ရှမ်းဒုက္ခသည်စခန်းအနီး နှစ်ရက်ဆက်တိုက် လက်နက်ကြီးများကျ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၉ ရက်။

မြန်မာ-ထိုင်းနယ်စပ်ရှိ ရှမ်းစစ်ရှောင်စခန်းများအနက် အကြီးဆုံး စစ်ရှောင်စခန်းတစ်ခုဖြစ်သည့် လွယ်ကော် ဝမ်းစစ်ရှောင်းစခန်းအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေသည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူများက ပြောသည်။

လွယ်ကော်ဝမ်း ရှမ်းစစ်ရှောင်စခန်းသည် မြန်မာ-ထိုင်းနယ်စပ် မြန်မာဘက်ခြမ်းတွင် တည်ရှိပြီး ဧပြီလ ၁၉ ရက် နေ့ (ယနေ့) မွန်းလွှဲပိုင်းအချိန်ထိ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သည် ဟု စစ်ရှောင် စခန်းတာဝန်ရှိသူ များ က ပြောသည်။

ရှမ်းစစ်ဘေးဒုက္ခသည်များ ကူညီရေးကော်မတီ(ထိုင်း-မြန်မာ) နယ်စပ် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလျန်း က “လက်နက်ကြီး ၃ လုံးပစ်တယ်။ အဲ့ဒီက လွိုင် ကော်ဝမ်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေနေတဲ့နေရာနဲ့ မနီးမဝေးမှာ ကျတာပေါ့။ သူတို့တွေခြံတွေဘာတွေ သွား လုပ်တဲ့နေရာ၊ စိုက်ပျိုးရေးလုပ်တဲ့နေရာမှာ ကျတယ်။ အဲ့နေရာမှာ နှစ်လုံးကျတယ်။ တစ်လုံးကတော့ ဘယ်နေ ရာမှာ ကျတယ်ဆိုတာ မသိသေးဘူး။ လွိုင်ကော်ဝမ်းဆိုတာကတော့ ချင်းရိုင်းနဲ့ မျက်နှာချင်းဆိုင်ပေါ့။ ဟုတ် တယ် မနေ့ကလည်း ပစ်တယ်” ဟု ပြောသည်။

ထို့အပြင် လွယ်ကော်ဝမ်းစစ်ရှောင်စခန်းအတွင်းသို့ ဧပြီလ ၁၈ ရက်နေ့ (ယမန်နေ့) ညနေ ၅ နာရီ အချိန်ခန့် က လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြောသည်။

“ထိခိုက်တာတော့ မရှိဘူး။ ဒါပေမယ့် ရွာသားတွေက ပစ္စည်းတွေဘာတွေသိမ်းထားတယ်။ အရေးကြီးပစ္စည်း တွေ သိမ်းထားတယ်။ ဖြစ်လာလို့ရှိရင် ပြေးဖို့ပေါ့နော်။ ဘေးလွတ်တဲ့နေရာကို ပြေးဖို့ ပစ္စည်းလေးတွေ တပိုင် တနိုင် သိမ်းထားတယ်” ဟု စစ်ရှောင်စခန်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ရှောင်များသည် ကရင်ပြည်နယ် တပ်မဟာ ၅ နယ်မြေအတွင်း ဖြစ်စဉ်ကဲ့သို့ စစ်ကောင်စီတပ်များက လေ ယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်နေကြသည်ဟု စိုင်းလျန်း က ဆက်ပြောသည်။

“စိုးရိမ်ချက်တော့ လက်နက်ကြီးတွေပစ်လာတာပေါ့၊ တစ်ခုရှိတာက ကရင်မှာလို လေယာဉ်ပျံနဲ့ ဗုံးလာကြဲ မ လားပေါ့။ လွိုင်ကော်ဝမ်း အနီးအနားမှာဆိုရင် UWSA ရဲ့ တပ်စခန်းလည်းရှိတယ်။ ဒီအာဏာသိမ်း စစ်ကောင် စီရဲ့ တပ်စခန်းတွေလည်းရှိတယ်။ ရှိတယ်ဆိုတော့ သူတို့က အမြောက်လက်နက်ကြီးနဲ့ပစ်ရင် ရောက်နိုင်တာ ပေါ့။ စိုးရိမ် တာက ဘာစိုးရိမ်လည်းဆိုရင် အဲ့လိုမျိုးပစ်လာမယ်ဆိုရင် လုံခြုံမှုပေါ့။ သူတို့ကတော့ တတ်နိုင်သ လောက် ကတုတ်ကျင်းတော့ တူးထားတယ်။ ကတုတ်ကျင်းဆိုတာ က လက်နက်ငယ်လောက်ပဲရတာလေ။ လက်နက်ကြီး ဆိုရင် အန္တရာယ်ရှိတာပေါ့။”

မြန်မာ-ထိုင်း နယ်စပ် မြန်မာဖက်ခြမ်းရှိ ရှမ်း IDPs စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိပြီး ၎င်းတို့မှာ နယ်စပ် တလျှောက်တွင်ရှိသည့် ကောင်းမုမိန်း၊ လွယ်ဆမ်စစ်(ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် လွယ်ကော်ဝမ်း စစ် ရှောင်စခန်းများနှင့် ထိုင်းဖက်ခြမ်းရှိ ကုန်းကျော် Refugee ဒုက္ခသည် စခန်းတို့တွင် နေထိုင်နေကြရသည်။

အဆိုပါ စစ်ရှောင်စခန်း ၆ ခု ရှိသည့်အနက် လွယ်ကော်ဝမ်းစစ်ရှောင်စခန်းမှာ အကြီးဆုံးနှင့် လူဦးရေအများဆုံး နေထိုင်သည့် စခန်းတစ်ခုဖြစ်သည်။

“လွိုင်ကော်ဝမ်းက ထိုင်းနဲ့ ရှမ်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ ရှမ်း IDPs စခန်းအားလုံးအပါအဝင် ကုန်းကျော် refugee အပါအဝင် ရှမ်းစစ်ရှောင်က ၆၀၀၀ နည်းနည်းကျော်မယ်။ ၆၁၀၀ ကျော်ပေ့ါ လူဦးရေက။ အဲ့ထဲမှာ လွိုင်ကော်ဝမ်းက အကြီးဆုံး လွိုင်ကော်ဝမ်းတစ်ခုလုံးက ၂၆၀၀ လောက်ရှိတယ်။ စစ်တွေ ပြင်းထန်လာရင် ထိုင်းထဲကိုဝင်ခွင့်ပေးဖို့အတွက် ထိုင်းအာဏာပိုင်တွေကို တောင်းဆို ထားတယ်။ ကနေ့ထက်ထိတော့ ဘာမှ အကြောင်းကြားတာ တုန့်ပြန်တာ မရှိသေးဘူး” ဟု ရှမ်းစစ်ဘေးဒုက္ခသည်များ ကူညီရေးကော်မတီ(ထိုင်း-မြန်မာ) နယ်စပ် အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

မတ်လ ၃၀ ရက်နေ့ က မြန်မာ-ထိုင်းနယ်ခြားကော်မတီ(တာချီလိတ်ရုံး)မှ ထိုင်းဘက်ခြမ်းရှိ နယ်ခြားကော်မတီ (မယ်ဆိုင်ရုံး)ကို ပေးပို့လာသည့် အကြောင်းကြားစာအရ အာဏာသိမ်းတပ်မှ RCSS/SSA ၏ ထိုင်းနယ်စပ် တစ် လျှောက်ရှိ အခြေစိုက်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်သည် ဆိုသည့် သတင်းများထွက်ပေါ်လာ ခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်နေ့ နှင့် ဧပြီလ ၁၉ ရက်နေ့တို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ် သည်။

ထို့အကြောင့် ယခုခါ RCSS/SSA ဌာနချုပ်အနီးရှိ ရှမ်းစစ်ဘေးရှောင်များမှာ ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ် နေကြပြီး တိုက်ပွဲ များ ဖြစ်ပွားလာပါ ထိုင်းနိုင်ငံဘက်အခြမ်းတွင် ဝင်ရောက်ခိုလှုံခွင့်ပြုပေးရန် တောင်းဆိုထား သည်။

လွယ်ကော်ဝမ်းအပါအဝင် ကောင်းမုမိန်း၊ လွယ်ဆမ်စစ် (ပ်)၊ လွယ်လန်၊ လွယ်တိုင်းလျန်း နှင့် ထိုင်းဖက်ခြမ်းရှိ Refugee ဒုက္ခသည် ကုန်းကျော် စခန်းတို့ ရှိ ရှမ်းစစ်ဘေးဒုက္ခသည်များမှာ ပြီးခဲ့သည့် ၁၉၉၆ မှ ၁၉၉၈ ခုနှစ်ကြား နှစ်များတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရ တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခ တိုက်ပွဲများကြောင့် နေရပ်အသီးသီးကို စွန့်ကာ ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်ကြသည်။

*** ZAWGYI ***
ရွမ္းဒုကၡသည္စခန္းအနီး ႏွစ္ရက္ဆက္တိုက္ လက္နက္ႀကီးမ်ားက်

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁၉ ရက္။

ျမန္မာ-ထိုင္းနယ္စပ္ရွိ ရွမ္းစစ္ေရွာင္စခန္းမ်ားအနက္ အႀကီးဆုံး စစ္ေရွာင္စခန္းတစ္ခုျဖစ္သည့္ လြယ္ေကာ္ ဝမ္းစစ္ေရွာင္းစခန္းအတြင္းသို႔ အာဏာသိမ္းစစ္ေကာင္စီတပ္က ႏွစ္ရက္ဆက္တိုက္ လက္နက္ႀကီးမ်ား ျဖင့္ ပစ္ခတ္ေနသည္ဟု စစ္ေရွာင္စခန္းတာဝန္ရွိသူမ်ားက ေျပာသည္။

လြယ္ေကာ္ဝမ္း ရွမ္းစစ္ေရွာင္စခန္းသည္ ျမန္မာ-ထိုင္းနယ္စပ္ ျမန္မာဘက္ျခမ္းတြင္ တည္ရွိၿပီး ဧၿပီလ ၁၉ ရက္ ေန႔ (ယေန႔) မြန္းလႊဲပိုင္းအခ်ိန္ထိ လက္နက္ႀကီးမ်ားျဖင့္ ထပ္မံပစ္ခတ္ခဲ့သည္ ဟု စစ္ေရွာင္ စခန္းတာဝန္ရွိသူ မ်ား က ေျပာသည္။

ရွမ္းစစ္ေဘးဒုကၡသည္မ်ား ကူညီေရးေကာ္မတီ(ထိုင္း-ျမန္မာ) နယ္စပ္ အဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ စိုင္းလ်န္း က “လက္နက္ႀကီး ၃ လုံးပစ္တယ္။ အဲ့ဒီက လြိဳင္ ေကာ္ဝမ္းမွာရွိတဲ့ စစ္ေဘးဒုကၡသည္ေတြေနတဲ့ေနရာနဲ႔ မနီးမေဝးမွာ က်တာေပါ့။ သူတို႔ေတြၿခံေတြဘာေတြ သြား လုပ္တဲ့ေနရာ၊ စိုက္ပ်ိဳးေရးလုပ္တဲ့ေနရာမွာ က်တယ္။ အဲ့ေနရာမွာ ႏွစ္လုံးက်တယ္။ တစ္လုံးကေတာ့ ဘယ္ေန ရာမွာ က်တယ္ဆိုတာ မသိေသးဘူး။ လြိဳင္ေကာ္ဝမ္းဆိုတာကေတာ့ ခ်င္း႐ိုင္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ေပါ့။ ဟုတ္ တယ္ မေန႔ကလည္း ပစ္တယ္” ဟု ေျပာသည္။

ထို႔အျပင္ လြယ္ေကာ္ဝမ္းစစ္ေရွာင္စခန္းအတြင္းသို႔ ဧၿပီလ ၁၈ ရက္ေန႔ (ယမန္ေန႔) ညေန ၅ နာရီ အခ်ိန္ခန႔္ က လည္း အာဏာသိမ္းစစ္ေကာင္စီတပ္ဘက္က လက္နက္ႀကီးျဖင့္ ပစ္ခတ္ခဲ့သည္ဟု ေျပာသည္။

“ထိခိုက္တာေတာ့ မရွိဘူး။ ဒါေပမယ့္ ႐ြာသားေတြက ပစၥည္းေတြဘာေတြသိမ္းထားတယ္။ အေရးႀကီးပစၥည္း ေတြ သိမ္းထားတယ္။ ျဖစ္လာလို႔ရွိရင္ ေျပးဖို႔ေပါ့ေနာ္။ ေဘးလြတ္တဲ့ေနရာကို ေျပးဖို႔ ပစၥည္းေလးေတြ တပိုင္ တႏိုင္ သိမ္းထားတယ္” ဟု စစ္ေရွာင္စခန္းတာဝန္ရွိသူ တစ္ဦးက ေျပာသည္။

စစ္ေရွာင္မ်ားသည္ ကရင္ျပည္နယ္ တပ္မဟာ ၅ နယ္ေျမအတြင္း ျဖစ္စဥ္ကဲ့သို႔ စစ္ေကာင္စီတပ္မ်ားက ေလ ယာဥ္ျဖင့္ဗုံးႀကဲျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္းမ်ား ထပ္မံျပဳလုပ္လာမည္ကို စိုးရိမ္ေနၾကသည္ဟု စိုင္းလ်န္း က ဆက္ေျပာသည္။

“စိုးရိမ္ခ်က္ေတာ့ လက္နက္ႀကီးေတြပစ္လာတာေပါ့၊ တစ္ခုရွိတာက ကရင္မွာလို ေလယာဥ္ပ်ံနဲ႔ ဗုံးလာႀကဲ မ လားေပါ့။ လြိဳင္ေကာ္ဝမ္း အနီးအနားမွာဆိုရင္ UWSA ရဲ႕ တပ္စခန္းလည္းရွိတယ္။ ဒီအာဏာသိမ္း စစ္ေကာင္ စီရဲ႕ တပ္စခန္းေတြလည္းရွိတယ္။ ရွိတယ္ဆိုေတာ့ သူတို႔က အေျမာက္လက္နက္ႀကီးနဲ႔ပစ္ရင္ ေရာက္ႏိုင္တာ ေပါ့။ စိုးရိမ္ တာက ဘာစိုးရိမ္လည္းဆိုရင္ အဲ့လိုမ်ိဳးပစ္လာမယ္ဆိုရင္ လုံၿခဳံမႈေပါ့။ သူတို႔ကေတာ့ တတ္ႏိုင္သ ေလာက္ ကတုတ္က်င္းေတာ့ တူးထားတယ္။ ကတုတ္က်င္းဆိုတာ က လက္နက္ငယ္ေလာက္ပဲရတာေလ။ လက္နက္ႀကီး ဆိုရင္ အႏၲရာယ္ရွိတာေပါ့။”

ျမန္မာ-ထိုင္း နယ္စပ္ ျမန္မာဖက္ျခမ္းရွိ ရွမ္း IDPs စစ္ေဘးေရွာင္ ၆၀၀၀ ေက်ာ္ရွိၿပီး ၎တို႔မွာ နယ္စပ္ တေလွ်ာက္တြင္ရွိသည့္ ေကာင္းမုမိန္း၊ လြယ္ဆမ္စစ္(ပ္)၊ လြယ္လန္၊ လြယ္တိုင္းလ်န္း ႏွင့္ လြယ္ေကာ္ဝမ္း စစ္ ေရွာင္စခန္းမ်ားႏွင့္ ထိုင္းဖက္ျခမ္းရွိ ကုန္းေက်ာ္ Refugee ဒုကၡသည္ စခန္းတို႔တြင္ ေနထိုင္ေနၾကရသည္။

အဆိုပါ စစ္ေရွာင္စခန္း ၆ ခု ရွိသည့္အနက္ လြယ္ေကာ္ဝမ္းစစ္ေရွာင္စခန္းမွာ အႀကီးဆုံးႏွင့္ လူဦးေရအမ်ားဆုံး ေနထိုင္သည့္ စခန္းတစ္ခုျဖစ္သည္။

“လြိဳင္ေကာ္ဝမ္းက ထိုင္းနဲ႔ ရွမ္းနယ္စပ္တစ္ေလွ်ာက္မွာရွိတဲ့ ရွမ္း IDPs စခန္းအားလုံးအပါအဝင္ ကုန္းေက်ာ္ refugee အပါအဝင္ ရွမ္းစစ္ေရွာင္က ၆၀၀၀ နည္းနည္းေက်ာ္မယ္။ ၆၁၀၀ ေက်ာ္ေပ့ါ လူဦးေရက။ အဲ့ထဲမွာ လြိဳင္ေကာ္ဝမ္းက အႀကီးဆုံး လြိဳင္ေကာ္ဝမ္းတစ္ခုလုံးက ၂၆၀၀ ေလာက္ရွိတယ္။ စစ္ေတြ ျပင္းထန္လာရင္ ထိုင္းထဲကိုဝင္ခြင့္ေပးဖို႔အတြက္ ထိုင္းအာဏာပိုင္ေတြကို ေတာင္းဆို ထားတယ္။ ကေန႔ထက္ထိေတာ့ ဘာမွ အေၾကာင္းၾကားတာ တုန႔္ျပန္တာ မရွိေသးဘူး” ဟု ရွမ္းစစ္ေဘးဒုကၡသည္မ်ား ကူညီေရးေကာ္မတီ(ထိုင္း-ျမန္မာ) နယ္စပ္ အဖြဲ႕၏ တာဝန္ရွိသူက ေျပာသည္။

မတ္လ ၃၀ ရက္ေန႔ က ျမန္မာ-ထိုင္းနယ္ျခားေကာ္မတီ(တာခ်ီလိတ္႐ုံး)မွ ထိုင္းဘက္ျခမ္းရွိ နယ္ျခားေကာ္မတီ (မယ္ဆိုင္႐ုံး)ကို ေပးပို႔လာသည့္ အေၾကာင္းၾကားစာအရ အာဏာသိမ္းတပ္မွ RCSS/SSA ၏ ထိုင္းနယ္စပ္ တစ္ ေလွ်ာက္ရွိ အေျခစိုက္တပ္စခန္းမ်ားကို ထိုးစစ္ဆင္တိုက္ခိုက္မည္ျဖစ္သည္ ဆိုသည့္ သတင္းမ်ားထြက္ေပၚလာ ခဲ့ၿပီးေနာက္ ဧၿပီလ ၁၈ ရက္ေန႔ ႏွင့္ ဧၿပီလ ၁၉ ရက္ေန႔တို႔တြင္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခံခဲ့ရျခင္း ျဖစ္ သည္။

ထို႔အေၾကာင့္ ယခုခါ RCSS/SSA ဌာနခ်ဳပ္အနီးရွိ ရွမ္းစစ္ေဘးေရွာင္မ်ားမွာ ၎တို႔၏ လုံၿခဳံေရးအတြက္ စိုးရိမ္ ေနၾကၿပီး တိုက္ပြဲ မ်ား ျဖစ္ပြားလာပါ ထိုင္းႏိုင္ငံဘက္အျခမ္းတြင္ ဝင္ေရာက္ခိုလႈံခြင့္ျပဳေပးရန္ ေတာင္းဆိုထား သည္။

လြယ္ေကာ္ဝမ္းအပါအဝင္ ေကာင္းမုမိန္း၊ လြယ္ဆမ္စစ္ (ပ္)၊ လြယ္လန္၊ လြယ္တိုင္းလ်န္း ႏွင့္ ထိုင္းဖက္ျခမ္းရွိ Refugee ဒုကၡသည္ ကုန္းေက်ာ္ စခန္းတို႔ ရွိ ရွမ္းစစ္ေဘးဒုကၡသည္မ်ားမွာ ၿပီးခဲ့သည့္ ၁၉၉၆ မွ ၁၉၉၈ ခုႏွစ္ၾကား ႏွစ္မ်ားတြင္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ အစိုးရ တပ္မေတာ္တို႔ အၾကား ျဖစ္ပြားခဲ့သည့္ စစ္ေရးပဋိပကၡ တိုက္ပြဲမ်ားေၾကာင့္ ေနရပ္အသီးသီးကို စြန႔္ကာ ထြက္ေျပးတိမ္းေရွာင္လာသူမ်ား ျဖစ္ၾကသည္။