“ရင်ဆိုင်ရန်မှတပါး အခြားမရှိ” ဟု KNU တပ်မဟာ ၅ ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်။
တရားမဝင် အာဏာသိမ်းယူထားသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များကို ရင်ဆိုင် တိုက်ခိုက်သွား မည် ဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာမည့် စစ်ဘေးရှောင်များကို နိုင်ငံတကာ အသိုင်းအဝန်း မှ အကူအညီပေးရန် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က မေတ္တာရပ်ခံ တောင်းဆို လိုက်သည်။
ကရင်ပြည်သူများ၏ နယ်မြေများနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကာကွယ်ရန်အတွက် အာဏာသိမ်းစစ် ကောင်စီ တပ်များ၏ ရန်ကို ရင်ဆိုင်ရန်မှ တပါးအခြားမရှိဟု KNU တပ်မဟာ ၅ မူတြော်(ဖာပွန်( ခရိုင်၏ မတ်လ ၃၀ ရက်နေ့ (ယမန်နေ့) ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။
KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်အရ “ဤအခြေအနေကြောင့် ကျွန်ုပ်တို့ ပြည်သူလူထုတို့၏ အသက်အိုး အိမ်လုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်ရပါ သည်။ ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထု နှင့် ၎င်းတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည် အာဏာကို တရားမဝင်သိမ်းယူထားသော မြန်မာတပ်မတော်၏ ရန်ကို ရင်ဆိုင်ခြင်းမှတပါး ကျွန်ုပ်တို့၌ အခြားရွေးချယ်စရာ လမ်းမရှိတော့ပါ” ဟု ဆိုသည်။
ထို့အပြင် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ကြရမည့် စစ်ဘေးရှောင်များကို ထိုင်းအစိုးရနှင့် နိုင်ငံတကာမှ အကာအကွယ် ပေးရန်နှင့် လူသားချင်းစာနာသည့် အထောက်အပံ့ပေးရန် KNU တပ်မဟာ ၅ က မေတ္တာ ရပ်ခံတောင်းဆိုထားသည်။
၎င်းတို့က “တော်ဝင်ထိုင်းအစိုးရ အပါအဝင် နိုင်ငံတကာအဖွဲ့ အသိုင်းအဝန်းများ အနေဖြင့် မြန်မာတပ်မတော်၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ကိုယ်လွတ်ရုန်းထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထုများကို အကာ ကွယ်ပေးရန်နှင့် လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့ပေးရန် အနူးအညွှတ် တောင်းဆိုပါသည်” ဟု KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က ပြောသည်။
တိုင်းပြည်အာဏာကို မတရားသိမ်းယူထားသော မြန်မာတပ်မတော်အား အသိအမှတ်မပြုရန်နှင့် ၎င်းတို့နှင့် လုပ် ဆောင်နေသည့် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးဆက်ဆံမှု အားလုံးကို ရပ်တန့်ရန် နိုင်ငံတကာ အသိုင်း အဝန်းအား KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က တောင်းဆိုထားသည်။
ထို့ပြင် KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ချက်ထဲတွင် လူသားမျိုးနွယ်အားလုံးကို ဆန့်ကျင်သော ပြစ်မှုကို မြောက် စေသည့် ပြည်သူလူထုအပေါ် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာ အသိုင်း အဝိုင်းက ဖက်စစ်မြန်မာတပ်မတော်ကို ဖိအားပေးပါရန် တောင်းဆိုပါသည်ဟု ထည့်သွင်းထားသည်။
လက်ရှိတွင် KNU တပ်မဟာ ၅ နယ်မြေအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ တပ်များနှင့် KNU တပ်မဟာ ၅ တပ်ရင်းတပ်ဖွဲ့တို့အကြား မတ်လ ၂၇ ရက်နေ့ နောက်ပိုင်းမှ စတင်ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေသည်။ KNU တပ်မဟာ ၅ နယ်မြေတွင်သာမက တပ်မဟာ ၅ နှင့် နယ်မြေချင်းထိစပ်နေသည့် KNU တပ်မဟာ ၃ နယ်မြေများတွင်ပါ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက လက်နက်ကြီး ပစ်ခတ်မှု များအပြင် လေယာဉ်များနှင့်ပါ လာရောက် ပစ်ခတ်တိုက်ခိုက်လာသည့်အတွက် ဒေသခံ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် အများအားဖြင့် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစား အသောက်များအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်းများက ဆို သည်။
ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များအနက် မယ်နူထရွာ၊ သီးကော်ထရွာ၊ အီးသူထရွာ၊ အူးဝေး ကလိုးရွာ စသည့် ကျေးရွာများမှာ သံလွင်မြစ်ကမ်းနှင့် နီးသည့် ကျေးရွာများ ဖြစ်သည့်အတွက် ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည် မောင်းထုတ်ခဲ့သည်ဟု ကရင်အရပ် ဖက်အဖွဲ့အစည်းများ က ပြောသည်။
ထို့အပြင် တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ စသည့် သံလွင်မြစ်နှင့် မနီးသည့် ကျေးရွာများမှ ပြည်သူ များ သည်လည်း တိုက်ပွဲများကြောင့် တောထဲတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
အဆိုပါ စစ်ဘေးဒုက္ခသည်များကို ထိုင်းအစိုးရနှင့် နိုင်ငံတကာအသိုင်း အဝန်းမှ အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးရန် KNU တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်က ထိုင်း အစိုးရနှင့် နိုင်ငံတကာ အဝိုင်းအဝန်းအား တောင်းဆိုထားသည်။
*** ZAWGYI ***
“ရင္ဆိုင္ရန္မွတပါး အျခားမရွိ” ဟု KNU တပ္မဟာ ၅ ေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ မတ္လ ၃၁ ရက္။
တရားမဝင္ အာဏာသိမ္းယူထားသည့္ စစ္ေကာင္စီ၏ လက္နက္ကိုင္တပ္မ်ားကို ရင္ဆိုင္ တိုက္ခိုက္သြား မည္ ျဖစ္ၿပီး တိုက္ခိုက္မႈမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာမည့္ စစ္ေဘးေရွာင္မ်ားကို ႏိုင္ငံတကာ အသိုင္းအဝန္း မွ အကူအညီေပးရန္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၅ က ေမတၱာရပ္ခံ ေတာင္းဆို လိုက္သည္။
ကရင္ျပည္သူမ်ား၏ နယ္ေျမမ်ားႏွင့္ ကိုယ္ပိုင္ဆုံးျဖတ္ပိုင္ခြင့္ကို ကာကြယ္ရန္အတြက္ အာဏာသိမ္းစစ္ ေကာင္စီ တပ္မ်ား၏ ရန္ကို ရင္ဆိုင္ရန္မွ တပါးအျခားမရွိဟု KNU တပ္မဟာ ၅ မူေၾတာ္(ဖာပြန္( ခ႐ိုင္၏ မတ္လ ၃၀ ရက္ေန႔ (ယမန္ေန႔) ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းထားသည္။
KNU တပ္မဟာ ၅ ၏ ထုတ္ျပန္ခ်က္အရ “ဤအေျခအေနေၾကာင့္ ကြၽႏ္ုပ္တို႔ ျပည္သူလူထုတို႔၏ အသက္အိုး အိမ္လုံၿခဳံေရးအတြက္ အလြန္စိုးရိမ္ပူပန္ရပါ သည္။ ကြၽႏ္ုပ္တို႔၏ နယ္ေျမ၊ ကရင္လူထု ႏွင့္ ၎တို႔၏ ကိုယ္ပိုင္ ဆုံးျဖတ္ခြင့္ကို ကာကြယ္ရန္အတြက္ တိုင္းျပည္ အာဏာကို တရားမဝင္သိမ္းယူထားေသာ ျမန္မာတပ္မေတာ္၏ ရန္ကို ရင္ဆိုင္ျခင္းမွတပါး ကြၽႏ္ုပ္တို႔၌ အျခားေ႐ြးခ်ယ္စရာ လမ္းမရွိေတာ့ပါ” ဟု ဆိုသည္။
ထို႔အျပင္ တိုက္ခိုက္မႈမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ၾကရမည့္ စစ္ေဘးေရွာင္မ်ားကို ထိုင္းအစိုးရႏွင့္ ႏိုင္ငံတကာမွ အကာအကြယ္ ေပးရန္ႏွင့္ လူသားခ်င္းစာနာသည့္ အေထာက္အပံ့ေပးရန္ KNU တပ္မဟာ ၅ က ေမတၱာ ရပ္ခံေတာင္းဆိုထားသည္။
၎တို႔က “ေတာ္ဝင္ထိုင္းအစိုးရ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕ အသိုင္းအဝန္းမ်ား အေနျဖင့္ ျမန္မာတပ္မေတာ္၏ အျပင္းအထန္တိုက္ခိုက္မႈေၾကာင့္ ကိုယ္လြတ္႐ုန္းထြက္ေျပးတိမ္းေရွာင္ေနရသည့္ ျပည္သူလူထုမ်ားကို အကာ ကြယ္ေပးရန္ႏွင့္ လူသားခ်င္း စာနာေထာက္ထားမႈ အေထာက္အပံ့ေပးရန္ အႏူးအၫႊတ္ ေတာင္းဆိုပါသည္” ဟု KNU တပ္မဟာ ၅ မူေၾတာ္(ဖာပြန္) ခ႐ိုင္က ေျပာသည္။
တိုင္းျပည္အာဏာကို မတရားသိမ္းယူထားေသာ ျမန္မာတပ္မေတာ္အား အသိအမွတ္မျပဳရန္ႏွင့္ ၎တို႔ႏွင့္ လုပ္ ေဆာင္ေနသည့္ စစ္ေရးႏွင့္ စီးပြားေရးဆိုင္ရာ ရင္းႏွီးဆက္ဆံမႈ အားလုံးကို ရပ္တန႔္ရန္ ႏိုင္ငံတကာ အသိုင္း အဝန္းအား KNU တပ္မဟာ ၅ မူေၾတာ္(ဖာပြန္) ခ႐ိုင္က ေတာင္းဆိုထားသည္။
ထို႔ျပင္ KNU တပ္မဟာ ၅ ၏ ထုတ္ျပန္ခ်က္ထဲတြင္ လူသားမ်ိဳးႏြယ္အားလုံးကို ဆန႔္က်င္ေသာ ျပစ္မႈကို ေျမာက္ ေစသည့္ ျပည္သူလူထုအေပၚ လက္နက္ျဖင့္ ပစ္ခတ္တိုက္ခိုက္မႈမ်ားကို ခ်က္ခ်င္းရပ္တန႔္ရန္ ႏိုင္ငံတကာ အသိုင္း အဝိုင္းက ဖက္စစ္ျမန္မာတပ္မေတာ္ကို ဖိအားေပးပါရန္ ေတာင္းဆိုပါသည္ဟု ထည့္သြင္းထားသည္။
လက္ရွိတြင္ KNU တပ္မဟာ ၅ နယ္ေျမအတြင္းတြင္ အာဏာသိမ္း စစ္ေကာင္စီ၏ တပ္မ်ားႏွင့္ KNU တပ္မဟာ ၅ တပ္ရင္းတပ္ဖြဲ႕တို႔အၾကား မတ္လ ၂၇ ရက္ေန႔ ေနာက္ပိုင္းမွ စတင္ၿပီးေနာက္ တိုက္ပြဲမ်ား ဆက္တိုက္ဆိုသလို ျဖစ္ပြားလာေနသည္။ KNU တပ္မဟာ ၅ နယ္ေျမတြင္သာမက တပ္မဟာ ၅ ႏွင့္ နယ္ေျမခ်င္းထိစပ္ေနသည့္ KNU တပ္မဟာ ၃ နယ္ေျမမ်ားတြင္ပါ တိုက္ပြဲမ်ား ျဖစ္ပြားေနသည္ဟု သိရသည္။
အဆိုပါ တိုက္ပြဲမ်ားအတြင္း အာဏာသိမ္းစစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္မ်ားက လက္နက္ႀကီး ပစ္ခတ္မႈ မ်ားအျပင္ ေလယာဥ္မ်ားႏွင့္ပါ လာေရာက္ ပစ္ခတ္တိုက္ခိုက္လာသည့္အတြက္ ေဒသခံ ျပည္သူမ်ားမွာ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။
စစ္ေဘးေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသည့္ စစ္ေဘးဒုကၡသည္မ်ားသည္ အမ်ားအားျဖင့္ ကေလးသူငယ္၊ ကိုယ္ဝန္ေဆာင္မိခင္၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ နာမက်န္းသူမ်ားလည္း ပါရွိေနၿပီး ၎တို႔အတြက္ ေရႏွင့္ အစား အေသာက္မ်ားအျပင္ အဖက္ဖက္မွ အကူအညီမ်ား လိုအပ္ေနသည္ဟု ကရင္အရပ္ဖက္ အဖြဲ႕အစည္းမ်ားက ဆို သည္။
ထြက္ေျပးတိမ္းေရွာင္လာၾကသည့္ စစ္ေဘးေရွာင္မ်ားအနက္ မယ္ႏူထ႐ြာ၊ သီးေကာ္ထ႐ြာ၊ အီးသူထ႐ြာ၊ အူးေဝး ကလိုး႐ြာ စသည့္ ေက်း႐ြာမ်ားမွာ သံလြင္ျမစ္ကမ္းႏွင့္ နီးသည့္ ေက်း႐ြာမ်ား ျဖစ္သည့္အတြက္ ထိုင္းဖက္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကေသာ္လည္း ထိုင္းအစိုးရက လက္မခံပဲ ျပန္လည္ ေမာင္းထုတ္ခဲ့သည္ဟု ကရင္အရပ္ ဖက္အဖြဲ႕အစည္းမ်ား က ေျပာသည္။
ထို႔အျပင္ တေကာတိုေဘာ႐ြာ၊ ေဒပိုႏို႐ြာ၊ သဒါးဒဲ႐ြာ စသည့္ သံလြင္ျမစ္ႏွင့္ မနီးသည့္ ေက်း႐ြာမ်ားမွ ျပည္သူ မ်ား သည္လည္း တိုက္ပြဲမ်ားေၾကာင့္ ေတာထဲေတာင္ထဲတြင္ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု သိရသည္။
အဆိုပါ စစ္ေဘးဒုကၡသည္မ်ားကို ထိုင္းအစိုးရႏွင့္ ႏိုင္ငံတကာအသိုင္း အဝန္းမွ အကာအကြယ္ေပးရန္ႏွင့္ လူသားခ်င္းစာနာေထာက္ထားသည့္ အကူအညီမ်ားေပးရန္ KNU တပ္မဟာ ၅ မူေၾတာ္(ဖာပြန္) ခ႐ိုင္က ထိုင္း အစိုးရႏွင့္ ႏိုင္ငံတကာ အဝိုင္းအဝန္းအား ေတာင္းဆိုထားသည္။