကရင် ဘာသာဖြင့် ထိုင်းသတင်း ထောက်အား ပြောပြထားသည်။
စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဒေသခံရွာသား အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦးတို့အား ထိုင်းဘက်ခြမ်းသို့ ဆေးကုသခွင့်ပေးရန် ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ယနေ့ နေ့ လည် ၁ နာရီခန့်တွင် ဆေးကုသခွင့်ရခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရရှိသူများမှာ ICRC ရောက်ရှိလာပြီးနောက် ထိုင်းဖက်ခြမ်းက ဆေးရုံတွင် ဆေးကုသမှုခံယူ ခွင့်ရ ခဲ့ပြီး ဆေးကုသခံခွင့်ရသည့် လူနာ ၇ ဦးတွင် ၃ ဦးမှာ အရေးအပေါ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟု ကရင် အမျိုးသမီးအစည်းအရုံးက အထွေထွေအတွင်းရေးမှူး နော်ကညောဖော က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ စစ်တပ်က မတ်လ ၂၇ ရက်နေ့က စတင်ပြီး ယနေ့အချိန်ထိ KNU တပ်မဟာ ၅၊ တပ် မဟာ ၃ ဧရိယာအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု KNU ၏ ထုတ်ပြန် ချက်အရသိရသည်။
မတ်လ ၃၀ ရက်နေ့ (ယနေ့) တွင်လည်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာ အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ ၏ လက်နက်ကိုင်တပ်များက လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသည့်အတွက် ဒေသခံ ၉ ဦးထိမှန်ကာ ၇ ဦးမှာ ပွဲချင်းပြီးသေဆုံးသွားသည်ဟု ဒေသခံများက သတင်းနှင့်မီဒီယာကွန်ရက်ကို ပြော သည်။
တပ်မဟာ ၅ နှင့် တပ်မဟာ ၃ ဧရိယာအတွင်း စစ်တပ်၏ လေကြောင်းထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မတ်လ ၂၇၊ ၂၈၊ ၂၉ (၃ ရက်) အတွင်း ဒေသခံရွာသား ၁၀ ဦး သေ၊ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Photo Crd – KIC
*** ZAWGYI ***
ေလေၾကာင္း တိုက္ခိုက္မႈ လူနာမ်ား ထိုင္းဘက္ျခမ္းတြင္ ေဆးကုသမႈ ခံယူ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃၁ ရက္။
ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ကို အာဏာသိမ္းစစ္ေကာင္စီ စစ္တပ္က ေလယာဥ္မ်ားအသုံးျပဳၿပီး ဗုံးႀကဲ တိုက္ခိုက္မႈေၾကာင့္ ေဒသခံ ႐ြာသား ၇ ဦး အေရးေပၚေဆးကုသႏိုင္းေရး ထိုင္းႏိုင္ငံဘက္အျခမ္းသို႔ ေရာက္ရွိလာ သည္။
တပ္မဟာ (၅) နယ္ေျမျဖစ္သည့္ မူေၾတာ္(ဖာပြန္) အတြင္းရွိ ေဒပူႏိုေက်း႐ြာမွ ေဒသခံ ႐ြာသား ၇ ဦးကို ယေန႔ မြန္း လြဲပိုင္းက ထိုင္း-ျမန္မာနယ္စပ္ ေသာလယ္ထာ့(မဲ့စလန္း) ေက်း႐ြာသို႔ ပို႔ၿပီး ေဆးကုမႈ ခံယူရန္ ေရာက္ရွိလာ သည္ဟု The Reporter ထိုင္းသတင္းဌာန၏ လူမႈကြန္ရက္စာမ်က္ႏွာ တိုက္႐ိုက္ထုတ္လႊင့္မႈတြင္ ေျပာထား သည္။
ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ေဆးကုသရန္ ေရာက္ရွိလာသည့္ ကရင္အမ်ိဳးသားတစ္ဦးက “ရင္ဘတ္ေတြနာတယ္။ ေပါင္လည္းနာတယ္။ ဗုံးေပါက္တာ ညမွာပဲ။ ညမွာ ဗုံးေတြ ဆက္ တိုက္လာ ႀကဲသြားတယ္။ ဘယ္လို ထိသြားမွန္း ေတာင္ မသိဘူးေနာ္။ တစ္ကိုယ္လုံး လႈပ္လို႔လည္း မရေတာ့ဘူး။ သတိလည္း မရေတာ့ဘူး။ ေျခေထာက္မွာ လည္း ထိတယ္။ နားကလည္း အခုထိ အူေနတယ္ ဘာမွ သိပ္မၾကားရဘူး။ က်ေနာ္တို႔ ႏွစ္ေယာက္လုံး မိုင္းအတူ တူထိတာပါ။ ဗုံးႀကဲတဲ့အခ်ိန္ က်ေနာ္ေရာက္ေနတဲ့ေနရာ နည္းနည္းနိမ့္တယ္။ ဗုံးက်တာ အရွိန္အရမ္းျပင္း တယ္။ ဗုံးက်ၿပီးေနာက္ ဘာမွ မသိေတာ့ဘူး။ ေလယာဥ္နဲ႔ ဗုံးႀကဲတာပါ” ဟု ကရင္ ဘာသာျဖင့္ ထိုင္းသတင္း ေထာက္အား ေျပာျပထားသည္။
စစ္တပ္၏ ဗုံးႀကဲတိုက္ခိုက္မႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူ ေဒသခံ႐ြာသား အမ်ိဳးသမီး ၄ ဦးႏွင့္ အမ်ိဳးသား ၃ ဦးတို႔အား ထိုင္းဘက္ျခမ္းသို႔ ေဆးကုသခြင့္ေပးရန္ ထိုင္းအာဏာပိုင္မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ရာ ယေန႔ ေန႔ လည္ ၁ နာရီခန႔္တြင္ ေဆးကုသခြင့္ရခဲ့ျခင္း ျဖစ္သည္။
ဒဏ္ရာရရွိသူမ်ားမွာ ICRC ေရာက္ရွိလာၿပီးေနာက္ ထိုင္းဖက္ျခမ္းက ေဆး႐ုံတြင္ ေဆးကုသမႈခံယူ ခြင့္ရ ခဲ့ၿပီး ေဆးကုသခံခြင့္ရသည့္ လူနာ ၇ ဦးတြင္ ၃ ဦးမွာ အေရးအေပၚ စိုးရိမ္ရသည့္ အေျခအေနတြင္ရွိေနသည္ဟု ကရင္ အမ်ိဳးသမီးအစည္းအ႐ုံးက အေထြေထြအတြင္းေရးမႉး ေနာ္ကေညာေဖာ က ေျပာသည္။
အာဏာသိမ္းစစ္ေကာင္စီ စစ္တပ္က မတ္လ ၂၇ ရက္ေန႔က စတင္ၿပီး ယေန႔အခ်ိန္ထိ KNU တပ္မဟာ ၅၊ တပ္ မဟာ ၃ ဧရိယာအတြင္း ေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္မႈမ်ား ဆက္တိုက္ျပဳလုပ္ေနသည္ဟု KNU ၏ ထုတ္ျပန္ ခ်က္အရသိရသည္။
မတ္လ ၃၀ ရက္ေန႔ (ယေန႔) တြင္လည္း ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၃ ထိန္းခ်ဳပ္သည့္ ဧရိယာ အတြင္းသို႔ အာဏာသိမ္းစစ္ေကာင္စီ ၏ လက္နက္ကိုင္တပ္မ်ားက ေလယာဥ္ျဖင့္ လာေရာက္ဗုံးႀကဲသည့္အတြက္ ေဒသခံ ၉ ဦးထိမွန္ကာ ၇ ဦးမွာ ပြဲခ်င္းၿပီးေသဆုံးသြားသည္ဟု ေဒသခံမ်ားက သတင္းႏွင့္မီဒီယာကြန္ရက္ကို ေျပာ သည္။
တပ္မဟာ ၅ ႏွင့္ တပ္မဟာ ၃ ဧရိယာအတြင္း စစ္တပ္၏ ေလေၾကာင္းထိုးစစ္ဆင္ ဗုံးႀကဲတိုက္ခိုက္မႈမ်ားေၾကာင့္ မတ္လ ၂၇၊ ၂၈၊ ၂၉ (၃ ရက္) အတြင္း ေဒသခံ႐ြာသား ၁၀ ဦး ေသ၊ ၁၁ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။
Photo Crd – KIC