ကရင်စစ်ရှောင်များ အရေးပေါ် အကူအညီလိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်။

သောင်းဂဏန်းကျော်ရှိသော ကရင်စစ်ရှောင်များအတွက် အစားအသောက်နှင့် အခြားအသုံးအဆောင်များ အရေးအပေါ် အကူအညီ လိုအပ်နေသည်ဟု အကူအညီ ပေး နေသူများ က ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် KNU တပ်မဟာ ၅ ဧရိယာအတွင်းရှိ ကျေးရွာများမှ ဒေသခံ သောင်းချီ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောသည်။

၎င်းက “တောထဲမှာတော့ နှစ်သောင်းကျော်တယ်။ အဲဖက်မှာလည်း အရမ်းခက်ခဲတယ်။ အခုဆိုရင် အစားအ သောက် မရှိတော့ဘူး။ အရမ်းခက်နေတာဟုတ်တယ်။ ဘယ်လိုကူညီရမလဲဆိုတာ အခုလမ်းကြောင်းရှာနေတုန်း ပဲ” ဟု ပြောသည်။

ကရင်ဒုက္ခသည်ကော်မတီ KRC တာဝန်ရှိသူတစ်ဦးဖြစ်သူ စောဘွေးဒိုကလည်း “အဲဒါကတော့ အများကြီးပဲ ပြော မပြတတ်အောင်ပဲ အရေအတွက်တောင် ဘယ်မှာမှ ရှာလို့မရတော့ဘူး။ လိုအပ်တာကတော့ အကုန်လုံးပဲ သူတို့ ထွက်ပြေးလာတာ ဘာမှမပါလာတာကိုး။ အဝတ်တစ်စုံ ကိုယ်တစ်ခုနဲ့ပဲ ပြေးလာကြတာ စားဖို့သောက်ဖို့က မပါ လာဘူးလေ။ နေထိုင်ဖို့နေရာလည်းမရှိ တဲတွေဘာတွေ ဆောက်ဖို့ လုပ်ဖို့က ဘာမှလုပ်လို့မရဘူးလေ” ဟု ပြော သည်။

တိုက်ပွဲများကြောင့် KNU တပ်မဟာ ၅ ဧရိယာအတွင်းရှိ တကောတိုဘောရွာ၊ ဒေပိုနိုရွာ၊ သဒါးဒဲရွာ၊ သေမူဒဲရွာ စ သည့် သံလွင်မြစ်နှင့် မနီးသည့် ကျေးရွာများမှ ပြည်သူ နှစ်သောင်းကျော်သည် တောထဲတောင်ထဲတွင် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။

ထို့အပြင် မယ်နူထရွာ၊ သီးကော်ထရွာ၊ အီးသူထရွာ၊ အူးဝေးကလိုးရွာ စသည့် သံလွင်မြစ်ကမ်းနှင့် နီးသည့် ကျေး ရွာများမှာ ထိုင်းဖက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ ပြန်လည် မောင်းထုတ် ခဲ့သည်ဟု ကရင်အရပ် ဖက်အဖွဲ့အစည်းများက ပြောသည်။ ထို့ကြောင့် လက်ရှိအချိန်အထိ သံလွင်မြစ်ကမ်းနား နှင့် တောထဲတောင်ထဲတွင် နေထိုင်နေရသည်ဟု ဆိုသည်။

သံလွင်မြစ်ကမ်းဘေးနားသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည် အခြေအနေနှင့် ပတ်သက်၍ စော ဘွေးဒိုက “သူတို့က အခု သံလွင့်မြစ်ကမ်းဘေးနားမှာ လာနေကြတာရှိတယ်။ ထိုင်းက သူတို့ကို ဝင်ခွင့် မပေး ဘူး။ ထိုင်းထဲမှာနေဖို့ကို ထိုင်းအစိုးရက ခွင့်မပြုသေးဘူး။ အခုက နှစ်ထောင်ကျော်ပြီ” ဟု ပြောသည်။

နော်ဝါးခူရှီးကလည်း “အခုက သူတို့က ရွာထဲကနေ ထွက်ပြေးလာကြတယ်။ သံလွင်မြစ်ကမ်းနားမှာ အခုက သံ လွင်မြစ်ကမ်းနားမှာ ရောက်လာတာက စစ်ဘေးရှောင် ၂၁၈၈ ယောက် ထိုင်းဖက်မှာတော့ စာရင်းမရှိဘူး။ ထိုင်း ဖက်က ဝင်လာတဲ့ စစ်ဘေးရှောင်တွေကို မောင်းထုတ်လိုက်တယ်။ အကုန်လုံးမောင်းထုတ်လိုက်တယ်။ မနေ့က သူတို့က စစ်ဘေးရှောင်တွေကို ခေါ်ပြီးတော့ ဓာတ်ပုံရိုက်တယ်။ သူတို့ စစ်ဘေးရှောင်ကို ကူညီတယ် လက်ခံ တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့ ပြီးတော့ မောင်းထုတ်လိုက်တာပဲ” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက ကရင်စစ်ရှောင်များအတွက် ထိုင်း-မြန်မာနယ်စပ်တွေ နေစရာ စခန်းများ ပြင်ဆင်ပေး ထားပြီး စစ်ရှောင်များကို လက်ခံသွားရန်ရှိသည်ဟု သတင်းမီဒီယာများတွင် ပြောဆိုထား သော်လည်း လက်တွေ့ ဖြစ်ပေါ်နေသည့် အနေအခြေများနှင့် ကွဲလွှဲနေသည်။

ကရင်စစ်ရှောင်များတွက် အရေးပေါ်လိုအပ်နေသည့် ဆန်နှင့် ကုန်ခြောက်ကဲ့သို့ စားစရာများကိုလည်း ထိုင်းစစ် တပ်က ခွင့်မပြုသည့် အတွက် စစ်ဘေးဒုက္ခသည်များအား သွားရောက်ကူညီ၍ မရသည့် အနေအထား တွင် ရှိ နေသည်ဟု ပြောသည်။

နော်ဝါးခူရှီးက “သူတို့အရေးပေါ်လိုအပ်တာက နားနေဖို့နေရာဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ကောင်စီ တပ်တွေက လေယာဉ်နဲ့ လာပစ်လို့လေ အဲဒါကြောင့် ထိုင်းအစိုးရကို မေတ္တာရပ်ခံချင်တာက စစ်ရှောင်တွေ ခေ တ္တခန ခိုလှုံဖို့အတွက် ထိုင်းအစိုးရ အနေနဲ့ စစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံထဲကို ဝင်ခွင့်ပေးစေချင်တယ်။ အဲလို ခေတ္တခန လာရောက်ခိုလှုံတဲ့အခါမှာ နိုင်ငံတကာ အနေနဲ့ ကုန်ကျမယ့် ကုန်ကျစရိတ်တွေကို ထိုင်းအစိုးရကို ကူ ညီပေးစေချင်တယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေါ့နော။ ပြီးတော့ UN ပဲဖြစ်ဖြစ် နိုင်ငံတကာ ပဲ ဖြစ်ဖြစ် ကူညီထောက်ပံမှုတွေ ပေးပို့လို့ရအောင် ထိုင်းအစိုးရနဲ့ စကားပြောပေးဖို့ပေါ့” ဟု ပြောသည်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များသည် များသောအားဖြင့် ကလေး သူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုများနှင့် နာမကျန်းသူများလည်း ပါရှိနေပြီး ၎င်းတို့အတွက် ရေနှင့် အစား အသောက်များအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ကရင်အရပ်ဖက် အဖွဲ့အစည်းများက ဆို သည်။

မတ်လ ၂၇ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ က အာဏာသိမ်းစစ်ကောင်စီ၏ အရေး ပါသည့် တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်များနှင့် KNU တပ်မဟာ ၅ တို့အကြား စစ်ရေးတင်မာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာသည့်အတွက် ဒေသခံများမှာ ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကမ်းနားတစ်လျှောက်နှင့် တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေ ကြရ သည် ဟု ကရင်အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

Photo – Crd

*** ZAWGYI ***
ကရင္စစ္ေရွာင္မ်ား အေရးေပၚ အကူအညီလိုအပ္ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂ ရက္။

ေသာင္းဂဏန္းေက်ာ္ရွိေသာ ကရင္စစ္ေရွာင္မ်ားအတြက္ အစားအေသာက္ႏွင့္ အျခားအသုံးအေဆာင္မ်ား အေရးအေပၚ အကူအညီ လိုအပ္ေနသည္ဟု အကူအညီ ေပး ေနသူမ်ား က ေျပာသည္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ႏွင့္ စစ္ေကာင္စီတပ္မ်ားအၾကား ျဖစ္ပြားလာခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္ KNU တပ္မဟာ ၅ ဧရိယာအတြင္းရွိ ေက်း႐ြာမ်ားမွ ေဒသခံ ေသာင္းခ်ီ စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္း ေရွာင္ေနၾကၿပီး အေရးေပၚ အကူအညီမ်ားလိုအပ္ေနသည္ဟု ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီးက ေျပာသည္။

၎က “ေတာထဲမွာေတာ့ ႏွစ္ေသာင္းေက်ာ္တယ္။ အဲဖက္မွာလည္း အရမ္းခက္ခဲတယ္။ အခုဆိုရင္ အစားအ ေသာက္ မရွိေတာ့ဘူး။ အရမ္းခက္ေနတာဟုတ္တယ္။ ဘယ္လိုကူညီရမလဲဆိုတာ အခုလမ္းေၾကာင္းရွာေနတုန္း ပဲ” ဟု ေျပာသည္။

ကရင္ဒုကၡသည္ေကာ္မတီ KRC တာဝန္ရွိသူတစ္ဦးျဖစ္သူ ေစာေဘြးဒိုကလည္း “အဲဒါကေတာ့ အမ်ားႀကီးပဲ ေျပာ မျပတတ္ေအာင္ပဲ အေရအတြက္ေတာင္ ဘယ္မွာမွ ရွာလို႔မရေတာ့ဘူး။ လိုအပ္တာကေတာ့ အကုန္လုံးပဲ သူတို႔ ထြက္ေျပးလာတာ ဘာမွမပါလာတာကိုး။ အဝတ္တစ္စုံ ကိုယ္တစ္ခုနဲ႔ပဲ ေျပးလာၾကတာ စားဖို႔ေသာက္ဖို႔က မပါ လာဘူးေလ။ ေနထိုင္ဖို႔ေနရာလည္းမရွိ တဲေတြဘာေတြ ေဆာက္ဖို႔ လုပ္ဖို႔က ဘာမွလုပ္လို႔မရဘူးေလ” ဟု ေျပာ သည္။

တိုက္ပြဲမ်ားေၾကာင့္ KNU တပ္မဟာ ၅ ဧရိယာအတြင္းရွိ တေကာတိုေဘာ႐ြာ၊ ေဒပိုႏို႐ြာ၊ သဒါးဒဲ႐ြာ၊ ေသမူဒဲ႐ြာ စ သည့္ သံလြင္ျမစ္ႏွင့္ မနီးသည့္ ေက်း႐ြာမ်ားမွ ျပည္သူ ႏွစ္ေသာင္းေက်ာ္သည္ ေတာထဲေတာင္ထဲတြင္ ထြက္ေျပး တိမ္းေရွာင္ေနရသည္ဟု သိရသည္။

ထို႔အျပင္ မယ္ႏူထ႐ြာ၊ သီးေကာ္ထ႐ြာ၊ အီးသူထ႐ြာ၊ အူးေဝးကလိုး႐ြာ စသည့္ သံလြင္ျမစ္ကမ္းႏွင့္ နီးသည့္ ေက်း ႐ြာမ်ားမွာ ထိုင္းဖက္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကေသာ္လည္း ထိုင္းအစိုးရက လက္မခံပဲ ျပန္လည္ ေမာင္းထုတ္ ခဲ့သည္ဟု ကရင္အရပ္ ဖက္အဖြဲ႕အစည္းမ်ားက ေျပာသည္။ ထို႔ေၾကာင့္ လက္ရွိအခ်ိန္အထိ သံလြင္ျမစ္ကမ္းနား ႏွင့္ ေတာထဲေတာင္ထဲတြင္ ေနထိုင္ေနရသည္ဟု ဆိုသည္။

သံလြင္ျမစ္ကမ္းေဘးနားသို႔ ထြက္ေျပးတိမ္းေရွာင္လာသည့္ စစ္ေဘးဒုကၡသည္ အေျခအေနႏွင့္ ပတ္သက္၍ ေစာ ေဘြးဒိုက “သူတို႔က အခု သံလြင့္ျမစ္ကမ္းေဘးနားမွာ လာေနၾကတာရွိတယ္။ ထိုင္းက သူတို႔ကို ဝင္ခြင့္ မေပး ဘူး။ ထိုင္းထဲမွာေနဖို႔ကို ထိုင္းအစိုးရက ခြင့္မျပဳေသးဘူး။ အခုက ႏွစ္ေထာင္ေက်ာ္ၿပီ” ဟု ေျပာသည္။

ေနာ္ဝါးခူရွီးကလည္း “အခုက သူတို႔က ႐ြာထဲကေန ထြက္ေျပးလာၾကတယ္။ သံလြင္ျမစ္ကမ္းနားမွာ အခုက သံ လြင္ျမစ္ကမ္းနားမွာ ေရာက္လာတာက စစ္ေဘးေရွာင္ ၂၁၈၈ ေယာက္ ထိုင္းဖက္မွာေတာ့ စာရင္းမရွိဘူး။ ထိုင္း ဖက္က ဝင္လာတဲ့ စစ္ေဘးေရွာင္ေတြကို ေမာင္းထုတ္လိုက္တယ္။ အကုန္လုံးေမာင္းထုတ္လိုက္တယ္။ မေန႔က သူတို႔က စစ္ေဘးေရွာင္ေတြကို ေခၚၿပီးေတာ့ ဓာတ္ပုံ႐ိုက္တယ္။ သူတို႔ စစ္ေဘးေရွာင္ကို ကူညီတယ္ လက္ခံ တယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ေပါ့ ၿပီးေတာ့ ေမာင္းထုတ္လိုက္တာပဲ” ဟု ေျပာသည္။

ထိုင္းအာဏာပိုင္မ်ားက ကရင္စစ္ေရွာင္မ်ားအတြက္ ထိုင္း-ျမန္မာနယ္စပ္ေတြ ေနစရာ စခန္းမ်ား ျပင္ဆင္ေပး ထားၿပီး စစ္ေရွာင္မ်ားကို လက္ခံသြားရန္ရွိသည္ဟု သတင္းမီဒီယာမ်ားတြင္ ေျပာဆိုထား ေသာ္လည္း လက္ေတြ႕ ျဖစ္ေပၚေနသည့္ အေနအေျခမ်ားႏွင့္ ကြဲလႊဲေနသည္။

ကရင္စစ္ေရွာင္မ်ားတြက္ အေရးေပၚလိုအပ္ေနသည့္ ဆန္ႏွင့္ ကုန္ေျခာက္ကဲ့သို႔ စားစရာမ်ားကိုလည္း ထိုင္းစစ္ တပ္က ခြင့္မျပဳသည့္ အတြက္ စစ္ေဘးဒုကၡသည္မ်ားအား သြားေရာက္ကူညီ၍ မရသည့္ အေနအထား တြင္ ရွိ ေနသည္ဟု ေျပာသည္။

ေနာ္ဝါးခူရွီးက “သူတို႔အေရးေပၚလိုအပ္တာက နားေနဖို႔ေနရာျဖစ္တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ စစ္ေကာင္စီ တပ္ေတြက ေလယာဥ္နဲ႔ လာပစ္လို႔ေလ အဲဒါေၾကာင့္ ထိုင္းအစိုးရကို ေမတၱာရပ္ခံခ်င္တာက စစ္ေရွာင္ေတြ ေခ တၱခန ခိုလႈံဖို႔အတြက္ ထိုင္းအစိုးရ အေနနဲ႔ စစ္ေဘးေရွာင္ေတြကို ထိုင္းႏိုင္ငံထဲကို ဝင္ခြင့္ေပးေစခ်င္တယ္။ အဲလို ေခတၱခန လာေရာက္ခိုလႈံတဲ့အခါမွာ ႏိုင္ငံတကာ အေနနဲ႔ ကုန္က်မယ့္ ကုန္က်စရိတ္ေတြကို ထိုင္းအစိုးရကို ကူ ညီေပးေစခ်င္တယ္။ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပါ့ေနာ။ ၿပီးေတာ့ UN ပဲျဖစ္ျဖစ္ ႏိုင္ငံတကာ ပဲ ျဖစ္ျဖစ္ ကူညီေထာက္ပံမႈေတြ ေပးပို႔လို႔ရေအာင္ ထိုင္းအစိုးရနဲ႔ စကားေျပာေပးဖို႔ေပါ့” ဟု ေျပာသည္။

စစ္ေဘးေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသည့္ စစ္ေဘးဒုကၡသည္မ်ားသည္ မ်ားေသာအားျဖင့္ ကေလး သူငယ္၊ ကိုယ္ဝန္ေဆာင္မိခင္၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ နာမက်န္းသူမ်ားလည္း ပါရွိေနၿပီး ၎တို႔အတြက္ ေရႏွင့္ အစား အေသာက္မ်ားအျပင္ အဖက္ဖက္မွ အကူအညီမ်ား လိုအပ္ေနသည္ဟု ကရင္အရပ္ဖက္ အဖြဲ႕အစည္းမ်ားက ဆို သည္။

မတ္လ ၂၇ ရက္ေန႔က ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၅ က အာဏာသိမ္းစစ္ေကာင္စီ၏ အေရး ပါသည့္ တပ္စခန္းတစ္ခုကို ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္ စစ္ေကာင္စီတပ္မ်ားႏွင့္ KNU တပ္မဟာ ၅ တို႔အၾကား စစ္ေရးတင္မာမႈမ်ား ပိုမိုရွိလာၿပီး တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားလာသည့္အတြက္ ေဒသခံမ်ားမွာ ထိုင္း-ျမန္မာနယ္စပ္ရွိ သံလြင္ျမစ္ကမ္းနားတစ္ေလွ်ာက္ႏွင့္ ေတာထဲေတာင္ထဲမွာ ထြက္ေျပးတိမ္းေရွာင္ေန ၾကရ သည္ ဟု ကရင္အရပ္ဖက္အဖြဲ႕အစည္းမ်ားက ေျပာသည္။

Photo – Crd