ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများ ဆက်ဖြစ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်။

အာဏာသိမ်းစစ်ကောင်စီ တပ်က အပစ်ခတ်ရပ်စဲကြောင်းကြေညာထားသော်လည်း ဧပြီလအတွင်း ကချင်ပြည် အတွင်း နေရာအနှံအပြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက် ရှိ သည်။

ဧပြီလ ၁၄ ရက်နေ့တွင် KIA တပ်မဟာ ၅ နယ်မြေ အလော့ဒ်တောင်(Alaw Bum)စခန်းကုန်းကို လေကြောင်းထိုး စစ်များဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖားကန့်၊ မိုးမောက်၊ ပူတာအို(ဆွမ်ပရာဘွမ်ဒေသ) အတွင်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KIA တာဝန်ရှိသူများက ပြောသည်။

“အလော့ဒ်ဘွမ်တောင်မှာ တိုက်ပွဲက ထပ်ဖြစ်တယ်။ ဆက်ဖြစ်တာပေ့ါနော်။ ဗမာစစ်တပ်နဲ့ ကျနော်တို့နဲ့ တိုက်ပွဲ ဖြစ်နေတယ်။ အဲ့ဒီနားကို ဗမာစစ်တပ်ဘက်က ၁၁ နာရီခွဲလောက်မှာ ဂျက်လေယာဉ်နှစ်စီးနဲ့ လာပြီး ဗုံးလာကြဲ တယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို လေယာဉ်နဲ့ လာပြီး ဗုံးကြဲသွားတယ်” ဟု ရှေ့တန်းရောက် KIA တာဝန်ရှိ သူ က ပြောသည်။

တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း ၄၄ နယ်မြေအတွင်းတွင်လည်း နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“စစ်သားတွေတက်လာတာဟုတ်တယ်။ နန့်ယားဘက်ကနေ KIA တပ်ရှိတဲ့ဘက်ကို စစ်သားတွေ သွားလိုက်တာ နော်။ အဲ့ဒီနေရာမှာက တပ်ရင်း ၄၄ က လူတွေရှိတယ်။ ဒီဖားကန့် ဒီလမ်းဘေးပေါ့ ခွန်စိုင်ကျေးရွာနားမှာ ဖြစ် သွား တာဟုတ်တယ်။ တိုက်ပွဲဖြစ်တာတော့ ၁၁ နာရီလောက်မှာ ဖြစ်တာနော်။ ဗမာစစ်တပ် နန့်ယားစစ်တပ် ကုန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်တာဟုတ်တယ်” ဟု ပြောသည်။

မိုးမောက်မြို့နယ်အတွင်းလည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျှက်ရှိပြီး ပြည်သူအချို့လည်း စစ်ဘေးလွှတ်ရာ နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

“တိုက်ပွဲက ၁၃ ရက်နေ့ကလည်းဖြစ်တယ်နော်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီနေ့ (၁၄ ရက်နေ့) မှာလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ ဘုန်းကြီးကျောင်းတွေမှာ တချို့ စုပြီးအိပ်ကြတယ်။ မိုးမောက်မှာ နေလို့ အဆင်မပြေတဲ့လူတွေက ဗန်းမော်ကို ထွက်ပြေးလာကြတာလေနော်။ အဲ့မျိုးဟုတ်တယ်” ဟု အမည်မ ဖော်လိုသူ ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ စီးဟက်နှင့် ကုန်းလောစသည့် ကျေးရွာများအနီးရှိ အာဏာသိမ်းစစ် ကောင်စီ တပ်၏ စစ်စခန်းကုန်းငယ်များကို KIA က သိမ်းယူပြီးနောက် အဆိုပါဒေသတွင်း တိုက်ပွဲများ၊ စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်များဖြင့်လည်း လာရောက် ပစ် ခတ် နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများ အခြေအနေနှင့် ပတ်သက်၍ ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “မိုးမောက်ဆိုတာကတော့ အလော့ဒ်ဘွမ်လည်း သူက မိုးမောက် လို့ ပြောရမှာပေါ့။ မြို့နယ်နဲ့ ပြောရရင်တော့။ နောက်တစ်ခုရှိတာကတော့ မြို့သစ်ပေါ့နော်၊ မြို့သစ် ကုန်းလော မှာလည်း ဟိုးတနေ့ညက ညတစ်နာရီဝန်းကျင် လောက်မှာ မြို့သစ်က မိုက်ကရိုဝေ့ တာဝါကုန်း စောင့်နေတဲ့ သူ တို့ရဲ့ တပ်စခန်းလေးတွေကိုလည်း သိမ်းတာရှိ တယ်။ နောက်ပြီးတော့ တာပိန် တံတားဦးမှာရှိတဲ့ စခန်းလေးတွေ ကိုလည်း သိမ်းတာရှိပါတယ်။ ဒါက အားလုံး ပြောကြတာတော့ မိုးမောက်လို့ ပြောကြတာပေါ့။ နေ့စဉ်ကတော့ တိုက်ပွဲက နေရာတကာမှာ ဖြစ်ပါတယ်။ မှတ် သားလောက်ရှိတဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲ ကျနော်ကတော့ အာရုံစိုက်နေတာပေါ့။ ခြုံခိုတိုက်ပွဲတွေ၊ ထိတွေ့ရင် ဆိုင်တိုက်ပွဲတွေ၊ ပြောက်ကြားတိုက်ပွဲတွေကတော့ နေရာ တကာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဧပြီလ ၁၃ ရက်နေ့လည်း ခယာဘွမ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်၏ တပ်များက မုန်လိုက်ခက် ဘက်သို့ ၈၁ မမ ဖြင့် ပစ်ခတ်ခြင်း၊ ဆမားဘွမ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီ တပ်က ဖလတ် ဘွမ်ဘက်သို့ ၁၂၀ မမ၊ ၆၀ မမ များဖြင့် ပစ်ခတ်လာသည့်အတွက် KIA ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်ဟု KIA က ပြောသည်။

ဧပြီလ ၁၂ ရက်နေ့ကလည်း KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နယ်မြေအတွင်း အင်ဆိုင်ယန်နှင့် ဆွမ်ပီယန်ဘက်သို့ စစ်ကူတက်လာသည့် အာဏာသိမ်းစစ်ကောင်စီ တပ်နှင့် KIA တပ်တို့အကြား တိုက်ပွဲဖြစ် ပွားခဲ့သည်။

ကချင်ပြည်နယ်အတွင်း ယခုရက်ပိုင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအနက် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက် နက်ကြီး ပစ်ခတ်မှုများကြောင့် မိုးမောက်မြို့နယ်အတွင်းက ကျေးရွာအချို့ထဲသို့ လက်နက်ကြီးကျည်များ ကျ ရောက်ပေါက်ကွဲခဲ့သည့်အတွက် ဒေသခံပြည်သူ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ရသည်။

*** ZAWGYI ***
ကခ်င္ျပည္နယ္အႏွံ႔ တိုက္ပြဲမ်ား ဆက္ျဖစ္ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁၅ ရက္။

အာဏာသိမ္းစစ္ေကာင္စီ တပ္က အပစ္ခတ္ရပ္စဲေၾကာင္းေၾကညာထားေသာ္လည္း ဧၿပီလအတြင္း ကခ်င္ျပည္ အတြင္း ေနရာအႏွံအျပားတြင္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားလွ်က္ ရွိ သည္။

ဧၿပီလ ၁၄ ရက္ေန႔တြင္ KIA တပ္မဟာ ၅ နယ္ေျမ အေလာ့ဒ္ေတာင္(Alaw Bum)စခန္းကုန္းကို ေလေၾကာင္းထိုး စစ္မ်ားျဖင့္ ထပ္မံဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီး ဖားကန႔္၊ မိုးေမာက္၊ ပူတာအို(ဆြမ္ပရာဘြမ္ေဒသ) အတြင္းတြင္လည္း တိုက္ပြဲမ်ား ျဖစ္ပြားေနသည္ဟု KIA တာဝန္ရွိသူမ်ားက ေျပာသည္။

“အေလာ့ဒ္ဘြမ္ေတာင္မွာ တိုက္ပြဲက ထပ္ျဖစ္တယ္။ ဆက္ျဖစ္တာေပ့ါေနာ္။ ဗမာစစ္တပ္နဲ႔ က်ေနာ္တို႔နဲ႔ တိုက္ပြဲ ျဖစ္ေနတယ္။ အဲ့ဒီနားကို ဗမာစစ္တပ္ဘက္က ၁၁ နာရီခြဲေလာက္မွာ ဂ်က္ေလယာဥ္ႏွစ္စီးနဲ႔ လာၿပီး ဗုံးလာႀကဲ တယ္။ တိုက္ပြဲျဖစ္ေနတဲ့ေနရာေတြကို ေလယာဥ္နဲ႔ လာၿပီး ဗုံးႀကဲသြားတယ္” ဟု ေရွ႕တန္းေရာက္ KIA တာဝန္ရွိ သူ က ေျပာသည္။

တပ္မဟာ ၉ လက္ေအာက္ခံ တပ္ရင္း ၄၄ နယ္ေျမအတြင္းတြင္လည္း ႏွစ္ဖက္ၾကား တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေဒသခံတစ္ဦးက ေျပာသည္။

“စစ္သားေတြတက္လာတာဟုတ္တယ္။ နန႔္ယားဘက္ကေန KIA တပ္ရွိတဲ့ဘက္ကို စစ္သားေတြ သြားလိုက္တာ ေနာ္။ အဲ့ဒီေနရာမွာက တပ္ရင္း ၄၄ က လူေတြရွိတယ္။ ဒီဖားကန႔္ ဒီလမ္းေဘးေပါ့ ခြန္စိုင္ေက်း႐ြာနားမွာ ျဖစ္ သြား တာဟုတ္တယ္။ တိုက္ပြဲျဖစ္တာေတာ့ ၁၁ နာရီေလာက္မွာ ျဖစ္တာေနာ္။ ဗမာစစ္တပ္ နန႔္ယားစစ္တပ္ ကုန္းကေနလည္း လက္နက္ႀကီးေတြနဲ႔ ပစ္တာဟုတ္တယ္” ဟု ေျပာသည္။

မိုးေမာက္ၿမိဳ႕နယ္အတြင္းလည္း တိုက္ပြဲမ်ားဆက္တိုက္ျဖစ္ပြားလွ်က္ရွိၿပီး ျပည္သူအခ်ိဳ႕လည္း စစ္ေဘးလႊတ္ရာ ေနရာမ်ားတြင္ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု ေဒသခံမ်ားက ေျပာသည္။

“တိုက္ပြဲက ၁၃ ရက္ေန႔ကလည္းျဖစ္တယ္ေနာ္။ စစ္တပ္က လက္နက္ႀကီးေတြနဲ႔ ပစ္တယ္။ ဒီေန႔ (၁၄ ရက္ေန႔) မွာလည္း လက္နက္ႀကီးေတြ ဆက္တိုက္ပစ္တယ္။ ဘုန္းႀကီးေက်ာင္းေတြမွာ တခ်ိဳ႕ စုၿပီးအိပ္ၾကတယ္။ မိုးေမာက္မွာ ေနလို႔ အဆင္မေျပတဲ့လူေတြက ဗန္းေမာ္ကို ထြက္ေျပးလာၾကတာေလေနာ္။ အဲ့မ်ိဳးဟုတ္တယ္” ဟု အမည္မ ေဖာ္လိုသူ ဗန္းေမာ္ေဒသခံတစ္ဦးက ေျပာသည္။

မိုးေမာက္ၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕သစ္၊ စီးဟက္ႏွင့္ ကုန္းေလာစသည့္ ေက်း႐ြာမ်ားအနီးရွိ အာဏာသိမ္းစစ္ ေကာင္စီ တပ္၏ စစ္စခန္းကုန္းငယ္မ်ားကို KIA က သိမ္းယူၿပီးေနာက္ အဆိုပါေဒသတြင္း တိုက္ပြဲမ်ား၊ စစ္တပ္ဘက္မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေနသည့္အျပင္ ေလယာဥ္မ်ားျဖင့္လည္း လာေရာက္ ပစ္ ခတ္ ေနျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

မိုးေမာက္ၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ား အေျခအေနႏွင့္ ပတ္သက္၍ ကခ်င္ လြတ္လပ္ေရးအဖြဲ႕ KIO/KIA သတင္း ႏွင့္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူက “မိုးေမာက္ဆိုတာကေတာ့ အေလာ့ဒ္ဘြမ္လည္း သူက မိုးေမာက္ လို႔ ေျပာရမွာေပါ့။ ၿမိဳ႕နယ္နဲ႔ ေျပာရရင္ေတာ့။ ေနာက္တစ္ခုရွိတာကေတာ့ ၿမိဳ႕သစ္ေပါ့ေနာ္၊ ၿမိဳ႕သစ္ ကုန္းေလာ မွာလည္း ဟိုးတေန႔ညက ညတစ္နာရီဝန္းက်င္ ေလာက္မွာ ၿမိဳ႕သစ္က မိုက္က႐ိုေဝ့ တာဝါကုန္း ေစာင့္ေနတဲ့ သူ တို႔ရဲ႕ တပ္စခန္းေလးေတြကိုလည္း သိမ္းတာရွိ တယ္။ ေနာက္ၿပီးေတာ့ တာပိန္ တံတားဦးမွာရွိတဲ့ စခန္းေလးေတြ ကိုလည္း သိမ္းတာရွိပါတယ္။ ဒါက အားလုံး ေျပာၾကတာေတာ့ မိုးေမာက္လို႔ ေျပာၾကတာေပါ့။ ေန႔စဥ္ကေတာ့ တိုက္ပြဲက ေနရာတကာမွာ ျဖစ္ပါတယ္။ မွတ္ သားေလာက္ရွိတဲ့ ျပင္းျပင္းထန္ထန္ တိုက္ပြဲ က်ေနာ္ကေတာ့ အာ႐ုံစိုက္ေနတာေပါ့။ ၿခဳံခိုတိုက္ပြဲေတြ၊ ထိေတြ႕ရင္ ဆိုင္တိုက္ပြဲေတြ၊ ေျပာက္ၾကားတိုက္ပြဲေတြကေတာ့ ေနရာ တကာမွာ ျဖစ္ပါတယ္” ဟု ေျပာသည္။

ဧၿပီလ ၁၃ ရက္ေန႔လည္း ခယာဘြမ္တြင္ တပ္စြဲထားသည့္ အာဏာသိမ္းစစ္တပ္၏ တပ္မ်ားက မုန္လိုက္ခက္ ဘက္သို႔ ၈၁ မမ ျဖင့္ ပစ္ခတ္ျခင္း၊ ဆမားဘြမ္တြင္ တပ္စြဲထားသည့္ အာဏာသိမ္းစစ္ေကာင္စီ တပ္က ဖလတ္ ဘြမ္ဘက္သို႔ ၁၂၀ မမ၊ ၆၀ မမ မ်ားျဖင့္ ပစ္ခတ္လာသည့္အတြက္ KIA ဘက္ကလည္း လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ ပစ္ခတ္ခဲ့သည္ဟု KIA က ေျပာသည္။

ဧၿပီလ ၁၂ ရက္ေန႔ကလည္း KIA တပ္မဟာ ၁ လက္ေအာက္ခံ တပ္ရင္း ၇ နယ္ေျမအတြင္း အင္ဆိုင္ယန္ႏွင့္ ဆြမ္ပီယန္ဘက္သို႔ စစ္ကူတက္လာသည့္ အာဏာသိမ္းစစ္ေကာင္စီ တပ္ႏွင့္ KIA တပ္တို႔အၾကား တိုက္ပြဲျဖစ္ ပြားခဲ့သည္။

ကခ်င္ျပည္နယ္အတြင္း ယခုရက္ပိုင္း ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားအနက္ အာဏာသိမ္းစစ္ေကာင္စီတပ္၏ လက္ နက္ႀကီး ပစ္ခတ္မႈမ်ားေၾကာင့္ မိုးေမာက္ၿမိဳ႕နယ္အတြင္းက ေက်း႐ြာအခ်ိဳ႕ထဲသို႔ လက္နက္ႀကီးက်ည္မ်ား က် ေရာက္ေပါက္ကြဲခဲ့သည့္အတြက္ ေဒသခံျပည္သူ ၃ ဦးထက္မနည္း ထိခိုက္ေသဆုံးခဲ့ရသည္။