တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၃ – ၄ – ၂-၂၁ )

အာဏာသိမ်းစစ်ကောင်စီက KIA ဌာနချုပ် နယ်မြေအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပါတယ်။

KNU လက်အောက်ခံ ခရိုင် ၇ ခုစလုံးက KNLA တပ်ဖွဲ့တွေနဲ့ အာဏာသိမ်း စစ်ကောင်စီအကြား ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်းကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေအတွက်လည်း အခက်အခဲတွေရင်ဆိုင်နေရပါတယ်။

*** ZAWGYI ***


