စစ်အာဏာရှင် အပြီးတိုင် ပျက်သုန်းရန် အကောင်းဆုံး အချိန်ဖြစ်ကြောင်း ကြားကာလ ဝန်ကြီးချုပ် ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၉ ရက်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းသွားအောင် လုပ်ဆောင်နိုင်သည့် အကောင်းဆုံး အချိန်ဖြစ်သည့်အတွက် စိတ်ဝမ်းကွဲမှုများ မရှိပဲ အောင်ပွဲရသည့်အထိ ဆက်လက်တိုက်ပွဲဝင်ပေးကြပါရန် ပြည် ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူများအား တိုက်တွန်းပြောကြား လိုက်သည်။

ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရ NUG ၏ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ဧပြီလ ၁၇ ရက်နေ့က ပြည်သူများထံသို့ ပြောကြားသည့် နှစ်သစ်ကူး မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောဆို သွားခြင်း ဖြစ် သည်။

၎င်းက “အခုအချိန်အခါဟာ စစ်အာဏာရှင် အမြစ်ပြတ် ကွယ်ပျောက်စေဖို့ တိုက်ပွဲဝင်ရန် အကောင်းဆုံး အချိန် ဖြစ်တဲ့အတွက် ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူများနှင့်အတူ ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက် သွားမှာဖြစ်သလို ပြည်သူများအနေနှင့်လည်း စိတ်ဝမ်းကွဲမှုမရှိဘဲ၊ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ အောင်စိတ်ကို မွေးပြီး ရဲရဲဝံ့ဝံ့ ဆက်လက် တိုက်ပွဲဝင်ပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားလိုပါတယ်” ဟု ပြောသည်။

ထိုသို့စည်းလုံးညီညွှတ်စွာ တော်လှန်တိုက်ပွဲဝင်ခြင်းကြောင့် အောင်မြင်မှုရသည့် အခါတွင်လည်း ကြားကာလ အမျိုးသား ညီညွှတ်ရေး အစိုးရက ပြည်သူများကို ပြန်လည် ကျေးဇူးတုန့်ပြန်သွားမည့်အပြင် တိုင်းရင်းသား ပြည် သူတစ်ရပ်လုံး လိုလားတောင့်တနေကြသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်အောင် လည်း ကြိုးစား လုပ်ဆောင်သွားမည် ဟု ပြည်ထောင်စု ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှု့ CDM ကြောင့် စစ်အာဏာရှင်တို့ အထိနာနေပြီ ဖြစ်သည့် အတွက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအနေဖြင့် အောင်ပွဲရ သည့်အထိ ဆက်လက် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံ ပန်ကြားထားသည်။

“စစ်အာဏာရှင်များ ပြုတ်ကျပြီး နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားသစ်ကို CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့တဲ့ ဝန်ထမ်း များကို အခြေခံပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို ကာ ကွယ် စောင့်ရှောက်ရန် ကတိသစ္စာပြုထားသော်လည်း ကတိသစ္စာ ပြုထားသည့်အတိုင်း လိုက်နာမှုမရှိဘဲ ပြည် သူများကို သတ်ဖြတ်၊ ညှဉ်းပန်း၊ နှိပ်စက်နေသည့် ရဲတပ်ဖွဲ့နှင့် စစ်တပ်ကိုလည်း ပြည်သူများအပေါ် သစ္စာရှိ သည့်သူများဖြင့် ပြန်လည် ဖွဲ့စည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်ခိုင် သန်း က ပြောသည်။

စစ်အာဏာရှင်၏ လက်ပါးစေများက အကြမ်းဖက်မှုများကို ဥပဒေမဲ့ နေ့စဉ်ရက်ဆက် နည်းမျိုးစုံ လုပ်ဆောင် နေသည့်အတွက် လုံခြုံမှု မရှိတော့ပဲ ကျီးလန့်စာ စားနေရသည့် ဘဝမှ ပြည်သူများ လွတ်မြောက်ရန် ကာ ကွယ် ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများ အပါအဝင် အဖွဲ့ အစည်းပေါင်းစုံနှင့် ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ဆိုသည်။

ထို့အပြင် စစ်အာဏာရှင် အမြစ်ပြတ် ပြုတ်ကျရေးအတွက်လည်းကောင်း၊ စစ်အာဏာရှင်တို့၏ တရားမဲ့ပြုကျင့် မှုများကြောင့် နစ်နာဆုံးရှုံးခဲ့ရတဲ့ ပြည်သူများအတွက်လည်းကောင်း၊ အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့ လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်သဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ဝန်ထမ်းများအတွက်လည်း ကောင်း၊ စစ်အာဏာရှင်တို့မှ တိုင်းရင်းသား ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်၍ ထွက်ပြေးတိမ်း ရှောင်နေရသော တိုင်းရင်းသားပြည်သူများအတွက်လည်းကောင်း အကူအညီများရရှိရန် ပြည်တွင်းပြည်ပရှိ နိုင်ငံ တကာအဖွဲ့အစည်းများ၊ နိုင်ငံအစိုးရများနှင့် ဆက်သွယ်၍ ကြိုးစားဆောင်ရွက်နေပြီ ဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီးချုပ် က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်း ကြောင်း နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ် ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီး နှစ်ပတ်ကျော်အကြာတွင် CRPH မှ ကြားကာလ အမျိုးသားညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းကြောင်း ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုအစိုးရအဖွဲ့တွင် နိုင်ငံတော် သမ္မတ အဖြစ် ဦးဝင်းမြင့်၊ ဒုတိယ သမ္မတအဖြစ် ဒူဝါလရှီးလ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီး နောက်တစ်ရက် ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ၎င်း ၏ ပထမဦးဆုံး နှစ်သစ်အဖွင့် မိန့်ခွန်းပြောဆိုရာတွင် အထက်ပါ အကြောင်းအရာ များကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

*** ZAWGYI ***
စစ္အာဏာရွင္ အၿပီးတိုင္ ပ်က္သုန္းရန္ အေကာင္းဆုံး အခ်ိန္ျဖစ္ေၾကာင္း ၾကားကာလ ၀န္ႀကီးခ်ဳပ္ေျပာ။

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၁၉ ရက္။

လက္ရွိအခ်ိန္သည္ စစ္အာဏာရွင္စနစ္ အၿပီးတိုင္ ပ်က္သုန္းသြားေအာင္ လုပ္ေဆာင္ႏိုင္သည့္ အေကာင္းဆုံး အခ်ိန္ျဖစ္သည့္အတြက္ စိတ္ဝမ္းကြဲမႈမ်ား မရွိပဲ ေအာင္ပြဲရသည့္အထိ ဆက္လက္တိုက္ပြဲဝင္ေပးၾကပါရန္ ျပည္ ေထာင္စု ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ျပည္သူမ်ားအား တိုက္တြန္းေျပာၾကား လိုက္သည္။

ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရ NUG ၏ ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္ မန္းဝင္ခိုင္သန္းက ဧၿပီလ ၁၇ ရက္ေန႔က ျပည္သူမ်ားထံသို႔ ေျပာၾကားသည့္ ႏွစ္သစ္ကူး မိန႔္ခြန္းတြင္ ထိုသို႔ ထည့္သြင္းေျပာဆို သြားျခင္း ျဖစ္ သည္။

၎က “အခုအခ်ိန္အခါဟာ စစ္အာဏာရွင္ အျမစ္ျပတ္ ကြယ္ေပ်ာက္ေစဖို႔ တိုက္ပြဲဝင္ရန္ အေကာင္းဆုံး အခ်ိန္ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ အစိုးရအဖြဲ႕အေနနဲ႔လည္း ျပည္သူမ်ားႏွင့္အတူ ညီညီၫြတ္ၫြတ္ လက္တြဲေဆာင္႐ြက္ သြားမွာျဖစ္သလို ျပည္သူမ်ားအေနႏွင့္လည္း စိတ္ဝမ္းကြဲမႈမရွိဘဲ၊ ႏိုင္ကိုႏိုင္ရမယ္ဆိုတဲ့ ေအာင္စိတ္ကို ေမြးၿပီး ရဲရဲဝံ့ဝံ့ ဆက္လက္ တိုက္ပြဲဝင္ေပးၾကပါလို႔ ေမတၱာရပ္ခံ ပန္ၾကားလိုပါတယ္” ဟု ေျပာသည္။

ထိုသို႔စည္းလုံးညီၫႊတ္စြာ ေတာ္လွန္တိုက္ပြဲဝင္ျခင္းေၾကာင့္ ေအာင္ျမင္မႈရသည့္ အခါတြင္လည္း ၾကားကာလ အမ်ိဳးသား ညီၫႊတ္ေရး အစိုးရက ျပည္သူမ်ားကို ျပန္လည္ ေက်းဇူးတုန႔္ျပန္သြားမည့္အျပင္ တိုင္းရင္းသား ျပည္ သူတစ္ရပ္လုံး လိုလားေတာင့္တေနၾကသည့္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ႏိုင္ေအာင္ လည္း ႀကိဳးစား လုပ္ေဆာင္သြားမည္ ဟု ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္က ဆိုသည္။

ထို႔အျပင္ အၾကမ္းမဖက္ အာဏာဖီဆန္ေရး ျပည္သူ႔လႈပ္ရွားမႈ႕ CDM ေၾကာင့္ စစ္အာဏာရွင္တို႔ အထိနာေနၿပီ ျဖစ္သည့္ အတြက္ CDM လႈပ္ရွားမႈတြင္ ပါဝင္သည့္ ဌာနဆိုင္ရာ အသီးသီးမွ ဝန္ထမ္းမ်ားအေနျဖင့္ ေအာင္ပြဲရ သည့္အထိ ဆက္လက္ ပူးေပါင္းပါဝင္ေပးၾကရန္ ေမတၱာရပ္ခံ ပန္ၾကားထားသည္။

“စစ္အာဏာရွင္မ်ား ျပဳတ္က်ၿပီး ႏိုင္ငံ၏ အုပ္ခ်ဳပ္ေရးယႏၲရားသစ္ကို CDM လႈပ္ရွားမႈတြင္ ပါဝင္ခဲ့တဲ့ ဝန္ထမ္း မ်ားကို အေျခခံၿပီး တည္ေဆာက္သြားမွာ ျဖစ္ပါတယ္။ ျပည္သူလူထု၏ အသက္ အိုးအိမ္စည္းစိမ္မ်ားကို ကာ ကြယ္ ေစာင့္ေရွာက္ရန္ ကတိသစၥာျပဳထားေသာ္လည္း ကတိသစၥာ ျပဳထားသည့္အတိုင္း လိုက္နာမႈမရွိဘဲ ျပည္ သူမ်ားကို သတ္ျဖတ္၊ ညႇဥ္းပန္း၊ ႏွိပ္စက္ေနသည့္ ရဲတပ္ဖြဲ႕ႏွင့္ စစ္တပ္ကိုလည္း ျပည္သူမ်ားအေပၚ သစၥာရွိ သည့္သူမ်ားျဖင့္ ျပန္လည္ ဖြဲ႕စည္း တည္ေဆာက္သြားမွာ ျဖစ္ပါတယ္” ဟု ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္ မန္းဝင္ခိုင္ သန္း က ေျပာသည္။

စစ္အာဏာရွင္၏ လက္ပါးေစမ်ားက အၾကမ္းဖက္မႈမ်ားကို ဥပေဒမဲ့ ေန႔စဥ္ရက္ဆက္ နည္းမ်ိဳးစုံ လုပ္ေဆာင္ ေနသည့္အတြက္ လုံၿခဳံမႈ မရွိေတာ့ပဲ က်ီးလန႔္စာ စားေနရသည့္ ဘဝမွ ျပည္သူမ်ား လြတ္ေျမာက္ရန္ ကာ ကြယ္ ေရးႏွင့္ လုံၿခဳံေရးကိစၥရပ္မ်ားကို တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ အစည္းမ်ား အပါအဝင္ အဖြဲ႕ အစည္းေပါင္းစုံႏွင့္ ေဆြးေႏြးညႇိႏႈိင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနသည္ဟု ဆိုသည္။

ထို႔အျပင္ စစ္အာဏာရွင္ အျမစ္ျပတ္ ျပဳတ္က်ေရးအတြက္လည္းေကာင္း၊ စစ္အာဏာရွင္တို႔၏ တရားမဲ့ျပဳက်င့္ မႈမ်ားေၾကာင့္ နစ္နာဆုံးရႈံးခဲ့ရတဲ့ ျပည္သူမ်ားအတြက္လည္းေကာင္း၊ အၾကမ္းမဖက္ အာဏာဖီဆန္ေရး ျပည္သူ႔ လႈပ္ရွားမႈတြင္ ပါဝင္ေဆာင္႐ြက္သျဖင့္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ေနရေသာ ဝန္ထမ္းမ်ားအတြက္လည္း ေကာင္း၊ စစ္အာဏာရွင္တို႔မွ တိုင္းရင္းသား ေက်း႐ြာမ်ားကို ေလယာဥ္ျဖင့္ ဗုံးက်ဲတိုက္ခိုက္၍ ထြက္ေျပးတိမ္း ေရွာင္ေနရေသာ တိုင္းရင္းသားျပည္သူမ်ားအတြက္လည္းေကာင္း အကူအညီမ်ားရရွိရန္ ျပည္တြင္းျပည္ပရွိ ႏိုင္ငံ တကာအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံအစိုးရမ်ားႏွင့္ ဆက္သြယ္၍ ႀကိဳးစားေဆာင္႐ြက္ေနၿပီ ျဖစ္သည္ဟု ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္ က ေျပာသည္။

ၿပီးခဲ့သည့္ မတ္လ ၃၁ ရက္ေန႔ ၂၀၂၁ ခုႏွစ္တြင္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ CRPH က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဖ်က္သိမ္း ေၾကာင္း ႏွင့္ ဖက္ဒရယ္ ဒီမိုကေရစီ ပဋိညာဥ္ေၾကစာတမ္းကို ထုတ္ ျပန္ေၾကညာခဲ့သည္။

ထိုသို႔ ထုတ္ျပန္ေၾကညာၿပီး ႏွစ္ပတ္ေက်ာ္အၾကာတြင္ CRPH မွ ၾကားကာလ အမ်ိဳးသားညီၫႊတ္ေရး အစိုးရကို ဖြဲ႕စည္းေၾကာင္း ဧၿပီလ ၁၆ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့ၿပီး ထိုအစိုးရအဖြဲ႕တြင္ ႏိုင္ငံေတာ္ သမၼတ အျဖစ္ ဦးဝင္းျမင့္၊ ဒုတိယ သမၼတအျဖစ္ ဒူဝါလရွီးလ၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ျပည္ေထာင္စု ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္း တို႔ ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။

ထိုသို႔ ထုတ္ျပန္ေၾကညာၿပီး ေနာက္တစ္ရက္ ဧၿပီလ ၁၇ ရက္ ႏွစ္ဆန္းတစ္ရက္ေန႔တြင္ ျပည္ေထာင္စု ဝန္ႀကီး ခ်ဳပ္ မန္းဝင္းခိုင္သန္းက ၎ ၏ ပထမဦးဆုံး ႏွစ္သစ္အဖြင့္ မိန႔္ခြန္းေျပာဆိုရာတြင္ အထက္ပါ အေၾကာင္းအရာ မ်ားကို ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။