အမျိုးသား ညီညွတ်ရေး အစိုးရကို တိုင်းရင်းသားများဖြင့် ဆက်လက်တိုးချဲ့သွားမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တိုင်းရင်းသား လူမျိုးစုများဖြင့် လိုအပ်သလို ဆက်လက်တိုးချဲ့ဖွဲ့ စည်း သွားမည်ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပြောသည်။

CRPH မှ ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန် ကြေ ညာသည့်နေ့ ဧပြီ လ ၁၆ ရက်နေ့ (ယနေ့) တစ်ရက်တည်းတွင်ပင် ထိုကဲ့သို့ ထပ်မံထုတ်ပြန် ပြော ဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းတို့၏ ထုတ်ပြန်ချက်အရ “အမျိုးသားညီညွတ်ရေးအစိုးရတွင် ပြည်ထောင်စုသားတိုင်းရင်းသားလူမျိုးစုံ ပါ ဝင်ရေးကို ဦးတည်လျက် လိုအပ်သလို ဆက်လက်တိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန် အပ် ပါသည်” ဟု သိရသည်။

ဧပြီလ ၁၆ ရက်နေ့ (ယနေ့) တွင် CRPH က ထုတ်ပြန်လိုက်သည့် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ အဖွဲ့တွင် ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ချင်း၊ တအာင်း(ပလာင်) စသည့် တိုင်းရင်းသား လူမျိုးများ ပါဝင်လာသည် ကို တွေ့ရသည်။

သို့သော် ယနေ့ ဖွဲ့စည်းလိုက်သည့် ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရတွင် တိုင်းရင်းသား လူမျိုးစုံ ပါဝင် လာခြင်း မရှိသေးပေ။ ထို့ကြောင့် လူမျိုးစုံပါဝင်ရေးကို ဦးတည်ကာ အစိုးရအဖွဲ့ကို လိုအပ်သလို တိုးချဲ့ ဖွဲ့စည်း သွားမည်ဟု ဆိုသည်။

CRPH အနေဖြင့် ဤပြည်ထောင်စုအစိုးရသစ် ပေါ်ပေါက်ရန်အလို့ငှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင် စီ (National Unity Consultative Council) အတွင်း ဆွေးနွေးညှိနှိုင်းလျက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ၏ အတည်ပြုမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည် ဟု ဆိုသည်။

CRPH က ထုတ်ပြန်လိုက်သည့် ကြားကာလ အမျိုးသား ညီညွှတ်ရေးအစိုးရအဖွဲ့တွင် သမ္မတအဖြစ် ဦးဝင်းမြင့် နှင့် ဒုတိယ သမ္မတအဖြစ် ကချင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဒူဝါလရှီးလ အား တာဝန်အပ်နှင်းထားသည်ကို တွေ့ရသည်။

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကိုလည်း ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရအဖွဲ့ တွင် ပြန်လည်ထည့်သွင်းထားပြီး ယခင်ရာထူးအတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်အပ်နှင်းထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter) ပါ နိုင်ငံရေး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်၏ ဥပဒေပြုရေးမဏ္ဍိုင်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီကလည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက လည်းကောင်း တာဝန် ယူဆောင် ရွက်သွားမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်ကို လည်း ဖွဲ့စည်းတာဝန်ပေးအပ်သွားမည် ဖြစ်ပါသည် ဟု CRPH က ဆိုသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်နေ ပြည် သူများ၏ ဆန္ဒနှင့်အညီ ဖွဲ့စည်းလျက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှယ်တော်ကိုယ်စားပြု ကော်မ တီများ၏ အတည်ပြုမှုဖြင့် ဆက်လက်ဖွဲ့စည်း ပေါ်ပေါက်လာမည် ဖြစ်ပါသည်ဟု ပြောသည်။

CRPH အနေဖြင့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီ နည်း ကျ အပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသား ညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် CRPH က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းကြောင်း နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီး နှစ်ပတ်ကျော်အကြာတွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှ ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

*** ZAWGYI ***
အမ်ိဳးသား ညီၫြတ္ေရး အစိုးရကို တိုင္းရင္းသားမ်ားျဖင့္ ဆက္လက္တိုးခ်ဲ႕သြားမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၆ ရက္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကို တိုင္းရင္းသား လူမ်ိဳးစုမ်ားျဖင့္ လိုအပ္သလို ဆက္လက္တိုးခ်ဲ႕ဖြဲ႕ စည္း သြားမည္ဟု ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ေျပာသည္။

CRPH မွ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရကို ဖြဲ႕စည္းလိုက္ေၾကာင္း ထုတ္ျပန္ေၾကညာသည့္ေန႔ ဧၿပီ လ ၁၆ ရက္ေန႔ (ယေန႔) တစ္ရက္တည္းတြင္ပင္ ထိုကဲ့သို႔ ထပ္မံထုတ္ျပန္ ေျပာဆိုလိုက္ျခင္း ျဖစ္သည္။

၎တို႔၏ ထုတ္ျပန္ခ်က္အရ “အမ်ိဳးသားညီၫြတ္ေရးအစိုးရတြင္ ျပည္ေထာင္စုသားတိုင္းရင္းသားလူမ်ိဳးစုံ ပါ ဝင္ေရးကို ဦးတည္လ်က္ လိုအပ္သလို ဆက္လက္တိုးခ်ဲ႕ ဖြဲ႕စည္းသြားမည္ျဖစ္ေၾကာင္း သတင္း ထုတ္ျပန္ အပ္ ပါသည္” ဟု သိရသည္။

ဧၿပီလ ၁၆ ရက္ေန႔ (ယေန႔) တြင္ CRPH က ထုတ္ျပန္လိုက္သည့္ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ အဖြဲ႕တြင္ ကခ်င္၊ ကရင္၊ ကရင္နီ၊ မြန္၊ ခ်င္း၊ တအာင္း(ပလာင္) စသည့္ တိုင္းရင္းသား လူမ်ိဳးမ်ား ပါဝင္လာသည္ ကို ေတြ႕ရသည္။

သို႔ေသာ္ ယေန႔ ဖြဲ႕စည္းလိုက္သည့္ ၾကားကာလ အမ်ိဳးသားညီၫႊတ္ေရး အစိုးရတြင္ တိုင္းရင္းသား လူမ်ိဳးစုံ ပါဝင္ လာျခင္း မရွိေသးေပ။ ထို႔ေၾကာင့္ လူမ်ိဳးစုံပါဝင္ေရးကို ဦးတည္ကာ အစိုးရအဖြဲ႕ကို လိုအပ္သလို တိုးခ်ဲ႕ ဖြဲ႕စည္း သြားမည္ဟု ဆိုသည္။

CRPH အေနျဖင့္ ဤျပည္ေထာင္စုအစိုးရသစ္ ေပၚေပါက္ရန္အလို႔ငွာ အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံ ေကာင္ စီ (National Unity Consultative Council) အတြင္း ေဆြးေႏြးညႇိႏႈိင္းလ်က္ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ၏ အတည္ျပဳမႈျဖင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ ဖြဲ႕စည္း ေပၚေပါက္ခဲ့ျခင္းျဖစ္ပါသည္ ဟု ဆိုသည္။

CRPH က ထုတ္ျပန္လိုက္သည့္ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရးအစိုးရအဖြဲ႕တြင္ သမၼတအျဖစ္ ဦးဝင္းျမင့္ ႏွင့္ ဒုတိယ သမၼတအျဖစ္ ကခ်င္တိုင္းရင္းသား တစ္ဦးျဖစ္သူ ဒူဝါလရွီးလ အား တာဝန္အပ္ႏွင္းထားသည္ကို ေတြ႕ရသည္။

ထို႔အျပင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ရာထူးကိုလည္း ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရအဖြဲ႕ တြင္ ျပန္လည္ထည့္သြင္းထားၿပီး ယခင္ရာထူးအတိုင္း ေဒၚေအာင္ဆန္းစုၾကည္ကို တာဝန္အပ္ႏွင္းထားသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရသည္ ဖက္ဒရယ္ဒီမိုကေရစီပဋိညာဥ္ (Federal Democracy Charter) ပါ ႏိုင္ငံေရး လမ္းျပေျမပုံကို လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ ျဖစ္ၿပီး ျပည္ေထာင္စု သမၼတ ျမန္မာႏိုင္ငံ ေတာ္၏ ဥပေဒျပဳေရးမ႑ိဳင္အျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စား ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီကလည္းေကာင္း၊ အုပ္ခ်ဳပ္ေရးမ႑ိဳင္အျဖစ္ အမ်ိဳးသားညီၫြတ္ေရးအစိုးရက လည္းေကာင္း တာဝန္ ယူေဆာင္ ႐ြက္သြားမည္ျဖစ္ၿပီး တရားစီရင္ေရးမ႑ိဳင္ကို လည္း ဖြဲ႕စည္းတာဝန္ေပးအပ္သြားမည္ ျဖစ္ပါသည္ ဟု CRPH က ဆိုသည္။

ထို႔အျပင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားသည္ သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္ေန ျပည္ သူမ်ား၏ ဆႏၵႏွင့္အညီ ဖြဲ႕စည္းလ်က္ သက္ဆိုင္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊယ္ေတာ္ကိုယ္စားျပဳ ေကာ္မ တီမ်ား၏ အတည္ျပဳမႈျဖင့္ ဆက္လက္ဖြဲ႕စည္း ေပၚေပါက္လာမည္ ျဖစ္ပါသည္ဟု ေျပာသည္။

CRPH အေနျဖင့္ ၂၀၂၀ ခုႏွစ္ ပါတီစုံ ဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ျပည္သူလူထုက ဒီမိုကေရစီ နည္း က် အပ္ႏွင္းလိုက္သည့္ အာဏာကို က်င့္သုံးလ်က္ ၂၀၂၁ ခုႏွစ္ မတ္လ ၃၁ ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့သည့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္အရ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရကို ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္ ဟု ဆိုသည္။

ၿပီးခဲ့သည့္ မတ္လ ၃၁ ရက္ေန႔ ၂၀၂၁ ခုႏွစ္တြင္ CRPH က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဖ်က္သိမ္းေၾကာင္း ႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ေၾကစာတမ္းကို ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုသို႔ ထုတ္ျပန္ေၾကညာၿပီး ႏွစ္ပတ္ေက်ာ္အၾကာတြင္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH မွ ၾကားကာလ အမ်ိဳးသားညီၫႊတ္ေရး အစိုးရကို ဖြဲ႕စည္းေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ျခင္း ျဖစ္သည္။