ရှမ်းနယ်စပ် တိုက်ပွဲဖြစ်မည်ကို ဒုက္ခသည်များ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်။
စစ်တပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား တိုက်ပွဲ များ ဖြစ်ပွားလာပါ ထိုင်းနိုင်ငံဘက်အခြမ်းတွင် ဝင်ရောက်ခိုလှုံခွင့်ပြုပေးရန် မြန်မာ-ထိုင်းနယ်စပ်က ရှမ်းစစ်ဘေးရှောင် ဒုက္ခသည် ၆၀၀၀ ကျော် က တောင်းဆိုထား သည်။
အာဏာသိမ်းစစ်ကောင်စီ၏ စစ်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဟု ပြောဆိုလိုက်သည့်အတွက် နယ်စပ်တစ်လျှောက်ရှိ ရှမ်းစစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော်က ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြပြီး စစ်ရှောင်များ၏ လုံခြုံရေးအတွက် ထိုင်းနိုင်ငံဘက်ခြမ်း သို့ ပြောင်းရွှေ့ခွင့်ပြုပေးရန် တောင်းဆိုခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်ခြမ်းရှိ ကုန်းကျော် ဒုက္ခသည်စခန်းမှ စခန်းတာဝန်ခံ လည်း ဖြစ် ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူ ညီရေး ကော်မတီ (ထိုင်း-မြန်မာနယ်စပ်) ကော်မတီဝင် လည်းဖြစ်သည့် စိုင်းလျန်း က “ဒီမှာရှိတဲ့ ရှမ်းဒုက္ခသည် တွေက ကုန်းကျော်တစ်ခုထဲ ထိုင်းထဲမှာ ရှိတာ။ ကျန်တာတွေအကုန်လုံးက ဒီနယ်စပ် ရှမ်းပြည်ထဲမှာနော်။ ဗမာ ပြည်ထဲမှာရှိတာနော်။ နယ်စပ်တွေ အဲ့မှာ ရှိနေတာဆိုတော့ သူတို့ရဲ့ လုံခြုံရေးအတွက် ဆို ရင် RCSS/SSA တောင်ပိုင်းတပ်ရဲ့ အနီးအနားမှာ သူတို့က နေရတာပေါ့နော်။ အဲ့ဒီတခြား Camp ငါးခုနော်။ အခုက အာဏာ သိမ်း စစ်အစိုးရကနေ RCSS ကို ထိုးစစ်ဆင်မယ်ဆိုလို့ရှိရင်တော့ ဒါက အခုနက ပြောတဲ့ လုံခြုံရေး က IDPs Camp တွေကိုလည်း ထိခိုက်မှာပေါ့နော်။ သူတို့အတွက်က ထိုင်းထဲကို ဝင်လာဖို့ကလွဲ တခြား ဘာမှ မရှိဘူးလေ နော်” ဟု ပြောသည်။
မြန်မာ-ထိုင်း နယ်စပ် မြန်မာဖက်ခြမ်းရှိ ရှမ်း IDPs စစ်ဘေးရှောင်စခန်း ၅ ခုမှာ ကောင်းမုမိန်း၊ လွယ်ဆမ် စစ်(ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်းတို့ဖြစ်ပြီး ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခသည် စခန်းမှာ ကုန်း ကျော် စခန်းဖြစ်သည်။
အဆိုပါစခန်း ၆ ခုတွင် လူဦးရေ ၆၂၀၀ ကျော်ရှိပြီး ၎င်းတို့အား တိုက်ပွဲများ ဖြစ်ပွားလာက ထိုင်းနိုင်ငံဘက်ခြမ်းသို့ ယာယီဖြစ်စေ ခိုလှုံခွင့်ပေးစေချင်သည်ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူ ညီရေး ကော်မတီ (ထိုင်း-မြန်မာနယ် စပ်) က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ထိုင်းဘက်ကလည်း အခုထိဝင်ခွင့်မရှိလို့ သူတို့က အဲ့မှာ ကျန်နေတာလေ။ အကယ်၍သာ အဲ့လို မျိုးစစ်ဖြစ်လာ ရင် ထိုင်းထဲကို ဝင်ခွင့်ရဖို့အတွက်ကိုနော် အမြဲတမ်းမဟုတ်ဘူးဆိုရင်တောင်မှ ယာယီပဲဖြစ်ဖြစ် ဖြစ်နေတဲ့ အချိန် မှာနေဖို့။ ဘာလို့လဲဆို အာဏာသိမ်းအစိုးရရဲ့ စစ်တပ်ကလည်း ဒီစစ်ဘေးဒုက္ခသည်တွေရဲ့ စခန်း အနီးမှာရှိနေ တယ် အမြှောက်တပစ်စာ လက်လှမ်းမီတဲ့နေရာမှာ၊ လက်နက်ကြီးနဲ့ လက်တကမ်းမှာပဲရှိတယ်။ တကယ်လို့ ပစ် မယ်ဆိုရင်တော့ ဒုက္ခသည်တွေကို ထိခိုက်နိုင်တာပေါ့နော်” ဟု စိုင်းလျန်းက ဆက်ပြောသည်။
မတ်လ ၃၀ ရက်နေ့ က မြန်မာ-ထိုင်းနယ်ခြားကော်မတီ(တာချီလိတ်ရုံး)မှ ထိုင်းဘက်ခြမ်းရှိ နယ်ခြားကော်မတီ (မယ်ဆိုင်ရုံး)ကို ပေးပို့လာသည့် အကြောင်းကြားစာအရ အာဏာသိမ်းတပ်မှ RCSS/SSA ၏ ထိုင်းနယ်စပ် တစ် လျှောက်ရှိ အခြေစိုက်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်သည် ဆိုသည့် အချက်ကြောင့် RCSS/SSA ဌာနချုပ်အနီးရှိ ရှမ်းစစ်ဘေးရှောင်များမှာ ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြခြင်းဖြစ်သည်။
“လုံခြုံမှုအရ ပြောမယ်ဆိုရင်တော့ ကတုတ်ကျင်းတူးတာက တတ်နိုင်တဲ့လုပ်ငန်းတစ်ခု တူးတာ အဲ့လောက်ပဲ လုပ်တာလေ။ ကြားမှာပါနော် ကရင်တွေက ထွက်ပြေးလာတဲ့ထဲမှာ ဗုံးကြဲလို့ ပြေးလာတော့ ဒဏ်ရာရတဲ့ လူတွေ ကိုပဲ ပေးဝင်ပြီး မရတဲ့လူတွေကို ပြန်မောင်းထုတ်တာတွေရှိတော့ အဲ့ဒီလိုမျိုးဆိုတော့ ထိုင်းဘက်ကို ဝင်ခွင့် တောင်းထားတယ်ဆိုတာက အချက်တစ်ခုအနေနဲ့ တောင်းထားတာ။ ဘယ်လောက်အထိ ခွင့်ပြုမလဲဆို တာ ဝင်ခွင့်ပေး မလား မပေးဘူးလားဆိုတာလည်း မသိဘူးလေနော်။ ကိုယ်တိုင်လုပ်နိုင်တာက ကတုတ်ကျင်း တူးတဲ့ အလုပ်ပဲပေါ့။ ဒါကိုပဲ အဓိက လုပ်ထားရတာပေါ့။”
ကတုတ်ကျင်းများတူနေခြင်းသည် ရှမ်းစစ်ရှောင်များအနေဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် တတ်နိုင်သည့် ဘက် က လုပ်ဆောင်နေခြင်းသာဖြစ်ပြီး အဓိကတော့ ထိုင်းအာဏာပိုင်များက ကူညီမှုလိုအပ်နေသည်ဟု ဆိုသည်။
ထို့အပြင် “ထိုင်းကနေ ပြေးလာပြီးဆိုရင် ဝင်ခွင့်ပေးရုံတင်မကဘူး ရှမ်း CSO တွေရဲ့ အကူအညီတွေကိုလည်း ပေးခွင့်ပြုဖို့ ပေါ့ အဲ့ဒါကိုလည်း တောင်းဆိုချင်တာပေါ့။ မဲဆောက်ဘက်မှာလည်း တိုက်ပွဲဖြစ်ရင် စစ်ဘေးဒုက္ခ သည်အတွက် စခန်း ၇ ခုပြင်ဆင်ထားတယ်လို့ ပြောထား တာနော်။ ပြောထားပြီးတော့ တကယ်တမ်းကြတော့ ပြင်ဆင်ချင်မှလည်း ပြင်ဆင်မယ်။ တအားအယုံအကြည် မရှိဘူး။ အခုတောင်မှ အာဏာသိမ်းစစ်အစိုးရရဲ့ တပ် မတော်နေ့ကို သွားတက်ရောက်တာဆိုတော့ ဒါကြောင့်မို့လို့ အခုနက ပြော သလိုပေါ့ အရေးကြီးတာက တိုက်ပွဲ ဖြစ်ရင် ထိုင်းထဲကို ယာယီပဲဖြစ်ဖြစ် တောင်းဆိုထားတယ်” ဟု ရှမ်းစစ်ဘေး ဒုက္ခသည်များ ကူညီရေး ကော်မတီ (ထိုင်း-မြန်မာနယ် စပ်) က စိုင်းလျန်း က ဆက်ပြောသည်။
အာဏာသိမ်းစစ်တပ်၏ အကြောင်းကြားစာထဲတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေး မထိခိုက်စေရေး ထိုင်းနယ်မြေအတွင်း မည်သည့်လက်နက်မှ ကျရောက်စေမည်မဟုတ်ကြောင်း ပါရှိသော်လည်း RCSS/SSA ၏ တပ်စခန်းများသည် မြန်မာ-ထိုင်းနယ်စပ်ဒေသများဖြစ်သည့် ချင်းရိုင်း၊ မယ်ဆောင်ဆောင်နှင့် ချင်းမိုင်ခရိုင်တို့နှင့် ဆက်စပ်နေကြောင်း၊ ယခင်က ဖြစ်စဉ်များအရလည်းအဆိုပါ ပြောဆိုချက်သည် မဖြစ်နိုင်ဘူးဟု စိုင်းလျန်းက ဆက်ပြောသည်။
“သူတို့ပြောတာက လက်နက်က ထိုင်းနယ်မြေထဲမှာ မကျစေရဘူးလို့ပြောတယ်။ ဒါက ယုတ္တိမရှိဘူးလေ အရင် တုန်းက ဦးတို့ပြေးလာတဲ့အချိန်တုန်းကဆိုရင် ဟိုဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးက ထိုင်းနယ်မြေထဲမှာ ကျ တယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ ရှမ်းရွာ ထိုင်းဘက်ခြမ်းမှာရှိတဲ့ ထိုင်းရွာတွေမှာ စက်သေနတ်ကျည်ဆံတွေ လာထိ တာရှိတယ်။ နောက် လက်နက်ကြီးလာကျပြီးတော့ ထိုင်းစစ်သားတွေကိုယ်တိုင် သေဆုံးတာရှိဖူးတယ်လေ။ လွန် ခဲ့တဲ့ ၂၀၀၂ ခုနှစ်တုန်းကနော်။ ဒါကြောင့် ထိုင်းထဲမှာနေတာတောင်မှ နယ်စပ်ဆိုရင် လုံခြုံမှုမရှိဘူး”
ထို့ကြောင့် ရှမ်းစစ်ဘေးဒုက္ခသည်များအား ထိုင်းအစိုးရအနေဖြင့် အာဏာသိမ်းစစ်တပ်၏ ရန်မှ လွတ်မြောက်နိုင် ရေးနှင့် လုံခြုံရေးအတွက် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ခိုလှုံခွင့်ပြုရန်နှင့် လူသားချင်း စာနာထောက်ထားမှုပေးနိုင်ရေးတို့အတွက် ခွင့်ပြုပေးရန် တောင်းဆိုထားသည်။
ကောင်းမုမိန်း၊ လွယ်ဆမ်စစ် (ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း၊ လွယ်ကော်ဝမ်းနှင့် ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခ သည် ကုန်းကျော် စခန်းတို့ ရှိ ရှမ်းစစ်ဘေးဒုက္ခသည်များမှာ ပြီးခဲ့သည့် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်ကြား နှစ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခ များ၊ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ကြသည်။
*** ZAWGYI ***
ရွမ္းနယ္စပ္ တိုက္ပြဲျဖစ္မည္ကို ဒုကၡသည္မ်ား စိုးရိမ္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၅ ရက္။
စစ္တပ္ႏွင့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS) တို႔အၾကား တိုက္ပြဲ မ်ား ျဖစ္ပြားလာပါ ထိုင္းႏိုင္ငံဘက္အျခမ္းတြင္ ဝင္ေရာက္ခိုလႈံခြင့္ျပဳေပးရန္ ျမန္မာ-ထိုင္းနယ္စပ္က ရွမ္းစစ္ေဘးေရွာင္ ဒုကၡသည္ ၆၀၀၀ ေက်ာ္ က ေတာင္းဆိုထား သည္။
အာဏာသိမ္းစစ္ေကာင္စီ၏ စစ္က ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA ၏ တပ္စခန္းမ်ားကို ထိုးစစ္ဆင္တိုက္ခိုက္မည္ဟု ေျပာဆိုလိုက္သည့္အတြက္ နယ္စပ္တစ္ေလွ်ာက္ရွိ ရွမ္းစစ္ေဘးဒုကၡသည္ ၆၀၀၀ ေက်ာ္က ၎တို႔၏ လုံၿခဳံေရးအတြက္ စိုးရိမ္ေနၾကၿပီး စစ္ေရွာင္မ်ား၏ လုံၿခဳံေရးအတြက္ ထိုင္းႏိုင္ငံဘက္ျခမ္း သို႔ ေျပာင္းေ႐ႊ႕ခြင့္ျပဳေပးရန္ ေတာင္းဆိုျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံဘက္ျခမ္းရွိ ကုန္းေက်ာ္ ဒုကၡသည္စခန္းမွ စခန္းတာဝန္ခံ လည္း ျဖစ္ ရွမ္းစစ္ေဘး ဒုကၡသည္မ်ား ကူ ညီေရး ေကာ္မတီ (ထိုင္း-ျမန္မာနယ္စပ္) ေကာ္မတီဝင္ လည္းျဖစ္သည့္ စိုင္းလ်န္း က “ဒီမွာရွိတဲ့ ရွမ္းဒုကၡသည္ ေတြက ကုန္းေက်ာ္တစ္ခုထဲ ထိုင္းထဲမွာ ရွိတာ။ က်န္တာေတြအကုန္လုံးက ဒီနယ္စပ္ ရွမ္းျပည္ထဲမွာေနာ္။ ဗမာ ျပည္ထဲမွာရွိတာေနာ္။ နယ္စပ္ေတြ အဲ့မွာ ရွိေနတာဆိုေတာ့ သူတို႔ရဲ႕ လုံၿခဳံေရးအတြက္ ဆို ရင္ RCSS/SSA ေတာင္ပိုင္းတပ္ရဲ႕ အနီးအနားမွာ သူတို႔က ေနရတာေပါ့ေနာ္။ အဲ့ဒီတျခား Camp ငါးခုေနာ္။ အခုက အာဏာ သိမ္း စစ္အစိုးရကေန RCSS ကို ထိုးစစ္ဆင္မယ္ဆိုလို႔ရွိရင္ေတာ့ ဒါက အခုနက ေျပာတဲ့ လုံၿခဳံေရး က IDPs Camp ေတြကိုလည္း ထိခိုက္မွာေပါ့ေနာ္။ သူတို႔အတြက္က ထိုင္းထဲကို ဝင္လာဖို႔ကလြဲ တျခား ဘာမွ မရွိဘူးေလ ေနာ္” ဟု ေျပာသည္။
ျမန္မာ-ထိုင္း နယ္စပ္ ျမန္မာဖက္ျခမ္းရွိ ရွမ္း IDPs စစ္ေဘးေရွာင္စခန္း ၅ ခုမွာ ေကာင္းမုမိန္း၊ လြယ္ဆမ္ စစ္(ပ္)၊ လြယ္လန္၊ လြယ္တိုင္းလ်န္း ႏွင့္ လြယ္ေကာ္ဝမ္းတို႔ျဖစ္ၿပီး ထိုင္းဖက္ျခမ္းရွိ Refugee ဒုကၡသည္ စခန္းမွာ ကုန္း ေက်ာ္ စခန္းျဖစ္သည္။
အဆိုပါစခန္း ၆ ခုတြင္ လူဦးေရ ၆၂၀၀ ေက်ာ္ရွိၿပီး ၎တို႔အား တိုက္ပြဲမ်ား ျဖစ္ပြားလာက ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ယာယီျဖစ္ေစ ခိုလႈံခြင့္ေပးေစခ်င္သည္ဟု ရွမ္းစစ္ေဘး ဒုကၡသည္မ်ား ကူ ညီေရး ေကာ္မတီ (ထိုင္း-ျမန္မာနယ္ စပ္) က ေတာင္းဆိုလိုက္ျခင္း ျဖစ္သည္။
“ထိုင္းဘက္ကလည္း အခုထိဝင္ခြင့္မရွိလို႔ သူတို႔က အဲ့မွာ က်န္ေနတာေလ။ အကယ္၍သာ အဲ့လို မ်ိဳးစစ္ျဖစ္လာ ရင္ ထိုင္းထဲကို ဝင္ခြင့္ရဖို႔အတြက္ကိုေနာ္ အၿမဲတမ္းမဟုတ္ဘူးဆိုရင္ေတာင္မွ ယာယီပဲျဖစ္ျဖစ္ ျဖစ္ေနတဲ့ အခ်ိန္ မွာေနဖို႔။ ဘာလို႔လဲဆို အာဏာသိမ္းအစိုးရရဲ႕ စစ္တပ္ကလည္း ဒီစစ္ေဘးဒုကၡသည္ေတြရဲ႕ စခန္း အနီးမွာရွိေန တယ္ အေျမႇာက္တပစ္စာ လက္လွမ္းမီတဲ့ေနရာမွာ၊ လက္နက္ႀကီးနဲ႔ လက္တကမ္းမွာပဲရွိတယ္။ တကယ္လို႔ ပစ္ မယ္ဆိုရင္ေတာ့ ဒုကၡသည္ေတြကို ထိခိုက္ႏိုင္တာေပါ့ေနာ္” ဟု စိုင္းလ်န္းက ဆက္ေျပာသည္။
မတ္လ ၃၀ ရက္ေန႔ က ျမန္မာ-ထိုင္းနယ္ျခားေကာ္မတီ(တာခ်ီလိတ္႐ုံး)မွ ထိုင္းဘက္ျခမ္းရွိ နယ္ျခားေကာ္မတီ (မယ္ဆိုင္႐ုံး)ကို ေပးပို႔လာသည့္ အေၾကာင္းၾကားစာအရ အာဏာသိမ္းတပ္မွ RCSS/SSA ၏ ထိုင္းနယ္စပ္ တစ္ ေလွ်ာက္ရွိ အေျခစိုက္တပ္စခန္းမ်ားကို ထိုးစစ္ဆင္တိုက္ခိုက္မည္ျဖစ္သည္ ဆိုသည့္ အခ်က္ေၾကာင့္ RCSS/SSA ဌာနခ်ဳပ္အနီးရွိ ရွမ္းစစ္ေဘးေရွာင္မ်ားမွာ ၎တို႔၏ လုံၿခဳံေရးအတြက္ စိုးရိမ္ေနၾကျခင္းျဖစ္သည္။
“လုံၿခဳံမႈအရ ေျပာမယ္ဆိုရင္ေတာ့ ကတုတ္က်င္းတူးတာက တတ္ႏိုင္တဲ့လုပ္ငန္းတစ္ခု တူးတာ အဲ့ေလာက္ပဲ လုပ္တာေလ။ ၾကားမွာပါေနာ္ ကရင္ေတြက ထြက္ေျပးလာတဲ့ထဲမွာ ဗုံးႀကဲလို႔ ေျပးလာေတာ့ ဒဏ္ရာရတဲ့ လူေတြ ကိုပဲ ေပးဝင္ၿပီး မရတဲ့လူေတြကို ျပန္ေမာင္းထုတ္တာေတြရွိေတာ့ အဲ့ဒီလိုမ်ိဳးဆိုေတာ့ ထိုင္းဘက္ကို ဝင္ခြင့္ ေတာင္းထားတယ္ဆိုတာက အခ်က္တစ္ခုအေနနဲ႔ ေတာင္းထားတာ။ ဘယ္ေလာက္အထိ ခြင့္ျပဳမလဲဆို တာ ဝင္ခြင့္ေပး မလား မေပးဘူးလားဆိုတာလည္း မသိဘူးေလေနာ္။ ကိုယ္တိုင္လုပ္ႏိုင္တာက ကတုတ္က်င္း တူးတဲ့ အလုပ္ပဲေပါ့။ ဒါကိုပဲ အဓိက လုပ္ထားရတာေပါ့။”
ကတုတ္က်င္းမ်ားတူေနျခင္းသည္ ရွမ္းစစ္ေရွာင္မ်ားအေနျဖင့္ ၎တို႔၏ လုံၿခဳံေရးအတြက္ တတ္ႏိုင္သည့္ ဘက္ က လုပ္ေဆာင္ေနျခင္းသာျဖစ္ၿပီး အဓိကေတာ့ ထိုင္းအာဏာပိုင္မ်ားက ကူညီမႈလိုအပ္ေနသည္ဟု ဆိုသည္။
ထို႔အျပင္ “ထိုင္းကေန ေျပးလာၿပီးဆိုရင္ ဝင္ခြင့္ေပး႐ုံတင္မကဘူး ရွမ္း CSO ေတြရဲ႕ အကူအညီေတြကိုလည္း ေပးခြင့္ျပဳဖို႔ ေပါ့ အဲ့ဒါကိုလည္း ေတာင္းဆိုခ်င္တာေပါ့။ မဲေဆာက္ဘက္မွာလည္း တိုက္ပြဲျဖစ္ရင္ စစ္ေဘးဒုကၡ သည္အတြက္ စခန္း ၇ ခုျပင္ဆင္ထားတယ္လို႔ ေျပာထား တာေနာ္။ ေျပာထားၿပီးေတာ့ တကယ္တမ္းၾကေတာ့ ျပင္ဆင္ခ်င္မွလည္း ျပင္ဆင္မယ္။ တအားအယုံအၾကည္ မရွိဘူး။ အခုေတာင္မွ အာဏာသိမ္းစစ္အစိုးရရဲ႕ တပ္ မေတာ္ေန႔ကို သြားတက္ေရာက္တာဆိုေတာ့ ဒါေၾကာင့္မို႔လို႔ အခုနက ေျပာ သလိုေပါ့ အေရးႀကီးတာက တိုက္ပြဲ ျဖစ္ရင္ ထိုင္းထဲကို ယာယီပဲျဖစ္ျဖစ္ ေတာင္းဆိုထားတယ္” ဟု ရွမ္းစစ္ေဘး ဒုကၡသည္မ်ား ကူညီေရး ေကာ္မတီ (ထိုင္း-ျမန္မာနယ္ စပ္) က စိုင္းလ်န္း က ဆက္ေျပာသည္။
အာဏာသိမ္းစစ္တပ္၏ အေၾကာင္းၾကားစာထဲတြင္ ႏွစ္ႏိုင္ငံအၾကား ဆက္ဆံေရး မထိခိုက္ေစေရး ထိုင္းနယ္ေျမအတြင္း မည္သည့္လက္နက္မွ က်ေရာက္ေစမည္မဟုတ္ေၾကာင္း ပါရွိေသာ္လည္း RCSS/SSA ၏ တပ္စခန္းမ်ားသည္ ျမန္မာ-ထိုင္းနယ္စပ္ေဒသမ်ားျဖစ္သည့္ ခ်င္း႐ိုင္း၊ မယ္ေဆာင္ေဆာင္ႏွင့္ ခ်င္းမိုင္ခ႐ိုင္တို႔ႏွင့္ ဆက္စပ္ေနေၾကာင္း၊ ယခင္က ျဖစ္စဥ္မ်ားအရလည္းအဆိုပါ ေျပာဆိုခ်က္သည္ မျဖစ္ႏိုင္ဘူးဟု စိုင္းလ်န္းက ဆက္ေျပာသည္။
“သူတို႔ေျပာတာက လက္နက္က ထိုင္းနယ္ေျမထဲမွာ မက်ေစရဘူးလို႔ေျပာတယ္။ ဒါက ယုတၱိမရွိဘူးေလ အရင္ တုန္းက ဦးတို႔ေျပးလာတဲ့အခ်ိန္တုန္းကဆိုရင္ ဟိုဘက္ကပစ္လိုက္တဲ့ လက္နက္ႀကီးက ထိုင္းနယ္ေျမထဲမွာ က် တယ္။ ထိုင္းနယ္စပ္မွာရွိတဲ့ ရွမ္း႐ြာ ထိုင္းဘက္ျခမ္းမွာရွိတဲ့ ထိုင္း႐ြာေတြမွာ စက္ေသနတ္က်ည္ဆံေတြ လာထိ တာရွိတယ္။ ေနာက္ လက္နက္ႀကီးလာက်ၿပီးေတာ့ ထိုင္းစစ္သားေတြကိုယ္တိုင္ ေသဆုံးတာရွိဖူးတယ္ေလ။ လြန္ ခဲ့တဲ့ ၂၀၀၂ ခုႏွစ္တုန္းကေနာ္။ ဒါေၾကာင့္ ထိုင္းထဲမွာေနတာေတာင္မွ နယ္စပ္ဆိုရင္ လုံၿခဳံမႈမရွိဘူး”
ထို႔ေၾကာင့္ ရွမ္းစစ္ေဘးဒုကၡသည္မ်ားအား ထိုင္းအစိုးရအေနျဖင့္ အာဏာသိမ္းစစ္တပ္၏ ရန္မွ လြတ္ေျမာက္ႏိုင္ ေရးႏွင့္ လုံၿခဳံေရးအတြက္ နယ္စပ္ျဖတ္ေက်ာ္၍ ထိုင္းႏိုင္ငံဘက္ျခမ္းသို႔ ဝင္ေရာက္ခိုလႈံခြင့္ျပဳရန္ႏွင့္ လူသားခ်င္း စာနာေထာက္ထားမႈေပးႏိုင္ေရးတို႔အတြက္ ခြင့္ျပဳေပးရန္ ေတာင္းဆိုထားသည္။
ေကာင္းမုမိန္း၊ လြယ္ဆမ္စစ္ (ပ္)၊ လြယ္လန္၊ လြယ္တိုင္းလ်န္း၊ လြယ္ေကာ္ဝမ္းႏွင့္ ထိုင္းဖက္ျခမ္းရွိ Refugee ဒုကၡ သည္ ကုန္းေက်ာ္ စခန္းတို႔ ရွိ ရွမ္းစစ္ေဘးဒုကၡသည္မ်ားမွာ ၿပီးခဲ့သည့္ ၁၉၉၆ မွ ၁၉၉၈ ခုႏွစ္ၾကား ႏွစ္မ်ားတြင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ အစိုးရ တပ္မေတာ္တို႔ အၾကား ျဖစ္ပြားခဲ့သည့္ စစ္ေရးပဋိပကၡ မ်ား၊ တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသူမ်ားျဖစ္ၾကသည္။