RCSS ဌာနချုပ်အနီး လက်နက်ကြီးဖြင့် ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်။

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း အနီးသို့ အာဏာသိမ်းစစ်ကောင်စီ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု RCSS/SSA တာဝန်ရှိသူက ပြောသည်။

ဧပြီလ ၂၁ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် လွိုင်တိုင်းလျန်းဌာနချုပ် အနောက်ဘက်သို့ လက်နက်ကြီးဖြင့် ၃ ချက် ပစ်ခတ်ခဲ့သည်ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က ပြောသည်။

“ဟုတ်ကဲ့ ဒီနေ့မနက် ထိုင်းစံတော်ချိန် ၈ နာရီခွဲလောက်မှာခင်ဗျ။ အာဏာသိမ်းစစ်တပ်က သူတို့စခန်းကုန်းက နေ ကျနော်တို့ ဌာနချုပ်နဲ့ မနီးမဝေးကို ဦးတည်ပြီးမှ လက်နက်ကြီးနဲ့ ပစ်တယ်ခင်ဗျ။ ဒီ ၈၁ မမ မော်တာတွေနဲ့ ပစ် တယ်ဗျ။ ၃ ချက်လောက် ပစ်တယ်ဗျ။” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံ က ပြောသည်။

သို့သော် လက်နက်ကြီးကျည်များသည် ၎င်းတို့ရှိရာ ဖက်သို့ ကျရောက်ပေါက်ကွဲခြင်း မဟုတ်ကြောင်း ဗိုလ်မှူးခမ်းစံ က ဆက်ပြောသည်။

၎င်းက “ပစ်တဲ့နေရာက လူတွေနဲ့တော့ မနီးဘူးဗျ။ သူတို့ရဲ့ စခန်းကုန်းက ကျ နော်တို့ ဒီဌာနချုပ်ရဲ့ အနောက် ဘက်မှာ ရှိလိမ့်မယ်။ အနောက်ဘက်မှာရှိပြီးမှ သူတို့ အရှေ့မြောက်ဘက်ကို ပစ် တယ်ပေါ့နော်။ ဒီလူရှိတဲ့နေရာကို ပစ်တာတော့ မဟုတ်ဘူး။ တခြားနေရာဘက်ကို သွားကျတာပေါ့နော်” ဟုပြောသည်။

ယခုကဲ့သို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA၏ ဌာနချုပ် လွိုင်တိုင်းလျန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့သည့်ကိစ္စအပေါ် တစ်စုံတစ်ရာ မှတ် ချက်မပေးချင်သေးကြောင်း၊ သို့သော် RCSS/SSA အနေဖြင့် စစ်ရေးပြင်ဆင်မှု အဆင်သင့်ရှိသည်ဟု ဗိုလ်မှူးခမ်း စံ က ဆိုသည်။

“စစ်ရေးအခြေအနေနဲ့ကျတော့ ဒါကို ကျနော် မှတ်ချက်မပေးချင်သေးဘူးခင်ဗျ။ ကျနော်တို့ ဆိုက်ဘက်က တော့ ဒီ RCSS ဘက်ကတော့ တုန့်ပြန်မှု မရှိသေးဘူး။ အခုတည်ငြိမ်မှုကို ထိန်းသိမ်းထားတယ်။ အဲ့လောက်ပါပဲ ခင်ဗျ။ စစ်ရေးပြင်ဆင်မှုတော့ အမြဲတမ်းတော့ အဆင်သင့်ရှိထားတာပဲလေ။ တခြားအသေးစိတ်ကျတော့ ကျနော် မှတ်ချက် မပြုချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါစစ်ရေးကိစ္စဆိုတော့ မှတ်ချက်မပြုချင်ပါဘူး။”

ယခုလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင်လည်း မြန်မာ-ထိုင်းနယ်စပ်ရှိ ရှမ်းစစ်ရှောင်စခန်းများအနက် အကြီး ဆုံး စစ်ရှောင်စခန်းတစ်ခုဖြစ်သည့် လွယ်ကော်ဝမ်းစစ်ရှောင်းစခန်းအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စစ်ရှောင်များက စိုးရိမ်နေကြသည်။

“ဒီ ၁၈ ရက်နေ့ကနေ သူတို့လွိုင်ကော်ဝမ်းကို နှစ်ချက်ပစ်တယ်။ အဲ့ဒါတော့ ၁၂၀ မမ မော်တာနဲ့ပစ်တယ်ခင်ဗျ။ နောက် ၁၉ ရက်နေ့ကလည်း နှစ်ချက်ပစ်တယ်။ အဲ့ဒါကတော့ ဗုံးသီးကျတဲ့နေရာကတော့ ဒုက္ခသည်တွေနေတဲ့ အိမ်ခြေနေရာတွေနဲ့ နီးစပ်တာပေါ့နော်။ ကပ်ပြီးကျတော့ စိုးရိမ်တာပေါ့နော်။ ဒုက္ခသည်စခန်းမှာတော့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ဆိုတော့ သူတို့က ဗုံးခိုကျင်းမှာ ခိုရ၊ မအိပ်ရဲ၊ ပြင်ရဆင်ရဆိုတော့ သူတို့ ရှင်သန်ရေးအတွက်ကျတော့ စိုးရိမ်ရတာပေါ့နော်” ဟု ဗိုလ်မှူးခမ်းစံ က ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီလကုန်ပိုင်းအထိ အပစ်ခတ်ရပ်စဲထားသော်လည်း အပစ်ခတ် မရပ်ထား သည့် လက်နက်ကိုင်အဖွဲ့များနှင့်သာမက အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် KNU နယ်မြေထဲတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ယခုခါ အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် RCSS/SSA ၏ ဌာနချုပ် လွိုင်တိုင်းလျန်းဌာနချုပ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လာသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ က မြန်မာ-ထိုင်းနယ်ခြားကော်မတီ(တာချီလိတ်ရုံး)မှ ထိုင်းဘက်ခြမ်းရှိ နယ်ခြား ကော်မတီ (မယ်ဆိုင်ရုံး)ကို ပေးပို့လာသည့် အကြောင်းကြားစာအရ အာဏာသိမ်းတပ်မှ RCSS/SSA ၏ ထိုင်းနယ် စပ်တစ်လျှောက်ရှိ အခြေစိုက်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ်သည် ဆိုသည့် သတင်းများထွက် ပေါ်လာခဲ့ပြီးနောက် ဧပြီလ ၁၈ ရက်နေ့နှင့် ဧပြီလ ၁၉ ရက်နေ့တို့တွင် ရှမ်းစစ်ရှောင်စခန်းထဲသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခံခဲ့ပြီးနောက် ယနေ့တွင် ဌာနချုပ် လွိုင်တိုင်းလျန်းကိုလည်း ထပ်မံပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အကြောင့် ယခုခါ RCSS/SSA ဌာနချုပ်အနီးရှိ ရှမ်းစစ်ဘေးရှောင်များမှ စစ်ရှောင် ၆၀၀၀ ကျော်က ၎င်းတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြပြီး တိုက်ပွဲများ ဖြစ်ပွားလာပါ ထိုင်းနိုင်ငံဘက်အခြမ်းတွင် ဝင်ရောက်ခိုလှုံခွင့်ပြု ပေးရန် ထုတ်ပြန် တောင်းဆိုထားကြသည်။

*** ZAWGYI ***
RCSS ဌာနခ်ဳပ္အနီး လက္နက္ႀကီးျဖင့္ ပစ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၁ ရက္။

RCSS/SSA ဌာနခ်ဳပ္ လြိဳင္တိုင္းလ်န္း အနီးသို႔ အာဏာသိမ္းစစ္ေကာင္စီ တပ္က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည္ဟု RCSS/SSA တာဝန္ရွိသူက ေျပာသည္။

ဧၿပီလ ၂၁ ရက္ေန႔ (ယေန႔) နံနက္ပိုင္းတြင္ လြိဳင္တိုင္းလ်န္းဌာနခ်ဳပ္ အေနာက္ဘက္သို႔ လက္နက္ႀကီးျဖင့္ ၃ ခ်က္ ပစ္ခတ္ခဲ့သည္ဟု RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခမ္းစံ က ေျပာသည္။

“ဟုတ္ကဲ့ ဒီေန႔မနက္ ထိုင္းစံေတာ္ခ်ိန္ ၈ နာရီခြဲေလာက္မွာခင္ဗ်။ အာဏာသိမ္းစစ္တပ္က သူတို႔စခန္းကုန္းက ေန က်ေနာ္တို႔ ဌာနခ်ဳပ္နဲ႔ မနီးမေဝးကို ဦးတည္ၿပီးမွ လက္နက္ႀကီးနဲ႔ ပစ္တယ္ခင္ဗ်။ ဒီ ၈၁ မမ ေမာ္တာေတြနဲ႔ ပစ္ တယ္ဗ်။ ၃ ခ်က္ေလာက္ ပစ္တယ္ဗ်။” ဟု RCSS/SSA ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခမ္းစံ က ေျပာသည္။

သို႔ေသာ္ လက္နက္ႀကီးက်ည္မ်ားသည္ ၎တို႔ရွိရာ ဖက္သို႔ က်ေရာက္ေပါက္ကြဲျခင္း မဟုတ္ေၾကာင္း ဗိုလ္မႉးခမ္းစံ က ဆက္ေျပာသည္။

၎က “ပစ္တဲ့ေနရာက လူေတြနဲ႔ေတာ့ မနီးဘူးဗ်။ သူတို႔ရဲ႕ စခန္းကုန္းက က် ေနာ္တို႔ ဒီဌာနခ်ဳပ္ရဲ႕ အေနာက္ ဘက္မွာ ရွိလိမ့္မယ္။ အေနာက္ဘက္မွာရွိၿပီးမွ သူတို႔ အေရွ႕ေျမာက္ဘက္ကို ပစ္ တယ္ေပါ့ေနာ္။ ဒီလူရွိတဲ့ေနရာကို ပစ္တာေတာ့ မဟုတ္ဘူး။ တျခားေနရာဘက္ကို သြားက်တာေပါ့ေနာ္” ဟုေျပာသည္။

ယခုကဲ့သို႔ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ/ရွမ္းျပည္တပ္မေတာ္(ေတာင္ပိုင္း) RCSS/SSA၏ ဌာနခ်ဳပ္ လြိဳင္တိုင္းလ်န္းကို စစ္ေကာင္စီတပ္က လက္နက္ႀကီးမ်ား ျဖင့္ ပစ္ခတ္ခဲ့သည့္ကိစၥအေပၚ တစ္စုံတစ္ရာ မွတ္ ခ်က္မေပးခ်င္ေသးေၾကာင္း၊ သို႔ေသာ္ RCSS/SSA အေနျဖင့္ စစ္ေရးျပင္ဆင္မႈ အဆင္သင့္ရွိသည္ဟု ဗိုလ္မႉးခမ္း စံ က ဆိုသည္။

“စစ္ေရးအေျခအေနနဲ႔က်ေတာ့ ဒါကို က်ေနာ္ မွတ္ခ်က္မေပးခ်င္ေသးဘူးခင္ဗ်။ က်ေနာ္တို႔ ဆိုက္ဘက္က ေတာ့ ဒီ RCSS ဘက္ကေတာ့ တုန႔္ျပန္မႈ မရွိေသးဘူး။ အခုတည္ၿငိမ္မႈကို ထိန္းသိမ္းထားတယ္။ အဲ့ေလာက္ပါပဲ ခင္ဗ်။ စစ္ေရးျပင္ဆင္မႈေတာ့ အၿမဲတမ္းေတာ့ အဆင္သင့္ရွိထားတာပဲေလ။ တျခားအေသးစိတ္က်ေတာ့ က်ေနာ္ မွတ္ခ်က္ မျပဳခ်င္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဒါစစ္ေရးကိစၥဆိုေတာ့ မွတ္ခ်က္မျပဳခ်င္ပါဘူး။”

ယခုလ ၁၈ ရက္ေန႔ႏွင့္ ၁၉ ရက္ေန႔တို႔တြင္လည္း ျမန္မာ-ထိုင္းနယ္စပ္ရွိ ရွမ္းစစ္ေရွာင္စခန္းမ်ားအနက္ အႀကီး ဆုံး စစ္ေရွာင္စခန္းတစ္ခုျဖစ္သည့္ လြယ္ေကာ္ဝမ္းစစ္ေရွာင္းစခန္းအတြင္းသို႔ အာဏာသိမ္းစစ္ေကာင္စီတပ္က ႏွစ္ရက္ဆက္တိုက္ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ခဲ့သည့္အတြက္ စစ္ေရွာင္မ်ားက စိုးရိမ္ေနၾကသည္။

“ဒီ ၁၈ ရက္ေန႔ကေန သူတို႔လြိဳင္ေကာ္ဝမ္းကို ႏွစ္ခ်က္ပစ္တယ္။ အဲ့ဒါေတာ့ ၁၂၀ မမ ေမာ္တာနဲ႔ပစ္တယ္ခင္ဗ်။ ေနာက္ ၁၉ ရက္ေန႔ကလည္း ႏွစ္ခ်က္ပစ္တယ္။ အဲ့ဒါကေတာ့ ဗုံးသီးက်တဲ့ေနရာကေတာ့ ဒုကၡသည္ေတြေနတဲ့ အိမ္ေျခေနရာေတြနဲ႔ နီးစပ္တာေပါ့ေနာ္။ ကပ္ၿပီးက်ေတာ့ စိုးရိမ္တာေပါ့ေနာ္။ ဒုကၡသည္စခန္းမွာေတာ့ အမ်ိဳးသမီးေတြ၊ ကေလးေတြနဲ႔ဆိုေတာ့ သူတို႔က ဗုံးခိုက်င္းမွာ ခိုရ၊ မအိပ္ရဲ၊ ျပင္ရဆင္ရဆိုေတာ့ သူတို႔ ရွင္သန္ေရးအတြက္က်ေတာ့ စိုးရိမ္ရတာေပါ့ေနာ္” ဟု ဗိုလ္မႉးခမ္းစံ က ဆက္ေျပာသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဧၿပီလကုန္ပိုင္းအထိ အပစ္ခတ္ရပ္စဲထားေသာ္လည္း အပစ္ခတ္ မရပ္ထား သည့္ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္သာမက အပစ္ရပ္လက္မွတ္ေရးထိုးထားသည့္ KNU နယ္ေျမထဲတြင္လည္း တိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနၿပီး ယခုခါ အပစ္ရပ္လက္မွတ္ေရးထိုးထားသည့္ RCSS/SSA ၏ ဌာနခ်ဳပ္ လြိဳင္တိုင္းလ်န္းဌာနခ်ဳပ္ကိုလည္း လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ား ျပဳလုပ္လာသည္။

ၿပီးခဲ့သည့္ မတ္လ ၃၀ ရက္ေန႔ က ျမန္မာ-ထိုင္းနယ္ျခားေကာ္မတီ(တာခ်ီလိတ္႐ုံး)မွ ထိုင္းဘက္ျခမ္းရွိ နယ္ျခား ေကာ္မတီ (မယ္ဆိုင္႐ုံး)ကို ေပးပို႔လာသည့္ အေၾကာင္းၾကားစာအရ အာဏာသိမ္းတပ္မွ RCSS/SSA ၏ ထိုင္းနယ္ စပ္တစ္ေလွ်ာက္ရွိ အေျခစိုက္တပ္စခန္းမ်ားကို ထိုးစစ္ဆင္တိုက္ခိုက္မည္ျဖစ္သည္ ဆိုသည့္ သတင္းမ်ားထြက္ ေပၚလာခဲ့ၿပီးေနာက္ ဧၿပီလ ၁၈ ရက္ေန႔ႏွင့္ ဧၿပီလ ၁၉ ရက္ေန႔တို႔တြင္ ရွမ္းစစ္ေရွာင္စခန္းထဲသို႔ လက္နက္ႀကီး မ်ားျဖင့္ ပစ္ခတ္ခံခဲ့ၿပီးေနာက္ ယေန႔တြင္ ဌာနခ်ဳပ္ လြိဳင္တိုင္းလ်န္းကိုလည္း ထပ္မံပစ္ခတ္ခဲ့ျခင္း ျဖစ္သည္။

ထို႔အေၾကာင့္ ယခုခါ RCSS/SSA ဌာနခ်ဳပ္အနီးရွိ ရွမ္းစစ္ေဘးေရွာင္မ်ားမွ စစ္ေရွာင္ ၆၀၀၀ ေက်ာ္က ၎တို႔၏ လုံၿခဳံေရးအတြက္ စိုးရိမ္ေနၾကၿပီး တိုက္ပြဲမ်ား ျဖစ္ပြားလာပါ ထိုင္းႏိုင္ငံဘက္အျခမ္းတြင္ ဝင္ေရာက္ခိုလႈံခြင့္ျပဳ ေပးရန္ ထုတ္ျပန္ ေတာင္းဆိုထားၾကသည္။