CRPH က ကြားကာလ အစိုးရ ဖွဲ့စည်းမှု ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

တိုင်းရင်းသား လူမျိုးများ ပါဝင်သည့် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၁၆ ရက်နေ့ (ယနေ့) တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန် ကြေညာလိုက်သည်။

CRPH က ထုတ်ပြန်လိုက်သည့် ကြားကာလ အမျိုးသား ညီညွှတ်ရေးအစိုးရအဖွဲ့တွင် သမ္မတအဖြစ် ဦးဝင်းမြင့် နှင့် ဒုတိယ သမ္မတအဖြစ် ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဒူဝါလရှီးလ အား တာဝန်အပ်နှင်းထားသည်ကို တွေ့ရသည်။

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကိုလည်း ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရအဖွဲ့ တွင် ပြန်လည်ထည့်သွင်းထားပြီး ယခင်ရာထူးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်အပ်နှင်းထားသည်ကို ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

CRPH ၏ ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရတွင် ပြည်ထောင်စု ဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဦးရည်မွန်၊ ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ လျန်မှုန်းဆာ ခေါင်၊ စီမံကိန်း၊ဘဏ္ဏာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးတင်ထွန်းနိုင်၊ လူသား ချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဒေါက်တာ ဝင်းမြတ်အေး တို့ပါဝင်သည်ကို ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဌာနအဖြစ် ဒေါက်တာ ဆာဆာ၊ ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် ဒေါက်တာ တူး ခေါင်၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် နော်စူစဲန်နာ လှ လှစိုးတို့ကို တာဝန်အပ်နှင်းထားသည်ကို တွေ့ရသည်။

CRPH က ပြည်ထောင်စုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများကိုလည်း ခန့်အပ်တာဝန်အပ်နှင်းထားပြီး နိုင်ငံခြား ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးမိုးဇော်ဦး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဌာန ဒုတိယဝန်ကြီး အဖြစ် ခူထဲဘူး၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးနှင့် နိုင်ကောင်းရွက် ၊ ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးချစ်ထွန်းနှင့် မိုင်းဝင်းထူး၊ စီမံကိန်း၊ဘဏ္ဏာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးချုပ်အဖြစ် မင်းဇေယျဦး၊ လူသား ချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နော်ထူးဖောတို့ ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဂျာထွယ်ပန်၊ ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက် တာရွှေပုံ၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခွန်းဘီထူး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဒေါ်အိသဉ္ဇာမောင်တို့ ပါဝင် သည်ကို တွေ့ရသည်။

CRPH အနေဖြင့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီ နည်း ကျ အပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၉/၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အထက်ပါ ပုဂ္ဂိုလ်များအား ယှဉ် တွဲတာဝန်များ အပ်နှင်း၍ အမျိုးသား ညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းလိုက်သည်ဟု ဆို သည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် CRPH က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်း ကြောင်း နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီး နှစ်ပတ်ကျော်အကြာတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှ ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

*** ZAWGYI ***
CRPH က ၾကားကာလ အစိုးရ ဖြဲ႕စည္းမႈ ထုတ္ျပန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁၆ ရက္။

တိုင္းရင္းသား လူမ်ိဳးမ်ား ပါဝင္သည့္ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရကို ဖြဲ႕စည္းလိုက္ေၾကာင္း ဧၿပီလ ၁၆ ရက္ေန႔ (ယေန႔) တြင္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ထုတ္ျပန္ ေၾကညာလိုက္သည္။

CRPH က ထုတ္ျပန္လိုက္သည့္ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရးအစိုးရအဖြဲ႕တြင္ သမၼတအျဖစ္ ဦးဝင္းျမင့္ ႏွင့္ ဒုတိယ သမၼတအျဖစ္ ကခ်င္တိုင္းရင္းသား တစ္ဦးျဖစ္သူ ဒူဝါလရွီးလ အား တာဝန္အပ္ႏွင္းထားသည္ကို ေတြ႕ရသည္။

ထို႔အျပင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ရာထူးကိုလည္း ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရအဖြဲ႕ တြင္ ျပန္လည္ထည့္သြင္းထားၿပီး ယခင္ရာထူးအတိုင္း ေဒၚေအာင္ဆန္းစုၾကည္ကို တာဝန္အပ္ႏွင္းထားသည္ကို ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။

CRPH ၏ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရတြင္ ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္အျဖစ္ မန္းဝင္းခိုင္သန္း၊ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးအျဖစ္ ေဒၚဇင္မာေအာင္၊ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရး ဌာန ျပည္ေထာင္စု ဝန္ႀကီးအျဖစ္ ဦးလြင္ကိုလတ္၊ ကာကြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး အျဖစ္ ဦးရည္မြန္၊ ဖက္ဒရယ္ ျပည္ေထာင္စု ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ ေဒါက္တာ လ်န္မႈန္းဆာ ေခါင္၊ စီမံကိန္း၊ဘဏၰာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးအျဖစ္ ဦးတင္ထြန္းႏိုင္၊ လူသား ခ်င္း စာနာေထာက္ထားေရးႏွင့္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး အျဖစ္ ေဒါက္တာ ဝင္းျမတ္ေအး တို႔ပါဝင္သည္ကို ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔အျပင္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးဌာနအျဖစ္ ေဒါက္တာ ဆာဆာ၊ ပညာေရး ဝန္ႀကီးဌာနႏွင့္ က်န္းမာေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး အျဖစ္ ေဒါက္တာေဇာ္ေဝစိုး၊ သယံဇာတႏွင့္ သဘာ၀ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး အျဖစ္ ေဒါက္တာ တူး ေခါင္၊ အမ်ိဳးသမီး၊ လူငယ္ႏွင့္ ကေလးသူငယ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး အျဖစ္ ေနာ္စူစဲန္နာ လွ လွစိုးတို႔ကို တာဝန္အပ္ႏွင္းထားသည္ကို ေတြ႕ရသည္။

CRPH က ျပည္ေထာင္စုဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီးမ်ားကိုလည္း ခန႔္အပ္တာဝန္အပ္ႏွင္းထားၿပီး ႏိုင္ငံျခား ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ဦးမိုးေဇာ္ဦး၊ ျပည္ထဲေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရး ဌာန ဒုတိယဝန္ႀကီး အျဖစ္ ခူထဲဘူး၊ ကာကြယ္ေရး ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီးအျဖစ္ ေဒၚခင္မမမ်ိဳးႏွင့္ ႏိုင္ေကာင္း႐ြက္ ၊ ဖက္ဒရယ္ ျပည္ေထာင္စု ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ဦးခ်စ္ထြန္းႏွင့္ မိုင္းဝင္းထူး၊ စီမံကိန္း၊ဘဏၰာေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈ ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ မင္းေဇယ်ဦး၊ လူသား ခ်င္း စာနာေထာက္ထားေရးႏွင့္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ေနာ္ထူးေဖာတို႔ ျဖစ္သည္။

ပညာေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ဂ်ာထြယ္ပန္၊ က်န္းမာေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ေဒါက္ တာေ႐ႊပုံ၊ သယံဇာတႏွင့္ သဘာ၀ ပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး အျဖစ္ ခြန္းဘီထူး၊ အမ်ိဳးသမီး၊ လူငယ္ႏွင့္ ကေလးသူငယ္ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး အျဖစ္ ေဒၚအိသၪၨာေမာင္တို႔ ပါဝင္ သည္ကို ေတြ႕ရသည္။

CRPH အေနျဖင့္ ၂၀၂၀ ခုႏွစ္ ပါတီစုံ ဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ျပည္သူလူထုက ဒီမိုကေရစီ နည္း က် အပ္ႏွင္းလိုက္သည့္ အာဏာကို က်င့္သုံးလ်က္ ၂၀၂၁ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔တြင္ ေၾကညာခ်က္အမွတ္ (၁၉/၂၀၂၁) ျဖင့္ ထုတ္ျပန္ေၾကညာခဲ့သည့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္အရ အထက္ပါ ပုဂၢိဳလ္မ်ားအား ယွဥ္ တြဲတာဝန္မ်ား အပ္ႏွင္း၍ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရကို ဖြဲ႕စည္းလိုက္သည္ဟု ဆို သည္။

ၿပီးခဲ့သည့္ မတ္လ ၃၁ ရက္ေန႔ ၂၀၂၁ ခုႏွစ္တြင္ CRPH က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဖ်က္သိမ္း ေၾကာင္း ႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ေၾကစာတမ္းကို ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုသို႔ ထုတ္ျပန္ေၾကညာၿပီး ႏွစ္ပတ္ေက်ာ္အၾကာတြင္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH မွ ၾကားကာလ အမ်ိဳးသားညီၫႊတ္ေရး အစိုးရကို ဖြဲ႕စည္းေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ျခင္း ျဖစ္သည္။