KNU တပ်မဟာ ၆ နယ်မြေ အရပ်သားများ ရွာလုံးကျွတ်ထွက်ပြေးရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး နေရသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် KNLA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲကြောင့် မာန်အောင်ကျေးရွာတစ်ရွာလုံးသည် ယခုခါ နီးစပ်ရာရှိ ကိုးမိုင်ကျေးရွာ၊ ဟံဂံကျေးရွာနှင့် ရေးမြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဒေသခံများက ပြောသည်။
“မနေ့ညက ၆ နာရီ ၄၅ မိနစ်လောက်ကနေ စဖြစ်တာ ၈ နာရီ ၁၀ မိနစ်အချိန်မှာတော့ လက်နက်ကြီး တစ်ချက် ကြားပြီးတော့ ဒီမနက်အထိပေါ့ တိတ်သွားတယ်၊ အဲ့လိုဖြစ်သွားပြီးတော့ အခု တစ်ရွာလုံး ထွက်ပြေးကြတယ်၊ ကိုးမိုင်၊ ဟံဂံ နဲ့ တချို့က မြို့ပေါ်ရောက် ကိုယ်နဲ့ နီးစပ်ရာကို ထွက်ပြေးသွားကြတာပေါ့၊ ပစ္စည်းတွေ ဘာတွေ သယ်နေကြတာ ရွာပျက်သွားသလိုပဲ” ဟု ကိုးမိုင်ကျေးရွာခံတစ်ဦးက ပြောသည်။
ထွက်ပြေးလာသူများကို နီးစပ်ရာ အသိမိတ်ဆွေများ၏ နေအိမ်နှင့် ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြရသည် ဟု အထက်ပါ ရွာခံ က ဆက်ပြောသည်။
KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာ (မွန်ပြည်နယ် ရေးမြို့နယ် အတွင်း) တွင် ဧပြီလ ၆ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်ခန့်မှ ၈ နာရီ ၁၀ မိနစ်အချိန်ထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများ က ပြောသည်။
ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ပေါင်တွင် ကျည်ထိမှန်ခဲ့ ကြောင်း ကျေးရွာလုံခြုံရေးတပ်စခန်းတစ်ခု စွန့်ခွာပေးခဲ့ရကြောင်း KNU တပ်မဟာ ၆ က ထုတ်ပြန်ထားသည်။
မတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဆက်ဖြစ်ပွားခြင်းမရှိသော်လည်း အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်ပွားနိုင် သည့် အနေအထားရှိနေသည်ဟု သုံးသပ်သူများက ပြောသည်။
KNU တပ်မဟာ ၆ ဘက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်းထားပြီး စစ်ရေးလှုပ်ရှားမှုလည်း တိုးချဲ့လာကြောင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း ပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဧပြီလ ၅ ရက်နေ့ကတည်းက စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ ၅၊ တပ်မဟာ ၃၊ တပ်မဟာ ၁ တို့တွင်လည်း တိုက်ပွဲများ ဖြစ် ပွားလျှက်ရှိပြီး တိုက်ပွဲကြောင့် ဒေသခံ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
*** ZAWGYI ***
KNU တပ္မဟာ ၆ နယ္ေျမ အရပ္သားမ်ား ႐ြာလုံးကြၽတ္ထြက္ေျပးရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၇ ရက္။
ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၆ နယ္ေျမအတြင္း တိုက္ပြဲျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေဒသခံမ်ား ႐ြာလုံးကြၽတ္ထြက္ေျပး ေနရသည္။
ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မ ေတာ္ KNLA ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တို႔အၾကား တိုက္ပြဲေၾကာင့္ မာန္ေအာင္ေက်း႐ြာတစ္႐ြာလုံးသည္ ယခုခါ နီးစပ္ရာရွိ ကိုးမိုင္ေက်း႐ြာ၊ ဟံဂံေက်း႐ြာႏွင့္ ေရးၿမိဳ႕ ေပၚသို႔ ထြက္ေျပးတိမ္းေရွာင္သြားၾကသည္ဟု ေဒသခံမ်ားက ေျပာသည္။
“မေန႔ညက ၆ နာရီ ၄၅ မိနစ္ေလာက္ကေန စျဖစ္တာ ၈ နာရီ ၁၀ မိနစ္အခ်ိန္မွာေတာ့ လက္နက္ႀကီး တစ္ခ်က္ ၾကားၿပီးေတာ့ ဒီမနက္အထိေပါ့ တိတ္သြားတယ္၊ အဲ့လိုျဖစ္သြားၿပီးေတာ့ အခု တစ္႐ြာလုံး ထြက္ေျပးၾကတယ္၊ ကိုးမိုင္၊ ဟံဂံ နဲ႔ တခ်ိဳ႕က ၿမိဳ႕ေပၚေရာက္ ကိုယ္နဲ႔ နီးစပ္ရာကို ထြက္ေျပးသြားၾကတာေပါ့၊ ပစၥည္းေတြ ဘာေတြ သယ္ေနၾကတာ ႐ြာပ်က္သြားသလိုပဲ” ဟု ကိုးမိုင္ေက်း႐ြာခံတစ္ဦးက ေျပာသည္။
ထြက္ေျပးလာသူမ်ားကို နီးစပ္ရာ အသိမိတ္ေဆြမ်ား၏ ေနအိမ္ႏွင့္ ဘုန္းႀကီးေက်ာင္းတို႔တြင္ ခိုလႈံေနၾကရသည္ ဟု အထက္ပါ ႐ြာခံ က ဆက္ေျပာသည္။
KNU တပ္မဟာ ၆ နယ္ေျမ ဒူးပလာယာခ႐ိုင္ ဝင္းေရးၿမိဳ႕နယ္ မာန္ေအာင္ေက်း႐ြာ (မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ အတြင္း) တြင္ ဧၿပီလ ၆ ရက္ေန႔ ည ၆ နာရီ ၄၀ မိနစ္အခ်ိန္ခန႔္မွ ၈ နာရီ ၁၀ မိနစ္အခ်ိန္ထိ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ သည္ဟု ေဒသခံမ်ား က ေျပာသည္။
ယမန္ေန႔ညက ျဖစ္ပြားခဲ့သည့္ တိုက္ပြဲေၾကာင့္ အရပ္သားတစ္ဦး ေသဆုံးၿပီး တစ္ဦး ေပါင္တြင္ က်ည္ထိမွန္ခဲ့ ေၾကာင္း ေက်း႐ြာလုံၿခဳံေရးတပ္စခန္းတစ္ခု စြန႔္ခြာေပးခဲ့ရေၾကာင္း KNU တပ္မဟာ ၆ က ထုတ္ျပန္ထားသည္။
မတ္လ ၇ ရက္ေန႔ နံနက္ပိုင္းတြင္ တိုက္ပြဲဆက္ျဖစ္ပြားျခင္းမရွိေသာ္လည္း အခ်ိန္မေ႐ြး တိုက္ပြဲ ျပန္ျဖစ္ပြားႏိုင္ သည့္ အေနအထားရွိေနသည္ဟု သုံးသပ္သူမ်ားက ေျပာသည္။
KNU တပ္မဟာ ၆ ဘက္ကလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား အင္အားျဖည့္တင္းထားၿပီး စစ္ေရးလႈပ္ရွားမႈလည္း တိုးခ်ဲ႕လာေၾကာင္း တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားႏိုင္ေၾကာင္း ေျပာသည္။
ယခုတိုက္ပြဲျဖစ္ပြားခဲ့သည့္ KNU တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္ ဝင္းေရးၿမိဳ႕နယ္အတြင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ မ်ားက ဧၿပီလ ၅ ရက္ေန႔ကတည္းက စစ္ေရးလႈပ္ရွားမႈမ်ား ျပဳလုပ္လာခဲ့သည္။
အာဏာသိမ္း စစ္ေကာင္စီတပ္ႏွင့္ KNU တပ္မဟာ ၅၊ တပ္မဟာ ၃၊ တပ္မဟာ ၁ တို႔တြင္လည္း တိုက္ပြဲမ်ား ျဖစ္ ပြားလွ်က္ရွိၿပီး တိုက္ပြဲေၾကာင့္ ေဒသခံ ေသာင္းႏွင့္ခ်ီ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။