ယုဇန ကုမ္ပဏီ ခြံဝင်းကို KIA တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်။
ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ယုဇနခြံဝင်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
KIA နှင့် အာဏာ သိမ်း စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ဘန်ကောက်ကျေးရွာရှိ ယုဇန ကုမ္ပဏီခြံဝင်း အတွင်းထဲရှိ အဆောက်အဦ တစ်ချို့လည်း မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ဧပြီလ ၁ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်က ဘန်ကောက်ကျေးရွာထဲရှိ ယုဇနကုမ္ပဏီခြံဝင်း ကို KIA က ဝင် ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦး များ ကပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦး က “ဒီနေ့ မနက်လို့ ပြောရမှာပေါ့နော် မနက် ၂ နာရီလောက်က ဖြစ်သွား တာပါ။ ဒီမနက်ပိုင်း ၂ နာရီလောက်မှာ ယုဇနကုမ္ပဏီရဲ့ စက်ယန္တယားထားတဲ့ စက်တဲနှစ်တဲ မီးလောင်သွား တယ်လို့ ကြားရတယ်။ စက်တဲတွေက အကြီးကြီးတွေပဲ။ ရွာသားတွေ ပြောတာတော့ အဲ့မှာ စစ်တပ်က လည်း ရောက်နေတယ်တဲ့။ အဲ့ဒါကို ဝင်တိုက်တယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။
“ကုမ္ပဏီရဲ့ စက်ယန္တယားထားတဲ့နေရာဆိုတော့ အဲဒီတဲထဲက စက်တွေ၊ ကားတွေ၊ ဘိုဒိုဇာတွေ နောက်ပြီး လမ်းကြိတ်တဲ့စက်တွေလည်းပါသွားတယ်လို့ ပြောတယ်။ မနက် ၂ နာရီလောက်ကနေ မီးလောင်သွားတာ ဒီနေ့ မနက်မိုးလင်းတဲ့အထိ မီးလောင်နေတာ ဒီကုမ္ပဏီဝင်းထဲမှာက။ ပြည်သူတွေ ထိခိုက်တာတော့ မရှိ ဘူး။”
ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီခြံဝင်းကို KIA တပ်ရင်း ၁၄ က မီးရှို့ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံ များက ပြောသည်။
ယခုမီးရှို့ခံခဲ့ရသည့် ယုဇနကုမ္ပဏီသည် ၂၀၀၆ ခုနှစ် မှ စတင်၍ ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်း အတွက်ဟု ဆိုကာ ဒေသခံပြည်သူများ၏ မြေယာဧက ၃ သိန်းထက်မနည်း သိမ်းယူခဲ့သည့်အတွက် မကြာခနဆိုသလို ဒေသခံပြည်သူများနှင့် ပဋိပက္ခဖြစ်ပွားနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
ထို့အပြင် ယနေ့နံနက်ပိုင်း က ဖားကန့်မြို့နယ်အတွင်းရှိ ဒွမ်ဘုံခကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဒွမ်ဘုံခကျေးရွာအနီးတွင် KIA တပ်မဟာ ၁ လက်အောက်ခံတပ်ရင်း ၁၁ နှင့် အာဏာသိမ်းစစ်ကောင်စီတို့ အကြားက တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦး က ယခုကဲ့သို့ ပြောသည်။
“တိုက်ပွဲက ဒီနေ့ မနက် ၉ နာရီနဲ့ ၁၀ နာရီကြားမှာ ဒွမ်ဘုံအလွန်ပေါ့၊ နမ္မတီးနဲ့ ဒွမ်ဘုံလမ်းကြားပေါ့ ဖားကန့်မြို့နယ်၊ ဒွမ်ဘုံးကျေးရွာအလွန်မှာ တိုက်ပွဲတစ်နာရီကြာလောက်ဖြစ်တယ်လို့ ကြားရတယ်။ တနိုင်း ဒကစ တပ်ရင်း ၃၁၈ နဲ့ ဖြစ်တယ်လို့တော့ ယူဆလို့ရတယ်။ KIA တပ်ကတော့ ဘယ်တပ်က ဆိုတာ မသိနိုင် သေးဘူး။ ထိခိုက်ကျဆုံးကျတော့ ကျနော်တို့က ဒေသခံဆိုတော့ ဘာမှ မသိရဘူး ဘာမှ မကြားရ ဘူး။”
နှစ်ဖက်ကြား တစ်နာရီနီးပါးခန့် တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်က ကျေး ရွာအနီးတဝှိုက်လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်နေကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်တပ်တို့အကြား မတ်လ ၁၁ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။
*** ZAWGYI ***
ယုဇန ကုမၸဏီ ၿခံဝင္းကို KIA တိုက္ခိုက္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁ ရက္။
ကခ်င္ျပည္နယ္ တႏိုင္းၿမိဳ႕နယ္ရွိ ယုဇနၿခံဝင္းကို ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA တို႔ ဝင္ေရာက္ကာ မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
KIA ႏွင့္ အာဏာ သိမ္း စစ္ေကာင္စီ တပ္တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားလွ်က္ရွိၿပီး ဘန္ေကာက္ေက်း႐ြာရွိ ယုဇန ကုမၸဏီၿခံဝင္း အတြင္းထဲရွိ အေဆာက္အဦ တစ္ခ်ိဳ႕လည္း မီးရႈိ႕ဖ်က္ဆီးခံလိုက္ရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ဧၿပီလ ၁ ရက္ေန႔ နံနက္ ၂ နာရီအခ်ိန္ခန႔္က ဘန္ေကာက္ေက်း႐ြာထဲရွိ ယုဇနကုမၸဏီၿခံဝင္း ကို KIA က ဝင္ ေရာက္တိုက္ခိုက္ဖ်က္ဆီးခဲ့သည္ဟု ေဒသခံတစ္ဦး မ်ား ကေျပာသည္။
အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က “ဒီေန႔ မနက္လို႔ ေျပာရမွာေပါ့ေနာ္ မနက္ ၂ နာရီေလာက္က ျဖစ္သြား တာပါ။ ဒီမနက္ပိုင္း ၂ နာရီေလာက္မွာ ယုဇနကုမၸဏီရဲ႕ စက္ယႏၲယားထားတဲ့ စက္တဲႏွစ္တဲ မီးေလာင္သြား တယ္လို႔ ၾကားရတယ္။ စက္တဲေတြက အႀကီးႀကီးေတြပဲ။ ႐ြာသားေတြ ေျပာတာေတာ့ အဲ့မွာ စစ္တပ္က လည္း ေရာက္ေနတယ္တဲ့။ အဲ့ဒါကို ဝင္တိုက္တယ္လို႔ ေျပာလို႔ရတယ္” ဟု ေျပာသည္။
“ကုမၸဏီရဲ႕ စက္ယႏၲယားထားတဲ့ေနရာဆိုေတာ့ အဲဒီတဲထဲက စက္ေတြ၊ ကားေတြ၊ ဘိုဒိုဇာေတြ ေနာက္ၿပီး လမ္းႀကိတ္တဲ့စက္ေတြလည္းပါသြားတယ္လို႔ ေျပာတယ္။ မနက္ ၂ နာရီေလာက္ကေန မီးေလာင္သြားတာ ဒီေန႔ မနက္မိုးလင္းတဲ့အထိ မီးေလာင္ေနတာ ဒီကုမၸဏီဝင္းထဲမွာက။ ျပည္သူေတြ ထိခိုက္တာေတာ့ မရွိ ဘူး။”
ဘန္ေကာက္ေက်း႐ြာရွိ ယုဇနကုမၸဏီၿခံဝင္းကို KIA တပ္ရင္း ၁၄ က မီးရႈိ႕ခဲ့ျခင္း ျဖစ္ႏိုင္သည္ဟု ေဒသခံ မ်ားက ေျပာသည္။
ယခုမီးရႈိ႕ခံခဲ့ရသည့္ ယုဇနကုမၸဏီသည္ ၂၀၀၆ ခုႏွစ္ မွ စတင္၍ ပီေလာပီနံစိုက္ပ်ိဳးေရးလုပ္ငန္း အတြက္ဟု ဆိုကာ ေဒသခံျပည္သူမ်ား၏ ေျမယာဧက ၃ သိန္းထက္မနည္း သိမ္းယူခဲ့သည့္အတြက္ မၾကာခနဆိုသလို ေဒသခံျပည္သူမ်ားႏွင့္ ပဋိပကၡျဖစ္ပြားေနသည့္ ကုမၸဏီတစ္ခုျဖစ္သည္။
ထို႔အျပင္ ယေန႔နံနက္ပိုင္း က ဖားကန႔္ၿမိဳ႕နယ္အတြင္းရွိ ဒြမ္ဘုံခေက်း႐ြာအနီးတြင္ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု သိရသည္။
ဒြမ္ဘုံခေက်း႐ြာအနီးတြင္ KIA တပ္မဟာ ၁ လက္ေအာက္ခံတပ္ရင္း ၁၁ ႏွင့္ အာဏာသိမ္းစစ္ေကာင္စီတို႔ အၾကားက တိုက္ပြဲအေျခအေနႏွင့္ပတ္သက္၍ ေဒသခံတစ္ဦး က ယခုကဲ့သို႔ ေျပာသည္။
“တိုက္ပြဲက ဒီေန႔ မနက္ ၉ နာရီနဲ႔ ၁၀ နာရီၾကားမွာ ဒြမ္ဘုံအလြန္ေပါ့၊ နမၼတီးနဲ႔ ဒြမ္ဘုံလမ္းၾကားေပါ့ ဖားကန႔္ၿမိဳ႕နယ္၊ ဒြမ္ဘုံးေက်း႐ြာအလြန္မွာ တိုက္ပြဲတစ္နာရီၾကာေလာက္ျဖစ္တယ္လို႔ ၾကားရတယ္။ တႏိုင္း ဒကစ တပ္ရင္း ၃၁၈ နဲ႔ ျဖစ္တယ္လို႔ေတာ့ ယူဆလို႔ရတယ္။ KIA တပ္ကေတာ့ ဘယ္တပ္က ဆိုတာ မသိႏိုင္ ေသးဘူး။ ထိခိုက္က်ဆုံးက်ေတာ့ က်ေနာ္တို႔က ေဒသခံဆိုေတာ့ ဘာမွ မသိရဘူး ဘာမွ မၾကားရ ဘူး။”
ႏွစ္ဖက္ၾကား တစ္နာရီနီးပါးခန႔္ တိုက္ပြဲျဖစ္ပြားၿပီးေနာက္တြင္လည္း အာဏာသိမ္းစစ္ေကာင္စီတပ္က ေက်း ႐ြာအနီးတဝႈိက္လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေနၾကသည့္အတြက္ ေဒသခံျပည္သူမ်ား စိုးရိမ္ေနၾကသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ စစ္တပ္တို႔အၾကား မတ္လ ၁၁ ရက္ေန႔က စတင္ၿပီး ကခ်င္ျပည္နယ္အတြင္း တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနျခင္း ျဖစ္သည္။