ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲနိုင်ရန် တိုင်းရင်းသား ခေါင်းဆောင်အချို့ မျှော်လင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာ စာတမ်းမှတစ်ဆင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ရန် မျှော်လင့်ကြောင်း တိုင်းရင်း သား ခေါင်းဆောင်အချို့က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က CRPH ၏ ဖက်ဒရယ် ပဋိညာဉ်ကြေညာစာတမ်း ထုတ်ပြန်ချက်ကို ကြိုဆို ကြောင်းနှင့် အဆိုပါ ကြေညာစာတမ်းမှ တစ်ဆင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲနိုင်ရန် မျှော်လင့် သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌ ဦးသံခဲ က ပြောသည်။
၎င်းက “ဒီကြိုးပမ်းမှုကလည်း အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုအတွက် လမ်းညွှန်ချက် တစ် နည်းအားဖြင့်ပြောရင် အခြေခံရမယ့်မူတွေ နောက်တစ်ခုကတော့ နိုင်ငံရေးဆိုင်ရာ လမ်းပြမြေပုံတွေပါ နေ တယ်။ ဒါကြောင့် ဒီအတိုင်းသာ အတူတကွ အလုပ်လုပ်နိုင်ကြမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံအတွက် အများ ကြီး ကျနော်တို့ ခုနကပြောသလို တိုးတက်အောင်မြင်မှုတွေ ရှိနိုင်တယ်။ ကျနော်တို့ လိုလားတဲ့ ဒီမိုကရေစီ စံ ချိန်စံညွှန်းတွေ ဖက်ဒရယ်စံ ချိန်စံညွှန်းတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကျနော်တို့ လိုအပ်နေတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ်ခုကိုလည်း အတူတကွ ရေးဆွဲနိုင်မယ့် အခြေအနေတွေကို ဖြစ်လာနိုင်မယ် လို့ ကျနော်မျှော်လင့် ပါတယ်ဗျာ” ဟု ပြောသည်။
ဖက်ဒရယ်ရေးရာနှင့် ပေါ်လစီစင်တာ၏ ဒါရိုက်တာ နိုင်ဗညားမွန်ကလည်း “အခုကြေညာစာတမ်းက ကျနော်နား လည်မှုအရ ပြောရရင်တော့ ကျနော်တို့ အားလုံးရဲ့ အခြေခံ သဘောတူညီ ချက်ပေါ့၊ အခြေခံမူလို့ ပြောလို့ရ တယ်ပေါ့နော။ ဒီအခြေခံမူအပေါ်မှာ မူတည်ပြီးတော့ ဒီအခြေခံ သဘောတူချက်မှာ အခြေခံပြီးတော့ ရှေ့ဆက် ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများကြီးရှိပါသေးတယ်။ ဆိုတော့ တစ်အချက်က ကြေညာလိုက်တဲ့ ပဋိညာဉ် စာတမ်းပေါ်မှာ အခြေခံပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်တဲ့အခါ ကျတော့ ဖက်ဒ ရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံဥပဒေကို ကျနော်တို့ ဆက်လက် ပြီးတော့ ရေးဆွဲပြဌာန်းရအုံးမှာ ဖြစ်ပါ တယ်။ နောက်တစ်ချက်က ယနေ့ကာလမှာ ဒီဖက်ဒရယ် ပြည်ထောင်စု ကို သွားနိုင်ဖို့အတွက်ပေါ့ ယနေ့ကာလ မှာ ကျတော့ ဒီယနေ့သွားနေတဲ့ လူထု တိုက်ပွဲ လူထု တော်လှန်ရေးကိုလည်း အောင်မြင်အောင် ဘယ်လို လုပ် ဆောင်ရမလဲ ဆိုတဲ့အပိုင်းတွေလည်း အများကြီး မူတည်လိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီ ၂ ချက်ကို ကျနော် တို့က ဆက်လက်လုပ်ဆောင်ဖို့ လိုလိမ့်မယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။
CRPH ၏ ဖက်ဒရယ် ဒီမိုကရေစိ ပဋိညာဉ် ကြေညာစာတမ်းကို နိုင်ငံရေးပါတီများ၊ လူငယ်များ၊ အမျိုးသမီးများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ သပိတ်တိုက်ပွဲတွင် ပါဝင်နေသူများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန် ရေး အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများက ပါဝင်ရေးဆွဲထားသည့် စာတမ်းဖြစ်သည်ဟု သိရသည်။
CRPH ၏ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာစာတမ်းအပေါ် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့များ၏ သဘောထားနှင့် ပတ်သက်၍ ပအို့ဝ်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပဋိညာဉ်ကို ကြိုဆိုသော်လည်း လက်ခံအတည်ပြုတာမျိုး မဟုတ်သေးကြောင်း ပြောသည်။
“ကျနော်တို့ကတော့ အဲဒီစာချုပ်ကိုတော့ ကျနော်တို့က ကြိုဆိုရုံပဲ ကြိုးပမ်းမှုအနေနဲ့ ကြိုဆိုတာပေါ့။ CPRH က ကြိုးပမ်းတယ်ဆိုတဲ့ ဟာကို အသိအမှတ်ပြုပြီးတော့ ကြိုဆိုတာပေါ့ စာချုပ်ထဲမှာ ပဋိညာဉ်ထဲမှာ ပါတဲ့ အချက် အလက်တွေက ကျနော်တို့ ဖတ်ရအုံးမယ်ခင်ဗျာ။ အပြန်အလှန်ဆွေးနွေးရအုံးမယ် ဆိုတော့ အဲဒါကိုတော့ ကျ နော်တို့ အဲဒီ ချာတာထဲမှာပါတဲ့ ကိစ္စတွေကိုတော့ ထောက်ခံတာတို့ လက်ခံတာတို့ ကျနော်တို့ မလုပ်သေးပါဘူး။ အဲဒီချာတာကို ကြိုးစားပမ်းစား ထုတ်ပေးတယ်ဆိုတာကိုတော့ ကျနော်တို့က ကြိုဆိုတာပေါ့နော်။ ချာတာပါ အကြောင်းအရာ အားလုံးကိုတော့ လက်ခံအတည်ပြုတယ်ဆိုတာကိုတော့ မဟုတ်သေးဘူး။ မရှိသေးဘူး” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
CRPH ၏ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေညာစာတမ်းတွင် ပါရှိသည့် အချို့အချက်အလက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒကို အခြေခံ၍ ဖြစ်လာသည်ကို တွေ့ရှိရသည့်အတွက် သက်ဆိုင်ရာ အင်အားစုများနှင့် ပြန်လည် ဆွေးနွေးညှိနှိုင်းသည့် လမ်းကြောင်းမှတစ်ဆင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲသွားရန် ကယားဒီမိုကရက်တစ်ပါတီ KySDP အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က တိုက်တွန်းသည်။
“ဒီ ပဋိညာဉ်တစ်ခုနဲ့ ပတ်သက်ပြီးတော့မှ ဒါနောက်ဆက်တွဲ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေပေါ့ နော်။ ဥပမာ ဒီ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ဟာတွေ နောက်ဖက်ဒရယ်မူနဲ့ ပတ်သက်တဲ့ကိစ္စ အတွက်လည်း ပြန်လည်ဖိတ် ခေါ်ပြီးတော့မှ အားလုံးပါဝင်ဆွေးနွေးရေး ဆွဲတဲ့ဟာမျိုးတွေ လုပ်ရင်တော့ ပိုကောင်းမယ်လို့ ကျနော်ယူဆပါ တယ်။ ဒီအချိန်မှာကတော့ ဒါ ပြောရမယ်ဆိုလို့ရှိရင် ဒီအချိန်တိုကာလ တစ်ခုကို ဖြတ်သန်းပြီးတော့မှပဲ ဒီပဋိ ညာဉ်စာချုပ်လို့ ပြောရမှာပေါ့နော် ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ချာတာတွေကို ရေးဆွဲကြတာ ဖြစ်တဲ့အတွက် တစ်ချို့တော့ လိုအပ်ချက်တွေ ရှိအုံးမှာပဲ။ ဆိုတော့ တစ်ချို့ကိစ္စတွေ ဆိုလို့ရှိရင်တော့ ကျနော်တို့ လေ့လာ သိရ သလောက်ဆိုရင် ၂၀၀၈ မှာ ပေးထားချက် တစ်ချို့လည်း ပါလာသေးတဲ့ အခါကျတော့ ဒါမျိုးတွေကလည်း မ ဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ကျနော်တို့ ကတော့ သုံးသပ်မိတယ်။ ပြောရမယ်ဆိုလို့ရှိရင် ဖက်ဒရယ် စနစ်တစ်ခု ကို ပိုပြီးတော့မှ ပုံဖော်လာနိုင်တဲ့ လမ်းကြောင်း ကိုတော့ စဉ်းစာဖို့လိုမယ်လို့ ကျနော်တို့ ကတော့ အဲလိုသုံးသပ်မိ ပါတယ်။”
ပြီးခဲသည့် မတ်လ ၃၁ ရက်နေ့က CRPH မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းကြောင်း ကြေ ညာခဲ့သည့်အပြင် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြောညာစာတမ်းကိုပါ ထုတ်ပြန်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းကြောင်း CRPH ၏ ထုတ်ပြန်ပြောဆိုမှုများကို နိုင်ငံရေးပါတီများ၊ လက် နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူတစ်ရပ်လုံးက ထောက်ခံ ကြိုဆိုခဲ့ ကြသည်ဟု သိရသည်။
သို့သော် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Federal Democracy Charter ) စာတမ်းပါ ကြားကာလဆိုင်ရာ အချက် အလက်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံကာ ရေးဆွဲထားသည့် စာတမ်းအဖြစ် ဝေဖန် ပြောဆိုမှုများ ရှိနေသည်ဟု သိရသည်။
*** ZAWGYI ***
ဖက္ဒရယ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ ေရးဆြဲႏိုင္ရန္ တိုင္းရင္းသား ေခါင္းေဆာင္အခ်ိဳ႕ ေမွ်ာ္လင့္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၆ ရက္။
ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က ထုတ္ျပန္ထားသည့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ ေၾကညာ စာတမ္းမွတစ္ဆင့္ ဖက္ဒရယ္ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ေရးဆြဲႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း တိုင္းရင္း သား ေခါင္းေဆာင္အခ်ိဳ႕က ေျပာသည္။
ၿပီးခဲ့သည့္ မတ္လ ၃၁ ရက္ေန႔က CRPH ၏ ဖက္ဒရယ္ ပဋိညာဥ္ေၾကညာစာတမ္း ထုတ္ျပန္ခ်က္ကို ႀကိဳဆို ေၾကာင္းႏွင့္ အဆိုပါ ေၾကညာစာတမ္းမွ တစ္ဆင့္ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ေရးဆြဲႏိုင္ရန္ ေမွ်ာ္လင့္ သည္ဟု ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္ တပ္ဦး ABSDF ဥကၠ႒ ဦးသံခဲ က ေျပာသည္။
၎က “ဒီႀကိဳးပမ္းမႈကလည္း အနာဂတ္ ဖက္ဒရယ္ ဒီမိုကရက္တစ္ ျပည္ေထာင္စုအတြက္ လမ္းၫႊန္ခ်က္ တစ္ နည္းအားျဖင့္ေျပာရင္ အေျခခံရမယ့္မူေတြ ေနာက္တစ္ခုကေတာ့ ႏိုင္ငံေရးဆိုင္ရာ လမ္းျပေျမပုံေတြပါ ေန တယ္။ ဒါေၾကာင့္ ဒီအတိုင္းသာ အတူတကြ အလုပ္လုပ္ႏိုင္ၾကမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ႏိုင္ငံအတြက္ အမ်ား ႀကီး က်ေနာ္တို႔ ခုနကေျပာသလို တိုးတက္ေအာင္ျမင္မႈေတြ ရွိႏိုင္တယ္။ က်ေနာ္တို႔ လိုလားတဲ့ ဒီမိုကေရစီ စံ ခ်ိန္စံၫႊန္းေတြ ဖက္ဒရယ္စံ ခ်ိန္စံၫႊန္းေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ က်ေနာ္တို႔ လိုအပ္ေနတဲ့ ဖြဲ႕ စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ တစ္ခုကိုလည္း အတူတကြ ေရးဆြဲႏိုင္မယ့္ အေျခအေနေတြကို ျဖစ္လာႏိုင္မယ္ လို႔ က်ေနာ္ေမွ်ာ္လင့္ ပါတယ္ဗ်ာ” ဟု ေျပာသည္။
ဖက္ဒရယ္ေရးရာႏွင့္ ေပၚလစီစင္တာ၏ ဒါ႐ိုက္တာ ႏိုင္ဗညားမြန္ကလည္း “အခုေၾကညာစာတမ္းက က်ေနာ္နား လည္မႈအရ ေျပာရရင္ေတာ့ က်ေနာ္တို႔ အားလုံးရဲ႕ အေျခခံ သေဘာတူညီ ခ်က္ေပါ့၊ အေျခခံမူလို႔ ေျပာလို႔ရ တယ္ေပါ့ေနာ။ ဒီအေျခခံမူအေပၚမွာ မူတည္ၿပီးေတာ့ ဒီအေျခခံ သေဘာတူခ်က္မွာ အေျခခံၿပီးေတာ့ ေရွ႕ဆက္ ၿပီးေတာ့ လုပ္ေဆာင္ရမယ့္ လုပ္ငန္းေတြ အမ်ားႀကီးရွိပါေသးတယ္။ ဆိုေတာ့ တစ္အခ်က္က ေၾကညာလိုက္တဲ့ ပဋိညာဥ္ စာတမ္းေပၚမွာ အေျခခံၿပီးေတာ့ ၂၀၀၈ အေျခခံဥပေဒကို ဖ်က္သိမ္းလိုက္တဲ့အခါ က်ေတာ့ ဖက္ဒ ရယ္ျပည္ေထာင္စုဆိုင္ရာ အေျခခံဥပေဒကို က်ေနာ္တို႔ ဆက္လက္ ၿပီးေတာ့ ေရးဆြဲျပဌာန္းရအုံးမွာ ျဖစ္ပါ တယ္။ ေနာက္တစ္ခ်က္က ယေန႔ကာလမွာ ဒီဖက္ဒရယ္ ျပည္ေထာင္စု ကို သြားႏိုင္ဖို႔အတြက္ေပါ့ ယေန႔ကာလ မွာ က်ေတာ့ ဒီယေန႔သြားေနတဲ့ လူထု တိုက္ပြဲ လူထု ေတာ္လွန္ေရးကိုလည္း ေအာင္ျမင္ေအာင္ ဘယ္လို လုပ္ ေဆာင္ရမလဲ ဆိုတဲ့အပိုင္းေတြလည္း အမ်ားႀကီး မူတည္လိမ့္မယ္ထင္ပါတယ္။ ဒါေၾကာင့္ ဒီ ၂ ခ်က္ကို က်ေနာ္ တို႔က ဆက္လက္လုပ္ေဆာင္ဖို႔ လိုလိမ့္မယ္လို႔ က်ေနာ္ျမင္ပါတယ္” ဟု ေျပာသည္။
CRPH ၏ ဖက္ဒရယ္ ဒီမိုကေရစိ ပဋိညာဥ္ ေၾကညာစာတမ္းကို ႏိုင္ငံေရးပါတီမ်ား၊ လူငယ္မ်ား၊ အမ်ိဳးသမီးမ်ား၊ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူမ်ား၊ သပိတ္တိုက္ပြဲတြင္ ပါဝင္ေနသူမ်ား၊ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ ေရး အဖြဲ႕အစည္းအခ်ိဳ႕မွ တာဝန္ရွိသူမ်ားက ပါဝင္ေရးဆြဲထားသည့္ စာတမ္းျဖစ္သည္ဟု သိရသည္။
CRPH ၏ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ ေၾကညာစာတမ္းအေပၚ အပစ္ရပ္ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္ လွန္ေရးအဖြဲ႕မ်ား၏ သေဘာထားႏွင့္ ပတ္သက္၍ ပအို႔ဝ္တိုင္းရင္းသား ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဗိုလ္မႉးႀကီး ခြန္ဥကၠာက ပဋိညာဥ္ကို ႀကိဳဆိုေသာ္လည္း လက္ခံအတည္ျပဳတာမ်ိဳး မဟုတ္ေသးေၾကာင္း ေျပာသည္။
“က်ေနာ္တို႔ကေတာ့ အဲဒီစာခ်ဳပ္ကိုေတာ့ က်ေနာ္တို႔က ႀကိဳဆို႐ုံပဲ ႀကိဳးပမ္းမႈအေနနဲ႔ ႀကိဳဆိုတာေပါ့။ CPRH က ႀကိဳးပမ္းတယ္ဆိုတဲ့ ဟာကို အသိအမွတ္ျပဳၿပီးေတာ့ ႀကိဳဆိုတာေပါ့ စာခ်ဳပ္ထဲမွာ ပဋိညာဥ္ထဲမွာ ပါတဲ့ အခ်က္ အလက္ေတြက က်ေနာ္တို႔ ဖတ္ရအုံးမယ္ခင္ဗ်ာ။ အျပန္အလွန္ေဆြးေႏြးရအုံးမယ္ ဆိုေတာ့ အဲဒါကိုေတာ့ က် ေနာ္တို႔ အဲဒီ ခ်ာတာထဲမွာပါတဲ့ ကိစၥေတြကိုေတာ့ ေထာက္ခံတာတို႔ လက္ခံတာတို႔ က်ေနာ္တို႔ မလုပ္ေသးပါဘူး။ အဲဒီခ်ာတာကို ႀကိဳးစားပမ္းစား ထုတ္ေပးတယ္ဆိုတာကိုေတာ့ က်ေနာ္တို႔က ႀကိဳဆိုတာေပါ့ေနာ္။ ခ်ာတာပါ အေၾကာင္းအရာ အားလုံးကိုေတာ့ လက္ခံအတည္ျပဳတယ္ဆိုတာကိုေတာ့ မဟုတ္ေသးဘူး။ မရွိေသးဘူး” ဟု ဗိုလ္မႉးႀကီး ခြန္ဥကၠာ က ေျပာသည္။
CRPH ၏ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ေၾကညာစာတမ္းတြင္ ပါရွိသည့္ အခ်ိဳ႕အခ်က္အလက္မ်ားသည္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥေပဒကို အေျခခံ၍ ျဖစ္လာသည္ကို ေတြ႕ရွိရသည့္အတြက္ သက္ဆိုင္ရာ အင္အားစုမ်ားႏွင့္ ျပန္လည္ ေဆြးေႏြးညႇိႏႈိင္းသည့္ လမ္းေၾကာင္းမွတစ္ဆင့္ ဖက္ဒရယ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို ေရးဆြဲသြားရန္ ကယားဒီမိုကရက္တစ္ပါတီ KySDP အေထြေထြအတြင္းေရးမႉး ခူးသဲရယ္က တိုက္တြန္းသည္။
“ဒီ ပဋိညာဥ္တစ္ခုနဲ႔ ပတ္သက္ၿပီးေတာ့မွ ဒါေနာက္ဆက္တြဲ လုပ္ေဆာင္ရမယ့္ ကိစၥရပ္ေတြေပါ့ ေနာ္။ ဥပမာ ဒီ အေျခခံဥပေဒနဲ႔ ပတ္သက္တဲ့ဟာေတြ ေနာက္ဖက္ဒရယ္မူနဲ႔ ပတ္သက္တဲ့ကိစၥ အတြက္လည္း ျပန္လည္ဖိတ္ ေခၚၿပီးေတာ့မွ အားလုံးပါဝင္ေဆြးေႏြးေရး ဆြဲတဲ့ဟာမ်ိဳးေတြ လုပ္ရင္ေတာ့ ပိုေကာင္းမယ္လို႔ က်ေနာ္ယူဆပါ တယ္။ ဒီအခ်ိန္မွာကေတာ့ ဒါ ေျပာရမယ္ဆိုလို႔ရွိရင္ ဒီအခ်ိန္တိုကာလ တစ္ခုကို ျဖတ္သန္းၿပီးေတာ့မွပဲ ဒီပဋိ ညာဥ္စာခ်ဳပ္လို႔ ေျပာရမွာေပါ့ေနာ္ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့မွ ခ်ာတာေတြကို ေရးဆြဲၾကတာ ျဖစ္တဲ့အတြက္ တစ္ခ်ိဳ႕ေတာ့ လိုအပ္ခ်က္ေတြ ရွိအုံးမွာပဲ။ ဆိုေတာ့ တစ္ခ်ိဳ႕ကိစၥေတြ ဆိုလို႔ရွိရင္ေတာ့ က်ေနာ္တို႔ ေလ့လာ သိရ သေလာက္ဆိုရင္ ၂၀၀၈ မွာ ေပးထားခ်က္ တစ္ခ်ိဳ႕လည္း ပါလာေသးတဲ့ အခါက်ေတာ့ ဒါမ်ိဳးေတြကလည္း မ ျဖစ္သင့္တဲ့ ကိစၥျဖစ္တယ္လို႔ က်ေနာ္တို႔ ကေတာ့ သုံးသပ္မိတယ္။ ေျပာရမယ္ဆိုလို႔ရွိရင္ ဖက္ဒရယ္ စနစ္တစ္ခု ကို ပိုၿပီးေတာ့မွ ပုံေဖာ္လာႏိုင္တဲ့ လမ္းေၾကာင္း ကိုေတာ့ စဥ္းစာဖို႔လိုမယ္လို႔ က်ေနာ္တို႔ ကေတာ့ အဲလိုသုံးသပ္မိ ပါတယ္။”
ၿပီးခဲသည့္ မတ္လ ၃၁ ရက္ေန႔က CRPH မွ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို အၿပီးသတ္ဖ်က္သိမ္းေၾကာင္း ေၾက ညာခဲ့သည့္အျပင္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ေၾကာညာစာတမ္းကိုပါ ထုတ္ျပန္ခဲ့သည္။
၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒ ဖ်က္သိမ္းေၾကာင္း CRPH ၏ ထုတ္ျပန္ေျပာဆိုမႈမ်ားကို ႏိုင္ငံေရးပါတီမ်ား၊ လက္ နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ ျပည္သူတစ္ရပ္လုံးက ေထာက္ခံ ႀကိဳဆိုခဲ့ ၾကသည္ဟု သိရသည္။
သို႔ေသာ္ ဖက္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္ (Federal Democracy Charter ) စာတမ္းပါ ၾကားကာလဆိုင္ရာ အခ်က္ အလက္မ်ားသည္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကို အေျခခံကာ ေရးဆြဲထားသည့္ စာတမ္းအျဖစ္ ေဝဖန္ ေျပာဆိုမႈမ်ား ရွိေနသည္ဟု သိရသည္။