ဖမ်းဆီးခံ မွန်ဝန်ကြီးချုပ် အဆက်အသွယ်မရသေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်။

ဖမ်းဆီး တရားစွဲဆိုခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား ဖမ်းဆီးခံရချိန်မှ နှစ်လနီးပါး ကြာလာသည်အထိ အဆက်အသွယ်မရသေးကြောင်း NLD ပြည်နယ် အတွင်းရေးမှူး ဦးငွေမြင့်က ပြောသည်။

ဒေါက်တာအေးဇံကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တပ်ဖြိုခွဲမှု ပုဒ်မများဖြင့် တရားစွဲဆိုထားသော်လည်း အမှု စီရင်မှု မရှိသေးကြောင်း ပြည်နယ် NLD တာဝန်ရှိသူတို့ထံမှ သိရသည်။

“အခြေအနေကတော့ ဘာမှမထူးသေးဘူး။ ရုံးထုတ်တာ ဘာညာ ဘာမှမရှိသေးဘူး။ တရားစွဲထားတာပဲရှိတယ်။ ဘာမှတော့ လှုပ်ရှားမှုမရှိဘူး၊ ထူးခြားမှု မရှိသေးဘူး။ အခုချိန်ထိတော့ ဘာမှတော့ ထွက်မလာသေးဘူးပေါ့ လေနော်။ တရားစွဲထားတယ်ဆိုတာလောက်ပဲ အဲ့အဆင့်မှာပဲ ရပ်နေသေးတယ်” ဟု ဦးငွေမြင့်က ပြောသည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်၏ ဖမ်းဆီး ခေါ်ဆောင်ခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့ကာ နေအိမ်အကျယ်ချုပ်ဖြင့် ဝန်ကြီးအိမ်ရာတွင် နေထိုင် ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို စစ်တပ်က ပြန်လည် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ဝန်ကြီးချုပ်ကို CDM တွင် ပါဝင်သည့်ဝန်ထမ်းများနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် video ဖြင့် ပြောကြားခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခဲ့သည်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံ တရားစွဲခံထားရသည့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) သည် ပြစ်ဒဏ်စီရင်ခံရပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ် ကျခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန် ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့ တည်းမဟုတ် ထိုသို့ပြုစေသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပေးထားသည်။

ဝန်ကြီးချုပ်အပြင် NLD လွှတ်တော်ကိုယ်စားလှယ်အချို့တို့ကိုလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ တွင် ပါဝင်ခဲ့သည်၊ ပတ်သက်မှုရှိသည်ဟု ဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) တို့ဖြင့် တရားစွဲ ခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုခံထားရသည့် ကိုယ်စားလှယ်များထဲတွင် ဝန်ကြီးချုပ်နှင့် သထုံမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ဒေါ်မာမာခိုင်တို့ နှစ်ဦးသာ ဖမ်းဆီးခံထားရပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များ ဖမ်းဆီးခံထားရခြင်း မရှိပဲ ထွက်ပြေးတိမ်းရှောင်နေရသည်။

NLD လွှတ်တော်ကိုယ်စားလှယ်များ တရားစွဲဆိုခံရပြီး ဖမ်းဆီးမှုရှိလာခြင်းကြောင့် လက်ရှိတွင် NLD ပါတီဝင်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။

*** ZAWGYI ***
ဖမ္းဆီးခံ မြန္ဝန္ႀကီးခ်ဳပ္ အဆက္အသြယ္မရေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂ ရက္။

ဖမ္းဆီး တရားစြဲဆိုခံထားရသည့္ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံအား ဖမ္းဆီးခံရခ်ိန္မွ ႏွစ္လနီးပါး ၾကာလာသည္အထိ အဆက္အသြယ္မရေသးေၾကာင္း NLD ျပည္နယ္ အတြင္းေရးမႉး ဦးေငြျမင့္က ေျပာသည္။

ေဒါက္တာေအးဇံကို ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ၊ တပ္ၿဖိဳခြဲမႈ ပုဒ္မမ်ားျဖင့္ တရားစြဲဆိုထားေသာ္လည္း အမႈ စီရင္မႈ မရွိေသးေၾကာင္း ျပည္နယ္ NLD တာဝန္ရွိသူတို႔ထံမွ သိရသည္။

“အေျခအေနကေတာ့ ဘာမွမထူးေသးဘူး။ ႐ုံးထုတ္တာ ဘာညာ ဘာမွမရွိေသးဘူး။ တရားစြဲထားတာပဲရွိတယ္။ ဘာမွေတာ့ လႈပ္ရွားမႈမရွိဘူး၊ ထူးျခားမႈ မရွိေသးဘူး။ အခုခ်ိန္ထိေတာ့ ဘာမွေတာ့ ထြက္မလာေသးဘူးေပါ့ ေလေနာ္။ တရားစြဲထားတယ္ဆိုတာေလာက္ပဲ အဲ့အဆင့္မွာပဲ ရပ္ေနေသးတယ္” ဟု ဦးေငြျမင့္က ေျပာသည္။

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံသည္ စစ္တပ္အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က စစ္တပ္၏ ဖမ္းဆီး ေခၚေဆာင္ျခင္းခံခဲ့ရၿပီး ျပန္လည္လြတ္ေျမာက္လာခဲ့ကာ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ဝန္ႀကီးအိမ္ရာတြင္ ေနထိုင္ ခဲ့သည္။

ထို႔ေနာက္ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔တြင္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ ကို စစ္တပ္က ျပန္လည္ ဖမ္းဆီးေခၚ ေဆာင္သြားခဲ့ျခင္း ျဖစ္သည္။

ေနာက္ပိုင္းတြင္ ဝန္ႀကီးခ်ဳပ္ကို CDM တြင္ ပါဝင္သည့္ဝန္ထမ္းမ်ားႏွင့္ ပတ္သက္၍ လူမႈကြန္ရက္စာမ်က္ႏွာမွ တဆင့္ video ျဖင့္ ေျပာၾကားခဲ့ျခင္းေၾကာင့္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခဲ့သည္။

ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ တရားစြဲခံထားရသည့္ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ (က) သည္ ျပစ္ဒဏ္စီရင္ခံရပါက အျမင့္ဆုံးေထာင္ဒဏ္ ၂ ႏွစ္ က်ခံရႏိုင္သည့္ ပုဒ္မ ျဖစ္သည္။

ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅ (က) ျပ႒ာန္းခ်က္အရ ျပည္ေထာင္စုအစိုးရ၏ ၾကည္း၊ ေရ၊ ေလ တပ္ တစ္ခုခုမွ အရာရွိအား သို႔တည္းမဟုတ္ တပ္သားအား စစ္ပုန္ကန္ျခင္းကိုေသာ္လည္းေကာင္း၊ သက္ဆိုင္ရာ မိမိ၏ တာဝန္ ဝတၱရားကို မေလးစားျခင္းေသာ္လည္းေကာင္း၊ ပ်က္ကြက္ျခင္းေသာ္ လည္းေကာင္း၊ ျပဳေစရန္ အႀကံရွိလွ်င္ သို႔ တည္းမဟုတ္ ထိုသို႔ျပဳေစသည့္ အေၾကာင္းရွိလွ်င္ ထိုသူကို ႏွစ္ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း ေဖာ္ျပေပးထားသည္။

ဝန္ႀကီးခ်ဳပ္အျပင္ NLD လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕တို႔ကိုလည္း စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲမ်ား တြင္ ပါဝင္ခဲ့သည္၊ ပတ္သက္မႈရွိသည္ဟု ဆိုကာ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(က)၊ ၅၀၅(ခ) တို႔ျဖင့္ တရားစြဲ ခဲ့ျခင္း ျဖစ္သည္။

တရားစြဲဆိုခံထားရသည့္ ကိုယ္စားလွယ္မ်ားထဲတြင္ ဝန္ႀကီးခ်ဳပ္ႏွင့္ သထုံၿမိဳ႕နယ္က ျပည္နယ္လႊတ္ေတာ္ ကိုယ္ စားလွယ္ ေဒၚမာမာခိုင္တို႔ ႏွစ္ဦးသာ ဖမ္းဆီးခံထားရၿပီး က်န္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ဖမ္းဆီးခံထားရျခင္း မရွိပဲ ထြက္ေျပးတိမ္းေရွာင္ေနရသည္။

NLD လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တရားစြဲဆိုခံရၿပီး ဖမ္းဆီးမႈရွိလာျခင္းေၾကာင့္ လက္ရွိတြင္ NLD ပါတီဝင္ႏွင့္ NLD လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုကလည္း ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။