ကသာမှ ဖမ်းဆီးခံရသူများ မိသားစုနှင့် တွေ့ခွင့်မရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်။

လက်နက်မှုပုဒ်မများဖြင့် ဖမ်းဆီး တရားစွဲခံထားရသည့် စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်မှ ပြည်သူများမှာ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရသေးဘူး ဟု ပြောသည်။

အဆိုပါ ပြည်သူများကို စစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က)နှင့် ပုဒ်မ ၁၉ (င)၊ ၁၉(စ) ဖြင့် တရားစွဲဆိုထားပြီး ကသာ ထောင်တွင် ထားရှိကာ ယနေ့အချိန်ထိ လူချင်းတွေ့ဆုံခွင့်မရသေးကြောင်း မိသားစုဝင်များ က ပြောသည်။

“ဖမ်းသွားကတည်းက ဒါပထမဆုံးအကြိမ် ပစ္စည်းပို့ခွင့်ရတာပ၊ တစ်ချို့က တူမီးနဲ့ဖမ်းမိတာဆိုတော့ ရိုက်နက် စစ်ဆေးခံထားရမျိုးလည်းရှိနိုင်တော့ စိတ်ပူတာပ” ဟု ဖမ်းဆီခံသူ တစ်ဦး၏ မိသားစုဝင်တစ်ယောက် က ပြောသည်။

ယခုဖမ်းဆီးခံထားရသူများမှာ ပြီးခဲ့သည့် မတ်လ ၃ရက်နေ့က အင်းတော်မြို့တွင် ညသပိတ်ဆင်နွဲစဉ် ဖမ်းဆီးခံရ သူများဖြစ်ပြီး အကြော်အလှော်ကဲ့သို့ စားသောက်စရာများ၊ မုန့်များ၊ ရော်ဘာဖိနပ်များကိုသာ ပေးပို့ခွင့် ပြု ကြောင်း သိရသည်။

မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရသေးသည့် သူများမှာ အင်းတော်မြို့နယ် လယ်ပြင်အုပ်စု နားခါကျေးရွာမှ ည သပိတ်ဆင်နွဲနေစဉ်က ဖမ်းဆီးထိမ်းသိမ်းထားသူ ၇ ဦးခန့် နှင့် ဧပြီ ၄ ရက်၊ နံနက်ပိုင်းက ဆန္ဒပြစဉ် ဖမ်းဆီး ခံရသူ ၇ ဦး စုစုပေါင်း ၁၄ဦးခန့် ဖြစ်ကြသည်။

၎င်းတို့ကို ကသာထောင်တွင် ထိမ်းသိမ်းခံရထားပြီး မူလက ၅၀၅ (က) ဖြင့် စွဲဆိုထားရာမှ ယခုတွင် အချို့အား ၁၉ (င) ၁၉ (စ) လက်နက်မှုများဖြင့် ထပ်တိုးစွဲဆိုထားကြောင်း သိရသည်။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ် တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်း Bကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန် ဝတ္တရားကို မလေးစားခြင်းသော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့ တည်းမဟုတ် ထိုသို့ပြုစေသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြပေးထားသည်။

ပုဒ်မ ၁၉(င)နှင့် ပုဒ်မ ၁၉(စ) တို့သည် လက်နက်အက်ဥပဒေ ပုဒ်မများ ဖြစ်ကြပြီး လက်နက်အက်ဥပဒေပုဒ်မ ၁၉ (င) အရ ပြစ်မှုကျူးလွန်သူကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခွင့်ရှိသည်။

အဆိုပါပုဒ်မ နှစ်ခုသည် မည်သူမဆို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရန် အကြံဖြင့် လက်နက်ခဲယမ်း မီးကျောက် များ၊ စစ်ပစ္စည်းများကို တရားဝင်ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ မိမိ၏ကြီးကြပ်မှုအောက်မှာ ထားရှိခြင်း၊ တင်သွင်းခြင်း၊ သယ်ပို့ခြင်းနှင့် အပ်နှံရန်ပျက်ကွက်ပါက အရေးယူခံရမည်ဟု ပြဋ္ဌာန်းထားသည့် ပုဒ်မများ ဖြစ် သည်။

လက်နက်အက်ဥပဒေပုဒ်မနှင့် တပ်မတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသူများကို အင်းတော်မှ ၁၈ မိုင်ခန့် ကွာဝေးသည့် ကသာမြို့ရှိ ထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည်။

*** ZAWGYI ***
ကသာမွ ဖမ္းဆီးခံရသူမ်ား မိသားစုႏွင့္ ေတြ႕ခြင့္မရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၁ ရက္။

လက္နက္မႈပုဒ္မမ်ားျဖင့္ ဖမ္းဆီး တရားစြဲခံထားရသည့္ စစ္ကိုင္းေဒသႀကီး အင္းေတာ္ၿမိဳ႕နယ္မွ ျပည္သူမ်ားမွာ မိသားစုဝင္မ်ားႏွင့္ ေတြ႕ဆုံခြင့္ မရေသးဘူး ဟု ေျပာသည္။

အဆိုပါ ျပည္သူမ်ားကို စစ္ေကာင္စီမွ ပုဒ္မ ၅၀၅ (က)ႏွင့္ ပုဒ္မ ၁၉ (င)၊ ၁၉(စ) ျဖင့္ တရားစြဲဆိုထားၿပီး ကသာ ေထာင္တြင္ ထားရွိကာ ယေန႔အခ်ိန္ထိ လူခ်င္းေတြ႕ဆုံခြင့္မရေသးေၾကာင္း မိသားစုဝင္မ်ား က ေျပာသည္။

“ဖမ္းသြားကတည္းက ဒါပထမဆုံးအႀကိမ္ ပစၥည္းပို႔ခြင့္ရတာပ၊ တစ္ခ်ိဳ႕က တူမီးနဲ႔ဖမ္းမိတာဆိုေတာ့ ႐ိုက္နက္ စစ္ေဆးခံထားရမ်ိဳးလည္းရွိႏိုင္ေတာ့ စိတ္ပူတာပ” ဟု ဖမ္းဆီခံသူ တစ္ဦး၏ မိသားစုဝင္တစ္ေယာက္ က ေျပာသည္။

ယခုဖမ္းဆီးခံထားရသူမ်ားမွာ ၿပီးခဲ့သည့္ မတ္လ ၃ရက္ေန႔က အင္းေတာ္ၿမိဳ႕တြင္ ညသပိတ္ဆင္ႏြဲစဥ္ ဖမ္းဆီးခံရ သူမ်ားျဖစ္ၿပီး အေၾကာ္အေလွာ္ကဲ့သို႔ စားေသာက္စရာမ်ား၊ မုန႔္မ်ား၊ ေရာ္ဘာဖိနပ္မ်ားကိုသာ ေပးပို႔ခြင့္ ျပဳ ေၾကာင္း သိရသည္။

မိသားစုဝင္မ်ားႏွင့္ ေတြ႕ဆုံခြင့္မရေသးသည့္ သူမ်ားမွာ အင္းေတာ္ၿမိဳ႕နယ္ လယ္ျပင္အုပ္စု နားခါေက်း႐ြာမွ ည သပိတ္ဆင္ႏြဲေနစဥ္က ဖမ္းဆီးထိမ္းသိမ္းထားသူ ၇ ဦးခန႔္ ႏွင့္ ဧၿပီ ၄ ရက္၊ နံနက္ပိုင္းက ဆႏၵျပစဥ္ ဖမ္းဆီး ခံရသူ ၇ ဦး စုစုေပါင္း ၁၄ဦးခန႔္ ျဖစ္ၾကသည္။

၎တို႔ကို ကသာေထာင္တြင္ ထိမ္းသိမ္းခံရထားၿပီး မူလက ၅၀၅ (က) ျဖင့္ စြဲဆိုထားရာမွ ယခုတြင္ အခ်ိဳ႕အား ၁၉ (င) ၁၉ (စ) လက္နက္မႈမ်ားျဖင့္ ထပ္တိုးစြဲဆိုထားေၾကာင္း သိရသည္။

ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅ (က) ျပ႒ာန္းခ်က္အရ ျပည္ေထာင္စုအစိုးရ၏ ၾကည္း၊ ေရ၊ ေလ တပ္ တစ္ခုခုမွ အရာရွိအား သို႔တည္းမဟုတ္ တပ္သားအား စစ္ပုန္ကန္ျခင္းကိုေသာ္လည္းေကာင္း၊ သက္ဆိုင္ရာ မိမိ၏ တာဝန္ ဝတၱရားကို မေလးစားျခင္းေသာ္လည္းေကာင္း၊ ပ်က္ကြက္ျခင္းေသာ္လည္းေကာင္း၊ ျပဳေစရန္ အႀကံရွိလွ်င္ သို႔ တည္းမဟုတ္ ထိုသို႔ျပဳေစသည့္ အေၾကာင္းရွိလွ်င္ ထိုသူကို ႏွစ္ႏွစ္အထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း ေဖာ္ျပေပးထားသည္။

ပုဒ္မ ၁၉(င)ႏွင့္ ပုဒ္မ ၁၉(စ) တို႔သည္ လက္နက္အက္ဥပေဒ ပုဒ္မမ်ား ျဖစ္ၾကၿပီး လက္နက္အက္ဥပေဒပုဒ္မ ၁၉ (င) အရ ျပစ္မႈက်ဴးလြန္သူကို အလုပ္ႏွင့္ေထာင္ဒဏ္ ၃ ႏွစ္အထိ ခ်မွတ္ခြင့္ရွိသည္။

အဆိုပါပုဒ္မ ႏွစ္ခုသည္ မည္သူမဆို ႏိုင္ငံေတာ္ပုန္ကန္မႈ က်ဴးလြန္ရန္ အႀကံျဖင့္ လက္နက္ခဲယမ္း မီးေက်ာက္ မ်ား၊ စစ္ပစၥည္းမ်ားကို တရားဝင္ခြင့္ျပဳခ်က္မရွိဘဲ လက္ဝယ္ထားျခင္း၊ မိမိ၏ႀကီးၾကပ္မႈေအာက္မွာ ထားရွိျခင္း၊ တင္သြင္းျခင္း၊ သယ္ပို႔ျခင္းႏွင့္ အပ္ႏွံရန္ပ်က္ကြက္ပါက အေရးယူခံရမည္ဟု ျပ႒ာန္းထားသည့္ ပုဒ္မမ်ား ျဖစ္ သည္။

လက္နက္အက္ဥပေဒပုဒ္မႏွင့္ တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစမႈ ပုဒ္မတို႔ျဖင့္ တရားစြဲဆိုခံထားရသူမ်ားကို အင္းေတာ္မွ ၁၈ မိုင္ခန႔္ ကြာေဝးသည့္ ကသာၿမိဳ႕ရွိ ေထာင္တြင္ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသည္။