ဓါးစာခံဖမ်းခံရသူ အငြိမ်းစား ဆရာမကြီး မိသားစုနှင့် အဆက်အသွယ်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

ဓါးစာခံအဖြစ် ဖမ်းဆီးခံရသူ ၇၆ နှစ်ရှိ အငြိမ်းစားဆရာမကြီးတစ်ဦး ဖမ်းဆီးခံရပြီးနောက် တစ်လကျော်ကြာမြင့် လာသည်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရသေးဘူးဟု မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ မြို့ကုန်းရပ်ကွက်နေ အငြိမ်းစားကျောင်းဆရာမကြီး ဒေါ်ခင်စာကို မတ် လ ၁၀ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရသေးသလို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုလည်း မသိရသေး ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

“ဖမ်းတုန်းက ကသာထောင်မှာလာတွေ့ပြောသွားတာပဲ။ ဒါပေမယ့် ကသာထောင်မှာ လည်း စုံစမ်းတာမရဘူး ဖြစ်နေတယ်။ အသက်ကြီးတော့စိတ်ပူတယ်” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

မတ်လ ၁၀ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်တွင် တက်ကြွပါဝင်သည့် တူဖြစ်သူကိုလာဖမ်းစဉ် တူဖြစ်သူကိုမတွေ့ပဲ ကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် လေသေနတ်ကိုသာတွေ့ရှိသဖြင့် အသက် ၇၆ နှစ်အရွယ် ဒေါ်ခင်စာကို ဓါးစာခံ အဖြစ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယခုခါ ဆရာမကြီးကို ပုဒ်မ ၅၀၅(ခ)၊ ၁၉(င)၊ ၁၉(စ) တရားစွဲဆိုထားသည်ဟုသာ စုံစမ်းသိရှိကြောင်း မိသားစုဝင် တစ်ဦး က ပြောသည်။

ကောလင်းမြို့မှ ဦးမင်းလွင် ၆၁နှစ်၊ ဦးသိန်းထိုက် ၄၁နှစ်၊ ဦးကျော်သူရ ၄၀နှစ်၊ ဦးကျော်စိုးနိုင်၊ ဦးစောရန်နော် ၄၃ နှစ်၊ မောင်အောင်ခိုင်စိုး ကျော်ဇေယျ၊ ၁ရပ်ကွက် ဦးဆန်းဝင်း ဂုံညှင်းရှို၊ ဦးမင်းသူအောင်၊ မောင်သီဟဇော် မီးရ ထား အိပ်ယာ၊ မောင်ဆန်းထွန်း ဝါးသီးကုန်းရွာ၊ အောင်ဇော်ဦး ကျောက်ပုထိုး၊ မောင်သက်မောင်မောင် အောင် ချမ်းသာ၊ ဒေါ်အေးမြမြထွန်း ၃၅နှစ် စက်ရုံလယ်ပြင်ရပ်၊ မသီတာနိုင် သုဝဏ္ဏ တို့အပါအဝင် စုစုပေါင်း ၁၅ ယောက်ခန့် သည် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးပဲ ပစ္စည်းများသာပို့ပေးခွင့်ရကြောင်း သိရသည်။

*** ZAWGYI ***
ဓါးစာခံဖမ္းခံရသူ အၿငိမ္းစား ဆရာမႀကီး မိသားစုႏွင့္ အဆက္အသြယ္မရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁၆ ရက္။

ဓါးစာခံအျဖစ္ ဖမ္းဆီးခံရသူ ၇၆ ႏွစ္ရွိ အၿငိမ္းစားဆရာမႀကီးတစ္ဦး ဖမ္းဆီးခံရၿပီးေနာက္ တစ္လေက်ာ္ၾကာျမင့္ လာသည္အထိ မိသားစုဝင္မ်ားႏွင့္ အဆက္အသြယ္ မရေသးဘူးဟု မိသားစုဝင္တစ္ဦးက ေျပာသည္။

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းၿမိဳ႕၊ ၿမိဳ႕ကုန္းရပ္ကြက္ေန အၿငိမ္းစားေက်ာင္းဆရာမႀကီး ေဒၚခင္စာကို မတ္ လ ၁၀ ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက လာေရာက္ဖမ္းဆီးသြားခဲ့ရာ ယေန႔အခ်ိန္ထိ မိသားစုႏွင့္ အဆက္အသြယ္မရေသးသလို မည္သည့္ေနရာတြင္ ခ်ဳပ္ေႏွာင္ထားသည္ကိုလည္း မသိရေသး ဟု မိသားစုဝင္တစ္ဦး က ေျပာသည္။

“ဖမ္းတုန္းက ကသာေထာင္မွာလာေတြ႕ေျပာသြားတာပဲ။ ဒါေပမယ့္ ကသာေထာင္မွာ လည္း စုံစမ္းတာမရဘူး ျဖစ္ေနတယ္။ အသက္ႀကီးေတာ့စိတ္ပူတယ္” ဟု မိသားစုဝင္တစ္ဦး က ေျပာသည္။

မတ္လ ၁၀ရက္ေန႔က စစ္အာဏာရွင္စနစ္ဆန႔္က်င္ေရးသပိတ္တြင္ တက္ႂကြပါဝင္သည့္ တူျဖစ္သူကိုလာဖမ္းစဥ္ တူျဖစ္သူကိုမေတြ႕ပဲ ေကာ္ပိုက္ျဖင့္ျပဳလုပ္ထားသည့္ ေလေသနတ္ကိုသာေတြ႕ရွိသျဖင့္ အသက္ ၇၆ ႏွစ္အ႐ြယ္ ေဒၚခင္စာကို ဓါးစာခံ အျဖစ္ ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။

ယခုခါ ဆရာမႀကီးကို ပုဒ္မ ၅၀၅(ခ)၊ ၁၉(င)၊ ၁၉(စ) တရားစြဲဆိုထားသည္ဟုသာ စုံစမ္းသိရွိေၾကာင္း မိသားစုဝင္ တစ္ဦး က ေျပာသည္။

ေကာလင္းၿမိဳ႕မွ ဦးမင္းလြင္ ၆၁ႏွစ္၊ ဦးသိန္းထိုက္ ၄၁ႏွစ္၊ ဦးေက်ာ္သူရ ၄၀ႏွစ္၊ ဦးေက်ာ္စိုးႏိုင္၊ ဦးေစာရန္ေနာ္ ၄၃ ႏွစ္၊ ေမာင္ေအာင္ခိုင္စိုး ေက်ာ္ေဇယ်၊ ၁ရပ္ကြက္ ဦးဆန္းဝင္း ဂုံညႇင္းရႈိ၊ ဦးမင္းသူေအာင္၊ ေမာင္သီဟေဇာ္ မီးရ ထား အိပ္ယာ၊ ေမာင္ဆန္းထြန္း ဝါးသီးကုန္း႐ြာ၊ ေအာင္ေဇာ္ဦး ေက်ာက္ပုထိုး၊ ေမာင္သက္ေမာင္ေမာင္ ေအာင္ ခ်မ္းသာ၊ ေဒၚေအးျမျမထြန္း ၃၅ႏွစ္ စက္႐ုံလယ္ျပင္ရပ္၊ မသီတာႏိုင္ သုဝဏၰ တို႔အပါအဝင္ စုစုေပါင္း ၁၅ ေယာက္ခန႔္ သည္ အာဏာသိမ္းစစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးေခၚေဆာင္သြားၿပီး ယေန႔အခ်ိန္ထိ မိသားစုဝင္မ်ားႏွင့္ ေတြ႕ဆုံခြင့္မရေသးပဲ ပစၥည္းမ်ားသာပို႔ေပးခြင့္ရေၾကာင္း သိရသည္။