KIA သိမ်းလိုက်သည့် ဗျူဟာမြောက် တောင်ကုန်းကို လေကြောင်းစစ်ကူဖြင့် စစ်ကောင်စီမှ ပြန်လည်ထိုးစစ်ဆင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ အလော့ဒ်တောင် (Alaw Bum) စခန်းကုန်းကို အာဏာသိမ်း စစ်ကောင်စီ စစ်တပ်က လေကြောင်းထိုး စစ်များဖြင့် ပစ်ခတ်ကာ သုံးရက်ဆက်တိုက် ပြန်လည်ရယူရန် ကြိုးစားနေသည်ဟု ကချင် လွတ်လပ်ရေး အဖွဲ့ KIO က ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ တပ်စွဲထားသည့် အလော့ဒ်တောင် (Alaw Bum) စခန်းကုန်းကို မတ်လ နောက်ဆုံးအပတ်က KIA က တိုက်ခိုက်သိမ်းယူလိုက်ပြီးနောက် အဆိုပါ စခန်းကုန်းကို ပြန်လည်ရယူရန် စစ် ကောင်စီ၏ လက်နက်ကိုင်တပ်များက မြေပြင်အပြင် ဝေဟင်ထိုးစစ်များပါ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေသည်ဟု KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

“ဒုတိယကမ္ဘာစစ်မှာ အင်္ဂလိပ်တပ်တွေလည်း တပ်ထိုင်ခဲ့တဲ့အနေရာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ကျနော်တို့ KIA တွေ ပြန်ထိုင်တဲ့နေရာဖြစ်ပါတယ်။ ၁၉၈၇ မှာပဲ တပ်မတော်ဘက်ကနေ ပြန်သိမ်းပြီးမှ ဒီနေ့ ကျနော်တို့ လက်ထဲမှာ ရောက်လာတဲ့ စစ်တပ်ကုန်းဖြစ်ပါတယ်။ ပြောမယ်ဆိုရင်တော့ တရုတ်ပြည်ဘက်နဲ့လည်း နီးတဲ့ စစ်တပ်ကုန်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် တော်တော်လေးတော့ စစ်ဗျူဟာနဲ့ ပြောမယ်ဆိုရင်တော့ ဗျူဟာကျတဲ့ နေရာ ဖြစ်ပါတယ်။ ဒီဒေါ့ဖုန်းယန်တို့ မြို့သစ်၊ ကုန်းလော အားလုံးရဲ့ အရှေ့ဘက်ခြမ်းမှာ ကျတဲ့ တောင်ကုန်း ကြီး ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူတို့ မရမက ပြန်ထိုးလာတဲ့ သဘောမျိုး ရှိပါတယ်။”

ယမန်နေ့က အလော့ဒ်တောင် (Alaw Bum) စခန်းကုန်းကို လေယာဉ်နှစ်စီးဖြင့် ၇ ကြိမ်ခန့် ဝင်ရောက်ပစ်ခတ်ခဲ့ ကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းအပြင် အမြောက်တပ်ဘက်ကနေလည်း ပစ်ခတ်မှုများ ရှိခဲ့သည်ဟု KIA က တာဝန်ရှိသူများက ပြောသည်။

ယနေ့ ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူ က “ဒီနေ့က မနက်ပိုင်းအထိ တိုက်ပွဲတော့ ရှိတယ်။ ဒီနေ့က လေယာဉ်နဲ့ပစ်တာတော့ မရှိဘူး။ တိုက်ပွဲတော့ ရှိတယ်။ မနေ့ကတော့ ဒီလေ ယာဉ်ပျံနဲ့လည်း တိုက်တယ်။ မြေပြင်နဲ့လည်း တိုက်တယ်။ တော် တော် ပြင်းထန်တယ်လို့ ပြောလို့ရတာပေါ့။ တနေကုန်ဖြစ်နေတာ။ လေယာဉ်ပျံကလည်း ၇ ကြိမ်လောက် ပစ်နေတယ်။ ဗုံးတွေနဲ့လည်း ပစ်တယ်။ ရော့ ကတ်တွေနဲ့လည်း ပစ်တယ်။ တော်တော်ပြင်းထန်တဲ့အနေအထား ဖြစ်ပါတယ်။ အလော့ဒ်ဘွမ် တဝိုက်မှာ ဖြစ် တာပါ။ အရင်က ကျနော်တို့ ဝင်စီးထားတဲ့ ကုန်းပေါ့” ဟု ပြောသည်။

အလော့ဒ်တောင် ကုန်းသည် လိုင်ဇာနှင့် မိုင်ဂျာယန်ဆက်သွယ်ထားသည့် လမ်းမပေါ်တွင်ရှိသည့် အရေးပါသော စစ်တပ်ကုန်း၊ ဗျူဟာမြောက်သည့် တောင်ကုန်းတစ်ကုန်းဖြစ်ပြီး IDPs စခန်းများ ဖြစ်ကြသည့် ဂျေယန့်၊ ဖုန်လုန်ယန်တို့ကို လည်း ခြိမ်းခြောက်ကာ လက်နက်ကြီးများ ဖြင့် လှမ်းပစ်နိုင်သည့် ရှေ့တန်းစိုးမိုးကုန်းတစ်ကုန်းလည်း ဖြစ်သည်။

KIA တပ်မဟာ ၅- ဌာနချုပ် နယ်မြေ၊ အလော့ဒ်တောင်အနီး၊ ဆလောင်းကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KIA တို့အကြား ယခုရက်ပိုင်း ရက်ဆက် တိုက်ပွဲများလည်း ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု KIA က ပြောသည်။

ဧပြီလ ၁၁ ရက်နေ့က စတင်ပြီး ယနေ့အချိန်ထိ အဆိုပါနေရာများတွင် နှစ်ဖက်ကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု KIA က ပြောသည်။ ယနေ့မွန်လွှဲပိုင်းအချိန်ထိ လေကြောင်းထိုးစစ်များ မရှိသော် လည်း မြေပြင်တပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်နေသည်ဟု ဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍လည်း ရှေ့တန်းရောက် KIA တာဝန်ရှိသူတစ်ဦး က “တိုက်ပွဲက မနေ့က တနေကုန်ဖြစ်တယ်။ မနက် ၅ နာရီခွဲကနေ ညနေအထိပဲ။ လေယာဉ်တွေက လာပစ်လိုက် ပြန်သွားလိုက်ပဲ။ ပထမတစ်ခေါက် တစ်စီးပဲလာတယ်။ နောက်တစ်ခေါက်မှာ နှစ်စီး ပြန်လာတယ်။ လက်နက် ငယ်တွေနဲ့လည်း ပစ်တယ်။ ညအထိပဲ။ ၇ နာရီလောက်အထိ မပြီးဘူး။ တိုက်ပွဲတွေကလည်း ဆက်ဖြစ်တော့ အခြေအနေကလည်း တင်းမာနေဆဲပဲ ဖြစ်တယ်” ဟု ပြောသည်။

အလော့ဒ်တောင် (Alaw Bum) တပ်စခန်းကုန်းကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ပစ်ခတ်ရာတွင် တရုတ် နိုင်ငံဘက်ခြမ်းမှ ပတ်ကာ ပစ်ခတ်နေခြင်း ဖြစ်သည်ဟုလည်း ရှေ့တန်းရောက် အဆိုပါ KIA တာဝန်ရှိသူက ပြော သည်။

ယမန်နေ့က တိုက်ပွဲနှင့် ပစ်ခတ်မှုများကြောင့် တရုတ်နိုင်ငံဘက်ခြမ်းကိုလည်း အာဏာသိမ်းစစ်ကောင်စီ၏ ဒေါ့ဖုန်းယန်ရှိ အမြောက်တပ်မှ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များ ကျခဲ့သည်ဟုလည်း ဗိုလ်မှူးကြီး နော်ဘူ က ဆက်ပြောသည်။

“အလော့ဒ်ဘွမ်အောက် တောင်ခြေရင်းနေရာမှာ ဖြစ်ပါတယ်။ တရုတ်ဘက်ကို ကျတာက လေယာဉ်နဲ့ ပစ်တာ တော့ မဟုတ်ဘူး။ လက်နက်ကြီးနဲ့ပါ။ ဒေါ့ဖုန်းယန် အမြောက်တပ်ဘက်ကနေ ပစ်တာ။ နည်းနည်း ကျော်သွား တာနေမှာပါ။ ဒီတရုတ်ပြည်ဘက်ခြမ်း ကော်ဖီခြံတို့ဘက် ကျသွားတာပေါ့။ ပြည်သူတွေပြောတာတော့ ၆ လုံးလို့ပြောတယ်။”

KIA တပ်မဟာ ၁၊ တပ်ရင်း (၁၀) နယ်မြေဘက်တွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည် ဟု သိရသည်။ မလိယန်ဘက်မှ ဆွမ်ပရာဘွမ်ဘက်သို့ တက်လာသည့် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ အကြား ဧပြီလ ၁၁ ရက်နေ့က တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသခံများက အတည်ပြုပြောသည်။

ထို့အပြင် KIA တပ်မဟာ ၉ လက်အောက်ခံတပ်ရင်းဖြစ်သည့် တပ်ရင်း ၄၄ နယ်မြေအတွင်းရှိ ဂေါ့လူယန်ကျေး ရွာအနီးတွင်လည်း နန့်ယားဘက်မှ ဖားကန့်ဘက်သို့ တက်လာသည့် အာဏာသိမ်းစစ်တပ်နှင့် KIA တပ်တို့အကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ ရှိနေသည်ဟု ရှေ့တန်းရောက် KIA တာဝန်ရှိသူတစ်ဦး က အတည်ပြုပြောသည်။

*** ZAWGYI ***
KIA သိမ္းလိုက္သည့္ ဗ်ဴဟာေျမာက္ ေတာင္ကုန္းကို ေလေၾကာင္းစစ္ကူျဖင့္ စစ္ေကာင္စီမွ ျပန္လည္ထိုးစစ္ဆင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁၃ ရက္။

ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ၏ အေလာ့ဒ္ေတာင္ (Alaw Bum) စခန္းကုန္းကို အာဏာသိမ္း စစ္ေကာင္စီ စစ္တပ္က ေလေၾကာင္းထိုး စစ္မ်ားျဖင့္ ပစ္ခတ္ကာ သုံးရက္ဆက္တိုက္ ျပန္လည္ရယူရန္ ႀကိဳးစားေနသည္ဟု ကခ်င္ လြတ္လပ္ေရး အဖြဲ႕ KIO က ေျပာသည္။

စစ္ေကာင္စီ၏ လက္နက္ကိုင္တပ္မ်ား တပ္စြဲထားသည့္ အေလာ့ဒ္ေတာင္ (Alaw Bum) စခန္းကုန္းကို မတ္လ ေနာက္ဆုံးအပတ္က KIA က တိုက္ခိုက္သိမ္းယူလိုက္ၿပီးေနာက္ အဆိုပါ စခန္းကုန္းကို ျပန္လည္ရယူရန္ စစ္ ေကာင္စီ၏ လက္နက္ကိုင္တပ္မ်ားက ေျမျပင္အျပင္ ေဝဟင္ထိုးစစ္မ်ားပါ အျပင္းအထန္ ထိုးစစ္ဆင္ တိုက္ခိုက္ ေနသည္ဟု KIO သတင္းႏွင့္ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီး ေနာ္ဘူ က ေျပာသည္။

“ဒုတိယကမာၻစစ္မွာ အဂၤလိပ္တပ္ေတြလည္း တပ္ထိုင္ခဲ့တဲ့အေနရာျဖစ္ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာ က်ေနာ္တို႔ KIA ေတြ ျပန္ထိုင္တဲ့ေနရာျဖစ္ပါတယ္။ ၁၉၈၇ မွာပဲ တပ္မေတာ္ဘက္ကေန ျပန္သိမ္းၿပီးမွ ဒီေန႔ က်ေနာ္တို႔ လက္ထဲမွာ ေရာက္လာတဲ့ စစ္တပ္ကုန္းျဖစ္ပါတယ္။ ေျပာမယ္ဆိုရင္ေတာ့ တ႐ုတ္ျပည္ဘက္နဲ႔လည္း နီးတဲ့ စစ္တပ္ကုန္းျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ေတာ္ေတာ္ေလးေတာ့ စစ္ဗ်ဴဟာနဲ႔ ေျပာမယ္ဆိုရင္ေတာ့ ဗ်ဴဟာက်တဲ့ ေနရာ ျဖစ္ပါတယ္။ ဒီေဒါ့ဖုန္းယန္တို႔ ၿမိဳ႕သစ္၊ ကုန္းေလာ အားလုံးရဲ႕ အေရွ႕ဘက္ျခမ္းမွာ က်တဲ့ ေတာင္ကုန္း ႀကီး ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ သူတို႔ မရမက ျပန္ထိုးလာတဲ့ သေဘာမ်ိဳး ရွိပါတယ္။”

ယမန္ေန႔က အေလာ့ဒ္ေတာင္ (Alaw Bum) စခန္းကုန္းကို ေလယာဥ္ႏွစ္စီးျဖင့္ ၇ ႀကိမ္ခန႔္ ဝင္ေရာက္ပစ္ခတ္ခဲ့ ေၾကာင္း၊ ေလေၾကာင္း၊ ကုန္းေၾကာင္းအျပင္ အေျမာက္တပ္ဘက္ကေနလည္း ပစ္ခတ္မႈမ်ား ရွိခဲ့သည္ဟု KIA က တာဝန္ရွိသူမ်ားက ေျပာသည္။

ယေန႔ ျဖစ္ပြားေနသည့္ တိုက္ပြဲအေျခအေနမ်ားႏွင့္ ပတ္သက္၍ ဗိုလ္မႉးႀကီးေနာ္ဘူ က “ဒီေန႔က မနက္ပိုင္းအထိ တိုက္ပြဲေတာ့ ရွိတယ္။ ဒီေန႔က ေလယာဥ္နဲ႔ပစ္တာေတာ့ မရွိဘူး။ တိုက္ပြဲေတာ့ ရွိတယ္။ မေန႔ကေတာ့ ဒီေလ ယာဥ္ပ်ံနဲ႔လည္း တိုက္တယ္။ ေျမျပင္နဲ႔လည္း တိုက္တယ္။ ေတာ္ ေတာ္ ျပင္းထန္တယ္လို႔ ေျပာလို႔ရတာေပါ့။ တေနကုန္ျဖစ္ေနတာ။ ေလယာဥ္ပ်ံကလည္း ၇ ႀကိမ္ေလာက္ ပစ္ေနတယ္။ ဗုံးေတြနဲ႔လည္း ပစ္တယ္။ ေရာ့ ကတ္ေတြနဲ႔လည္း ပစ္တယ္။ ေတာ္ေတာ္ျပင္းထန္တဲ့အေနအထား ျဖစ္ပါတယ္။ အေလာ့ဒ္ဘြမ္ တဝိုက္မွာ ျဖစ္ တာပါ။ အရင္က က်ေနာ္တို႔ ဝင္စီးထားတဲ့ ကုန္းေပါ့” ဟု ေျပာသည္။

အေလာ့ဒ္ေတာင္ ကုန္းသည္ လိုင္ဇာႏွင့္ မိုင္ဂ်ာယန္ဆက္သြယ္ထားသည့္ လမ္းမေပၚတြင္ရွိသည့္ အေရးပါေသာ စစ္တပ္ကုန္း၊ ဗ်ဴဟာေျမာက္သည့္ ေတာင္ကုန္းတစ္ကုန္းျဖစ္ၿပီး IDPs စခန္းမ်ား ျဖစ္ၾကသည့္ ေဂ်ယန႔္၊ ဖုန္လုန္ယန္တို႔ကို လည္း ၿခိမ္းေျခာက္ကာ လက္နက္ႀကီးမ်ား ျဖင့္ လွမ္းပစ္ႏိုင္သည့္ ေရွ႕တန္းစိုးမိုးကုန္းတစ္ကုန္းလည္း ျဖစ္သည္။

KIA တပ္မဟာ ၅- ဌာနခ်ဳပ္ နယ္ေျမ၊ အေလာ့ဒ္ေတာင္အနီး၊ ဆေလာင္းကုန္းတြင္ တပ္စြဲထားသည့္ စစ္ေကာင္စီတပ္ႏွင့္ KIA တို႔အၾကား ယခုရက္ပိုင္း ရက္ဆက္ တိုက္ပြဲမ်ားလည္း ျပင္းထန္စြာ ျဖစ္ပြားေနသည္ဟု KIA က ေျပာသည္။

ဧၿပီလ ၁၁ ရက္ေန႔က စတင္ၿပီး ယေန႔အခ်ိန္ထိ အဆိုပါေနရာမ်ားတြင္ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ား၊ ပစ္ခတ္မႈမ်ား ျဖစ္ပြားေနျခင္း ျဖစ္သည္ဟု KIA က ေျပာသည္။ ယေန႔မြန္လႊဲပိုင္းအခ်ိန္ထိ ေလေၾကာင္းထိုးစစ္မ်ား မရွိေသာ္ လည္း ေျမျပင္တပ္မ်ားအၾကား တိုက္ပြဲမ်ား ဆက္လက္ျဖစ္ေနသည္ဟု ဆိုသည္။

ဧၿပီလ ၁၂ ရက္ေန႔ ျဖစ္ပြားခဲ့သည့္ အေျခအေနႏွင့္ ပတ္သက္၍လည္း ေရွ႕တန္းေရာက္ KIA တာဝန္ရွိသူတစ္ဦး က “တိုက္ပြဲက မေန႔က တေနကုန္ျဖစ္တယ္။ မနက္ ၅ နာရီခြဲကေန ညေနအထိပဲ။ ေလယာဥ္ေတြက လာပစ္လိုက္ ျပန္သြားလိုက္ပဲ။ ပထမတစ္ေခါက္ တစ္စီးပဲလာတယ္။ ေနာက္တစ္ေခါက္မွာ ႏွစ္စီး ျပန္လာတယ္။ လက္နက္ ငယ္ေတြနဲ႔လည္း ပစ္တယ္။ ညအထိပဲ။ ၇ နာရီေလာက္အထိ မၿပီးဘူး။ တိုက္ပြဲေတြကလည္း ဆက္ျဖစ္ေတာ့ အေျခအေနကလည္း တင္းမာေနဆဲပဲ ျဖစ္တယ္” ဟု ေျပာသည္။

အေလာ့ဒ္ေတာင္ (Alaw Bum) တပ္စခန္းကုန္းကို စစ္ေကာင္စီတပ္က ေလယာဥ္မ်ားျဖင့္ ပစ္ခတ္ရာတြင္ တ႐ုတ္ ႏိုင္ငံဘက္ျခမ္းမွ ပတ္ကာ ပစ္ခတ္ေနျခင္း ျဖစ္သည္ဟုလည္း ေရွ႕တန္းေရာက္ အဆိုပါ KIA တာဝန္ရွိသူက ေျပာ သည္။

ယမန္ေန႔က တိုက္ပြဲႏွင့္ ပစ္ခတ္မႈမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံဘက္ျခမ္းကိုလည္း အာဏာသိမ္းစစ္ေကာင္စီ၏ ေဒါ့ဖုန္းယန္ရွိ အေျမာက္တပ္မွ ပစ္ခတ္မႈေၾကာင့္ လက္နက္ႀကီးက်ည္မ်ား က်ခဲ့သည္ဟုလည္း ဗိုလ္မႉးႀကီး ေနာ္ဘူ က ဆက္ေျပာသည္။

“အေလာ့ဒ္ဘြမ္ေအာက္ ေတာင္ေျခရင္းေနရာမွာ ျဖစ္ပါတယ္။ တ႐ုတ္ဘက္ကို က်တာက ေလယာဥ္နဲ႔ ပစ္တာ ေတာ့ မဟုတ္ဘူး။ လက္နက္ႀကီးနဲ႔ပါ။ ေဒါ့ဖုန္းယန္ အေျမာက္တပ္ဘက္ကေန ပစ္တာ။ နည္းနည္း ေက်ာ္သြား တာေနမွာပါ။ ဒီတ႐ုတ္ျပည္ဘက္ျခမ္း ေကာ္ဖီၿခံတို႔ဘက္ က်သြားတာေပါ့။ ျပည္သူေတြေျပာတာေတာ့ ၆ လုံးလို႔ေျပာတယ္။”

KIA တပ္မဟာ ၁၊ တပ္ရင္း (၁၀) နယ္ေျမဘက္တြင္လည္း ယခုရက္ပိုင္း တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားေနသည္ ဟု သိရသည္။ မလိယန္ဘက္မွ ဆြမ္ပရာဘြမ္ဘက္သို႔ တက္လာသည့္ အာဏာသိမ္းစစ္တပ္ႏွင့္ KIA တို႔ အၾကား ဧၿပီလ ၁၁ ရက္ေန႔က တိုက္ပြဲမ်ား ျဖစ္ပြားေနသည္ဟု ေဒသခံမ်ားက အတည္ျပဳေျပာသည္။

ထို႔အျပင္ KIA တပ္မဟာ ၉ လက္ေအာက္ခံတပ္ရင္းျဖစ္သည့္ တပ္ရင္း ၄၄ နယ္ေျမအတြင္းရွိ ေဂါ့လူယန္ေက်း ႐ြာအနီးတြင္လည္း နန႔္ယားဘက္မွ ဖားကန႔္ဘက္သို႔ တက္လာသည့္ အာဏာသိမ္းစစ္တပ္ႏွင့္ KIA တပ္တို႔အၾကား တိုက္ပြဲမ်ား၊ ပစ္ခတ္မႈမ်ား ရွိေနသည္ဟု ေရွ႕တန္းေရာက္ KIA တာဝန္ရွိသူတစ္ဦး က အတည္ျပဳေျပာသည္။