NUG ကို နိုင်ငံတကာ အသိအမှတ်ပြုအောင် လုပ်မည်ဟု ဒု-သမ္မတ ဒူဝါလရှီးလပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်။
ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရကို နိုင်ငံတကာမှ အသိအမှတ်ပြုရန်နှင့် အစိုးရ၏ ယန္တရားများကို ပြည်သူလူထုများအတွင်း လက်တွေ့အမြစ်တွယ်နိုင်အောင် လုပ်ဆောင်မည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ ဒူဝါ လရှီးလ က ဧပြီလ ၇ ရက်နေ့ (ယနေ့) တွင် ပြောဆိုလိုက်သည်။
အဆိုပါ လုပ်ငန်းစဉ် နှစ်ရပ်မှာ ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရမှ အဓိက လုပ်ဆောင်မည့် လုပ်ငန်း စဉ်ဖြစ်သည်ဟု နိုင်ငံတော် ဒုတိယ သမ္မတ ၏ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ထားသည်။
နိုင်ငံတော် ဒုတိယ သမ္မတ ဒူဝါလရှီးလ က “ထိုလုပ်ငန်းစဉ် နှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖက်ဒရယ်တပ်မတော် တည်ထောင်ခြင်း၊ သံခင်းတမန်ခင်းနည်းလမ်းမျိုးစုံဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရ ရှိလာအောင် ဆောင်ရွက်ခြင်း စသည့် အရေးကြီးသော နိုင်ငံရေးကဏ္ဍများအား ဆက်လက် ဆောင်ရွက်သွား ရ မည် ဖြစ်သည်” ဟုပြောသည်။
ဧပြီလ ၁၆ ရက်နေ့ (ယမန်နေ့) က ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ကြားကာလ အမျိုးသား ညီညွှတ်ရေးကို ဖွဲ့စည်းကြောင်း ကြောညာခဲ့ပြီး ထိုအစိုးရအဖွဲ့တွင် နိုင်ငံတော် သမ္မတ အဖြစ် ဦးဝင်း မြင့်၊ ဒုတိယ သမ္မတအဖြစ် ဒူဝါလရှီးလ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် တို့ ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ကြေညာခဲ့ပြီး နောက်တစ်ရက် ဧပြီလ ၁၇ ရက် (ယနေ့) တွင် နိုင်ငံတော် ဒုတိယ သမ္မတက ၎င်း ၏ ပထမဦးဆုံး နှစ်သစ်အဖွင့် မိန့်ခွန်းကို ပြောဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိကြားကာလ အစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ချမှတ်ထားသော ဖက်ဒရယ် ဒီမိုကရေစီ နိုင် ငံသစ်တစ်ရပ် ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးလမ်းပြမြေပုံ (၈) ချက်အား လက်တွေ့ အကောင်အထည် ဖော် ဆောင်မည့် နိုင်ငံရေးခရီးလမ်းမှာ ကြမ်းတမ်းဦးမည် ဖြစ်ကြောင်းနှင့် ကြားကာလ အစိုးရသည်လည်း တိုက်ပွဲဝင် အစိုးရတစ်ရပ်သာ ဖြစ်သည် ဟု ဆိုသည်။
ထို့အပြင် တာဝန်ထမ်းဆောင်ရမည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် ပြည်သူလူထု ခံစားနေရသည့် မတ ရား ညဉ်းပန်းနှိပ်စက်မှု၊ ကြောက်ရွံ့ထိတ်လန့်မှု၊ အနာဂတ်၏ မသေချာမရေရာမှု၊ စားဝတ်နေရေးခက်ခဲမှု စသည် တို့ကို လုံခြုံစိတ်ချရသော လူနေမှုဘဝများအဖြစ်သို့ တည်ဆောက်ရန် ကြားကာလအစိုးရတွင် တာဝန်ရှိ သည် ဟု နိုင်ငံတော် ဒုတိယ သမ္မတက နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။
နွေဦးတော်လှန်ရေးအတွင်း ပေးဆပ်အနှစ်နာသူများနှင့် ပတ်သက်၍ နိုင်ငံတော် ဒုတိယ သမ္မတ က “စစ်အာ ဏာသိမ်းစဉ်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ၊ အသက်စတေး ခဲ့ရသူများ၊ CDM ဝန်ထမ်း များ၊ စစ်အာဏာရှင်တပ်များ နှင့် စစ်မြေပြင်တွင် လက်တွေ့ တိုက်ပွဲဝင်နေသော ရဲဘော်များ၏ စွန့်လွှတ် အနစ် နာခံမှုများသည် လောကပါလတရားနှင့် ညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ထောင်ရေးတွင် အခြေခံအုတ်မြစ်များ ဖြစ်သည်ဟု မှတ်တမ်းတင်အပ်ပါသည်” ဟု ပြောသည်။
ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ဒုတိယ သမ္မတက အထူးပြောကြားလိုသည်မှာ ကြီးမားလှသည့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင် အမျိုး သားညီညွတ်ရေးအစိုးရ တစ်ရပ်အနေဖြင့် ရာထူး ရယူခြင်းမျိုး မဟုတ်ပဲ ခက်ခဲလှသည့် ကြားကာလ နိုင်ငံရေး လမ်းပြမြေပုံပါ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီး ပဋိညာဉ်ပါ ရည်ရွယ်ချက်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များ ဖြစ်သည်ကို အစဉ်သဘောပေါက် ခံယူရန် လိုအပ်ပါသည်ဟု ဆိုသည်။
ထို့အပြင် စစ်အာဏာရှင် အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ် ထူထောင်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးနှင့် ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဒူဝါလရှီးလ က ကတိပြု ပြောကြားထားသည်။
*** ZAWGYI ***
NUG ကို ႏိုင္ငံတကာ အသိအမွတ္ျပဳေအာင္ လုပ္မည္ဟု ဒု-သမၼတ ဒူဝါလရွီးလေျပာ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီ ၁၇ ရက္။
ၾကားကာလ အမ်ိဳးသားညီၫႊတ္ေရးအစိုးရကို ႏိုင္ငံတကာမွ အသိအမွတ္ျပဳရန္ႏွင့္ အစိုးရ၏ ယႏၲရားမ်ားကို ျပည္သူလူထုမ်ားအတြင္း လက္ေတြ႕အျမစ္တြယ္ႏိုင္ေအာင္ လုပ္ေဆာင္မည္ဟု ႏိုင္ငံေတာ္ ဒုတိယ သမၼတ ဒူဝါ လရွီးလ က ဧၿပီလ ၇ ရက္ေန႔ (ယေန႔) တြင္ ေျပာဆိုလိုက္သည္။
အဆိုပါ လုပ္ငန္းစဥ္ ႏွစ္ရပ္မွာ ၾကားကာလ အမ်ိဳးသားညီၫႊတ္ေရး အစိုးရမွ အဓိက လုပ္ေဆာင္မည့္ လုပ္ငန္း စဥ္ျဖစ္သည္ဟု ႏိုင္ငံေတာ္ ဒုတိယ သမၼတ ၏ ႏွစ္သစ္မိန႔္ခြန္းတြင္ ထည့္သြင္းေျပာဆို ထားသည္။
ႏိုင္ငံေတာ္ ဒုတိယ သမၼတ ဒူဝါလရွီးလ က “ထိုလုပ္ငန္းစဥ္ ႏွစ္ရပ္ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ ဖက္ဒရယ္တပ္မေတာ္ တည္ေထာင္ျခင္း၊ သံခင္းတမန္ခင္းနည္းလမ္းမ်ိဳးစုံျဖင့္ ႏိုင္ငံတကာအသိအမွတ္ျပဳမႈ ရ ရွိလာေအာင္ ေဆာင္႐ြက္ျခင္း စသည့္ အေရးႀကီးေသာ ႏိုင္ငံေရးက႑မ်ားအား ဆက္လက္ ေဆာင္႐ြက္သြား ရ မည္ ျဖစ္သည္” ဟုေျပာသည္။
ဧၿပီလ ၁၆ ရက္ေန႔ (ယမန္ေန႔) က ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH က ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရးကို ဖြဲ႕စည္းေၾကာင္း ေၾကာညာခဲ့ၿပီး ထိုအစိုးရအဖြဲ႕တြင္ ႏိုင္ငံေတာ္ သမၼတ အျဖစ္ ဦးဝင္း ျမင့္၊ ဒုတိယ သမၼတအျဖစ္ ဒူဝါလရွီးလ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ တို႔ ျဖစ္ ေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔ ထုတ္ျပန္ေၾကညာခဲ့ၿပီး ေနာက္တစ္ရက္ ဧၿပီလ ၁၇ ရက္ (ယေန႔) တြင္ ႏိုင္ငံေတာ္ ဒုတိယ သမၼတက ၎ ၏ ပထမဦးဆုံး ႏွစ္သစ္အဖြင့္ မိန႔္ခြန္းကို ေျပာဆိုလိုက္ျခင္းျဖစ္သည္။
လက္ရွိၾကားကာလ အစိုးရသည္ ဖက္ဒရယ္ဒီမိုကေရစီပဋိညာဥ္တြင္ ခ်မွတ္ထားေသာ ဖက္ဒရယ္ ဒီမိုကေရစီ ႏိုင္ ငံသစ္တစ္ရပ္ ထူေထာင္ေရးဆိုင္ရာ ႏိုင္ငံေရးလမ္းျပေျမပုံ (၈) ခ်က္အား လက္ေတြ႕ အေကာင္အထည္ ေဖာ္ ေဆာင္မည့္ ႏိုင္ငံေရးခရီးလမ္းမွာ ၾကမ္းတမ္းဦးမည္ ျဖစ္ေၾကာင္းႏွင့္ ၾကားကာလ အစိုးရသည္လည္း တိုက္ပြဲဝင္ အစိုးရတစ္ရပ္သာ ျဖစ္သည္ ဟု ဆိုသည္။
ထို႔အျပင္ တာဝန္ထမ္းေဆာင္ရမည့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႕သည္ ျပည္သူလူထု ခံစားေနရသည့္ မတ ရား ညဥ္းပန္းႏွိပ္စက္မႈ၊ ေၾကာက္႐ြံ႕ထိတ္လန႔္မႈ၊ အနာဂတ္၏ မေသခ်ာမေရရာမႈ၊ စားဝတ္ေနေရးခက္ခဲမႈ စသည္ တို႔ကို လုံၿခဳံစိတ္ခ်ရေသာ လူေနမႈဘဝမ်ားအျဖစ္သို႔ တည္ေဆာက္ရန္ ၾကားကာလအစိုးရတြင္ တာဝန္ရွိ သည္ ဟု ႏိုင္ငံေတာ္ ဒုတိယ သမၼတက ႏွစ္သစ္မိန႔္ခြန္းတြင္ ထည့္သြင္းေျပာဆိုထားသည္။
ေႏြဦးေတာ္လွန္ေရးအတြင္း ေပးဆပ္အႏွစ္နာသူမ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္ ဒုတိယ သမၼတ က “စစ္အာ ဏာသိမ္းစဥ္ကတည္းက မတရားဖမ္းဆီးထိန္းသိမ္းခံထားရသူမ်ား၊ အသက္စေတး ခဲ့ရသူမ်ား၊ CDM ဝန္ထမ္း မ်ား၊ စစ္အာဏာရွင္တပ္မ်ား ႏွင့္ စစ္ေျမျပင္တြင္ လက္ေတြ႕ တိုက္ပြဲဝင္ေနေသာ ရဲေဘာ္မ်ား၏ စြန႔္လႊတ္ အနစ္ နာခံမႈမ်ားသည္ ေလာကပါလတရားႏွင့္ ညီၫြတ္ေသာ ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံေတာ္ တည္ေထာင္ေရးတြင္ အေျခခံအုတ္ျမစ္မ်ား ျဖစ္သည္ဟု မွတ္တမ္းတင္အပ္ပါသည္” ဟု ေျပာသည္။
ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရတြင္ တာဝန္ထမ္းေဆာင္မည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားကိုလည္း ဒုတိယ သမၼတက အထူးေျပာၾကားလိုသည္မွာ ႀကီးမားလွသည့္ ႏိုင္ငံေတာ္တာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ အမ်ိဳး သားညီၫြတ္ေရးအစိုးရ တစ္ရပ္အေနျဖင့္ ရာထူး ရယူျခင္းမ်ိဳး မဟုတ္ပဲ ခက္ခဲလွသည့္ ၾကားကာလ ႏိုင္ငံေရး လမ္းျပေျမပုံပါ တာဝန္မ်ားကို ေအာင္ျမင္စြာ ထမ္းေဆာင္ၿပီး ပဋိညာဥ္ပါ ရည္႐ြယ္ခ်က္မ်ားကို ၿပီးျပည့္စုံေအာင္ ေဆာင္႐ြက္ရမည့္ ပုဂၢိဳလ္မ်ား ျဖစ္သည္ကို အစဥ္သေဘာေပါက္ ခံယူရန္ လိုအပ္ပါသည္ဟု ဆိုသည္။
ထို႔အျပင္ စစ္အာဏာရွင္ အျမစ္ျပတ္ဖ်က္သိမ္းေရးႏွင့္ ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံသစ္တစ္ရပ္ ထူေထာင္ႏိုင္ရန္ တိုင္းရင္းသားျပည္သူအားလုံးႏွင့္ ဆက္လက္လက္တြဲ ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ဟု ဒူဝါလရွီးလ က ကတိျပဳ ေျပာၾကားထားသည္။