အခါမဲ့ မိုးကြောင့် ဆားလုပ်ငန်း ရပ်နားထားရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်။
မတ်လဆန်းပိုင်းခန့်မှစပြီး ရွာသွန်းလာခဲ့သည့် မိုးကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကြမ်းထုတ်လုပ်မှုလုပ်ငန်း များ ရပ်နားထားရသည်ဟု ပြည်နယ်အတွင်းရှိ ဆားလုပ်တောင်သူများက ပြောသည်။
ဖေဖော်ဝါရီလအတွင်းက နှစ်ကြိမ် အပြင် မတ်လဆန်းနှင့် ယခုဧပြီလဆန်းပိုင်းတို့တွင် ရွာသွန်းခဲ့သည့် မိုးကြောင့် ဆားကွင်းများပျက်ဆီးသွားပြီး ဆား ဆက်လက်ထုတ်လုပ်ရန်လည်း ရာသီဥတု ပုံမှန်မဖြစ်သေးသည့်အတွက် ဆားလုပ်တောင်သူများ က ဆားထုတ်လုပ်မှုကို ရပ်နားထားရခြင်းဖြစ်သည်။
မတ်၊ ဧပြီလသည် ဆားကြမ်းထုတ်ရန် အကောင်းဆုံးလဖြစ်ပြီး ယခုကဲ့သို့ ရာသီဥတုက ဖျက်ဆီးလိုက်ခြင်း ကြောင့် ပျက်ဆီးဆုံးရှုံးမှုများကာ ဆားကြမ်းအထွက်လည်းလျော့နည်းစေသည်ဟု သံဖြူဇရပ်မြို့နယ် ပင ဆားကွင်း မှ ဆားလုပ်ငန်းရှင် နိုင်ဟု က ပြောသည်။
“ဆားကွင်းတွေအကုန်လုံးက ပျက်သွားပြီး ဆက်လုပ်ဖို့က ရာသီဥတုအခြေအနေကို စောင့်ကြည့်နေတယ်၊ နေပူ လာတာကို စောင့်နေတယ်ပေါ့။ အခု ရာသီဥတုအခြေအနေနဲ့က ဘာမှ ဆက်မလုပ်ရဲသေးဘူး၊ ဆားထုတ်လုပ်မှု တွေ ရပ်ထားရတာပေါ့၊ မိုးဖျက်လိုက်လို့ ဆားကွင်းတွေ အကုန်ပျက်သွားတော့ ဆုံးရှုံးမှုတော့ရှိတာပေါ့။ ပြီး တော့ ဆက်လုပ်ဖို့က အချိန်ယူရအုံးမယ် ဆားက ပျက်ပြီး ချက်ချင်းလုပ် ဆားထုတ် အဲ့လိုမဟုတ်ဘူး။ အချိန်ယူ လုပ်ရတယ်” ဟု ဆားလုပ်ငန်းရှင် နိုင်ဟု က ပြောသည်။
ယခု နှစ် ဆားထုတ်လုပ်ရာသီတွင် ကိုဗစ်ကပ်ဘေးကြောင့် ဆားအရောင်းအဝယ်မရှိပဲ ဆားဈေးလည်း ထုတ်လုပ် မှုကုန်ကျစရိတ် အောက်အထိ ကျသွားသည့်အတွက် ဆားတောင်သူများ အခက်အခဲများအကြားက ဆားထုတ် လုပ်ခြင်း လုပ်ငန်းကို လုပ်လာခဲ့ရသည်ဟု ဆားလုပ်ငန်းရှင်များ က ပြောသည်။
ထိုကဲ့သို့သော အခက်အခဲများကြားက အရှုံးခံပြီး လုပ်ကိုင်နေကြရသည့်အနေအထား၌ ယခုအခါ ရာသီဥတုကပါ ဖျက်ဆီးသည့်အတွက် ဆားလုပ်ငန်းရှင်များ နာလန်မထူနိုင်အောင် ဖြစ်သွားနိုင်သည်ဟုလည်း ဆားလုပ်ငန်းရှင် များ က ပြောသည်။
လက်ရှိတွင် ဆားကြမ်းဈေးသည် တစ်ပိဿာ ၆၀ နှင့် ၅၀ ကျပ်အကြား ပေါက်ဈေးရှိနေပြီး ယမန်နှစ်က ယခုကဲ့ သို့ ဆားလုပ်ရာသီတွင် ဆားကြမ်းတစ်ပိဿာပေါက်ဈေးမှာ ၂၀၀ ကျပ်ကျော်ရှိခဲ့သည်ဟု ဆားတောင်သူများ က ပြောသည်။
“ဆားပေါက်ဈေးက ထုတ်လုပ်မှုစရိတ်အောက်ကို ကျသွားတယ်၊ အခုက ရတဲ့ဈေး ပေးတဲ့ဈေးနဲ့ပဲ ထုတ် ရောင်းနေရတယ်” ဟု ဆားလုပ်ငန်းရှင် ဦးဝင်းထိန်က ပြောသည်။
ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဆားကြမ်းတစ်ပိဿာထွက်ရှိရန် ကုန်ကျစရိတ်သည် ကျပ် ၆၀ အထက် ရှိပြီး ဆားကြမ်းတစ်ပိဿာ ၉၀/၁၀၀ ကျပ်ဈေး ရရှိမှသာ အဆင်ပြေကြမည်ဟု ဆားလုပ်ငန်းရှင်များက ပြော သည်။
မွန်ပြည်နယ်တွင် ဆားလုပ်ငန်းကို ပုံမှန်အားဖြင့် မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်ပြင်ဆင်ကြပြီး နိုဝင်ဘာလဆန်းတွင် ပင်လယ်ရေတင်ပြီး နေလှမ်းခြင်းကို စတင်လုပ်ကိုင်ကြကာ ဖေဖော်ဝါရီလမှ စတင်ကာ ဆားကြမ်း စတင်ထုတ်လုပ်ကြသည်ဟု ပငဆားတောင်သူမျး ၏ ပြောပြချက်အရ သိရသည်။
မွန်ပြည်နယ်မှ ထွက်သည့်ဆားများကို ပြည်နယ်အတွင်း အသုံးပြုသည့်အပြင် အထက်မြန်မာပြည် မန္တလေးဈေး ကွက်၊ ကရင်ပြည်နယ်နှင့် တနသာရီတိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက်များသို့ အဓိက တင်ပို့ရောင်းချ နေသည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ ကျိုက်ခမီမြို့နှင့် စက်စဲ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာ နှင့် ရေးမြို့နယ် ပလိုင်ကီးကျွေရွာတို့တွင် နေလှမ်းဆား တန်ချိန်သောင်းနှင့်ချီ ထုတ်လုပ်ရာဒေသဖြစ်သည်။
**** ZAWGYI ***
အခါမဲ့ မိုးေၾကာင့္ ဆားလုပ္ငန္း ရပ္နားထားရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၇ ရက္။
မတ္လဆန္းပိုင္းခန႔္မွစၿပီး ႐ြာသြန္းလာခဲ့သည့္ မိုးေၾကာင့္ မြန္ျပည္နယ္အတြင္းရွိ ဆားၾကမ္းထုတ္လုပ္မႈလုပ္ငန္း မ်ား ရပ္နားထားရသည္ဟု ျပည္နယ္အတြင္းရွိ ဆားလုပ္ေတာင္သူမ်ားက ေျပာသည္။
ေဖေဖာ္ဝါရီလအတြင္းက ႏွစ္ႀကိမ္ အျပင္ မတ္လဆန္းႏွင့္ ယခုဧၿပီလဆန္းပိုင္းတို႔တြင္ ႐ြာသြန္းခဲ့သည့္ မိုးေၾကာင့္ ဆားကြင္းမ်ားပ်က္ဆီးသြားၿပီး ဆား ဆက္လက္ထုတ္လုပ္ရန္လည္း ရာသီဥတု ပုံမွန္မျဖစ္ေသးသည့္အတြက္ ဆားလုပ္ေတာင္သူမ်ား က ဆားထုတ္လုပ္မႈကို ရပ္နားထားရျခင္းျဖစ္သည္။
မတ္၊ ဧၿပီလသည္ ဆားၾကမ္းထုတ္ရန္ အေကာင္းဆုံးလျဖစ္ၿပီး ယခုကဲ့သို႔ ရာသီဥတုက ဖ်က္ဆီးလိုက္ျခင္း ေၾကာင့္ ပ်က္ဆီးဆုံးရႈံးမႈမ်ားကာ ဆားၾကမ္းအထြက္လည္းေလ်ာ့နည္းေစသည္ဟု သံျဖဴဇရပ္ၿမိဳ႕နယ္ ပင ဆားကြင္း မွ ဆားလုပ္ငန္းရွင္ ႏိုင္ဟု က ေျပာသည္။
“ဆားကြင္းေတြအကုန္လုံးက ပ်က္သြားၿပီး ဆက္လုပ္ဖို႔က ရာသီဥတုအေျခအေနကို ေစာင့္ၾကည့္ေနတယ္၊ ေနပူ လာတာကို ေစာင့္ေနတယ္ေပါ့။ အခု ရာသီဥတုအေျခအေနနဲ႔က ဘာမွ ဆက္မလုပ္ရဲေသးဘူး၊ ဆားထုတ္လုပ္မႈ ေတြ ရပ္ထားရတာေပါ့၊ မိုးဖ်က္လိုက္လို႔ ဆားကြင္းေတြ အကုန္ပ်က္သြားေတာ့ ဆုံးရႈံးမႈေတာ့ရွိတာေပါ့။ ၿပီး ေတာ့ ဆက္လုပ္ဖို႔က အခ်ိန္ယူရအုံးမယ္ ဆားက ပ်က္ၿပီး ခ်က္ခ်င္းလုပ္ ဆားထုတ္ အဲ့လိုမဟုတ္ဘူး။ အခ်ိန္ယူ လုပ္ရတယ္” ဟု ဆားလုပ္ငန္းရွင္ ႏိုင္ဟု က ေျပာသည္။
ယခု ႏွစ္ ဆားထုတ္လုပ္ရာသီတြင္ ကိုဗစ္ကပ္ေဘးေၾကာင့္ ဆားအေရာင္းအဝယ္မရွိပဲ ဆားေစ်းလည္း ထုတ္လုပ္ မႈကုန္က်စရိတ္ ေအာက္အထိ က်သြားသည့္အတြက္ ဆားေတာင္သူမ်ား အခက္အခဲမ်ားအၾကားက ဆားထုတ္ လုပ္ျခင္း လုပ္ငန္းကို လုပ္လာခဲ့ရသည္ဟု ဆားလုပ္ငန္းရွင္မ်ား က ေျပာသည္။
ထိုကဲ့သို႔ေသာ အခက္အခဲမ်ားၾကားက အရႈံးခံၿပီး လုပ္ကိုင္ေနၾကရသည့္အေနအထား၌ ယခုအခါ ရာသီဥတုကပါ ဖ်က္ဆီးသည့္အတြက္ ဆားလုပ္ငန္းရွင္မ်ား နာလန္မထူႏိုင္ေအာင္ ျဖစ္သြားႏိုင္သည္ဟုလည္း ဆားလုပ္ငန္းရွင္ မ်ား က ေျပာသည္။
လက္ရွိတြင္ ဆားၾကမ္းေစ်းသည္ တစ္ပိႆာ ၆၀ ႏွင့္ ၅၀ က်ပ္အၾကား ေပါက္ေစ်းရွိေနၿပီး ယမန္ႏွစ္က ယခုကဲ့ သို႔ ဆားလုပ္ရာသီတြင္ ဆားၾကမ္းတစ္ပိႆာေပါက္ေစ်းမွာ ၂၀၀ က်ပ္ေက်ာ္ရွိခဲ့သည္ဟု ဆားေတာင္သူမ်ား က ေျပာသည္။
“ဆားေပါက္ေစ်းက ထုတ္လုပ္မႈစရိတ္ေအာက္ကို က်သြားတယ္၊ အခုက ရတဲ့ေစ်း ေပးတဲ့ေစ်းနဲ႔ပဲ ထုတ္ ေရာင္းေနရတယ္” ဟု ဆားလုပ္ငန္းရွင္ ဦးဝင္းထိန္က ေျပာသည္။
ရာသီဥတုအေျခအေနေပၚမူတည္ၿပီး ဆားၾကမ္းတစ္ပိႆာထြက္ရွိရန္ ကုန္က်စရိတ္သည္ က်ပ္ ၆၀ အထက္ ရွိၿပီး ဆားၾကမ္းတစ္ပိႆာ ၉၀/၁၀၀ က်ပ္ေစ်း ရရွိမွသာ အဆင္ေျပၾကမည္ဟု ဆားလုပ္ငန္းရွင္မ်ားက ေျပာ သည္။
မြန္ျပည္နယ္တြင္ ဆားလုပ္ငန္းကို ပုံမွန္အားျဖင့္ မိုးအကုန္ စက္တင္ဘာလလယ္ခန႔္တြင္ စတင္ျပင္ဆင္ၾကၿပီး ႏိုဝင္ဘာလဆန္းတြင္ ပင္လယ္ေရတင္ၿပီး ေနလွမ္းျခင္းကို စတင္လုပ္ကိုင္ၾကကာ ေဖေဖာ္ဝါရီလမွ စတင္ကာ ဆားၾကမ္း စတင္ထုတ္လုပ္ၾကသည္ဟု ပငဆားေတာင္သူမ်း ၏ ေျပာျပခ်က္အရ သိရသည္။
မြန္ျပည္နယ္မွ ထြက္သည့္ဆားမ်ားကို ျပည္နယ္အတြင္း အသုံးျပဳသည့္အျပင္ အထက္ျမန္မာျပည္ မႏၲေလးေစ်း ကြက္၊ ကရင္ျပည္နယ္ႏွင့္ တနသာရီတိုင္းေဒသႀကီးဘက္ရွိ ငါးလုပ္ငန္းေစ်းကြက္မ်ားသို႔ အဓိက တင္ပို႔ေရာင္းခ် ေနသည္ဟု ျပည္နယ္ဆားလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။
မြန္ျပည္နယ္တြင္ သံျဖဴဇရပ္ၿမိဳ႕နယ္ရွိ ပင႐ြာ၊ က႐ုပၸိ႐ြာ က်ိဳက္ခမီၿမိဳ႕ႏွင့္ စက္စဲ ေပါင္ၿမိဳ႕နယ္ ထန္းပင္ေခ်ာင္း႐ြာ ႏွင့္ ေရးၿမိဳ႕နယ္ ပလိုင္ကီးေကြၽ႐ြာတို႔တြင္ ေနလွမ္းဆား တန္ခ်ိန္ေသာင္းႏွင့္ခ်ီ ထုတ္လုပ္ရာေဒသျဖစ္သည္။