မိုးမောက်မြို့နယ်မှ ရွာသား ၃၀၀၀ လောက်စစ်ရှောင်နေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာ သိမ်းစစ်ကောင်စီ တပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ၃၀၀၀ ခန့် စစ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကချင်ပြည်နယ်မိုးမော်မြို့နယ်အတွင်း အချက်အချာကျသည့် အလော့ဘွမ် တပ်စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့များက မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး အာဏာသိမ်း စစ်အုပ်စု တပ်ဖွဲ့များက ဧပြီ ဒုတိယပတ်ခန့်တွင် ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အနီးတဝိုက် တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

မိုးမောက်မြို့နယ်အတွင်း ဧပြီလ ဒုတိယအပတ်ခန့် က စတင်ခဲ့သည့် တိုက်ပွဲများသည် ယနေ့အချိန်ထိ ဆက် လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ရွာသားများမှာ မိုးမောက်မြို့နှင့် ဗန်းမော်မြို့ များသို့ စစ်ဘေးတိမ်း ရှောင်လာကြ သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD (ကချင်ပြည်နယ်) က တာဝန်ရှိသူ တစ်ဦး က ပြော သည်။

“ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ တာပိန်မြစ်ကြောတစ်ကြောက ရွာတွေအားလုံးက စစ်ရှောင်လာ ကြတာပေါ့နော်။ ပြေးလာတဲ့လူ ၃၀၀၀ ကျော်တော့ ရှိမယ်။ အများအားဖြင့်က ရပ်ဆွေရပ်မျိုးတွေအိမ်နဲ့ လက် နက်ကြီးနဲ့ ဝေးတဲနေရာတွေ ရွာတွေမှာ ခိုလှုံနေကြတာများတယ်။ နောက်ပြီး ဗန်းမော်မြို့နဲ့ မိုးမောက်မြို့ ပေါ် က ဘုန်းတော်ကြီးကျောင်းတွေထဲမှာ ခိုလှုံနေကြတာလည်းများတယ်။ စစ်ရှောင်ဦး ရေကို အခုထိ အတည်ပြု ဖို့ ခက်နေတယ်နော်။ ဘာလို့လည်းဆိုတော့ နေ့တိုင်း လူသစ်ဝင်တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD (ကချင်ပြည်နယ်) က တာဝန်ရှိသူ တစ်ဦး က ပြောသည်။

၎င်း က “ဒီမှာက ကချင် တိုင်းရင်းသားတွေထက် ရှမ်းတွေများတယ်လေနော်။ ကျနော်တို့ ရှမ်းတွေက သတ် မှတ်ပေးထားတဲ့နေရာမှာ လာမနေတဲ့ လူတွေလည်း များတယ်။ ရွာနဲ့နီးတဲ့နေရာမှာ ရွာစောင့်ရင်း စစ်ရှောင် နေ တဲ့လူတွေလည်း များတယ်။ စာရင်းကောက်ဖို့လည်း ခက်တယ်။ ဒီနေ့ တစ်ရာဆိုရင် ညနေဆိုရင် ၂၀၀၊ ၃၀၀ ဖြစ်သွားပြီ” ဟု ဆက်ပြောသည်။

မိုးမောက်မြို့ရှိ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC (မိုးမောက်မြို့) က စီစဉ်ပေးသည့် နေရာများတွင် ရောက် ရှိလာသည့် စစ်ရှောင်များမှာ ၅၀၀ ကျော်ရှိပြီဟုလည်း အကူအညီပေးသူများ က ပြောသည်။

“အခုသူတို့နေနေတာက မိုးမောက်အသင်းတော် ဧဒင်ဘုရားကျောင်းရဲ့ မူကြိုကျောင်းဝန်းထဲမှာလည်း နေနေကြ တယ်။ နောက်ပြီး စဘော်ဘော်ဒါမှာနေတယ်။ မိုးမောက်ရဲ့ စိုက်ပျိုးရေးဘော်ဒါမှာလည်း စစ်ရှောင်တွေနေ တယ်။ နောက်ပြီး မိုးမောက်က ခါနန်အသင်းတော်ဘုရားကျောင်း ၂ ကျောင်းမှာလည်းနေကြတယ်။ အခု ရက် ပိုင်း ရောက်လာတဲ့ စစ်ရှောင်တွေကို အဲ့ဒီမှာ နေစရာ ပြင်ဆင်ပေးထားပြီး စီစဉ်ပေးရတယ်” ဟု ကချင်စစ်ရှောင် များအား အကူအညီပေးနေသူ KBC မှာ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

“မြို့သစ်၊ နောင်ဝမ့်၊ စဘော်၊ နန် ဆိုင်း၊ မိုင်းခပ်၊ နောင်ဖလန်၊ နန်ငို အဲ့ဒီရွာကလူတွေပါတယ်။ အခုသူတို့ပြော တာက ထပ်ပြီး ရောက်လာမယ့် လူတွေလည်း ရှိတယ်လို့ပြောတယ်။ ဒီမှာက အများစုက ကချင်တွေပဲ၊ ရှမ်း တွေကတော့ ဘုန်းကြီးကျောင်းတွေမှာ နေနေကြတယ်။ သူတို့ရောက်လာတယ် တစ်ပတ်ကျော်လောက်တော့ ရှိ ပြီ။ ဆွေမျိုးတွေ အိမ်မှာသွားနေတဲ့လူတွေလည်းများတယ်။ အခု စီစဉ်ပေးတဲ့နေရာမှာ ရောက်လာတဲ့ စာရင်း က ၅၂၃ ဦး ရှိပြီနော်။”

ဗန်းမော်မြို့နှင့် မိုးမောက်မြို့များသို့ စစ်ရှောင်ပြည်သူများနေ့စဉ် ရောက်ရှိလာနေသည့်အတွက် နေထိုင်စရာ နေ ရာနှင့် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

မိုးမောက်မြို့နယ်အတွင်းလည်း ယနေ့အချိန်ထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့်အတွက် စစ်ရှောင်များ နေ ရပ် ပြန်ရေးမှာ အဆင်မပြေသေးဟု ဆိုသည်။

မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ စီးဟက်နှင့် ကုန်းလောစသည့် ကျေးရွာများအနီးရှိ အာဏာသိမ်းစစ် ကောင်စီ တပ် ၏ စစ်စခန်းကုန်းငယ်များကို KIA က သိမ်းယူပြီးနောက် အဆိုပါဒေသများအတွင်းနှင့် အနီးအနားကျေးရွာ များတွင် နှစ်ဖက်ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်များဖြင့်လည်း လာရောက် ပစ်ခတ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည့် SNLD ၏ ထုတ်ပြန်ချက်အရ အသက် (၈၄) နှစ်အရွယ် အဖွားအိုတစ်ဦးအပါအဝင် ရွာသား လေးဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့သည်ဟု သိရသည်။

ကျေးရွာအချို့ထဲသို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုန်း တော်ကြီးကျောင်းနှင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ရသည်ဟု SNLD က ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်များကို ကူညီလိုပါက သန့်ရှင်းရေးခမောက် ပရဟိတ- မြစ်ကြီးနားအဖွဲ့ မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပြီး ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ 09424492112 ဖြစ်ပါသည်။

*** ZAWGYI ***
မိုးေမာက္ၿမိဳ႕နယ္မွ ႐ြာသား ၃၀၀၀ ေလာက္စစ္ေရွာင္ေနရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၁ ရက္။

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ အာဏာ သိမ္းစစ္ေကာင္စီ တပ္တို႔အၾကား ျဖစ္ပြားေနသည့္ တိုက္ပြဲ မ်ားေၾကာင့္ ကခ်င္ျပည္နယ္၊ မိုးေမာက္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာေပါင္း ၁၀ ႐ြာေက်ာ္က ေဒသခံ ၃၀၀၀ ခန႔္ စစ္ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

ကခ်င္ျပည္နယ္မိုးေမာ္ၿမိဳ႕နယ္အတြင္း အခ်က္အခ်ာက်သည့္ အေလာ့ဘြမ္ တပ္စခန္းကို ကခ်င္လြတ္လပ္ေရး တပ္မေတာ္ တပ္ဖြဲ႕မ်ားက မတ္လ ၂၅ ရက္ေန႔က သိမ္းပိုက္ခဲ့ၿပီး အာဏာသိမ္း စစ္အုပ္စု တပ္ဖြဲ႕မ်ားက ဧၿပီ ဒုတိယပတ္ခန႔္တြင္ ျပန္လည္ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ၿပီး အနီးတဝိုက္ တိုက္ပြဲမ်ား ျပင္းထန္ေနျခင္း ျဖစ္သည္။

မိုးေမာက္ၿမိဳ႕နယ္အတြင္း ဧၿပီလ ဒုတိယအပတ္ခန႔္ က စတင္ခဲ့သည့္ တိုက္ပြဲမ်ားသည္ ယေန႔အခ်ိန္ထိ ဆက္ လက္ျဖစ္ပြားေနဆဲျဖစ္ၿပီး ႐ြာသားမ်ားမွာ မိုးေမာက္ၿမိဳ႕ႏွင့္ ဗန္းေမာ္ၿမိဳ႕ မ်ားသို႔ စစ္ေဘးတိမ္း ေရွာင္လာၾက သည္ဟု ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ SNLD (ကခ်င္ျပည္နယ္) က တာဝန္ရွိသူ တစ္ဦး က ေျပာ သည္။

“ဗန္းေမာ္ခ႐ိုင္၊ မိုးေမာက္ၿမိဳ႕နယ္ထဲမွာရွိတဲ့ တာပိန္ျမစ္ေၾကာတစ္ေၾကာက ႐ြာေတြအားလုံးက စစ္ေရွာင္လာ ၾကတာေပါ့ေနာ္။ ေျပးလာတဲ့လူ ၃၀၀၀ ေက်ာ္ေတာ့ ရွိမယ္။ အမ်ားအားျဖင့္က ရပ္ေဆြရပ္မ်ိဳးေတြအိမ္နဲ႔ လက္ နက္ႀကီးနဲ႔ ေဝးတဲေနရာေတြ ႐ြာေတြမွာ ခိုလႈံေနၾကတာမ်ားတယ္။ ေနာက္ၿပီး ဗန္းေမာ္ၿမိဳ႕နဲ႔ မိုးေမာက္ၿမိဳ႕ ေပၚ က ဘုန္းေတာ္ႀကီးေက်ာင္းေတြထဲမွာ ခိုလႈံေနၾကတာလည္းမ်ားတယ္။ စစ္ေရွာင္ဦး ေရကို အခုထိ အတည္ျပဳ ဖို႔ ခက္ေနတယ္ေနာ္။ ဘာလို႔လည္းဆိုေတာ့ ေန႔တိုင္း လူသစ္ဝင္တယ္” ဟု ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ SNLD (ကခ်င္ျပည္နယ္) က တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

၎ က “ဒီမွာက ကခ်င္ တိုင္းရင္းသားေတြထက္ ရွမ္းေတြမ်ားတယ္ေလေနာ္။ က်ေနာ္တို႔ ရွမ္းေတြက သတ္ မွတ္ေပးထားတဲ့ေနရာမွာ လာမေနတဲ့ လူေတြလည္း မ်ားတယ္။ ႐ြာနဲ႔နီးတဲ့ေနရာမွာ ႐ြာေစာင့္ရင္း စစ္ေရွာင္ ေန တဲ့လူေတြလည္း မ်ားတယ္။ စာရင္းေကာက္ဖို႔လည္း ခက္တယ္။ ဒီေန႔ တစ္ရာဆိုရင္ ညေနဆိုရင္ ၂၀၀၊ ၃၀၀ ျဖစ္သြားၿပီ” ဟု ဆက္ေျပာသည္။

မိုးေမာက္ၿမိဳ႕ရွိ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC (မိုးေမာက္ၿမိဳ႕) က စီစဥ္ေပးသည့္ ေနရာမ်ားတြင္ ေရာက္ ရွိလာသည့္ စစ္ေရွာင္မ်ားမွာ ၅၀၀ ေက်ာ္ရွိၿပီဟုလည္း အကူအညီေပးသူမ်ား က ေျပာသည္။

“အခုသူတို႔ေနေနတာက မိုးေမာက္အသင္းေတာ္ ဧဒင္ဘုရားေက်ာင္းရဲ႕ မူႀကိဳေက်ာင္းဝန္းထဲမွာလည္း ေနေနၾက တယ္။ ေနာက္ၿပီး စေဘာ္ေဘာ္ဒါမွာေနတယ္။ မိုးေမာက္ရဲ႕ စိုက္ပ်ိဳးေရးေဘာ္ဒါမွာလည္း စစ္ေရွာင္ေတြေန တယ္။ ေနာက္ၿပီး မိုးေမာက္က ခါနန္အသင္းေတာ္ဘုရားေက်ာင္း ၂ ေက်ာင္းမွာလည္းေနၾကတယ္။ အခု ရက္ ပိုင္း ေရာက္လာတဲ့ စစ္ေရွာင္ေတြကို အဲ့ဒီမွာ ေနစရာ ျပင္ဆင္ေပးထားၿပီး စီစဥ္ေပးရတယ္” ဟု ကခ်င္စစ္ေရွာင္ မ်ားအား အကူအညီေပးေနသူ KBC မွာ တာဝန္ရွိသူ တစ္ဦးက ဆက္ေျပာသည္။

“ၿမိဳ႕သစ္၊ ေနာင္ဝမ့္၊ စေဘာ္၊ နန္ ဆိုင္း၊ မိုင္းခပ္၊ ေနာင္ဖလန္၊ နန္ငို အဲ့ဒီ႐ြာကလူေတြပါတယ္။ အခုသူတို႔ေျပာ တာက ထပ္ၿပီး ေရာက္လာမယ့္ လူေတြလည္း ရွိတယ္လို႔ေျပာတယ္။ ဒီမွာက အမ်ားစုက ကခ်င္ေတြပဲ၊ ရွမ္း ေတြကေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာ ေနေနၾကတယ္။ သူတို႔ေရာက္လာတယ္ တစ္ပတ္ေက်ာ္ေလာက္ေတာ့ ရွိ ၿပီ။ ေဆြမ်ိဳးေတြ အိမ္မွာသြားေနတဲ့လူေတြလည္းမ်ားတယ္။ အခု စီစဥ္ေပးတဲ့ေနရာမွာ ေရာက္လာတဲ့ စာရင္း က ၅၂၃ ဦး ရွိၿပီေနာ္။”

ဗန္းေမာ္ၿမိဳ႕ႏွင့္ မိုးေမာက္ၿမိဳ႕မ်ားသို႔ စစ္ေရွာင္ျပည္သူမ်ားေန႔စဥ္ ေရာက္ရွိလာေနသည့္အတြက္ ေနထိုင္စရာ ေန ရာႏွင့္ စားနပ္ရိကၡာမ်ား လိုအပ္ေနသည္ဟု အကူအညီေပးေနသူမ်ားက ေျပာသည္။

မိုးေမာက္ၿမိဳ႕နယ္အတြင္းလည္း ယေန႔အခ်ိန္ထိ တိုက္ပြဲမ်ားဆက္တိုက္ျဖစ္ပြားေနသည့္အတြက္ စစ္ေရွာင္မ်ား ေန ရပ္ ျပန္ေရးမွာ အဆင္မေျပေသးဟု ဆိုသည္။

မိုးေမာက္ၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕သစ္၊ စီးဟက္ႏွင့္ ကုန္းေလာစသည့္ ေက်း႐ြာမ်ားအနီးရွိ အာဏာသိမ္းစစ္ ေကာင္စီ တပ္ ၏ စစ္စခန္းကုန္းငယ္မ်ားကို KIA က သိမ္းယူၿပီးေနာက္ အဆိုပါေဒသမ်ားအတြင္းႏွင့္ အနီးအနားေက်း႐ြာ မ်ားတြင္ ႏွစ္ဖက္ၾကား တိုက္ပြဲမ်ားျပင္းထန္ေနၿပီး စစ္တပ္ဘက္မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေနသည့္အျပင္ ေလယာဥ္မ်ားျဖင့္လည္း လာေရာက္ ပစ္ခတ္ေနျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားႏွင့္ ပတ္သက္၍ ဧၿပီလ ၁၉ ရက္ေန႔က ထုတ္ျပန္ထားသည့္ SNLD ၏ ထုတ္ျပန္ခ်က္အရ အသက္ (၈၄) ႏွစ္အ႐ြယ္ အဖြားအိုတစ္ဦးအပါအဝင္ ႐ြာသား ေလးဦး လက္နက္ႀကီးက်ည္ထိမွန္ၿပီး ေသဆုံးခဲ့သည္ဟု သိရသည္။

ေက်း႐ြာအခ်ိဳ႕ထဲသို႔ လက္နက္ႀကီးက်ည္မ်ားျဖင့္ ပစ္ခတ္ျခင္း၊ ေလယာဥ္မ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ဘုန္း ေတာ္ႀကီးေက်ာင္းႏွင့္ လူေနအိမ္အမ်ားအျပား ပ်က္စီးခဲ့ရသည္ဟု SNLD က ထုတ္ျပန္ထားသည္။

စစ္ေဘးေရွာင္မ်ားကို ကူညီလိုပါက သန႔္ရွင္းေရးခေမာက္ ပရဟိတ- ျမစ္ႀကီးနားအဖြဲ႕ မွတစ္ဆင့္ ဆက္သြယ္လႉဒါန္းႏိုင္ၿပီး ဆက္သြယ္ရမည့္ ဖုန္းနံပါတ္မွာ 09424492112 ျဖစ္ပါသည္။