KNU စခန်းတစ်ခု ဆုတ်ပေးရ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်။
ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် KNU တပ်မဟာ ၆ နယ်မြေအတွင်းက တိုက်ပွဲတွင် KNU ဘက် စခန်း တစ်ခု ဆုတ်ပေးလိုက်ရသည်ဟု KNU က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက ပြည်သူများကို အကာအကွယ် ယူခြင်း ပြည်သူများကို ပစ်ခတ်မှုများကို ပြုလုပ်ခဲ့သည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KNLA) ၏ ကျေးရွာလုံခြုံရေး တပ်စခန်း တစ်ခုကို စွန့်ခွာပေးခဲ့ရသည်ဟု ဒူးပလာယာခရိုင်၏ ထုတ်ပြန် ချက်ထဲတွင် ထည့်သွင်းထားသည်။
“အာဏာသိမ်းစစ်အုပ်စု၏ တပ်(ခလရ-၂၈၃) မှ ရွာသားများကို ပစ်ခတ်ခြင်း ရွာသားများကို အကာအကွယ် ယူလာခြင်းကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ကျေးရွာလုံခြုံရေး တပ် စခန်း တစ်ခုကို ဆုတ်ခွာပေးခဲ့ရသည်” ဟု ဒူးပလာယာခရိုင်က ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNU/KNLA တပ်မဟာ ၆ နှင့် အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ် တို့အကြား ဧပြီလ ၆ ရက်နေ့ (ယမန်နေ့) က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သား တစ် ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNU/KNLA တပ်မဟာ ၆ ဒူးပလာယာခရိုင်က ပြောသည်။
ဒူးပလာယာခရိုင်၏ ဧပြီလ ၇ ရက်နေ့ (ယနေ့) ထုတ်ပြန်ချက်ထဲတွင် “ဝင်းရေးမြို့နယ် မာန်အောင်ရွာ အနီးတွင် မနေ့ညက နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သာတစ်ဦးသေဆုံးခဲ့ပြီး ရွာသာတစ်ဦး၏ ပေါင်ကို ကျည်ထိခဲ့ကြောင်း သိရသည်” ဟု ဖော်ပြထားသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူတစ်ဦးကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖြစ်သည့် (ခလရ-၂၉၉) မှ ဧပြီလ ၇ ရက်နေ့ (ယနေ့) နံနက်ပိုင်း ၉ နာရီခွဲခန့် တွင် ဒူးပလာယာခရိုင်၊ဝင်းရေးမြို့နယ်၊ မာန်အောင်ကျေးရွာ ချောင်းဖျားရှိ နေရာများကို လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေသည်ဟု ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။
ယခုခါ မာန်အောင်ကျေးရွာမှာလည်း ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတစ်ဦး က “အခု တစ်ရွာလုံး ထွက်ပြေးကြတယ်၊ ကိုးမိုင်၊ ဟံဂံ နဲ့ တချို့က မြို့ပေါ်ရောက် ကိုယ်နဲ့ နီးစပ်ရာကို ထွက်ပြေး သွား ကြတာပေါ့၊ ပစ္စည်းတွေ ဘာတွေ သယ်နေကြတာ ရွာပျက်သွားသလိုပဲ” ဟု ဒေသခံရွာသားတစ်ဦးက ပြော သည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်များက ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းသို့ တပ်အာင်အား တိုးချဲ့ဖြည့်တင်းလာကာ စစ်ရေးလှုပ်ရှားမှုများရှိနေသည်ဟုသည်ဟု ဒူးပလာယာခရိုင်က ပြောသည်။
ဒူးပလာယာခရိုင်၏ ထုတ်ပြန်ချက်အရ “အာဏာသိမ်းစစ်အုပ်စု၏ တပ်များမှ ကေအဲန်ယူ-ဒူးပလာယာခရိုင် ဝင်း ရေးမြို့နယ် ၊နို့တကောမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်တို့အတွင်း စစ်ရေးလှုပ်ရှားမှုများ သိသိသာ သာ တိုးမြင့်လာနေပြီ ဖြစ်သည်” ဟု သိရသည်။
တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် စစ်ရေးတင်မာမှုများ ယခင်က ထက် ပိုမိုဖြစ်ပွားလာပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည်မှာ ယနေ့အချိန်အထိဖြစ်သည်။
လက်ရှိတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ ၊ ၃ ၊ ၁ ၊ ၆ နှင့် ၄ တို့တွင် စစ် ကောင်စီ၏ လက်နက်ကိုင်တပ်များနှင့် KNLA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။
တပ်မဟာ-၃ ထိန်းချုပ်နယ်မြေ ရွှေကျင် (ဆောထိ) မြို့နယ်အတွင်းရှိ မယ်ဒမတ်ချောင်းဖျား၊ လေချိုတောင် အနီး တွင် မတ်လ ၃၀ရက်က စစ်ကောင်စီတပ်ဖွဲ့မှ ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သေဆုံး သူ ၁၁ဦးနှင့် ဒဏ်ရာရရှိသူ ၅ဦး ရှိသည်။
ထို့အပြင် မတ်လ ၂၇ ရက်နေ့ကလည်း KNU/KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)နယ်မြေ ဒေ ပူနိုရွာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ဒေသခံရွာသား ၇ ဦး ရှိခဲ့သည်။
*** ZAWGYI ***
KNU စခန္းတစ္ခု ဆုတ္ေပးရ
သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၇ ရက္။
ယမန္ေန႔ညက ျဖစ္ပြားခဲ့သည့္ KNU တပ္မဟာ ၆ နယ္ေျမအတြင္းက တိုက္ပြဲတြင္ KNU ဘက္ စခန္း တစ္ခု ဆုတ္ေပးလိုက္ရသည္ဟု KNU က ေျပာသည္။
အာဏာသိမ္းစစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္မ်ားက ျပည္သူမ်ားကို အကာအ ကြယ္ ယူျခင္း ျပည္သူမ်ားကို ပစ္ခတ္မႈမ်ားကို ျပဳလုပ္ခဲ့သည့္အတြက္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မ ေတာ္ (KNLA) ၏ ေက်း႐ြာလုံၿခဳံေရး တပ္စခန္း တစ္ခုကို စြန႔္ခြာေပးခဲ့ရသည္ဟု ဒူးပလာယာခ႐ိုင္၏ ထုတ္ျပန္ ခ်က္ထဲတြင္ ထည့္သြင္းထားသည္။
“အာဏာသိမ္းစစ္အုပ္စု၏ တပ္(ခလရ-၂၈၃) မွ ႐ြာသားမ်ားကို ပစ္ခတ္ျခင္း ႐ြာသားမ်ားကို အကာအကြယ္ ယူလာျခင္းေၾကာင့္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) ၏ ေက်း႐ြာလုံၿခဳံေရး တပ္ စခန္း တစ္ခုကို ဆုတ္ခြာေပးခဲ့ရသည္” ဟု ဒူးပလာယာခ႐ိုင္က ေျပာသည္။
ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNU/KNLA တပ္မဟာ ၆ ႏွင့္ အာဏာသိမ္း စစ္ေကာင္စီ၏ လက္နက္ကိုင္တပ္ တို႔အၾကား ဧၿပီလ ၆ ရက္ေန႔ (ယမန္ေန႔) က ျဖစ္ပြားခဲ့သည့္ တိုက္ပြဲအတြင္း အရပ္သား တစ္ ဦးေသဆုံးကာ တစ္ဦး ဒဏ္ရာရရွိခဲ့သည္ဟု KNU/KNLA တပ္မဟာ ၆ ဒူးပလာယာခ႐ိုင္က ေျပာသည္။
ဒူးပလာယာခ႐ိုင္၏ ဧၿပီလ ၇ ရက္ေန႔ (ယေန႔) ထုတ္ျပန္ခ်က္ထဲတြင္ “ဝင္းေရးၿမိဳ႕နယ္ မာန္ေအာင္႐ြာ အနီးတြင္ မေန႔ညက နာရီဝက္ခန႔္ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းေၾကာင့္ အရပ္သာတစ္ဦးေသဆုံးခဲ့ၿပီး ႐ြာသာတစ္ဦး၏ ေပါင္ကို က်ည္ထိခဲ့ေၾကာင္း သိရသည္” ဟု ေဖာ္ျပထားသည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာ ရရွိသူတစ္ဦးကို နီးစပ္ရာ ေဆး႐ုံသို႔ ပို႔ေဆာင္ထားသည္ဟု ဆိုသည္။
အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ျဖစ္သည့္ (ခလရ-၂၉၉) မွ ဧၿပီလ ၇ ရက္ေန႔ (ယေန႔) နံနက္ပိုင္း ၉ နာရီခြဲခန္႔ တြင္ ဒူးပလာယာခ႐ိုင္၊ဝင္းေရးၿမိဳ႕နယ္၊ မာန္ေအာင္ေက်း႐ြာ ေခ်ာင္းဖ်ားရွိ ေနရာမ်ားကို လက္နက္ႀကီးမ်ား ျဖင့္ ပစ္ခတ္ေနသည္ဟု ဒူးပလာယာခ႐ိုင္က ထုတ္ျပန္ထားသည္။
ယခုခါ မာန္ေအာင္ေက်း႐ြာမွာလည္း ႐ြာလုံးကြၽတ္ စစ္ေဘးတိမ္းေရွာင္ေနၾကရသည္ဟု ေဒသခံတစ္ဦး က “အခု တစ္႐ြာလုံး ထြက္ေျပးၾကတယ္၊ ကိုးမိုင္၊ ဟံဂံ နဲ႔ တခ်ိဳ႕က ၿမိဳ႕ေပၚေရာက္ ကိုယ္နဲ႔ နီးစပ္ရာကို ထြက္ေျပး သြား ၾကတာေပါ့၊ ပစၥည္းေတြ ဘာေတြ သယ္ေနၾကတာ ႐ြာပ်က္သြားသလိုပဲ” ဟု ေဒသခံ႐ြာသားတစ္ဦးက ေျပာ သည္။
ထို႔အျပင္ စစ္ေကာင္စီ၏ လက္နက္ကိုင္ တပ္မ်ားက ဒူးပလာယာခ႐ိုင္ ဝင္းေရးၿမိဳ႕နယ္အတြင္းသို႔ တပ္အာင္အား တိုးခ်ဲ႕ျဖည့္တင္းလာကာ စစ္ေရးလႈပ္ရွားမႈမ်ားရွိေနသည္ဟုသည္ဟု ဒူးပလာယာခ႐ိုင္က ေျပာသည္။
ဒူးပလာယာခ႐ိုင္၏ ထုတ္ျပန္ခ်က္အရ “အာဏာသိမ္းစစ္အုပ္စု၏ တပ္မ်ားမွ ေကအဲန္ယူ-ဒူးပလာယာခ႐ိုင္ ဝင္း ေရးၿမိဳ႕နယ္ ၊ႏို႔တေကာၿမိဳ႕နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ က်ဳံဒိုးၿမိဳ႕နယ္တို႔အတြင္း စစ္ေရးလႈပ္ရွားမႈမ်ား သိသိသာ သာ တိုးျမင့္လာေနၿပီ ျဖစ္သည္” ဟု သိရသည္။
တပ္မေတာ္မွ အာဏာသိမ္းၿပီးေနာက္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU ႏွင့္ စစ္ေရးတင္မာမႈမ်ား ယခင္က ထက္ ပိုမိုျဖစ္ပြားလာၿပီး တိုက္ပြဲမ်ားျပန္လည္ျဖစ္ပြားေနသည္မွာ ယေန႔အခ်ိန္အထိျဖစ္သည္။
လက္ရွိတြင္ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ KNLA တပ္မဟာ ၅ ၊ ၃ ၊ ၁ ၊ ၆ ႏွင့္ ၄ တို႔တြင္ စစ္ ေကာင္စီ၏ လက္နက္ကိုင္တပ္မ်ားႏွင့္ KNLA တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားေနသည္ဟု သိရသည္။
တပ္မဟာ-၃ ထိန္းခ်ဳပ္နယ္ေျမ ေ႐ႊက်င္ (ေဆာထိ) ၿမိဳ႕နယ္အတြင္းရွိ မယ္ဒမတ္ေခ်ာင္းဖ်ား၊ ေလခ်ိဳေတာင္ အနီး တြင္ မတ္လ ၃၀ရက္က စစ္ေကာင္စီတပ္ဖြဲ႕မွ ဂ်က္တိုက္ေလယာဥ္ႏွင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့သည့္အတြက္ ေသဆုံး သူ ၁၁ဦးႏွင့္ ဒဏ္ရာရရွိသူ ၅ဦး ရွိသည္။
ထို႔အျပင္ မတ္လ ၂၇ ရက္ေန႔ကလည္း KNU/KNLA တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမ မူေၾတာ္(ဖာပြန္)နယ္ေျမ ေဒ ပူႏို႐ြာအတြင္း အာဏာသိမ္းစစ္ေကာင္စီတပ္မွ ဂ်က္တိုက္ေလယာဥ္ျဖင့္ လာေရာက္ ဗုံးႀကဲ တိုက္ခိုက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူ ေဒသခံ႐ြာသား ၇ ဦး ရွိခဲ့သည္။