အပစ်ရပ် အဖွဲ့များက CRPH ၏ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ကြိုဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်။
အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter ) ကြေညာချက်သည် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ကြိုဆိုလိုက်သည်။
ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြု ကော်မတီ CRPH ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းမှုကိုလည်း ကြိုဆိုလိုက်သည်။
ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ၂ ရက်တာပြုလုပ်သည့် PPST အစည်းအဝေးမှ ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ခဲ့သည်ဟု ဆိုသည်။
လက်နက်မဲ့ ပြည်သူလူထုအား စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်၊ ပစ်ခတ် နှိမ် နင်းမှုကို ချက်ခြင်းရပ် တန့်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထား သည့်အပြင် ပြည်သူလူထုတစ်ရပ်လုံးက ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး အပါအဝင် CDM လူ ထုလှုပ်ရှား မှုများအား ဆက်လက်ပံ့ပိုးကူညီမည် ဟု ဆိုသည်။
CRPH က ထုတ်ပြန်ထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေညာစာတမ်းကို ဘယ်အတိုင်းအတာအထိ လက်ခံကြိုဆိုပါသလဲ၊ CRPH က ဖွဲ့စည်းမည့် ဖက်ဒရယ် တပ်မတော် အပေါ် သဘောထား၊ ရှေ့ဆက်နိုင်ငံရေး ဆွေးနွေးပွဲများနှင့် NCA အပေါ် အပစ်ရပ်အဖွဲ့များ၏ သဘောထားများကို ပအို့ဝ် တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာအား ဆက်သွယ်မေးမြန်းရာမှာ အစည်းအဝေး သဘောတူညီချက်များကို ယခုကဲ့သို့ စတင်ပြောကြားသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ – ကျနော်တို့ PPST အစည်းအဝေးကတော့ တစ်ရက်ခွဲ နှစ်ရက်ပေါ့ ဒီမှာကျနော်တို့ ညီညီ ညွှတ်ညွှတ်နဲ့ သဘာထားချမှတ်နိုင်တယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။ ကွာဟချက်တွေ ရှိနေပေမယ့်လည်း ဘုံ သဘောထား ၅ ချက်ကို ညီညွှတ်ပါတယ်။
မေး – ဘယ်လိုအချက်တွေပါသလဲ။ ဘယ်လိုအနေအထားတွေကြောင့် အဲဒီ ဘုံသဘောထား ၅ ချက်ကို ချ မှတ်ခဲ့ကြတာလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ – အဲဒါကတော့ အခြေအနေအပေါ်မှာ မူတည်ပါတယ်။ အခြေအနေက ကျနော်တို့ မတင် မကျလုပ်ရမယ့် အခြေအနေတွေ များတယ်လေ ဒီလူတွေ သေကြေနေတာနဲ့ နောက်ပြီးတော့ ကျနော်တို့က တော့ ဖမ်းဆီးထား တဲ့ လူတွေပြန်လွှတ်ဖို့ကတော့ ဒါကကြာပြီ ကျနော်တို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ကျနော်တို့ တောင်းနေကြ တောင်းဆိုနေတဲ့ အချက်ပဲလေ ဒါတွေက အဲဒီမှာ နည်းနည်းလေး ထပ်တိုးလာတာက CRPH နဲ့ ပတ်သက်ပြီးတဲ့ သတင်းပေါ့။ CRPH က ထုတ်ပြန်လိုက်တဲ့ ကိစ္စတွေမှာ ကျနော်တို့ အနေနဲ့ ကြိုဆိုသင့် တာကို ကြိုဆိုတယ်။ ထောက်ခံသင့်တာကို ထောက်ခံတာပေါ့ဗျား။အဲသဘောလေးပါပဲ အဲဒီမှာတော့ တူကြပါ တယ်။
မေး – CRPH ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းတာနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်း ကြေညာ လိုက်တာ ကို ကြိုဆိုထောက်ခံတယ်ဆိုတော့ အဲဒီအနေအထားကနေ တကယ်ပဲ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကို ရရှိလာတော့မှာလား။ အပစ်ရပ်အဖွဲ့ တွေရဲ့ အမြင်သဘောထားက ဘယ်လိုရှိနေသလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ – ကျနော်တို့ကတော့ အဲဒီစာချုပ်ကိုတော့ ကျနော်တို့က ကြိုဆိုရုံပဲ ကြိုးပမ်းမှုအနေနဲ့ ကြို ဆိုတာပေါ့။ CPRH က ကြိုးပမ်းတယ်ဆိုတဲ့ ဟာကို အသိအမှတ်ပြုပြီးတော့ ကြိုဆိုတာပေါ့ စာချုပ်ထဲမှာ ပဋိ ညာဉ်ထဲမှာပါတဲ့ အချက်အလက်တွေက ကျနော်တို့ ဖတ်ရအုံးမယ်ခင်ဗျား။ အပြန်အလှန်ဆွေးနွေးရအုံးမယ် ဆို တော့ အဲဒါကိုတော့ ကျနော်တို့ အဲဒီ ချာတာထဲမှာပါတဲ့ ကိစ္စတွေကိုတော့ ထောက်ခံတာတို့ လက်ခံတာတို့ ကျ နော်တို့ မလုပ်သေးပါဘူး။ အဲဒီချာတာကို ကြိုးစားပမ်းစား ထုတ်ပေးတယ်ဆိုတာကိုတော့ ကျနော်တို့က ကြိုဆို တာပေါ့နော။ ချာတာပါ အကြောင်းအရာ အားလုံးကိုတော့ လက်ခံအတည်ပြုတယ်ဆိုတာကိုတော့ မဟုတ်သေး ဘူး။ မရှိသေးဘူး။ အဲဒါပဲ အဓိကက အဲဒါ။
မေး – ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းလိုက်ပြီဆိုတော့ လာမယ့် နိုင်ငံရေး ဖြစ်စဉ်တွေမှာ ရှေ့လုပ်ငန်း စဉ်တွေမှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ – ၂ မျိုးစလုံးက ဖြစ်နိုင်ပါတယ်။ အကယ်၍ CRPH အနေနဲ့ သူ ၂၀၀၈ ကိုဖျက်သိမ်းတယ်လို့ သူကြေညာတာကတော့ သူ့ဖက်ကကိုဗျာနော။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံက စစ်ကောင်စီဖက်က တော့ ဒီဖွဲ့စည်းပုံနဲ့အညီ အရေးပေါ်အခြေအနေကြေညာပြီးတော့ အာဏာလွှဲပြောင်းရယူတယ်လို့ ပြောထား တယ်ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ကိုင်စွဲပြီးတော့ လုပ်ဆောင်နေတဲ့ စစ်ကောင်စီက တစ်ဖက်ရှိသလို ၂၀၀၈ ဖွဲ့ စည်းပုံ ဖျက်သိမ်းတဲ့ CRPH က တစ်ဖက်ဖြစ်နေတာကိုးနော်။ အဲဒီကြားထဲမှာ ဖြစ်နေတာပေါ့ လောလော ဆယ်ဆယ် အခြေအနေက ဒါကြောင့် ပြည်တွင်းမှာ ဒီတရားဝင် အခြေခံ ဥပဒေက ရှိနေလား မရှိဘူးလားဆိုတဲ့ မေးခွန်းက ကျနော်တို့ ဖြေဖို့ခက်သွားတာပေါ့။ လောလောဆယ် နိုင်ငံရေး မိုးလေဝသက ရှင်းရှင်းလင်းလင်း မဖြစ်သေးတဲ့ အခြေအနေဖြစ်နေတာကိုး။ အဲ့ဒါကြောင့်ပါ။ အဲဒါကြောင့် ကျနော်တို့က အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ ကို ဖျက်သိမ်းတာကတော့ ကျနော်တို့ ကိုယ်တိုင်လည်း အစကတည်းက ၂၀၀၈ ကိုကြိုက်တာမှ မဟုတ်ပဲ ပြင်ဆင်ရမယ် ရုတ်သိမ်းရမယ် ကျနော်တို့ အသစ်ရေးရမယ်လို့ ကျနော်တို့ ပြောနေတော့ ဖျက်သိမ်း တယ် ကြေညာတဲ့ကိစ္စကိုတော့ ကျနော်တို့က ကြိုဆိုထောက်ခံတာပေါ့။ ဒါပေမယ့် အသစ်က ဘယ်လိုလဲ ဘယ် လိုပုံစံနဲ့ တိုင်းပြည် အနာဂတ်ရဲ့ ဖွဲ့စည်းပုံက ဘယ်လိုပုံစံမျိုးလာမလဲ ဆိုတာ ကျနော်တို့ ဆက်လက်ဆွေးနွေး ရမှာပေါ့ဗျာ။
မေး – ပြီးခဲ့တဲ့ ရက်ပိုင်းက မူတြော်ခရိုင်ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တော့ KNU/KNLA တပ်မဟာ ၅ က ထုတ်ပြန်ထားတာရှိတယ်။ အဲဒီထုတ်ပြန်ချက်ကို CRPH က ကြိုဆိုတယ် ပြီးတော့ NCA ဟာ အသက်မဝင်တော့ဘူးလို့ ထည့်သွင်းပြောဆိုထားတာတွေ့ရတယ်။ NCA နဲ့ ပတ်သက်ပြီး အပစ်ရပ် အဖွဲ့တွေရဲ့ သဘောထားကရော ဘယ်လိုရှိနေပါသလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ – NCA စာချုပ်နဲ့ ပတ်သက်တာကတော့ ကျနော်တို့ မပြောသေးဘူးဗျာ။ ဘာကြောင့်လဲ ဆို တော့ NCA စာချုပ်ကို လက်မှတ်ရေးထိုးတဲ့အတွက် ကျနော်တို့ ၁၀ ဖွဲ့က တရားဝင်မှုရလာတယ် ပြည်တွင်းမှာ မတရားအသင်းကလည်း ဖျက်သိမ်းခြင်းခံရတယ်။ ပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းကလည်း ဖျက်သိမ်းခြင်း ခံရတယ်။ ကျနော်တို့ က စေ့စပ်ဆွေးနွေးရေးပေါ့ နိုင်ငံရေး ဆွေးနွေးပွဲမှာ တရားဝင် ပါဝင်ခွင့်ရှိတဲ့ ကျနော်တို့ Legitimacy ပေါ့ဗျာ။ တရားဝင်မှုရှိသော အဖွဲ့အစည်းတွေ ဖြစ်လာတယ်။ တရားဝင်မှု ရှိတဲ့ အဖွဲ့အစည်းတွေ အနေအထားကနေပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တာကိုး။ ဆောင်ရွက်ရင်း နဲ့ အခုငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ယာယီ ရပ်တန့်သွားတဲ့ အခါကျတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေကိုတော့ ကျနော်တို့က ဆက်မလုပ်ဘူး။ သို့သော် အပစ်ခတ်ရပ်စဲရေး စာချုပ်ကတိကဝတ်ကိုတော့ ကျနော်တို့က ဆက် လက်ကိုင်စွဲမယ် ဆက်လက်စောင့် ထိန်းမယ်ဆိုပြီးတော့ ကျနော်တို့က သတ်မှတ်ထားတယ်။ ဒါကြောင့် NCA စာ ချုပ်ကတော့ ကျနော်တို့ စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဖက်ကတော့ ရုတ်သိမ်းတယ်။ ဖျက်သိမ်းတယ်ဆိုတာတော့ မရှိဘူးဗျာ။ အဲဒါတော့ မရှိဘူး။
မေး – ဒီလိုဆိုရင် ရှေ့ဆက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဘယ်လိုလုပ်ဆောင်သွားဖို့ရှိသလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ – ရှေ့ဆက်အခြေအနေက ဖြစ်ပေါ်လာတဲ့ အခြေအနေကတော့ မြန်မြန်လုပ်ရမှာနဲ့ ရေ ရှည်လုပ်ရမှာပေါ့ဗျာ။ မြန်မြန်လုပ်ရမှာကတော့ အခုသတ်နေဖြတ်နေ လိုက်ပြီးတော့ ပစ်ခတ်သတ်ဖြတ် နေ တယ် ဖမ်းဆီး ရိုက်သတ်နေတယ်။ လူတွေကို ဆန္ဒပြတာ မပြတာ တစ်ပိုင်းထား နောက် ဒီလိုအနိုင်ကျင့် လက် နက်နဲ့ လက်နက်မရှိတဲ့ လူကို လက်နက်နဲ့ လိုက်ပြီးတော့ ပစ်ခတ်သတ်ဖြတ်နေတာတွေကိုတော့ ကျနော်တို့ က တော့ လက်မခံနိုင်ဘူးပေါ့။ ဒါကို အမြန်ဆုံးလျှော့နည်းအောင်လုပ်ဖို့တော့ လက်ရှိ စစ်ကောင်စီနဲ့ သူတပ်တွေကို တော့ တောင်းဆိုရမှာပေါ့။ ဒါကတော့ ကျနော်တို့ လက်မခံနိုင်ဘူး မလုပ်ပါနဲ့ အဲဒီနောက်ဆက်တွဲမှာမှ ဘယ်လို စကားပြောရမလဲ ဘယ်လိုကြားဝင်စေ့စပ်ရမလား။ သို့တည်းမဟုတ် တရုတ်က အကြံပေးတဲ့အတိုင်းပဲ ကျနော် တို့ ဖက်ပေါင်းစုံပါဝင်တဲ့ မြန်မာပြည်အရေးမှာ ဖက်ပေါင်းစုံ ပါဝင်တဲ့ Stakeholder တွေ အားလုံးပါတဲ့ ပြဿနာ ဖြေရှင်းတဲ့ ညှိနှိုင်းပွဲများရှိမလားပေါ့။ အဲဒါကိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။
မေး – CRPH က မကြာခင် အမျိုးသား ညီညွှတ်ရေး အစိုးရဖွဲ့မယ်လို့ ပြောထားတာရှိတယ်။ ပြီးတော့ တစ်ဖက်မှာ လည်း ဖက်ဒရယ် တပ်မတော်ကို ဖွဲ့မယ်ဆိုပြီးတော့ ပြောဆိုသံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာ တွေ ရှိတယ်။ အဲဒီပေါ်မှာ အပစ်ရပ်အဖွဲ့တွေရဲ့ သဘောထားက ဘယ်လိုရှိသလဲ။
ဗိုလ်မှူးကြီးခွန်ဥက္ကာ – အဲဒါကတော့ ကျနော်တို့ အတွေ့အကြုံရှိပါတယ်။ အဲဒါက ဆန္ဒစောလို့တော့မရဘူး။ ကျ နော်တို့ ၂၀၁၁ ခုနှစ် နှစ်ဦးပိုင်းပေါ့ ကျနော်တို့ ဖွဲ့ခဲ့တဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီဆိုတာရှိပါတယ်။ အဲဒီ ဖက်ဒရယ်ကောင်စီ ဖွဲ့ပြီးတဲ့ အချိန်မှာ ၂၀၁၂ ၊ ၂၀၁၃ မှာတော့ ဖက်ဒရယ် ကောင်စီရဲ့ နိုင်ငံရေး ဦးဆောင်မှု အောက်မှာ ဖက်ဒရယ် တပ်မတော်ဖွဲ့ရေးကို ကျနော်တို့ လုပ်ပါတယ်။ စီမံချက် လည်း ရေးကြပါတယ်။ ဒါကြောင့် ဖက်ဒရယ် တပ်မတော်လို့ ပြောရင် အတွေ့အကြုံမရှိတဲ့ အရပ်သားတွေ အနေနဲ့ ဆိုရင်တော့ ဖက်ဒရယ် တပ်မတော်ကို တစ်ဖက်က တပ်မတော်လို့ မြင်ကြတယ်။ တပ်မတော်ရဲ့ အထက် မှာ နိုင်ငံရေး ဦးဆောင်ရမယ့် ဖက်ဒရယ်ကောင်စီလို အစုအဖွဲ့မျိုးက ရှိဖို့လိုတယ်။ နိုင်ငံရေး ဦးဆောင်မှု မရှိတဲ့ လက်နက်ကိုင်ဟာ အင်မတန်ကြောက်စရာ ကောင်းတယ်။ နိုင်ငံရေး ဦးဆောင်မှု နိုင်ငံရေး ခံယူချက် နိုင်ငံရေး သဘောတရား နားမလည်တဲ့ လက်နက်ကိုင်ဟာ အင်မတန်ကြောက်စရာကောင်းတယ်။ ဒါကြောင့် နိုင်ငံရေး ဦး ဆောင်မှု ပေးနိုင်တဲ့ အစုအဖွဲ့၊ နိုင်ငံရေး အင်အားစု တပ်ပေါင်းစု အဲဒါမျိုးရှိတဲ့ အခါကျမှ အဲဒီနိုင်ငံရေး အင်အား စု တပ်ပေါင်းစု ဦးဆောင်မှုအောက်မှာ အမိန့်ပေးမှုအောက်မှာ ဖက်ဒရယ်တပ်မတော်ဟာ စုဖွဲ့လို့ရတယ်။ အလုပ် လုပ် လို့ ရတယ်။ အဲဒီသဘောပါ။ အဲဒါကြောင့် ကျနော်တို့က ဖက်ဒရယ် တပ်မတော်ပဲ ပြောတယ်။ ဖက်ဒရယ် ကောင် စီက ဘယ်မှာရှိသလဲ ဖက်ဒရယ်အင်အားစုက ဘယ်မှာရှိသလဲ အမိန့်ပေးမှာက ဘယ်သူလဲဆိုတဲ့ မေးခွန်း က ဖြစ်လာတယ်။ ဒါကြောင့် ကျနော်တို့က အဆင့်လိုက်ပေါ့ဗျာ ဖက်ဒရယ်ကောင်စီ ဖက်ဒရယ် နိုင်ငံရေး အင် အားစုပေါ် လာမှ ဖက်ဒရယ်တပ်မတော်က သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ရှိရမယ် အဲဒီအတိုင်း ကျနော်တို့ သွား သင့်တယ်လို့ ကျနော်တို့ အတွေ့အကြုံရှိခဲ့ပါတယ်။
*** ZAWGYI ***
အပစ္ရပ္ အဖြဲ႕မ်ားက CRPH ၏ ဖက္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္ကို ႀကိဳဆို
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၅ ရက္။
အပစ္ရပ္အဖြဲ႕မ်ား၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ PPST က ဖက္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္ (Federal Democracy Charter ) ေၾကညာခ်က္သည္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရး အတြက္ ႀကိဳးပမ္းမႈ တစ္ရပ္အျဖစ္ ႀကိဳဆိုလိုက္သည္။
ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စား ျပဳ ေကာ္မတီ CRPH ၏ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဖ်က္သိမ္းမႈကိုလည္း ႀကိဳဆိုလိုက္သည္။
ဧၿပီလ ၃ ရက္ေန႔မွ ၄ ရက္ေန႔အထိ ၂ ရက္တာျပဳလုပ္သည့္ PPST အစည္းအေဝးမွ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ ခ်မွတ္ခဲ့သည္ဟု ဆိုသည္။
လက္နက္မဲ့ ျပည္သူလူထုအား စစ္ေကာင္စီ၏ အၾကမ္းဖက္ သတ္ျဖတ္၊ ပစ္ခတ္ ႏွိမ္ နင္းမႈကို ခ်က္ျခင္းရပ္ တန႔္ရန္ႏွင့္ ဖမ္းဆီးထိန္းသိမ္းထားသူမ်ားအားလုံးကို ႁခြင္းခ်က္မရွိ အျမန္ဆုံး လႊတ္ေပးရန္ ေတာင္းဆိုထား သည့္အျပင္ ျပည္သူလူထုတစ္ရပ္လုံးက ဆင္ႏႊဲေနသည့္ ေႏြဦးေတာ္လွန္ေရး အပါအဝင္ CDM လူ ထုလႈပ္ရွား မႈမ်ားအား ဆက္လက္ပံ့ပိုးကူညီမည္ ဟု ဆိုသည္။
CRPH က ထုတ္ျပန္ထားသည့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ေၾကညာစာတမ္းကို ဘယ္အတိုင္းအတာအထိ လက္ခံႀကိဳဆိုပါသလဲ၊ CRPH က ဖြဲ႕စည္းမည့္ ဖက္ဒရယ္ တပ္မေတာ္ အေပၚ သေဘာထား၊ ေရွ႕ဆက္ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားႏွင့္ NCA အေပၚ အပစ္ရပ္အဖြဲ႕မ်ား၏ သေဘာထားမ်ားကို ပအို႔ဝ္ တိုင္းရင္းသား ေခါင္းေဆာင္ တစ္ဦးျဖစ္သူ ဗိုလ္မႉးႀကီး ခြန္ဥကၠာအား ဆက္သြယ္ေမးျမန္းရာမွာ အစည္းအေဝး သေဘာတူညီခ်က္မ်ားကို ယခုကဲ့သို႔ စတင္ေျပာၾကားသည္။
ဗိုလ္မႉးႀကီးခြန္ဥကၠာ – က်ေနာ္တို႔ PPST အစည္းအေဝးကေတာ့ တစ္ရက္ခြဲ ႏွစ္ရက္ေပါ့ ဒီမွာက်ေနာ္တို႔ ညီညီ ၫႊတ္ၫႊတ္နဲ႔ သဘာထားခ်မွတ္ႏိုင္တယ္လို႔ က်ေနာ္တို႔ ေျပာႏိုင္ပါတယ္။ ကြာဟခ်က္ေတြ ရွိေနေပမယ့္လည္း ဘုံ သေဘာထား ၅ ခ်က္ကို ညီၫႊတ္ပါတယ္။
ေမး – ဘယ္လိုအခ်က္ေတြပါသလဲ။ ဘယ္လိုအေနအထားေတြေၾကာင့္ အဲဒီ ဘုံသေဘာထား ၅ ခ်က္ကို ခ် မွတ္ခဲ့ၾကတာလဲ။
ဗိုလ္မႉးႀကီးခြန္ဥကၠာ – အဲဒါကေတာ့ အေျခအေနအေပၚမွာ မူတည္ပါတယ္။ အေျခအေနက က်ေနာ္တို႔ မတင္ မက်လုပ္ရမယ့္ အေျခအေနေတြ မ်ားတယ္ေလ ဒီလူေတြ ေသေၾကေနတာနဲ႔ ေနာက္ၿပီးေတာ့ က်ေနာ္တို႔က ေတာ့ ဖမ္းဆီးထား တဲ့ လူေတြျပန္လႊတ္ဖို႔ကေတာ့ ဒါကၾကာၿပီ က်ေနာ္တို႔ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းက က်ေနာ္တို႔ ေတာင္းေနၾက ေတာင္းဆိုေနတဲ့ အခ်က္ပဲေလ ဒါေတြက အဲဒီမွာ နည္းနည္းေလး ထပ္တိုးလာတာက CRPH နဲ႔ ပတ္သက္ၿပီးတဲ့ သတင္းေပါ့။ CRPH က ထုတ္ျပန္လိုက္တဲ့ ကိစၥေတြမွာ က်ေနာ္တို႔ အေနနဲ႔ ႀကိဳဆိုသင့္ တာကို ႀကိဳဆိုတယ္။ ေထာက္ခံသင့္တာကို ေထာက္ခံတာေပါ့ဗ်ား။အဲသေဘာေလးပါပဲ အဲဒီမွာေတာ့ တူၾကပါ တယ္။
ေမး – CRPH ရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံကို ဖ်က္သိမ္းတာနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္စာတမ္း ေၾကညာ လိုက္တာ ကို ႀကိဳဆိုေထာက္ခံတယ္ဆိုေတာ့ အဲဒီအေနအထားကေန တကယ္ပဲ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု ကို ရရွိလာေတာ့မွာလား။ အပစ္ရပ္အဖြဲ႕ ေတြရဲ႕ အျမင္သေဘာထားက ဘယ္လိုရွိေနသလဲ။
ဗိုလ္မႉးႀကီးခြန္ဥကၠာ – က်ေနာ္တို႔ကေတာ့ အဲဒီစာခ်ဳပ္ကိုေတာ့ က်ေနာ္တို႔က ႀကိဳဆို႐ုံပဲ ႀကိဳးပမ္းမႈအေနနဲ႔ ႀကိဳ ဆိုတာေပါ့။ CPRH က ႀကိဳးပမ္းတယ္ဆိုတဲ့ ဟာကို အသိအမွတ္ျပဳၿပီးေတာ့ ႀကိဳဆိုတာေပါ့ စာခ်ဳပ္ထဲမွာ ပဋိ ညာဥ္ထဲမွာပါတဲ့ အခ်က္အလက္ေတြက က်ေနာ္တို႔ ဖတ္ရအုံးမယ္ခင္ဗ်ား။ အျပန္အလွန္ေဆြးေႏြးရအုံးမယ္ ဆို ေတာ့ အဲဒါကိုေတာ့ က်ေနာ္တို႔ အဲဒီ ခ်ာတာထဲမွာပါတဲ့ ကိစၥေတြကိုေတာ့ ေထာက္ခံတာတို႔ လက္ခံတာတို႔ က် ေနာ္တို႔ မလုပ္ေသးပါဘူး။ အဲဒီခ်ာတာကို ႀကိဳးစားပမ္းစား ထုတ္ေပးတယ္ဆိုတာကိုေတာ့ က်ေနာ္တို႔က ႀကိဳဆို တာေပါ့ေနာ။ ခ်ာတာပါ အေၾကာင္းအရာ အားလုံးကိုေတာ့ လက္ခံအတည္ျပဳတယ္ဆိုတာကိုေတာ့ မဟုတ္ေသး ဘူး။ မရွိေသးဘူး။ အဲဒါပဲ အဓိကက အဲဒါ။
ေမး – ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ဖ်က္သိမ္းလိုက္ၿပီဆိုေတာ့ လာမယ့္ ႏိုင္ငံေရး ျဖစ္စဥ္ေတြမွာ ေရွ႕လုပ္ငန္း စဥ္ေတြမွာ ဘယ္လို အက်ိဳးသက္ေရာက္မႈေတြ ရွိလာႏိုင္သလဲ။
ဗိုလ္မႉးႀကီးခြန္ဥကၠာ – ၂ မ်ိဳးစလုံးက ျဖစ္ႏိုင္ပါတယ္။ အကယ္၍ CRPH အေနနဲ႔ သူ ၂၀၀၈ ကိုဖ်က္သိမ္းတယ္လို႔ သူေၾကညာတာကေတာ့ သူ႔ဖက္ကကိုဗ်ာေနာ။ ဘာေၾကာင့္လဲဆိုေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံက စစ္ေကာင္စီဖက္က ေတာ့ ဒီဖြဲ႕စည္းပုံနဲ႔အညီ အေရးေပၚအေျခအေနေၾကညာၿပီးေတာ့ အာဏာလႊဲေျပာင္းရယူတယ္လို႔ ေျပာထား တယ္ဆိုေတာ့ ၂၀၀၈ ဖြဲ႕စည္းပုံနဲ႔ ကိုင္စြဲၿပီးေတာ့ လုပ္ေဆာင္ေနတဲ့ စစ္ေကာင္စီက တစ္ဖက္ရွိသလို ၂၀၀၈ ဖြဲ႕ စည္းပုံ ဖ်က္သိမ္းတဲ့ CRPH က တစ္ဖက္ျဖစ္ေနတာကိုးေနာ္။ အဲဒီၾကားထဲမွာ ျဖစ္ေနတာေပါ့ ေလာေလာ ဆယ္ဆယ္ အေျခအေနက ဒါေၾကာင့္ ျပည္တြင္းမွာ ဒီတရားဝင္ အေျခခံ ဥပေဒက ရွိေနလား မရွိဘူးလားဆိုတဲ့ ေမးခြန္းက က်ေနာ္တို႔ ေျဖဖို႔ခက္သြားတာေပါ့။ ေလာေလာဆယ္ ႏိုင္ငံေရး မိုးေလဝသက ရွင္းရွင္းလင္းလင္း မျဖစ္ေသးတဲ့ အေျခအေနျဖစ္ေနတာကိုး။ အဲ့ဒါေၾကာင့္ပါ။ အဲဒါေၾကာင့္ က်ေနာ္တို႔က အဲဒီ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ၂၀၀၈ ကို ဖ်က္သိမ္းတာကေတာ့ က်ေနာ္တို႔ ကိုယ္တိုင္လည္း အစကတည္းက ၂၀၀၈ ကိုႀကိဳက္တာမွ မဟုတ္ပဲ ျပင္ဆင္ရမယ္ ႐ုတ္သိမ္းရမယ္ က်ေနာ္တို႔ အသစ္ေရးရမယ္လို႔ က်ေနာ္တို႔ ေျပာေနေတာ့ ဖ်က္သိမ္း တယ္ ေၾကညာတဲ့ကိစၥကိုေတာ့ က်ေနာ္တို႔က ႀကိဳဆိုေထာက္ခံတာေပါ့။ ဒါေပမယ့္ အသစ္က ဘယ္လိုလဲ ဘယ္ လိုပုံစံနဲ႔ တိုင္းျပည္ အနာဂတ္ရဲ႕ ဖြဲ႕စည္းပုံက ဘယ္လိုပုံစံမ်ိဳးလာမလဲ ဆိုတာ က်ေနာ္တို႔ ဆက္လက္ေဆြးေႏြး ရမွာေပါ့ဗ်ာ။
ေမး – ၿပီးခဲ့တဲ့ ရက္ပိုင္းက မူေၾတာ္ခ႐ိုင္ထဲကို စစ္ေကာင္စီက ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္တာနဲ႔ ပတ္သက္ၿပီး ေတာ့ KNU/KNLA တပ္မဟာ ၅ က ထုတ္ျပန္ထားတာရွိတယ္။ အဲဒီထုတ္ျပန္ခ်က္ကို CRPH က ႀကိဳဆိုတယ္ ၿပီးေတာ့ NCA ဟာ အသက္မဝင္ေတာ့ဘူးလို႔ ထည့္သြင္းေျပာဆိုထားတာေတြ႕ရတယ္။ NCA နဲ႔ ပတ္သက္ၿပီး အပစ္ရပ္ အဖြဲ႕ေတြရဲ႕ သေဘာထားကေရာ ဘယ္လိုရွိေနပါသလဲ။
ဗိုလ္မႉးႀကီးခြန္ဥကၠာ – NCA စာခ်ဳပ္နဲ႔ ပတ္သက္တာကေတာ့ က်ေနာ္တို႔ မေျပာေသးဘူးဗ်ာ။ ဘာေၾကာင့္လဲ ဆို ေတာ့ NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးတဲ့အတြက္ က်ေနာ္တို႔ ၁၀ ဖြဲ႕က တရားဝင္မႈရလာတယ္ ျပည္တြင္းမွာ မတရားအသင္းကလည္း ဖ်က္သိမ္းျခင္းခံရတယ္။ ၿပီးေတာ့ အၾကမ္းဖက္အဖြဲ႕အစည္းကလည္း ဖ်က္သိမ္းျခင္း ခံရတယ္။ က်ေနာ္တို႔ က ေစ့စပ္ေဆြးေႏြးေရးေပါ့ ႏိုင္ငံေရး ေဆြးေႏြးပြဲမွာ တရားဝင္ ပါဝင္ခြင့္ရွိတဲ့ က်ေနာ္တို႔ Legitimacy ေပါ့ဗ်ာ။ တရားဝင္မႈရွိေသာ အဖြဲ႕အစည္းေတြ ျဖစ္လာတယ္။ တရားဝင္မႈ ရွိတဲ့ အဖြဲ႕အစည္းေတြ အေနအထားကေနၿပီးေတာ့ က်ေနာ္တို႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္တာကိုး။ ေဆာင္႐ြက္ရင္း နဲ႔ အခုၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြက ယာယီ ရပ္တန႔္သြားတဲ့ အခါက်ေတာ့ ႏိုင္ငံေရး ေဆြးေႏြးပြဲေတြကိုေတာ့ က်ေနာ္တို႔က ဆက္မလုပ္ဘူး။ သို႔ေသာ္ အပစ္ခတ္ရပ္စဲေရး စာခ်ဳပ္ကတိကဝတ္ကိုေတာ့ က်ေနာ္တို႔က ဆက္ လက္ကိုင္စြဲမယ္ ဆက္လက္ေစာင့္ ထိန္းမယ္ဆိုၿပီးေတာ့ က်ေနာ္တို႔က သတ္မွတ္ထားတယ္။ ဒါေၾကာင့္ NCA စာ ခ်ဳပ္ကေတာ့ က်ေနာ္တို႔ စာခ်ဳပ္မွာ ပါဝင္ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ေတြဖက္ကေတာ့ ႐ုတ္သိမ္းတယ္။ ဖ်က္သိမ္းတယ္ဆိုတာေတာ့ မရွိဘူးဗ်ာ။ အဲဒါေတာ့ မရွိဘူး။
ေမး – ဒီလိုဆိုရင္ ေရွ႕ဆက္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြ ဘယ္လိုလုပ္ေဆာင္သြားဖို႔ရွိသလဲ။
ဗိုလ္မႉးႀကီးခြန္ဥကၠာ – ေရွ႕ဆက္အေျခအေနက ျဖစ္ေပၚလာတဲ့ အေျခအေနကေတာ့ ျမန္ျမန္လုပ္ရမွာနဲ႔ ေရ ရွည္လုပ္ရမွာေပါ့ဗ်ာ။ ျမန္ျမန္လုပ္ရမွာကေတာ့ အခုသတ္ေနျဖတ္ေန လိုက္ၿပီးေတာ့ ပစ္ခတ္သတ္ျဖတ္ ေန တယ္ ဖမ္းဆီး ႐ိုက္သတ္ေနတယ္။ လူေတြကို ဆႏၵျပတာ မျပတာ တစ္ပိုင္းထား ေနာက္ ဒီလိုအႏိုင္က်င့္ လက္ နက္နဲ႔ လက္နက္မရွိတဲ့ လူကို လက္နက္နဲ႔ လိုက္ၿပီးေတာ့ ပစ္ခတ္သတ္ျဖတ္ေနတာေတြကိုေတာ့ က်ေနာ္တို႔ က ေတာ့ လက္မခံႏိုင္ဘူးေပါ့။ ဒါကို အျမန္ဆုံးေလွ်ာ့နည္းေအာင္လုပ္ဖို႔ေတာ့ လက္ရွိ စစ္ေကာင္စီနဲ႔ သူတပ္ေတြကို ေတာ့ ေတာင္းဆိုရမွာေပါ့။ ဒါကေတာ့ က်ေနာ္တို႔ လက္မခံႏိုင္ဘူး မလုပ္ပါနဲ႔ အဲဒီေနာက္ဆက္တြဲမွာမွ ဘယ္လို စကားေျပာရမလဲ ဘယ္လိုၾကားဝင္ေစ့စပ္ရမလား။ သို႔တည္းမဟုတ္ တ႐ုတ္က အႀကံေပးတဲ့အတိုင္းပဲ က်ေနာ္ တို႔ ဖက္ေပါင္းစုံပါဝင္တဲ့ ျမန္မာျပည္အေရးမွာ ဖက္ေပါင္းစုံ ပါဝင္တဲ့ Stakeholder ေတြ အားလုံးပါတဲ့ ျပႆနာ ေျဖရွင္းတဲ့ ညႇိႏႈိင္းပြဲမ်ားရွိမလားေပါ့။ အဲဒါကိုေတာ့ က်ေနာ္တို႔ ေစာင့္ၾကည့္ရမွာေပါ့။
ေမး – CRPH က မၾကာခင္ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရဖြဲ႕မယ္လို႔ ေျပာထားတာရွိတယ္။ ၿပီးေတာ့ တစ္ဖက္မွာ လည္း ဖက္ဒရယ္ တပ္မေတာ္ကို ဖြဲ႕မယ္ဆိုၿပီးေတာ့ ေျပာဆိုသံေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚလာတာ ေတြ ရွိတယ္။ အဲဒီေပၚမွာ အပစ္ရပ္အဖြဲ႕ေတြရဲ႕ သေဘာထားက ဘယ္လိုရွိသလဲ။
ဗိုလ္မႉးႀကီးခြန္ဥကၠာ – အဲဒါကေတာ့ က်ေနာ္တို႔ အေတြ႕အႀကဳံရွိပါတယ္။ အဲဒါက ဆႏၵေစာလို႔ေတာ့မရဘူး။ က် ေနာ္တို႔ ၂၀၁၁ ခုႏွစ္ ႏွစ္ဦးပိုင္းေပါ့ က်ေနာ္တို႔ ဖြဲ႕ခဲ့တဲ့ ညီၫႊတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား ဖက္ဒရယ္ ေကာင္စီဆိုတာရွိပါတယ္။ အဲဒီ ဖက္ဒရယ္ေကာင္စီ ဖြဲ႕ၿပီးတဲ့ အခ်ိန္မွာ ၂၀၁၂ ၊ ၂၀၁၃ မွာေတာ့ ဖက္ဒရယ္ ေကာင္စီရဲ႕ ႏိုင္ငံေရး ဦးေဆာင္မႈ ေအာက္မွာ ဖက္ဒရယ္ တပ္မေတာ္ဖြဲ႕ေရးကို က်ေနာ္တို႔ လုပ္ပါတယ္။ စီမံခ်က္ လည္း ေရးၾကပါတယ္။ ဒါေၾကာင့္ ဖက္ဒရယ္ တပ္မေတာ္လို႔ ေျပာရင္ အေတြ႕အႀကဳံမရွိတဲ့ အရပ္သားေတြ အေနနဲ႔ ဆိုရင္ေတာ့ ဖက္ဒရယ္ တပ္မေတာ္ကို တစ္ဖက္က တပ္မေတာ္လို႔ ျမင္ၾကတယ္။ တပ္မေတာ္ရဲ႕ အထက္ မွာ ႏိုင္ငံေရး ဦးေဆာင္ရမယ့္ ဖက္ဒရယ္ေကာင္စီလို အစုအဖြဲ႕မ်ိဳးက ရွိဖို႔လိုတယ္။ ႏိုင္ငံေရး ဦးေဆာင္မႈ မရွိတဲ့ လက္နက္ကိုင္ဟာ အင္မတန္ေၾကာက္စရာ ေကာင္းတယ္။ ႏိုင္ငံေရး ဦးေဆာင္မႈ ႏိုင္ငံေရး ခံယူခ်က္ ႏိုင္ငံေရး သေဘာတရား နားမလည္တဲ့ လက္နက္ကိုင္ဟာ အင္မတန္ေၾကာက္စရာေကာင္းတယ္။ ဒါေၾကာင့္ ႏိုင္ငံေရး ဦး ေဆာင္မႈ ေပးႏိုင္တဲ့ အစုအဖြဲ႕၊ ႏိုင္ငံေရး အင္အားစု တပ္ေပါင္းစု အဲဒါမ်ိဳးရွိတဲ့ အခါက်မွ အဲဒီႏိုင္ငံေရး အင္အား စု တပ္ေပါင္းစု ဦးေဆာင္မႈေအာက္မွာ အမိန႔္ေပးမႈေအာက္မွာ ဖက္ဒရယ္တပ္မေတာ္ဟာ စုဖြဲ႕လို႔ရတယ္။ အလုပ္ လုပ္ လို႔ ရတယ္။ အဲဒီသေဘာပါ။ အဲဒါေၾကာင့္ က်ေနာ္တို႔က ဖက္ဒရယ္ တပ္မေတာ္ပဲ ေျပာတယ္။ ဖက္ဒရယ္ ေကာင္ စီက ဘယ္မွာရွိသလဲ ဖက္ဒရယ္အင္အားစုက ဘယ္မွာရွိသလဲ အမိန႔္ေပးမွာက ဘယ္သူလဲဆိုတဲ့ ေမးခြန္း က ျဖစ္လာတယ္။ ဒါေၾကာင့္ က်ေနာ္တို႔က အဆင့္လိုက္ေပါ့ဗ်ာ ဖက္ဒရယ္ေကာင္စီ ဖက္ဒရယ္ ႏိုင္ငံေရး အင္ အားစုေပၚ လာမွ ဖက္ဒရယ္တပ္မေတာ္က သူ႔ရဲ႕ ဦးေဆာင္မႈေအာက္မွာ ရွိရမယ္ အဲဒီအတိုင္း က်ေနာ္တို႔ သြား သင့္တယ္လို႔ က်ေနာ္တို႔ အေတြ႕အႀကဳံရွိခဲ့ပါတယ္။