စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုများအပေါ် အာဆီယံမှ တာဝန်ခံရန် ၈၈ မျိုးဆက် အဖွဲ့ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၉ ရက်။

အကြမ်းဖက် သတ်ဖြတ်မှုများကို စစ်ကောင်စီမှ ပိုမိုလုပ်ဆောင် လာပါက အာဆီယံအဖွဲ့တွင် တာဝန်ရှိသည်ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းက ထုတ်ပြန်ပြောဆိုလိုက်သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်း၏ ဧပြီလ ၁၉ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ထားသည့် အာဆီယံ အဖွဲ့အနေဖြင့် အကြမ်းဖက် အာဏာလု စစ်ကောင်စီကို လူရာသွင်းရန် ကြိုးပမ်းနေမှုအပေါ် ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချသည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းပြောဆိုထားခြင်း ဖြစ်သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်းက “ထို့ကြောင့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ကောင်စီ အား ဖိတ်ကြားမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး စစ်ကောင်စီမှ မြန်မာပြည်သူများအပေါ် အကြမ်းဖက် သတ်ဖြတ်မှုများ ပိုမို လုပ်ဆောင်လာပါက အာဆီယံတွင်လည်း တာဝန်မကင်းကြောင်း သတိပေး လိုက်ပါသည်” ဟု ပြောသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အာဆီယံအဖွဲ့မှ စစ် ကောင်စီအား ဖိတ်ကြားထားပြီး ထိုအစည်းအဝေးသို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တက်ရောက်မည်ဟု သိရသည်။

ထိုသို့ဖိတ်ကြားမှုကြောင့် ပြည်သူ့အစိုးရကို ဖမ်းဆီးကာ ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်နေသည့် အာ ဏာလု စစ်ကောင်စီကို လူရာသွင်းရန် ကြိုးပမ်းသည့် အရိပ်လက္ခဏာများ တွေ့နေရသည်ဟု ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့် လူ့အဖွဲ့အစည်း က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှု နှစ် ၃၀ ကျော်အတွင်း အာဆီယံသည် စစ်တပ်ဘက်မှသာ ရပ်တည်ခဲ့သော သမိုင်းဆိုးများ ရှိခဲ့ပါသည် ဟု လည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် လူ့အဖွဲ့အစည်း၏ ထုတ်ပြန် ချက် ထဲတွင် စွပ်စွဲထားသည်။

၎င်းတို့က “အာဆီယံအဖွဲ့သည် မိမိ၏ ကိုယ်ကျိုးစီးပွားရေးတွင်သာ အာရုံစိုက်လေ့ရှိပြီး ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး ပြဿနာများကို အောင်မြင်စွာ အရေးယူ ဖြေရှင်းနိုင်သည့် မှတ်တမ်းများ မရှိခဲ့သည်မှာလည်း ရှက် ဖွယ်လိလိပင် ဖြစ်ပါသည်” ဟု ပြောဆိုထားသည်။

အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုထိပ်သီးအစည်း အဝေးတွင် မြန်မာအရေးနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးကြမည့် အစည်းအဝေးဖြစ်သည် ဟု သိရသည်။

*** ZAWGYI ***
စစ္ေကာင္စီ၏ အၾကမ္းဖက္ သတ္ျဖတ္မႈမ်ားအေပၚ အာဆီယံမွ တာဝန္ခံရန္ ၈၈ မ်ိဳးဆက္ အဖြဲ႕ေျပာ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁၉ ရက္။

အၾကမ္းဖက္ သတ္ျဖတ္မႈမ်ားကို စစ္ေကာင္စီမွ ပိုမိုလုပ္ေဆာင္ လာပါက အာဆီယံအဖြဲ႕တြင္ တာဝန္ရွိသည္ဟု ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင့္ လူ႔အဖြဲ႕အစည္းက ထုတ္ျပန္ေျပာဆိုလိုက္သည္။

၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင့္ လူ႔အဖြဲ႕အစည္း၏ ဧၿပီလ ၁၉ ရက္ေန႔ (ယေန႔) တြင္ ထုတ္ျပန္ထားသည့္ အာဆီယံ အဖြဲ႕အေနျဖင့္ အၾကမ္းဖက္ အာဏာလု စစ္ေကာင္စီကို လူရာသြင္းရန္ ႀကိဳးပမ္းေနမႈအေပၚ ျပင္းထန္စြာ ကန႔္ ကြက္ရႈတ္ခ်သည္ဟု အဆိုပါ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းေျပာဆိုထားျခင္း ျဖစ္သည္။

၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင့္ လူ႔အဖြဲ႕အစည္းက “ထို႔ေၾကာင့္ အာဆီယံ ထိပ္သီးအစည္းအေဝးသို႔ စစ္ေကာင္စီ အား ဖိတ္ၾကားမႈအေပၚ ျပင္းထန္စြာ ကန႔္ကြက္ရႈတ္ခ်လိုက္ၿပီး စစ္ေကာင္စီမွ ျမန္မာျပည္သူမ်ားအေပၚ အၾကမ္းဖက္ သတ္ျဖတ္မႈမ်ား ပိုမို လုပ္ေဆာင္လာပါက အာဆီယံတြင္လည္း တာဝန္မကင္းေၾကာင္း သတိေပး လိုက္ပါသည္” ဟု ေျပာသည္။

ဧၿပီလ ၂၄ ရက္ေန႔တြင္ က်င္းပမည့္ အာဆီယံထိပ္သီးအစည္းအေဝးသို႔ တက္ေရာက္ရန္ အာဆီယံအဖြဲ႕မွ စစ္ ေကာင္စီအား ဖိတ္ၾကားထားၿပီး ထိုအစည္းအေဝးသို႔ စစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က တက္ေရာက္မည္ဟု သိရသည္။

ထိုသို႔ဖိတ္ၾကားမႈေၾကာင့္ ျပည္သူ႔အစိုးရကို ဖမ္းဆီးကာ ျပည္သူမ်ားအား အၾကမ္းဖက္ သတ္ျဖတ္ေနသည့္ အာ ဏာလု စစ္ေကာင္စီကို လူရာသြင္းရန္ ႀကိဳးပမ္းသည့္ အရိပ္လကၡဏာမ်ား ေတြ႕ေနရသည္ဟု ၈၈ မ်ိဳးဆက္ ၿငိမ္း ခ်မ္းေရးႏွင့္ လူ႔အဖြဲ႕အစည္း က ဆိုသည္။

ထို႔အျပင္ ျမန္မာႏိုင္ငံ ဒီမိုကေရစီေရး ႀကိဳးပမ္းမႈ ႏွစ္ ၃၀ ေက်ာ္အတြင္း အာဆီယံသည္ စစ္တပ္ဘက္မွသာ ရပ္တည္ခဲ့ေသာ သမိုင္းဆိုးမ်ား ရွိခဲ့ပါသည္ ဟု လည္း ၈၈ မ်ိဳးဆက္ၿငိမ္းခ်မ္းေရးႏွင့္ လူ႔အဖြဲ႕အစည္း၏ ထုတ္ျပန္ ခ်က္ ထဲတြင္ စြပ္စြဲထားသည္။

၎တို႔က “အာဆီယံအဖြဲ႕သည္ မိမိ၏ ကိုယ္က်ိဳးစီးပြားေရးတြင္သာ အာ႐ုံစိုက္ေလ့ရွိၿပီး ေဒသတြင္းႏိုင္ငံမ်ား၏ ႏိုင္ငံေရး ျပႆနာမ်ားကို ေအာင္ျမင္စြာ အေရးယူ ေျဖရွင္းႏိုင္သည့္ မွတ္တမ္းမ်ား မရွိခဲ့သည္မွာလည္း ရွက္ ဖြယ္လိလိပင္ ျဖစ္ပါသည္” ဟု ေျပာဆိုထားသည္။

အာဆီယံထိပ္သီးအစည္းအေဝးကို အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕တြင္ ျပဳလုပ္မည္ျဖစ္ၿပီး ထိုထိပ္သီးအစည္း အေဝးတြင္ ျမန္မာအေရးႏွင့္ ပတ္သက္၍ အဓိကထား ေဆြးေႏြးၾကမည့္ အစည္းအေဝးျဖစ္သည္ ဟု သိရသည္။