TNLA နှင့် RCSS နှစ်လကျော်အတွင်း တိုက်ပွဲ ၄၀ ခန့်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်။

တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တို့ကြား ၂ လကျော်အတွင်း တိုက်ပွဲ အကြိမ် ၄၀ ခန့်ဖြစ်ပွားခဲ့သည်ဟု TNLA က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလမှ ဧပြီလအတွင်း TNLA နှင့် RCSS/SSA တို့အကြား တိုက်ပွဲ ပေါင်း အကြိမ် ၄၀ ခန့်ဖြစ်ပွားခဲ့သည်ဟု TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

၎င်းက “ ကျနော်ထင်တာကတော့ သုံးလေးဆယ်လောက် တော့ ရှိမယ်။ အများဆုံးက ဒီနမ္မတူမြို့နယ်နဲ့ ကျောက်မဲမြို့နယ်ပေါ့။ ကျောက်မဲမြို့နယ်မှာကျတော့ တော့ဆန် ဖက်ခြမ်းပေါ့နော်” ဟု ပြောသည်။

ပြီးခဲသည့် ရက်ပိုင်းအတွင်းကလည်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတွင် TNLA၊ SSPP/SSA ပူးပေါင်း တပ်များ နှင့် RCSS/SSA တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြီးနောက် RCSS/SSA ဖက်က ပန်လုံရွာ အတွင်းသို့ လက်နက် ကြီး ပစ်ခတ်မှုများကြောင့် နေအိမ်များကို မီးလောင်ပျက်စီးခဲ့သည်ဟု TNLA က စွပ်စွဲပြောဆိုသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “တမြန်နေ့က ပန်လုံနားမှာ ထိတွေ့မှု ခနလေးဖြစ်တယ်လို့ပြောတယ်။ ကျနော်တို့ ဖက်က ပြန်ဆုတ်သွားပြီးမှ ဒီ RCSS ဖက်က ပန်လုံဖက်ကို လက်နက်ကြီးတွေ ထုပြီးမှ နေအိမ်တွေ တော်တော် လေး မီးလောင်သွားတယ်လို့ ပြောတယ်။ အဲဒီတုန်းက ဒီတိုက်ပွဲဖြစ်ပြီးနောက်ပေါ့နော။ ဒီတိုက်ပွဲမရှိတဲ့နောက် ရွာထဲဝင်ပြီးမှ လက်နက်ကြီးတွေ ပစ်တာပေါ့နော ရွာကတော့ အဲဒီမတိုင်ခင် နှစ်ရက် သုံးရက်လောက်က တည်း က ထွက်ပြေးကုန်ပြီ သူတို့ RCSS ဝင်လာလို့ အားလုံးထွက်ပြေးသွားတယ်။ မြို့နယ်က နမ္မတူမြို့နယ်” ဟု ပြော သည်။

ထို့အပြင် RCSS/SSA ဖက်က ၎င်းတို့လှုပ်ရှားဒေသဖက်သို့ ထိုးတက်လာသည့်အတွက် ပန်လုံကျေးရွာနှင့် အနီး တဝိုက်တွင် မကြာခဏ ဆိုသလို တိုက်ပွဲဖြစ်ပွားမှုများရှိသည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက် ပြောသည်။

၎င်းက “အဲနားက RC က ပန်လုံ မန်စံ နားတစ်ဝိုက်က RC က သူတို့ ဒီ နှစ်ရက် သုံးရက် အဲလိုမျိုး ပုံစံ တစ်ခါ တစ်လေ ကျတော့ နှစ်ရက်ဆက်ပေါ့နော်။ တစ်ခါတစ်လေကျတော့ တစ်ရက်ခြား နှစ်ရက်ခြား အဲလိုမျိုး ထိုး စစ်ဆင် တက်လာတာတော့ရှိတယ်။ အဲလိုမျိုးတက်လာကျတော့ ထိတွေ့မှု အနည်းအကျဉ်းလေး ရှိတယ်” ဟု ပြောသည်။

ထို့အပြင် ဧပြီလ ၆ ရက်နေ့က နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း TNLA၊ SSPP/SSA ပူးပေါင်းတပ်များ နှင့် RCSS/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် မန်လီကျေးရွာက ရွာသား ၅၀၀ ကျော် သီပေါမြို့ ကို စစ်ဘေးတိန်းရှောင်နေကြရပြီး ကျေးရွာအတွင်း လူနေအိမ် ၄ အိမ်ထက်မနည်း မီးလောင်ခဲ့သည်ဟု ဒေသခံ များ က ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ကြ သော်လည်း တိုက်ပွဲဖြစ်ပွားမှုကို လျှော့ချနိုင်သည့် နှစ်ဖက်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကြား တွေ့ဆုံဆွေး နွေးနိုင်မည့် အခြေအနေမှာ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးကြောင်း PSLF/TNLA က ပြောသည်။

တိုက်ပွဲအပါအဝင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့် အခြေအနေနှင့် ပတ်သက်၍ RCSS/SSA ၏ သဘောထားကို သိရှိ နိုင်ရန် ဆက်သွယ် သော်လည်း မရသေးပေ။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် RCSS/SSA က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် NCA ကို လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ဝင်ရောက်လာရာမှ TNLA အပါအဝင် မြောက် ပိုင်း မဟာမိတ်အဖွဲ့များနှင့်ပါ တိုက်ပွဲများ ဖြစ်ပွားလာနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။

*** ZAWGYI ***
TNLA ႏွင့္ RCSS ႏွစ္လေက်ာ္အတြင္း တိုက္ပြဲ ၄၀ ခန႔္ျဖစ္ပြား

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၇ ရက္။

တအန္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ TNLA ႏွင့္ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/ SSA တို႔ၾကား ၂ လေက်ာ္အတြင္း တိုက္ပြဲ အႀကိမ္ ၄၀ ခန႔္ျဖစ္ပြားခဲ့သည္ဟု TNLA က ေျပာသည္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီလမွ ဧၿပီလအတြင္း TNLA ႏွင့္ RCSS/SSA တို႔အၾကား တိုက္ပြဲ ေပါင္း အႀကိမ္ ၄၀ ခန႔္ျဖစ္ပြားခဲ့သည္ဟု TNLA သတင္းႏွင့္ ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉး မိုင္းအိုက္ေက်ာ္ က ေျပာသည္။

၎က “ က်ေနာ္ထင္တာကေတာ့ သုံးေလးဆယ္ေလာက္ ေတာ့ ရွိမယ္။ အမ်ားဆုံးက ဒီနမၼတူၿမိဳ႕နယ္နဲ႔ ေက်ာက္မဲၿမိဳ႕နယ္ေပါ့။ ေက်ာက္မဲၿမိဳ႕နယ္မွာက်ေတာ့ ေတာ့ဆန္ ဖက္ျခမ္းေပါ့ေနာ္” ဟု ေျပာသည္။

ၿပီးခဲသည့္ ရက္ပိုင္းအတြင္းကလည္း နမၼတူၿမိဳ႕နယ္ ပန္လုံေက်း႐ြာအနီးတြင္ TNLA၊ SSPP/SSA ပူးေပါင္း တပ္မ်ား ႏွင့္ RCSS/SSA တို႔အၾကား ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တိုက္ပြဲၿပီးေနာက္ RCSS/SSA ဖက္က ပန္လုံ႐ြာ အတြင္းသို႔ လက္နက္ ႀကီး ပစ္ခတ္မႈမ်ားေၾကာင့္ ေနအိမ္မ်ားကို မီးေလာင္ပ်က္စီးခဲ့သည္ဟု TNLA က စြပ္စြဲေျပာဆိုသည္။

ဗိုလ္မႉး မိုင္းအိုက္ေက်ာ္က “တျမန္ေန႔က ပန္လုံနားမွာ ထိေတြ႕မႈ ခနေလးျဖစ္တယ္လို႔ေျပာတယ္။ က်ေနာ္တို႔ ဖက္က ျပန္ဆုတ္သြားၿပီးမွ ဒီ RCSS ဖက္က ပန္လုံဖက္ကို လက္နက္ႀကီးေတြ ထုၿပီးမွ ေနအိမ္ေတြ ေတာ္ေတာ္ ေလး မီးေလာင္သြားတယ္လို႔ ေျပာတယ္။ အဲဒီတုန္းက ဒီတိုက္ပြဲျဖစ္ၿပီးေနာက္ေပါ့ေနာ။ ဒီတိုက္ပြဲမရွိတဲ့ေနာက္ ႐ြာထဲဝင္ၿပီးမွ လက္နက္ႀကီးေတြ ပစ္တာေပါ့ေနာ ႐ြာကေတာ့ အဲဒီမတိုင္ခင္ ႏွစ္ရက္ သုံးရက္ေလာက္က တည္း က ထြက္ေျပးကုန္ၿပီ သူတို႔ RCSS ဝင္လာလို႔ အားလုံးထြက္ေျပးသြားတယ္။ ၿမိဳ႕နယ္က နမၼတူၿမိဳ႕နယ္” ဟု ေျပာ သည္။

ထို႔အျပင္ RCSS/SSA ဖက္က ၎တို႔လႈပ္ရွားေဒသဖက္သို႔ ထိုးတက္လာသည့္အတြက္ ပန္လုံေက်း႐ြာႏွင့္ အနီး တဝိုက္တြင္ မၾကာခဏ ဆိုသလို တိုက္ပြဲျဖစ္ပြားမႈမ်ားရွိသည္ဟု ဗိုလ္မႉးမိုင္းအိုက္ေက်ာ္က ဆက္ ေျပာသည္။

၎က “အဲနားက RC က ပန္လုံ မန္စံ နားတစ္ဝိုက္က RC က သူတို႔ ဒီ ႏွစ္ရက္ သုံးရက္ အဲလိုမ်ိဳး ပုံစံ တစ္ခါ တစ္ေလ က်ေတာ့ ႏွစ္ရက္ဆက္ေပါ့ေနာ္။ တစ္ခါတစ္ေလက်ေတာ့ တစ္ရက္ျခား ႏွစ္ရက္ျခား အဲလိုမ်ိဳး ထိုး စစ္ဆင္ တက္လာတာေတာ့ရွိတယ္။ အဲလိုမ်ိဳးတက္လာက်ေတာ့ ထိေတြ႕မႈ အနည္းအက်ဥ္းေလး ရွိတယ္” ဟု ေျပာသည္။

ထို႔အျပင္ ဧၿပီလ ၆ ရက္ေန႔က နမၼတူၿမိဳ႕နယ္ မန္လီေက်း႐ြာအတြင္း TNLA၊ SSPP/SSA ပူးေပါင္းတပ္မ်ား ႏွင့္ RCSS/SSA တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့သည့္အတြက္ မန္လီေက်း႐ြာက ႐ြာသား ၅၀၀ ေက်ာ္ သီေပါၿမိဳ႕ ကို စစ္ေဘးတိန္းေရွာင္ေနၾကရၿပီး ေက်း႐ြာအတြင္း လူေနအိမ္ ၄ အိမ္ထက္မနည္း မီးေလာင္ခဲ့သည္ဟု ေဒသခံ မ်ား က ေျပာသည္။

လက္ရွိ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံေထာင္ခ်ီ စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေန ၾက ေသာ္လည္း တိုက္ပြဲျဖစ္ပြားမႈကို ေလွ်ာ့ခ်ႏိုင္သည့္ ႏွစ္ဖက္လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ားၾကား ေတြ႕ဆုံေဆြး ေႏြးႏိုင္မည့္ အေျခအေနမွာ တစ္စုံတစ္ရာ ထူးျခားမႈ မရွိေသးေၾကာင္း PSLF/TNLA က ေျပာသည္။

တိုက္ပြဲအပါအဝင္ ႏွစ္ဖက္ေတြ႕ဆုံေဆြးေႏြးမည့္ အေျခအေနႏွင့္ ပတ္သက္၍ RCSS/SSA ၏ သေဘာထားကို သိရွိ ႏိုင္ရန္ ဆက္သြယ္ ေသာ္လည္း မရေသးေပ။

ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္တြင္ RCSS/SSA က တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္မႈ ရပ္စဲေရး သေဘာတူညီစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုးၿပီးေနာက္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းသို႔ ဝင္ေရာက္လာရာမွ TNLA အပါအဝင္ ေျမာက္ ပိုင္း မဟာမိတ္အဖြဲ႕မ်ားႏွင့္ပါ တိုက္ပြဲမ်ား ျဖစ္ပြားလာေနသည္မွာ ယေန႔အခ်ိန္အထိျဖစ္သည္။