၂၀၀၈ ဖွဲ့စည်းပုံ CRPH ဖျက်သိမ်းကြောင်း ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော် မတီ CRPH က ထုတ်ပြန် ပြောဆိုလိုက်သည်။
CRPH က “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အား ယနေ့ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင် အပြီးသတ် ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်” ဟု ပြောသည်။
မတ်လ ၃၁ ရက်နေ့ည က ထုတ်ပြန်ထားသည့် CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် သည် စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်စေရန် ရည်ရွယ်ရေးသားထား ရုံမျှမက ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု ပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုလျက်ရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်သည် ဟု ဆို သည်။
ထို့အပြင် အကြမ်းဖက် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံသပဒေ ၂၀၀၈ ခုနှစ် ပါ ပြဌာန်းချက်များကို ချိုးဖောက်လျက် နိုင်ငံတော် အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်းကြောင့် ဤဖွဲ့ စည်းပုံ ဥပဒေသည် ပျက်ပြယ်ခဲ့ပြီးဖြစ်သည်ဟု CRPH ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
တစ်ဖက်တွင်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းရန်နှင့် ပြည်သူ့အစိုးရ ပေါ်ပေါက်ရန် CRPH က ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကိုလည်း ရေးဆွဲထားပြီဟု ဆိုသည်။
CRPH ၏ ထုတ်ပြန်ချက်အရ “အာဏာရှင်စနစ် ပပျောက်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပြီး သတ်ဖျက်သိမ်းရေး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ပြည်သူ့အစိုးရပေါ်ထွန်းရေး ရည် ရွယ်ချက်များဖြင့် ဖက်ဒရယ် ဒီမိုကရေစီ အင်အားစုများ စုပေါင်းဆွေးနွေးဆုံးဖြတ်လျက် အတည်ပြု ပြဌာန်းခဲ့ သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်သည်လည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်” ဟု ဆိုသည်။
ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန်၊ တိုင်း ရင်းသားပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ရန်၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေးနှင့် ကိုယ် ပိုင် ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် ရည်ရွယ်သည်ဟု CRPH က ဆိုသည်။
ထို့အပြင် ပြည်ထောင်စု၏ လူမျိုးများအားလုံး၊ နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရား မျှ တခြင်းတို့ကို အခြေခံကာ အပြန်အလှန်အသိအမှတ်ပြုလေးစားမှု ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှု တို့ ဖြင့် ငြိမ်းချမ်းစွာ အေးအတူ ပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်လျက် ဤ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter ) ကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မ တီ CRPH က ပြောသည်။
အဆိုပါ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ဖက်ဒရယ်ပြည်ထောင်စု ကြေညာစာတမ်းကို မတ်လ ၃၁ ရက်နေ့ ညက CRPH က ထုတ်ပြန်ခဲ့ပြီး ထိုစာတမ်းထဲတွင် စာမျက်နှာ ၂၀ ပါရှိသည်ဟု သိရသည်။
ထိုအနေအထားများကြောင့် အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည့် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို အပြီး သတ် ဖျက်သိမ်းကြောင်း CRPH က ထုတ်ပြန်ကြေညာရခြင်းဖြစ်သည်ဟု ဆိုသော်လည်း နိုင်ငံတော် အာဏာကို လက်တွေ့တွင် တပ်မတော်က ဦးဆောင်သော နိုင်ငံတော် စီမံ အုပ်ချုပ်မှု ကောင်စီမှ ထိန်းချုပ်ထားလျက်ရှိသည်။
Photo – GSCN
*** ZAWGYI ***
၂၀၀၈ ဖြဲ႕စည္းပုံ CRPH ဖ်က္သိမ္းေၾကာင္း ေၾကညာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁ ရက္။
၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို အၿပီးသတ္ ဖ်က္သိမ္းေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္ မတီ CRPH က ထုတ္ျပန္ ေျပာဆိုလိုက္သည္။
CRPH က “ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီသည္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) အား ယေန႔ ၂၀၂၁ ခုႏွစ္ မတ္လ ၃၁ ရက္တြင္ အၿပီးသတ္ ဖ်က္သိမ္းေၾကာင္း ေၾကညာလိုက္သည္” ဟု ေျပာသည္။
မတ္လ ၃၁ ရက္ေန႔ည က ထုတ္ျပန္ထားသည့္ CRPH ၏ ထုတ္ျပန္ခ်က္ထဲတြင္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ၂၀၀၈ ခုႏွစ္ သည္ စစ္အာဏာရွင္ဝါဒ သက္ဆိုးရွည္ေစရန္ ရည္႐ြယ္ေရးသားထား ႐ုံမွ်မက ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ ေထာင္စု ေပၚေပါက္ေရးအတြက္ အဟန႔္အတားျပဳလ်က္ရွိေသာ ဖြဲ႕စည္းပုံ အေျခခံဥပေဒတစ္ခုျဖစ္သည္ ဟု ဆို သည္။
ထို႔အျပင္ အၾကမ္းဖက္ စစ္ေကာင္စီသည္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ ဖြဲ႕စည္းပုံ အေျခခံသပေဒ ၂၀၀၈ ခုႏွစ္ ပါ ျပဌာန္းခ်က္မ်ားကို ခ်ိဳးေဖာက္လ်က္ ႏိုင္ငံေတာ္ အာဏာကို အဓမၼသိမ္းယူခဲ့ျခင္းေၾကာင့္ ဤဖြဲ႕ စည္းပုံ ဥပေဒသည္ ပ်က္ျပယ္ခဲ့ၿပီးျဖစ္သည္ဟု CRPH ၏ ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။
တစ္ဖက္တြင္လည္း ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဖ်က္သိမ္းရန္ႏွင့္ ျပည္သူ႔အစိုးရ ေပၚေပါက္ရန္ CRPH က ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ကိုလည္း ေရးဆြဲထားၿပီဟု ဆိုသည္။
CRPH ၏ ထုတ္ျပန္ခ်က္အရ “အာဏာရွင္စနစ္ ပေပ်ာက္ေရး ဖြဲ႕စည္းပုံ အေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) အၿပီး သတ္ဖ်က္သိမ္းေရး ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရး ျပည္သူ႔အစိုးရေပၚထြန္းေရး ရည္ ႐ြယ္ခ်က္မ်ားျဖင့္ ဖက္ဒရယ္ ဒီမိုကေရစီ အင္အားစုမ်ား စုေပါင္းေဆြးေႏြးဆုံးျဖတ္လ်က္ အတည္ျပဳ ျပဌာန္းခဲ့ ေသာ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္သည္လည္း ျမန္မာႏိုင္ငံတြင္ ေပၚေပါက္ခဲ့ၿပီး ျဖစ္သည္” ဟု ဆိုသည္။
ျပည္ေထာင္စုအတြင္း ျဖစ္ပြားခဲ့သည့္ ပဋိပကၡမ်ား၊ အရင္းခံျပႆနာမ်ားကို အၿပီးသတ္ခ်ဳပ္ၿငိမ္းေစရန္၊ တိုင္း ရင္းသားျပည္သူ တစ္ရပ္လုံး ပူးေပါင္းပါဝင္လက္တြဲႏိုင္ရန္၊ ဒီမိုကေရစီစနစ္ကို က်င့္သုံးၿပီး တန္းတူေရးႏွင့္ ကိုယ္ ပိုင္ ျပ႒ာန္းခြင့္တို႔ကို အာမခံေသာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုကို တည္ေထာင္ရန္ ရည္႐ြယ္သည္ဟု CRPH က ဆိုသည္။
ထို႔အျပင္ ျပည္ေထာင္စု၏ လူမ်ိဳးမ်ားအားလုံး၊ ႏိုင္ငံသားမ်ားအားလုံး လြတ္လပ္ျခင္း၊ တန္းတူညီမွ်ျခင္း၊ တရား မွ် တျခင္းတို႔ကို အေျခခံကာ အျပန္အလွန္အသိအမွတ္ျပဳေလးစားမႈ ခ်စ္ၾကည္႐ိုင္းပင္းမႈ၊ ေသြးစည္းညီၫြတ္မႈ တို႔ ျဖင့္ ၿငိမ္းခ်မ္းစြာ ေအးအတူ ပူအမွ် အတူတကြယွဥ္တြဲေနထိုင္ႏိုင္ရန္ ခိုင္မာေသာ သႏၷိ႒ာန္ခ်မွတ္လ်က္ ဤ ဖက္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္ (Federal Democracy Charter ) ကို ထုတ္ျပန္ေၾကညာျခင္းျဖစ္သည္ဟု ျပည္ ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မ တီ CRPH က ေျပာသည္။
အဆိုပါ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ ဖက္ဒရယ္ျပည္ေထာင္စု ေၾကညာစာတမ္းကို မတ္လ ၃၁ ရက္ေန႔ ညက CRPH က ထုတ္ျပန္ခဲ့ၿပီး ထိုစာတမ္းထဲတြင္ စာမ်က္ႏွာ ၂၀ ပါရွိသည္ဟု သိရသည္။
ထိုအေနအထားမ်ားေၾကာင့္ အာဏာရွင္စနစ္ကို သက္ဆိုးရွည္ေစသည့္ ၂၀၀၈ ခုႏွစ္ အေျခခံ ဥပေဒကို အၿပီး သတ္ ဖ်က္သိမ္းေၾကာင္း CRPH က ထုတ္ျပန္ေၾကညာရျခင္းျဖစ္သည္ဟု ဆိုေသာ္လည္း ႏိုင္ငံေတာ္ အာဏာကို လက္ေတြ႕တြင္ တပ္မေတာ္က ဦးေဆာင္ေသာ ႏိုင္ငံေတာ္ စီမံ အုပ္ခ်ဳပ္မႈ ေကာင္စီမွ ထိန္းခ်ဳပ္ထားလ်က္ရွိသည္။
Photo – GSCN