ကြားကာလ အစိုးရအား တိုင်းရင်းသားခေါင်းဆောင်များ ကြိုဆို။ ဖက်ဒရယ်ပြည်ထောင်စုအတွက် အလားအလာကောင်းဟု ရှုမြင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၉ ရက်။
ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရအဖွဲ့၏ စုဖွဲ့မှုများသည် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကောင်းမွန်သည့် ခြေလှမ်းအဖြစ်ရှု့မြင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြော သည်။
ဧပြီလ ၁၆ ရက်နေ့က ဖြစ်ပေါ်လာသည့် ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG တွင် တိုင်းရင်းသား လူမျိုး တော်တော်များများ ပါဝင်လာသည့်အပေါ် ပြောဆိုလိုက်ခြင်းဖြစ်သည်။
NUG အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို ဖော်ဆောင်နိုင်ဖို့ မျှော်လင့်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း က ပြောသည်။
“အထူးသဖြင့် ကျနော်တို့ တပ်မဟာ ၅ မူတြော်ခရိုင် အနေနဲ့ အဲဒီအပေါ်မှာ CRPH ရဲ့ အစိုးရ စုဖွဲ့မှုရဲ့ ဆောင်ရွက် ချက် အပေါ်မှာတော့ ကျနော်တို့ ထောက်ခံကြိုဆိုတဲ့ ဥစ္စာကိုတော့ ပြောချင်တာပေါ့လေ။ ဘာဖြစ်လဲ ဆိုတော့ ကျနော်တို့ ဒီလက်ရှိ CRPH ရဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ရဲ့ အခြေခံမူအောက်မှာ ဆက်ပြီးတော့မှ တိတိကျ ကျ အကောင် အထည်ဆောင်ရွက်မယ်ဆိုတော့ ကျနော်တို့ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကိုတော့ ကျနော် တို့ ဆောင်ရွက်သွား နိုင်မယ်လို့လည်း ကျနော်တို့ အဲလိုမျှော်မှန်းလို့ပဲ ဖြစ်ပါတယ်။”
ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်း စစ်ကောင်စီနှင့် တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားနေသည့် ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင် က ထုတ်ပြန် ပြောဆိုလိုက်သကဲ့သို့ ပြည်သူများ၊ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အသီးသီးကလည်း ထောက်ခံကြိုဆိုခဲ့ကြသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) အထွေထွေအတွင်းရေးမှူး ခူးသဲရယ် ကလည်း “ဒီလို ညီညွှတ် ရေး ကိစ္စတွေ လူနည်းစု ကိစ္စတွေ ထည့်သွင်းစဉ်းစားတဲ့အပေါ်မှာကတော့ ကျနော်အနေနဲ့ လက်ခံ ကြိုဆိုပါ တယ်။ ဒါကတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ဦးတည်သွားဖို့အတွက် ဒါက နည်းနည်းလေး ပုံပေါ် လာတယ် လို့ ကျနော်တို့ မြင်တာပေါ့နော။ ဒါပေမယ့် တကယ် လက်တွေ့အကောင်အထည်ဖော်တဲ့ အခါကျလို့ရှိ ရင်တော့ ဘယ်လို လာအုံးမလဲဆိုတာကတော့ ကျနော်တို့ မသိနိုင်သေးဘူး။ ကျနော်တို့ အရင်က အစောပိုင်းကတည်းက ကျနော်ပြောသလိုမျိုးပဲ အရင်ကတည်းကိုက ဒီအမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့ဖို့လိုအပ်တယ်ဆိုတာက လည်း ကျနော်တို့ တိုင်းရင်းသား ပါတီက ကျနော်တို့ အဆိုပြုခဲ့တဲ့ ကိစ္စတစ်ခုဖြစ်တဲ့ အတွက်ပေါ့နော။ ဒါက တော့ ကောင်းတဲ့ လက္ခာဏာတစ်ခုလို့ ကျနော်တို့ ဆိုလို့ရပါတယ်” ဟု ပြောသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က လတ်တလော ဖွဲ့ စည်းလိုက်သည့် NUG အစိုးရ အနေ ဖြင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် CRPH က ထုတ်ပြန်ထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိ ညာဉ်ကြေညာစာတမ်းကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့က အဓိကဖြစ်သည်ဟု ဖက်ဒရယ်ရေးရာနှင့် ပေါ် လစီစင်တာ ဒါရိုက်တာ နိုင်ဗညားမွန် က ပြောသည်။
“စည်းစနစ်ကျတဲ့ ပိုပြီးတော့ ပီပြင်တဲ့ ဦးဆောင်မှုတွေ ထွက်လာတဲ့အခါကျတော့ ဒါက ကျနော်ထင်တယ်။ Movement တစ်ခုလုံးအတွက် အကောင်းဖက်ကို ဦးတည်သွားတယ်လို့ ကျနော် အဲလိုပဲ ယေဘုယျ ပြောချင် တယ်။ အစိုးရအပိုင်းက အထူးသဖြင့် CRPH က ထုတ်ပြန်ထားတဲ့ ပဋိညာဉ် အပိုဒ် ၁ ပေါ့။ ဒီ ပဋိညာဉ် Part One ကို သူက အကောင်အထည်ဖော်ဖို့ သူက တာဝန်တစ်ရပ်တော့ ရှိတာပေါ့။ ဆိုတော့ အဲဒီမှာပါတဲ့ ပဋိညာဉ် အတိုင်း ဖော်မယ်ဆိုလို့ရှိရင်တော့ ဒါက ဒီတိုင်းရင်းသားတွေ မျှော်လင့်တဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပုံစံတော့ ကျနော်ထင်တယ်။ အား လုံးထပ်တူ မဟုတ်ရင်တောင်မှ ကျနော်ထင်တယ် အများစုတော့ တိုင်းရင်းသားတွေ လိုလားချက်နဲ့တော့ ထပ်တူကျတယ်လို့ ယူဆတယ်။ ကျနော်မြင်တယ်။ အဲ တော့ အဲဒီအပေါ်မှာ အခြေခံပြီးတော့မှ ဖွဲ့တာကိုး။ ဒါက တစ်ခု။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တိုင်းရင်းသား လူမျိုးစုများနှင့် လိုအပ်သလို ဆက်လက်တိုးချဲ့ဖွဲ့ စည်း သွားမည်ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ပြောသည်။
ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ဥက္ကဋ္ဌ (ဟောင်း) ဦးကွမ်ဂေါင်အောင်ခမ်း က လည်း “CRPH ကနေ ဖွဲ့စည်းတဲ့ အတိုင်းအတာမျိုးလို့ မြင်ပါတယ်။ ဒီမှာက အားလုံး ပါဝင်သလောက်လည်း ပါဝင်နေတာပေါ့။ ကျန်တဲ့ ပြည် နယ်တွေလည်း ပါဝင်ဖို့တော့ လိုတာပေါ့။ တစ်ခုရှိတာကတော့ ကျနော်တို့ CRPH ကို ဘာမှ ကျနော်တို့ ဟိုဟာ ဖြစ်တယ် ဒီဟာဖြစ်တယ် ဆိုတဲ့ဟာမျိုးတော့ ပြည်သူလူထု အနေနဲ့လည်း သိပ်မပြောရင်တော့ ကောင်းပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလုပ်သင့်တဲ့ဟာတွေ သူတို့ အနေနဲ့ သူတို့ လုပ်တဲ့ဟာလို့ပဲ ကျနော်မြင် ပါတယ်။ ကောင်းတယ် မကောင်းဘူးဆိုတာက အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာက အလုပ် ပေါ်မှာပဲ မူတည် ပြီးမှ သွားလိမ့်မယ်လို့ ကျနော်က ဒီလိုပဲ မြင်ပါတယ်။ ဖက်ဒရယ် နိုင်ငံ တစ်ခု သွားမယ်ဆိုတာကတော့ အားလုံးပါဝင် ဖို့လိုလိမ့်မယ်။ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ သွားတာကတော့ သွားဖို့တော့ လိုလိမ့်မယ်” ဟု ပြောသည်။
ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် တာဝန်များကို ထမ်းဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်အနေဖြင့် ရာထူး ရယူခြင်းမျိုး မဟုတ် ပဲ ခက်ခဲလှသည့် ကြားကာလ နိုင်ငံရေး လမ်းပြမြေပုံပါ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်ပြီး ပဋိညာဉ်ပါ ရည်ရွယ်ချက်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမည်ဟု ဒု-သမ္မတ ဒူဝါလရှီးလ က တိုက်တွန်းထားသည်။
စစ်အာဏာရှင် အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တစ်ရပ် ထူထောင်နိုင်ရေးတို့ အတွက် NUG အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသား ပြည် သူအားလုံး လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားရမည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ဆိုသည်။
*** ZAWGYI ***
ၾကားကာလ အစိုးရအား တိုင္းရင္းသားေခါင္းေဆာင္မ်ား ႀကိဳဆို။ ဖက္ဒရယ္ျပည္ေထာင္စုအတြက္ အလားအလာေကာင္းဟု ရႈျမင္
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁၉ ရက္။
ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရအဖြဲ႕၏ စုဖြဲ႕မႈမ်ားသည္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး အတြက္ ေကာင္းမြန္သည့္ ေျခလွမ္းအျဖစ္ရႈ႕ျမင္ေၾကာင္း တိုင္းရင္းသားေခါင္းေဆာင္မ်ားက ေျပာ သည္။
ဧၿပီလ ၁၆ ရက္ေန႔က ျဖစ္ေပၚလာသည့္ ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG တြင္ တိုင္းရင္းသား လူမ်ိဳး ေတာ္ေတာ္မ်ားမ်ား ပါဝင္လာသည့္အေပၚ ေျပာဆိုလိုက္ျခင္းျဖစ္သည္။
NUG အေနျဖင့္ ဖက္ဒရယ္ ျပည္ေထာင္စုကို ေဖာ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္သည္ဟု ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU/KNLA တပ္မဟာ ၅ ေျပာေရးဆိုခြင့္ရွိသူ ပဒိုမန္းမန္း က ေျပာသည္။
“အထူးသျဖင့္ က်ေနာ္တို႔ တပ္မဟာ ၅ မူေၾတာ္ခ႐ိုင္ အေနနဲ႔ အဲဒီအေပၚမွာ CRPH ရဲ႕ အစိုးရ စုဖြဲ႕မႈရဲ႕ ေဆာင္႐ြက္ ခ်က္ အေပၚမွာေတာ့ က်ေနာ္တို႔ ေထာက္ခံႀကိဳဆိုတဲ့ ဥစၥာကိုေတာ့ ေျပာခ်င္တာေပါ့ေလ။ ဘာျဖစ္လဲ ဆိုေတာ့ က်ေနာ္တို႔ ဒီလက္ရွိ CRPH ရဲ႕ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ရဲ႕ အေျခခံမူေအာက္မွာ ဆက္ၿပီးေတာ့မွ တိတိက် က် အေကာင္ အထည္ေဆာင္႐ြက္မယ္ဆိုေတာ့ က်ေနာ္တို႔ လိုလားတဲ့ ဖက္ဒရယ္ျပည္ေထာင္စုကိုေတာ့ က်ေနာ္ တို႔ ေဆာင္႐ြက္သြား ႏိုင္မယ္လို႔လည္း က်ေနာ္တို႔ အဲလိုေမွ်ာ္မွန္းလို႔ပဲ ျဖစ္ပါတယ္။”
ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG ကို ေထာက္ခံႀကိဳဆိုေၾကာင္း စစ္ေကာင္စီႏွင့္ တိုက္ပြဲျပင္း ထန္စြာ ျဖစ္ပြားေနသည့္ ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU/KNLA တပ္မဟာ ၅ မူေၾတာ္(ဖာပြန္) ခ႐ိုင္ က ထုတ္ျပန္ ေျပာဆိုလိုက္သကဲ့သို႔ ျပည္သူမ်ား၊ ႏိုင္ငံေရးသမားမ်ား၊ တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရး အဖြဲ႕အစည္း အသီးသီးကလည္း ေထာက္ခံႀကိဳဆိုခဲ့ၾကသည္။
ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ (KySDP) အေထြေထြအတြင္းေရးမႉး ခူးသဲရယ္ ကလည္း “ဒီလို ညီၫႊတ္ ေရး ကိစၥေတြ လူနည္းစု ကိစၥေတြ ထည့္သြင္းစဥ္းစားတဲ့အေပၚမွာကေတာ့ က်ေနာ္အေနနဲ႔ လက္ခံ ႀကိဳဆိုပါ တယ္။ ဒါကေတာ့ ဖက္ဒရယ္ ဒီမိုကေရစီစနစ္ကို ဦးတည္သြားဖို႔အတြက္ ဒါက နည္းနည္းေလး ပုံေပၚ လာတယ္ လို႔ က်ေနာ္တို႔ ျမင္တာေပါ့ေနာ။ ဒါေပမယ့္ တကယ္ လက္ေတြ႕အေကာင္အထည္ေဖာ္တဲ့ အခါက်လို႔ရွိ ရင္ေတာ့ ဘယ္လို လာအုံးမလဲဆိုတာကေတာ့ က်ေနာ္တို႔ မသိႏိုင္ေသးဘူး။ က်ေနာ္တို႔ အရင္က အေစာပိုင္းကတည္းက က်ေနာ္ေျပာသလိုမ်ိဳးပဲ အရင္ကတည္းကိုက ဒီအမ်ိဳးသား ညီၫႊတ္ေရး အစိုးရ ဖြဲ႕ဖို႔လိုအပ္တယ္ဆိုတာက လည္း က်ေနာ္တို႔ တိုင္းရင္းသား ပါတီက က်ေနာ္တို႔ အဆိုျပဳခဲ့တဲ့ ကိစၥတစ္ခုျဖစ္တဲ့ အတြက္ေပါ့ေနာ။ ဒါက ေတာ့ ေကာင္းတဲ့ လကၡာဏာတစ္ခုလို႔ က်ေနာ္တို႔ ဆိုလို႔ရပါတယ္” ဟု ေျပာသည္။
ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က လတ္တေလာ ဖြဲ႕ စည္းလိုက္သည့္ NUG အစိုးရ အေန ျဖင့္ ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ေပၚလာဖို႔အတြက္ CRPH က ထုတ္ျပန္ထားသည့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိ ညာဥ္ေၾကညာစာတမ္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ဖို႔က အဓိကျဖစ္သည္ဟု ဖက္ဒရယ္ေရးရာႏွင့္ ေပၚ လစီစင္တာ ဒါ႐ိုက္တာ ႏိုင္ဗညားမြန္ က ေျပာသည္။
“စည္းစနစ္က်တဲ့ ပိုၿပီးေတာ့ ပီျပင္တဲ့ ဦးေဆာင္မႈေတြ ထြက္လာတဲ့အခါက်ေတာ့ ဒါက က်ေနာ္ထင္တယ္။ Movement တစ္ခုလုံးအတြက္ အေကာင္းဖက္ကို ဦးတည္သြားတယ္လို႔ က်ေနာ္ အဲလိုပဲ ေယဘုယ် ေျပာခ်င္ တယ္။ အစိုးရအပိုင္းက အထူးသျဖင့္ CRPH က ထုတ္ျပန္ထားတဲ့ ပဋိညာဥ္ အပိုဒ္ ၁ ေပါ့။ ဒီ ပဋိညာဥ္ Part One ကို သူက အေကာင္အထည္ေဖာ္ဖို႔ သူက တာဝန္တစ္ရပ္ေတာ့ ရွိတာေပါ့။ ဆိုေတာ့ အဲဒီမွာပါတဲ့ ပဋိညာဥ္ အတိုင္း ေဖာ္မယ္ဆိုလို႔ရွိရင္ေတာ့ ဒါက ဒီတိုင္းရင္းသားေတြ ေမွ်ာ္လင့္တဲ့ တိုင္းရင္းသားေတြ ေတာင္းဆိုေနတဲ့ ဖက္ဒရယ္ ဒီမိုကေရစီ ပုံစံေတာ့ က်ေနာ္ထင္တယ္။ အား လုံးထပ္တူ မဟုတ္ရင္ေတာင္မွ က်ေနာ္ထင္တယ္ အမ်ားစုေတာ့ တိုင္းရင္းသားေတြ လိုလားခ်က္နဲ႔ေတာ့ ထပ္တူက်တယ္လို႔ ယူဆတယ္။ က်ေနာ္ျမင္တယ္။ အဲ ေတာ့ အဲဒီအေပၚမွာ အေျခခံၿပီးေတာ့မွ ဖြဲ႕တာကိုး။ ဒါက တစ္ခု။
အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကို တိုင္းရင္းသား လူမ်ိဳးစုမ်ားႏွင့္ လိုအပ္သလို ဆက္လက္တိုးခ်ဲ႕ဖြဲ႕ စည္း သြားမည္ဟု ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ေျပာသည္။
ကခ်င္ဒီမိုကရက္တစ္ပါတီ (KDP) ဥကၠ႒ (ေဟာင္း) ဦးကြမ္ေဂါင္ေအာင္ခမ္း က လည္း “CRPH ကေန ဖြဲ႕စည္းတဲ့ အတိုင္းအတာမ်ိဳးလို႔ ျမင္ပါတယ္။ ဒီမွာက အားလုံး ပါဝင္သေလာက္လည္း ပါဝင္ေနတာေပါ့။ က်န္တဲ့ ျပည္ နယ္ေတြလည္း ပါဝင္ဖို႔ေတာ့ လိုတာေပါ့။ တစ္ခုရွိတာကေတာ့ က်ေနာ္တို႔ CRPH ကို ဘာမွ က်ေနာ္တို႔ ဟိုဟာ ျဖစ္တယ္ ဒီဟာျဖစ္တယ္ ဆိုတဲ့ဟာမ်ိဳးေတာ့ ျပည္သူလူထု အေနနဲ႔လည္း သိပ္မေျပာရင္ေတာ့ ေကာင္းပါ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူလုပ္သင့္တဲ့ဟာေတြ သူတို႔ အေနနဲ႔ သူတို႔ လုပ္တဲ့ဟာလို႔ပဲ က်ေနာ္ျမင္ ပါတယ္။ ေကာင္းတယ္ မေကာင္းဘူးဆိုတာက ေအာင္ျမင္တယ္ မေအာင္ျမင္ဘူးဆိုတာက အလုပ္ ေပၚမွာပဲ မူတည္ ၿပီးမွ သြားလိမ့္မယ္လို႔ က်ေနာ္က ဒီလိုပဲ ျမင္ပါတယ္။ ဖက္ဒရယ္ ႏိုင္ငံ တစ္ခု သြားမယ္ဆိုတာကေတာ့ အားလုံးပါဝင္ ဖို႔လိုလိမ့္မယ္။ အားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီးမွ သြားတာကေတာ့ သြားဖို႔ေတာ့ လိုလိမ့္မယ္” ဟု ေျပာသည္။
ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရတြင္ တာဝန္ထမ္းေဆာင္မည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ ႏိုင္ငံေတာ္ တာဝန္မ်ားကို ထမ္းေဆာင္ရာတြင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ တစ္ရပ္အေနျဖင့္ ရာထူး ရယူျခင္းမ်ိဳး မဟုတ္ ပဲ ခက္ခဲလွသည့္ ၾကားကာလ ႏိုင္ငံေရး လမ္းျပေျမပုံပါ တာဝန္မ်ားကို ေအာင္ျမင္စြာ ထမ္းေဆာင္ၿပီး ပဋိညာဥ္ပါ ရည္႐ြယ္ခ်က္မ်ားကို ၿပီးျပည့္စုံေအာင္ ေဆာင္႐ြက္ရမည္ဟု ဒု-သမၼတ ဒူဝါလရွီးလ က တိုက္တြန္းထားသည္။
စစ္အာဏာရွင္ အျမစ္ျပတ္ဖ်က္သိမ္းေရးႏွင့္ ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံသစ္တစ္ရပ္ ထူေထာင္ႏိုင္ေရးတို႔ အတြက္ NUG အစိုးရအဖြဲ႕မွ တာဝန္ရွိသူမ်ား၊ တိုင္းရင္းသားေတာ္လွန္ေရးအင္အားစုမ်ားႏွင့္ တိုင္းရင္းသား ျပည္ သူအားလုံး လက္လက္တြဲ ႀကိဳးပမ္းေဆာင္႐ြက္သြားရမည္ဟု တိုင္းရင္းသားေခါင္းေဆာင္မ်ားက ဆိုသည္။