KNU တပ်မဟာ ၄ နှင့်လည်း စစ်ကောင်စီတို့တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၄ မြိတ်(ဘိတ်)-ထားဝယ်ခရိုင် တပ်ဖွဲ့ဝင်များနှင့် စစ် ကောင်စီ၏ လက်နက်ကိုင် တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကရင်လွတ်မြောက်ရေး တပ်မတော် KNLA က ထုတ်ပြန်ထားသည်။

ဧပြီလ ၆ ရက်နေ့ (ယမန်နေ့) တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက် ကိုင်တပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂ ဦးကျဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ၏ ထုတ်ပြန်ချက်အရ သိရ သည်။

“မိမိတို့ KNLA တပ်မဟာ (၄) ဘက်မှ လုံခြုံရေးအရ ကန့်သတ်ထား သည့် နယ်မြေကို ကျော်လွန်ပြီး လှုပ်ရှားမှုပြုလုပ်လာသဖြင့် (06/04/2021) ရက်နေ့ ညနေ (13:30) အချိန်တွင် မိမိတို့ KNLA တပ်မဟာ (၄) အဖွဲ နှင့် ထိပ်တိုက်ရင်ဆိုင်မှု (၁၀) မိနစ်ခန့် ဖြစ်ပွားခဲ့သည်။ ၎င်းတို့အဖွဲ့မှ ဗိုလ်ကြီးတစ်ဦး နှင့် တပ်သား (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်” ဟု ရေးသားထားသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့မှ (ခလရ-၁၀၃) တပ်ရင်းမှူး သိန်းဘိုဘို၊ ဒုရင်းမှူး ကျော်ထွန်းသူ ဦးဆောင် သည့်အဖွဲ့ အင်အား(၃၇)ဦး တို့သည် မဲဒိုင် စခန်းသို့ ရိက္ခာနှင့် လစာသွားရောက်ပို့ဆောင်ပေးရန် အကြောင်းပြ ခဲ့ သော်လည်း ၎င်းတို့အဖွဲ့သည် KNLA တပ်မဟာ(၄) ဘက်မှ လုံခြုံရေးအရ ကန့်သတ်ထားသည့် နယ်မြေကို ကျော် လွန်ပြီး လှုပ်ရှားမှုပြုလုပ်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNLA က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မိသားစု တစ်စုကိုလည်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖက်မှ ဖမ်းဆီး ခေါ် ဆောင်သွားသည်ဟု KNLA ၏ ထုတ်ပြန်ချက် ပြောသည်။

“ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး နောက်ထိုအနီးရှိ ကျေးရွာသူရွာသားများဖြစ်ကြသည့် စောတီတီ နှင့်ဇနီး၊ က လေး (၃) ယောက် အပါအဝင်မိသားတစ်စုလုံးတို့အား မောထာရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မော ထာသို့ရောက်ရှိချိန်တွင်လည်း မောထာရှိကျေးရွာသူရွာသားတို့အားပစ်ခတ်မှုများပြုလုပ်သွား ခဲ့သည်” ဟု KNLA က ဆိုသည်။

ဧပြီလ ၆ ရက်နေ့ (ယမန်နေ့) ကလည်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များနှင့် KNU/KNLA တပ်မဟာ ၆ တို့ အကြား KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက် ပွဲအတွင်း ပြည်သူတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ဧပြီလ ၇ ရက်နေ့ (ယနေ့) တွင်လည်း အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့များက ယမန့်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိသည်ဟု KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
KNU တပ္မဟာ ၄ ႏွင့္လည္း စစ္ေကာင္စီတို႔တိုက္ပြဲျဖစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၇ ရက္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU လက္ေအာက္ခံ ကရင့္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA တပ္မဟာ ၄ ၿမိတ္(ဘိတ္)-ထားဝယ္ခ႐ိုင္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ ေကာင္စီ၏ လက္နက္ကိုင္ တပ္မ်ားအၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ကရင္လြတ္ေျမာက္ေရး တပ္မေတာ္ KNLA က ထုတ္ျပန္ထားသည္။

ဧၿပီလ ၆ ရက္ေန႔ (ယမန္ေန႔) တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး တိုက္ပြဲအတြင္း စစ္ေကာင္စီ၏ လက္နက္ ကိုင္တပ္မွ ဗိုလ္ႀကီးတစ္ဦးအပါအဝင္ ၂ ဦးက်ဆုံးခဲ့ၿပီး ၃ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့သည္ဟု KNLA ၏ ထုတ္ျပန္ခ်က္အရ သိရ သည္။

“မိမိတို႔ KNLA တပ္မဟာ (၄) ဘက္မွ လုံၿခဳံေရးအရ ကန႔္သတ္ထား သည့္ နယ္ေျမကို ေက်ာ္လြန္ၿပီး လႈပ္ရွားမႈျပဳလုပ္လာသျဖင့္ (06/04/2021) ရက္ေန႔ ညေန (13:30) အခ်ိန္တြင္ မိမိတို႔ KNLA တပ္မဟာ (၄) အဖြဲ ႏွင့္ ထိပ္တိုက္ရင္ဆိုင္မႈ (၁၀) မိနစ္ခန႔္ ျဖစ္ပြားခဲ့သည္။ ၎တို႔အဖြဲ႕မွ ဗိုလ္ႀကီးတစ္ဦး ႏွင့္ တပ္သား (၂)ဦး ေသဆုံးခဲ့ၿပီး (၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့သည္” ဟု ေရးသားထားသည္။

စစ္ေကာင္စီ၏ လက္နက္ကိုင္တပ္ဖြဲ႕မွ (ခလရ-၁၀၃) တပ္ရင္းမႉး သိန္းဘိုဘို၊ ဒုရင္းမႉး ေက်ာ္ထြန္းသူ ဦးေဆာင္ သည့္အဖြဲ႕ အင္အား(၃၇)ဦး တို႔သည္ မဲဒိုင္ စခန္းသို႔ ရိကၡာႏွင့္ လစာသြားေရာက္ပို႔ေဆာင္ေပးရန္ အေၾကာင္းျပ ခဲ့ ေသာ္လည္း ၎တို႔အဖြဲ႕သည္ KNLA တပ္မဟာ(၄) ဘက္မွ လုံၿခဳံေရးအရ ကန႔္သတ္ထားသည့္ နယ္ေျမကို ေက်ာ္ လြန္ၿပီး လႈပ္ရွားမႈျပဳလုပ္လာသည့္အတြက္ တိုက္ပြဲျဖစ္ပြားရျခင္းျဖစ္သည္ဟု KNLA က ေျပာသည္။

ပစ္ခတ္မႈျဖစ္ပြားၿပီးေနာက္ မိသားစု တစ္စုကိုလည္း စစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္ဖက္မွ ဖမ္းဆီး ေခၚ ေဆာင္သြားသည္ဟု KNLA ၏ ထုတ္ျပန္ခ်က္ ေျပာသည္။

“ထိပ္တိုက္ရင္ဆိုင္မႈ ျဖစ္ပြားခဲ့ၿပီး ေနာက္ထိုအနီးရွိ ေက်း႐ြာသူ႐ြာသားမ်ားျဖစ္ၾကသည့္ ေစာတီတီ ႏွင့္ဇနီး၊ က ေလး (၃) ေယာက္ အပါအဝင္မိသားတစ္စုလုံးတို႔အား ေမာထာ႐ြာဘက္သို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။ ေမာ ထာသို႔ေရာက္ရွိခ်ိန္တြင္လည္း ေမာထာရွိေက်း႐ြာသူ႐ြာသားတို႔အားပစ္ခတ္မႈမ်ားျပဳလုပ္သြား ခဲ့သည္” ဟု KNLA က ဆိုသည္။

ဧၿပီလ ၆ ရက္ေန႔ (ယမန္ေန႔) ကလည္း စစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္မ်ားႏွင့္ KNU/KNLA တပ္မဟာ ၆ တို႔ အၾကား KNU ဒူးပလာယာခ႐ိုင္ ဝင္းေရးၿမိဳ႕နယ္ မာန္ေအာင္ေက်း႐ြာ အနီးတြင္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး အဆိုပါ တိုက္ ပြဲအတြင္း ျပည္သူတစ္ဦး ေသဆုံးကာ တစ္ဦးဒဏ္ရာရရွိခဲ့သည္ဟု သိရသည္။

ထို႔အျပင္ ဧၿပီလ ၇ ရက္ေန႔ (ယေန႔) တြင္လည္း အာဏာသိမ္း စစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္ဖြဲ႕မ်ားက ယမန္႔က တိုက္ပြဲျဖစ္ပြားခဲ့သည့္ ေနရာတစ္ဝိုက္သို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ားရွိသည္ဟု KNU တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္ က ထုတ္ျပန္ထားသည္။