တာဟန်းခံတပ်ကို စစ်ကောင်စီတပ်က နှစ်ဘက်ညှပ်ပစ်၊ အသေအပျောက်များ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဆန္ဒပြပြည်သူများ၏ ခံတပ်ကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်တွေက အင်အား အလုံးအရင်းနှင့် နှစ်ဖက်ပိတ်ကာ ပစ်ခတ်ခဲ့သည့်တွက် သေဆုံး ၁၁ ဦးအထိ ရှိပြီဖြစ်ပြီ ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

ကလေးမြို့က တာဟန်းခံတပ်ကို ဧပြီ ၇ ရက် (ယနေ့) နံနက် ၅ နာရီ ဝန်းကျင်ခန့်မှစတင်၍ စစ်တပ်က နှစ်ဖက် ပိတ်ကာ ပစ်ခတ်ခဲ့သည်ဟု တာဟန်းရပ်ကွက် ဒေသခံတစ်ဦး က ပြောသည်။

“ဒီနေ့ ကျနော်တို့ Confirm လုပ်လို့ရတဲ့စာရင်းကတော့ ၁၁ ဦးပဲပေါ့။ ၁၁ ဦးဆုံးတယ်။ အဲ့ထဲမှာ အလောင်း ကောက်လို့မရတာ ၂ ဦး၊ သူတို့ယူသွားတာပေါ့။ စစ်ခွေးတွေ ကောက်သွားတာ နှစ်လောင်းရှိတယ်။ သေဆုံးသွား တဲ့လူတွေက များသောအားဖြင့် လူငယ်တွေပါ။ အလွန်ဆုံးမှာ ၃၀ ကနေ ၂၅ ကြားပေါ့။ တခြား အလောင်းတွေ တော့ ကောက်လို့ရတယ်။ ဒဏ်ရာရတဲ့လူကတော့ ၅ ဦးလောက်ရှိမယ်။ ဒဏ်ရာရတဲ့ လူတွေထဲမှာတော့ အမျိုး သမီး တစ်ဦးပါတယ်။”

ထို့အပြင် တာဟန်းရပ်ကွက်နှင့် ဆက်နေသည့် ကျွန်းသုံးပင်ရပ်ကွက်တွင်လည်း ရပ်ကွက်နေ ပြည်သူတစ်ဦးကို ၎င်း၏ ခြံဝန်းအတွင်း စစ်တပ်က ပစ်ခတ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“ကျွန်းတောပင်ဘက်မှာဆိုရင် ဦးလေးတစ်ယောက် သူ့ခြံထဲဝင်ပြီး ဝက်စာကျွေးဖို့ ဆင်းတဲ့အချိန်လည်း ပစ် သတ် လိုက်တာမျိုး ရှိတယ်။ သူ့ခြံထဲမှာ သူ့အလုပ်သူ လုပ်နေတာတောင်မှ ပစ်သတ်သွားတာ။”

ယနေ့ဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသူ ၁၅ ဦးထက် မနည်းရှိနေပြီး ဖမ်းဆီးခံထားရသူများကို လက်နောက်ပြန်ကြိုး တုတ်၊ မျက်လုံးများကို ပိတ်စများဖြင့် ပိတ်ပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်အော်ဟစ်နေသည်ဟု မျက်မြင် သက်သေတစ်ဦးက ပြောသည်။

“ပြီးတော့ ဖမ်းဆီးခံရတာက ၁၅ ဦးအထက်မှာ ရှိတယ်။ သူတို့ အနောက်ခံတပ်နားကနေ ဖမ်းတဲ့လူရှိသလို အရှေ့ခံတပ်နားကနေ ဖမ်းခံရတဲ့လူတွေ ရှိတယ်။ ပြီးတော့ တောင်ဖီလာအိမ်ယာနားမှာလည်း သူတို့က တပ် စွဲထားတယ်။ အဲ့ဒီဖမ်းထားတဲ့လူတွေကို ရိုးရိုးဖမ်းတာမဟုတ်ပဲနဲ့ နှိပ်စက်တယ်။ သူတို့ရိုက်တယ်။ ခြေထောက် နဲ့ ကန်တယ်။ ပြီးတော့မှ သူတို့ဒီ ရဲနဲ့ စစ်သားတွေက သူတို့ပြောတာကတော့ ဒီလူတွေကိုလည်း သတ်မှာ ထပ် သတ်ပစ် မှာဆိုပြီးတော့ အော်နေတာ။ ဖမ်းခံရတဲ့လူတွေကို မျက်လုံးတွေကို ပိတ်ပြီး ချည်ထားတယ်။ ကန်တယ်။”

ဧပြီလ ၇ ရက်နေ့ နံနက်အစောပိုင်းက စတင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်များ၏ အကြမ်းဖက်ဖြိုခွင်းခံ လိုက်ရသည် ခံတပ်မှာ ကလေးမြို့ ဆန္ဒပြသူများ အခိုင်အမာဆောက်လုပ်ထားသည့် ပင်မခံတပ်ဖြစ်သည့် တာဟန်းခံတပ် ဖြစ်သည်။

ခံတပ်ဖြိုခွင်းခံရသည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် လူငယ်တစ်ဦးကလည်း “အစပိုင်းမှာတော့ သူတို့က ကျနော်တို့ အငိုက်မိတဲ့အချိန်ကို စောင့်နေတာပေါ့နော်။ စစ်တပ်တွေလာနိုင်တယ် ဆို ပြီး ကင်းစောင့်တဲ့လူတွေလည်း သေ ချာစောင့်ပေးထားတယ်။ ၃ နာရီလောက်အထိ တိတ်ဆိတ်နေတော့ မလာ လောက်တော့ဘူးထင်လိုက်တာ။ အဲ့ အချိန်မှာ စစ်တပ်က နောက်ခံတပ်ကနေဝင်တာလည်းရှိတယ်။ ရှေ့ကနေဝင်တာလည်း ရှိတယ်။ ဘေးကနေဝင် တာလည်း ရှိတယ်။ အဲ့မှာ ပစ်ခတ်ကြတာ။ သူတို့က လက်နက်ကြီးတွေ၊ ဗုံးတွေ ကျည်တွေ ဆက်တိုက်ပစ်တာ မျိုးလုပ်တယ်” ဟု ပြောသည်။

ထို့အပြင် “နေ့လည်ပိုင်းမှာဆိုလည်း လမ်းကြိုလမ်းကြားတွေ အကုန်လုံး ကိုပစ်တယ်။ လျှောက်ပစ်တာမျိုး လုပ်တယ်။ တချို့အိမ်တွေဆို ဖောက်ထွင်းတယ်။ ဖောက်ထွင်းပြီးတော့ ကြိုက် တဲ့ပစ္စည်းတွေ ယူသွားတယ်။ ကျွန်းသုံးပင်ရပ်ကွက်က အိမ်တစ်အိမ်ဆိုရင် သိန်း ၇၀ ကျော်ယူသွားတယ်။ သူတို့ က ဆန်ရောင်းတဲ့လူ” ဟု အဆိုပါ လူငယ်က ဆက်ပြောသည်။

ကလေးမြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်များက ဆန္ဒပြ သပိတ်စစ်ကြောင်းများနှင့် ပြည်သူများကို နေ့စဉ် ဆက်တိုက် အကြမ်းဖက် ဖြိုခွင်းနေသည့်အတွက် မတ်လ ၂၇ ရက်နေ့ စတင်ပြီး တာဟန်းရပ်ကွက်ထဲတွင် ဆန္ဒပြ ပြည်သူများ ပူးပေါင်းကာ ပင်မတပ်စခန်းတစ်ခုကို အခိုင်အမာ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

ယနေ့အကြမ်းဖက်ဖြိုခွင့်းခံရပြီးနောက် အဆိုပါ ခံတပ်၏ အကာများကို စစ်ကောင်စီတပ်များက ဘတ်ဟိုးကား နှင့် ဖယ်ရှားထားလိုက်ပြီဟု ဆိုသည်။

*** ZAWGYI ***
တာဟန္းခံတပ္ကို စစ္ေကာင္စီတပ္က ႏွစ္ဘက္ညႇပ္ပစ္၊ အေသအေပ်ာက္မ်ား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၇ ရက္။

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕တြင္ ဆႏၵျပျပည္သူမ်ား၏ ခံတပ္ကို အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ေတြက အင္အား အလုံးအရင္းႏွင့္ ႏွစ္ဖက္ပိတ္ကာ ပစ္ခတ္ခဲ့သည့္တြက္ ေသဆုံး ၁၁ ဦးအထိ ရွိၿပီျဖစ္ၿပီ ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

ကေလးၿမိဳ႕က တာဟန္းခံတပ္ကို ဧၿပီ ၇ ရက္ (ယေန႔) နံနက္ ၅ နာရီ ဝန္းက်င္ခန႔္မွစတင္၍ စစ္တပ္က ႏွစ္ဖက္ ပိတ္ကာ ပစ္ခတ္ခဲ့သည္ဟု တာဟန္းရပ္ကြက္ ေဒသခံတစ္ဦး က ေျပာသည္။

“ဒီေန႔ က်ေနာ္တို႔ Confirm လုပ္လို႔ရတဲ့စာရင္းကေတာ့ ၁၁ ဦးပဲေပါ့။ ၁၁ ဦးဆုံးတယ္။ အဲ့ထဲမွာ အေလာင္း ေကာက္လို႔မရတာ ၂ ဦး၊ သူတို႔ယူသြားတာေပါ့။ စစ္ေခြးေတြ ေကာက္သြားတာ ႏွစ္ေလာင္းရွိတယ္။ ေသဆုံးသြား တဲ့လူေတြက မ်ားေသာအားျဖင့္ လူငယ္ေတြပါ။ အလြန္ဆုံးမွာ ၃၀ ကေန ၂၅ ၾကားေပါ့။ တျခား အေလာင္းေတြ ေတာ့ ေကာက္လို႔ရတယ္။ ဒဏ္ရာရတဲ့လူကေတာ့ ၅ ဦးေလာက္ရွိမယ္။ ဒဏ္ရာရတဲ့ လူေတြထဲမွာေတာ့ အမ်ိဳး သမီး တစ္ဦးပါတယ္။”

ထို႔အျပင္ တာဟန္းရပ္ကြက္ႏွင့္ ဆက္ေနသည့္ ကြၽန္းသုံးပင္ရပ္ကြက္တြင္လည္း ရပ္ကြက္ေန ျပည္သူတစ္ဦးကို ၎၏ ၿခံဝန္းအတြင္း စစ္တပ္က ပစ္ခတ္ခဲ့သည္ဟု အဆိုပါ ေဒသခံက ဆက္ေျပာသည္။

“ကြၽန္းေတာပင္ဘက္မွာဆိုရင္ ဦးေလးတစ္ေယာက္ သူ႔ၿခံထဲဝင္ၿပီး ဝက္စာေကြၽးဖို႔ ဆင္းတဲ့အခ်ိန္လည္း ပစ္ သတ္ လိုက္တာမ်ိဳး ရွိတယ္။ သူ႔ၿခံထဲမွာ သူ႔အလုပ္သူ လုပ္ေနတာေတာင္မွ ပစ္သတ္သြားတာ။”

ယေန႔ျဖစ္စဥ္အတြင္း ဖမ္းဆီးခံရသူ ၁၅ ဦးထက္ မနည္းရွိေနၿပီး ဖမ္းဆီးခံထားရသူမ်ားကို လက္ေနာက္ျပန္ႀကိဳး တုတ္၊ မ်က္လုံးမ်ားကို ပိတ္စမ်ားျဖင့္ ပိတ္ၿပီး သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ေအာ္ဟစ္ေနသည္ဟု မ်က္ျမင္ သက္ေသတစ္ဦးက ေျပာသည္။

“ၿပီးေတာ့ ဖမ္းဆီးခံရတာက ၁၅ ဦးအထက္မွာ ရွိတယ္။ သူတို႔ အေနာက္ခံတပ္နားကေန ဖမ္းတဲ့လူရွိသလို အေရွ႕ခံတပ္နားကေန ဖမ္းခံရတဲ့လူေတြ ရွိတယ္။ ၿပီးေတာ့ ေတာင္ဖီလာအိမ္ယာနားမွာလည္း သူတို႔က တပ္ စြဲထားတယ္။ အဲ့ဒီဖမ္းထားတဲ့လူေတြကို ႐ိုး႐ိုးဖမ္းတာမဟုတ္ပဲနဲ႔ ႏွိပ္စက္တယ္။ သူတို႔႐ိုက္တယ္။ ေျခေထာက္ နဲ႔ ကန္တယ္။ ၿပီးေတာ့မွ သူတို႔ဒီ ရဲနဲ႔ စစ္သားေတြက သူတို႔ေျပာတာကေတာ့ ဒီလူေတြကိုလည္း သတ္မွာ ထပ္ သတ္ပစ္ မွာဆိုၿပီးေတာ့ ေအာ္ေနတာ။ ဖမ္းခံရတဲ့လူေတြကို မ်က္လုံးေတြကို ပိတ္ၿပီး ခ်ည္ထားတယ္။ ကန္ တယ္။”

ဧၿပီလ ၇ ရက္ေန႔ နံနက္အေစာပိုင္းက စတင္ၿပီး အာဏာသိမ္းစစ္ေကာင္စီတပ္မ်ား၏ အၾကမ္းဖက္ၿဖိဳခြင္းခံ လိုက္ရသည္ ခံတပ္မွာ ကေလးၿမိဳ႕ ဆႏၵျပသူမ်ား အခိုင္အမာေဆာက္လုပ္ထားသည့္ ပင္မခံတပ္ျဖစ္သည့္ တာဟန္းခံတပ္ ျဖစ္သည္။

ခံတပ္ၿဖိဳခြင္းခံရသည့္ ျဖစ္စဥ္တြင္ ပါဝင္ခဲ့သည့္ လူငယ္တစ္ဦးကလည္း “အစပိုင္းမွာေတာ့ သူတို႔က က်ေနာ္တို႔ အငိုက္မိတဲ့အခ်ိန္ကို ေစာင့္ေနတာေပါ့ေနာ္။ စစ္တပ္ေတြလာႏိုင္တယ္ ဆို ၿပီး ကင္းေစာင့္တဲ့လူေတြလည္း ေသ ခ်ာေစာင့္ေပးထားတယ္။ ၃ နာရီေလာက္အထိ တိတ္ဆိတ္ေနေတာ့ မလာ ေလာက္ေတာ့ဘူးထင္လိုက္တာ။ အဲ့ အခ်ိန္မွာ စစ္တပ္က ေနာက္ခံတပ္ကေနဝင္တာလည္းရွိတယ္။ ေရွ႕ကေနဝင္တာလည္း ရွိတယ္။ ေဘးကေနဝင္ တာလည္း ရွိတယ္။ အဲ့မွာ ပစ္ခတ္ၾကတာ။ သူတို႔က လက္နက္ႀကီးေတြ၊ ဗုံးေတြ က်ည္ေတြ ဆက္တိုက္ပစ္တာ မ်ိဳးလုပ္တယ္” ဟု ေျပာသည္။

ထို႔အျပင္ “ေန႔လည္ပိုင္းမွာဆိုလည္း လမ္းႀကိဳလမ္းၾကားေတြ အကုန္လုံး ကိုပစ္တယ္။ ေလွ်ာက္ပစ္တာမ်ိဳး လုပ္တယ္။ တခ်ိဳ႕အိမ္ေတြဆို ေဖာက္ထြင္းတယ္။ ေဖာက္ထြင္းၿပီးေတာ့ ႀကိဳက္ တဲ့ပစၥည္းေတြ ယူသြားတယ္။ ကြၽန္းသုံးပင္ရပ္ကြက္က အိမ္တစ္အိမ္ဆိုရင္ သိန္း ၇၀ ေက်ာ္ယူသြားတယ္။ သူတို႔ က ဆန္ေရာင္းတဲ့လူ” ဟု အဆိုပါ လူငယ္က ဆက္ေျပာသည္။

ကေလးၿမိဳ႕တြင္ အာဏာသိမ္း စစ္ေကာင္စီတပ္မ်ားက ဆႏၵျပ သပိတ္စစ္ေၾကာင္းမ်ားႏွင့္ ျပည္သူမ်ားကို ေန႔စဥ္ ဆက္တိုက္ အၾကမ္းဖက္ ၿဖိဳခြင္းေနသည့္အတြက္ မတ္လ ၂၇ ရက္ေန႔ စတင္ၿပီး တာဟန္းရပ္ကြက္ထဲတြင္ ဆႏၵျပ ျပည္သူမ်ား ပူးေပါင္းကာ ပင္မတပ္စခန္းတစ္ခုကို အခိုင္အမာ တည္ေဆာက္ထားျခင္း ျဖစ္သည္ဟု ေဒသခံမ်ား က ေျပာသည္။

ယေန႔အၾကမ္းဖက္ၿဖိဳခြင့္းခံရၿပီးေနာက္ အဆိုပါ ခံတပ္၏ အကာမ်ားကို စစ္ေကာင္စီတပ္မ်ားက ဘတ္ဟိုးကား ႏွင့္ ဖယ္ရွားထားလိုက္ၿပီဟု ဆိုသည္။