NCA အသက်မဝင်တော့ကြောင်း CRPH ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA စာချုပ်သည် အသက်မဝင်တော့သည့် စာချုပ် တစ်ခု အဖြစ်သို့ ရောက်ရှိသွားပြီဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ပြောဆို လိုက်သည်။

ဧပြီလ ၂ ရက်နေ့ (ယနေ့) တွင် CRPH က ကရင်အမျိုးသား အစည်းအရုံး KNU မူတြော်(ဖာပွန်) ခရိုင်၊ တပ်မဟာ ၅ ၏ မတ်လ ၃၀ ရက်၊ ၂၀၂၁ ခုနှစ် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အပေါ် နားလည်စာနာကြောင်း သဘောထား ထုတ်ပြန်ချက်ထဲတွင် NCA စာချုပ်နှင့်ပတ်သက်သည့် ၎င်းတို့၏ သဘောထား ကို ထည့်သွင်း ထား သည်။

CRPH က “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အဓမ္မ စစ်အာဏာ သိမ်းမှု ကြောင့် ပါဝင်ပတ်သက်ရမည့် အစုအဖွဲ့များမရှိတော့သည့်အတွက် အသက်မဝင်တော့သည့် စာချုပ်တစ်ခုဖြစ် လျက်ရှိပြီး NCA ကို ကျူးလွန်ဖောက်ဖျက်ခဲ့သူသည် စစ်အုပ်စုကိုယ်တိုင် ဖြစ်သည်မှာလည်း ထင်ရှားသည်” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် NCA စာချုပ်ဖြင့် တိုင်းရင်းသား အပေါ် စစ်ရေး၊ နိုင်ငံရေး အရ လွှမ်းမိုးမှုကို လုပ် ဆောင်ခဲ့သည်ကိုတွေ့ရကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

CRPH ၏ ထုတ်ပြန်ချက်ထဲတွင် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြင့် တစ် ဖက်တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အပစ်အခတ် ရပ်စဲထားသည် ဆိုသော်လည်း တခြားတဖက်တွင် စစ်ကောင်စီသည် နိုင်ငံရေးနှင့် စစ်ရေးတွင် အသာစီးယူ လွှမ်းမိုးထား လိုသော ၎င်းတို့၏မူလ ရည်ရွယ်ချက်အ တိုင်း နိုင်ငံရေးအရ အာဏာသိမ်းမှုနှင့် စစ်ရေးပြင်ဆင်မှုများကို တပြိုင်တည်း ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရသည်” ဟု ပါရှိသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား စစ်ရေး တင်း မာမှုများနှင့် တိုက်ပွဲများကြောင့် မတ်လ (၂၇) ရက်မှ စတင်၍ စစ်သား နှင့် အရပ်သား မခွဲခြားဘဲ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေမှုများကြောင့် အပြစ်မဲ့အရပ်သားများ ထိခိုက်သေကြေခဲ့ရုံသာမက စစ်ဘေး ဒုက္ခသည် တစ် သောင်းကျော်သည် တော၊ တောင်များအတွင်း လှည့်လည် တိမ်းရှောင်နေမှုများကို ကြားသိရသည့် အတွက် လည်း အထူးဝမ်းနည်းမိကြောင်းနှင့် ညအချိန်တွင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးများ အပါအ ဝင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ရန်၊ အန္တရာယ်ပြုရန်၊ အကြမ်းဖက်ရန် အားထုတ်သော တရားမဝင် အာ ဏာသိမ်းစစ်ကောင်စီ၏ လုပ်ရပ် အား ပြင်းထန်စွာ ရှုံ့ချသည်ဟု CRPH က ဆိုသည်။

ထိုအနေအထားများကြောင့် မြန်မာပြည်သူများ၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာ မိသားစုများ အနေ ဖြင့် စစ်ကြောင့်ထိခိုက် ခံစားခဲ့ရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ပါရန် CRPH က မေတ္တာရပ်ခံထားသည်။

ထို့အပြင် KNU တပ်မဟာ ၅ ၏ မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည့် ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထု နှင့် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည် အာဏာကို တရား မဝင်သိမ်း ယူထား သော မြန်မာတပ်မတော်၏ ရန်ကို ရင်ဆိုင်ခြင်းမှတစ်ပါး ကျွန်ုပ်တို့၌ အခြား ရွေးချယ်စရာလမ်း မရှိတော့ပါ ဟူ သော ဖော်ပြချက်အပေါ်တွင်လည်း ကောင်းစွာနားလည်သဘောပေါက်ပါ သည် ဟု CRPH ၏ ထုတ်ပြန်ချက်ထဲ တွင် တွေ့ရသည်။

ထို့ကြောင့် လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှု ကျူးလွန်လျက်ရှိသည့် စစ်အုပ်စုအား ဆန့်ကျင်ရေးနှင့် ဖက်ဒ ရယ်ဒီမိုက ရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်ရွယ်လျက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ သည် ညီနောင် တိုင်းရင်းသား အင်အားစုများ အားလုံးနှင့် လက်တွဲ ကြိုးပမ်းသွား မည်ဟု CRPH က ပြောသည်။

*** ZAWGYI ***
NCA အသက္မဝင္ေတာ့ေၾကာင္း CRPH ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂ ရက္။

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA စာခ်ဳပ္သည္ အသက္မဝင္ေတာ့သည့္ စာခ်ဳပ္ တစ္ခု အျဖစ္သို႔ ေရာက္ရွိသြားၿပီဟု ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ CRPH က ေျပာဆို လိုက္သည္။

ဧၿပီလ ၂ ရက္ေန႔ (ယေန႔) တြင္ CRPH က ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU မူေၾတာ္(ဖာပြန္) ခ႐ိုင္၊ တပ္မဟာ ၅ ၏ မတ္လ ၃၀ ရက္၊ ၂၀၂၁ ခုႏွစ္ ရက္စြဲျဖင့္ ထုတ္ျပန္ထားသည့္ ထုတ္ျပန္ခ်က္အေပၚ နားလည္စာနာေၾကာင္း သေဘာထား ထုတ္ျပန္ခ်က္ထဲတြင္ NCA စာခ်ဳပ္ႏွင့္ပတ္သက္သည့္ ၎တို႔၏ သေဘာထား ကို ထည့္သြင္း ထား သည္။

CRPH က “တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) သည္ အဓမၼ စစ္အာဏာ သိမ္းမႈ ေၾကာင့္ ပါဝင္ပတ္သက္ရမည့္ အစုအဖြဲ႕မ်ားမရွိေတာ့သည့္အတြက္ အသက္မဝင္ေတာ့သည့္ စာခ်ဳပ္တစ္ခုျဖစ္ လ်က္ရွိၿပီး NCA ကို က်ဴးလြန္ေဖာက္ဖ်က္ခဲ့သူသည္ စစ္အုပ္စုကိုယ္တိုင္ ျဖစ္သည္မွာလည္း ထင္ရွားသည္” ဟု ေျပာသည္။

ထို႔အျပင္ စစ္ေကာင္စီသည္ NCA စာခ်ဳပ္ျဖင့္ တိုင္းရင္းသား အေပၚ စစ္ေရး၊ ႏိုင္ငံေရး အရ လႊမ္းမိုးမႈကို လုပ္ ေဆာင္ခဲ့သည္ကိုေတြ႕ရေၾကာင္း ၎တို႔၏ ထုတ္ျပန္ခ်က္ထဲတြင္ ေျပာဆိုထားသည္။

CRPH ၏ ထုတ္ျပန္ခ်က္ထဲတြင္ “တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ျဖင့္ တစ္ ဖက္တြင္ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ အပစ္အခတ္ ရပ္စဲထားသည္ ဆိုေသာ္လည္း တျခားတဖက္တြင္ စစ္ေကာင္စီသည္ ႏိုင္ငံေရးႏွင့္ စစ္ေရးတြင္ အသာစီးယူ လႊမ္းမိုးထား လိုေသာ ၎တို႔၏မူလ ရည္႐ြယ္ခ်က္အ တိုင္း ႏိုင္ငံေရးအရ အာဏာသိမ္းမႈႏွင့္ စစ္ေရးျပင္ဆင္မႈမ်ားကို တၿပိဳင္တည္း ေဆာင္႐ြက္ လ်က္ရွိေၾကာင္း ေတြ႕ရသည္” ဟု ပါရွိသည္။

လက္ရွိတြင္ အာဏာသိမ္းစစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္မ်ားႏွင့္ KNU တပ္မဟာ ၅ တို႔အၾကား စစ္ေရး တင္း မာမႈမ်ားႏွင့္ တိုက္ပြဲမ်ားေၾကာင့္ မတ္လ (၂၇) ရက္မွ စတင္၍ စစ္သား ႏွင့္ အရပ္သား မခြဲျခားဘဲ ေန႔စဥ္ရက္ဆက္ ဗုံးႀကဲတိုက္ခိုက္ေနမႈမ်ားေၾကာင့္ အျပစ္မဲ့အရပ္သားမ်ား ထိခိုက္ေသေၾကခဲ့႐ုံသာမက စစ္ေဘး ဒုကၡသည္ တစ္ ေသာင္းေက်ာ္သည္ ေတာ၊ ေတာင္မ်ားအတြင္း လွည့္လည္ တိမ္းေရွာင္ေနမႈမ်ားကို ၾကားသိရသည့္ အတြက္ လည္း အထူးဝမ္းနည္းမိေၾကာင္းႏွင့္ ညအခ်ိန္တြင္ အမ်ိဳးသမီးမ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ ကေလးမ်ား အပါအ ဝင္ အျပစ္မဲ့ျပည္သူမ်ားအား သတ္ျဖတ္ရန္၊ အႏၲရာယ္ျပဳရန္၊ အၾကမ္းဖက္ရန္ အားထုတ္ေသာ တရားမဝင္ အာ ဏာသိမ္းစစ္ေကာင္စီ၏ လုပ္ရပ္ အား ျပင္းထန္စြာ ရႈံ႕ခ်သည္ဟု CRPH က ဆိုသည္။

ထိုအေနအထားမ်ားေၾကာင့္ ျမန္မာျပည္သူမ်ား၊ အိမ္နီးခ်င္းႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာ မိသားစုမ်ား အေန ျဖင့္ စစ္ေၾကာင့္ထိခိုက္ ခံစားခဲ့ရသူမ်ားအတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈ အကူအညီမ်ား ေပးအပ္ပါရန္ CRPH က ေမတၱာရပ္ခံထားသည္။

ထို႔အျပင္ KNU တပ္မဟာ ၅ ၏ မတ္လ ၃၀ ရက္ေန႔က ထုတ္ျပန္ထားသည့္ ကြၽႏ္ုပ္တို႔၏ နယ္ေျမ၊ ကရင္လူထု ႏွင့္ ၎တို႔၏ ကိုယ္ပိုင္ဆုံးျဖတ္ခြင့္ကို ကာကြယ္ရန္အတြက္ တိုင္းျပည္ အာဏာကို တရား မဝင္သိမ္း ယူထား ေသာ ျမန္မာတပ္မေတာ္၏ ရန္ကို ရင္ဆိုင္ျခင္းမွတစ္ပါး ကြၽႏ္ုပ္တို႔၌ အျခား ေ႐ြးခ်ယ္စရာလမ္း မရွိေတာ့ပါ ဟူ ေသာ ေဖာ္ျပခ်က္အေပၚတြင္လည္း ေကာင္းစြာနားလည္သေဘာေပါက္ပါ သည္ ဟု CRPH ၏ ထုတ္ျပန္ခ်က္ထဲ တြင္ ေတြ႕ရသည္။

ထို႔ေၾကာင့္ လူသားမ်ိဳးႏြယ္မ်ားအေပၚ ရာဇဝတ္မႈ က်ဴးလြန္လ်က္ရွိသည့္ စစ္အုပ္စုအား ဆန႔္က်င္ေရးႏွင့္ ဖက္ဒ ရယ္ဒီမိုက ေရစီျပည္ေထာင္စု တည္ေဆာက္ႏိုင္ေရး ရည္႐ြယ္လ်က္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ သည္ ညီေနာင္ တိုင္းရင္းသား အင္အားစုမ်ား အားလုံးႏွင့္ လက္တြဲ ႀကိဳးပမ္းသြား မည္ဟု CRPH က ေျပာသည္။