မိုးမောက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်နေပြီး စစ်ရှောင် ၅၀၀၀ ကျော်သွားပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းက ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုရက်ပိုင်း စစ်ရှောင်ပြည်သူများ တိုးလာနေပြီး ယခုခါ စစ်ရှောင် ၅၀၀၀ ကျော်သွားပြီဖြစ်ပြီး နေစရာ နေရာနှင့် အရေးပေါ်အကူအညီများ လိုအပ်နေ သည်ဟု စစ်ရှောင်များနှင့် ၎င်းတို့အား ကူညီပေးနေသူများက ပြောသည်။
မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ကြောင်း တလျှောက်က ကျေးရွာပေါင်း ၁၀ ရွာခန့်က ရွာသားတွေက မိုးမောက် မြို့နှင့် ဗန်းမော်မြို့ များသို့ စစ်ဘေးတိမ်းရှောင်လာကြသည့်အတွက် ယခုခါ နေရာအခက်အခဲများ နှင့် ရင်ဆိုင် နေရသည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD (ကချင်ပြည်နယ်) က တာဝန်ရှိသူ တစ်ဦး က ပြော သည်။
“တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတာပေါ့။ ဟိုတစ်ခေါက်ပြောသလိုပေါ့နော် တာပိန်တကြောကလူတွေ အကုန် လုံးပဲ ရှောင်လာပြီနော်။ အခုဖြစ်နေတဲ့နေရာ လူဦးရေ နှစ်သောင်းလောက်ရှိတဲ့ ဧရိယာမှာ ဆက်နေတာပေါ့။ အခုဆို ရင် ပြေးလာတဲ့လူက ၅၀၀၀ ထက်မနည်းဘူးလို့ ပြောလို့ရပြီ။ ကျနော်တို့ ဒီအများစုက မိုးမောက်၊ ဗန်းမော်မှာ ရှိတဲ့ ရွာတွေ ကို ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေ၊ သေနတ်သံ မကြားရတဲ့ ရွာတွေမှာရှိတဲ့ ဆွေမျိုးတွေဆီမှာ လာနေကြတယ်။ အခုဆို ဘုန်းကြီးကျောင်းတွေလည်း ပြည့်ကုန်တော့ ဘယ်သွားရမှန်းမသိတဲ့ လူတွေလည်း အများ ကြီးပဲ။ စစ်ရှောင်ဦးရေ အခုဆို အတည်ပြုရခက်သွားပြီ။ ဒီနေ့စာရင်းကောက်တယ် ၁၀၀ ဆို ညနေပြန်သွားကောက် ၂၀၀၊ ၃၀၀ အဲလိုဖြစ်သွားပြီ။ နေ့တိုင်း လူတွေရောက်နေတယ်။”
စစ်ရှောင်ဦးရေ နေ့စဉ်တိုးလာနေသည့်အတွက် နေစရာနေရာ၊ စားနပ်ရိက္ခာနှင့် အိပ်ယာများ အရေးပေါ် လိုအပ်နေ သည်ဟု စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။
မိုးမောက်မြို့ စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက “လောလောဆယ် အဓိကလိုအပ်နေတာက အခက်အခဲက နေစရာ အခက်အခဲပေါ့နော်၊ ဘုန်းကြီးကျောင်းတွေမှာ နေတယ်ဆိုပေမယ့် အခုက နေစရာ နေရာ လုံးဝမရှိတော့ဘူး။ ဘုန်းကြီးကျောင်းတွေကလည်း လူနေဖို့ စီစဉ်ထားတဲ့နေရာမဟုတ်တော့ ရက်ကြာလာတာနဲ့ ပိုပြီး ခက်ခဲလာတယ်။ ဆွေမျိုးတွေအိမ်ဆိုလည်း ရက်ရှည်လာရင် ဘယ်မှာ ဆက်နေမလဲပေါ့၊ အခုက သူတို့အတွက် ရှောင်တိမ်းဖို့နဲ့ နေရာ စရာအတွက် Camp လိုနေရာမျိုး လိုအပ်နေပြီနော်။ အခုကောက်တဲ့စာရင်းအရဆို ရွာပေါင်း ၁၀ ကျော်တယ် ပြေး လာတဲ့လူတွေက။ အဲ့တော့ အဓိကက နေရာထိုင်ခင်းပေါ့နော်” ဟု ပြောသည်။
မိုးမောက်မြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က တာဝန်ရှိသူ တစ်ဦးကလည်း “လူက များလာတယ်ဆိုတော့ အခုက အိပ်ယာခင်းတွေလည်း အဆင်မပြေတော့ဘူး။ သူတို့ကို ထားတဲ့နေရာကလည်း သမံတလင်းဆိုတော့ လူကြီး တွေ ကလေးတွေအတွက်က ကြာကြာဆို အဆင်မပြေတော့ဘူး။ ဖျာတွေလိုတယ်၊ အိပ်ယာခင်းတွေလိုတယ်။ ပြီး နေမယ့် နေရာပေါ့နော် အဲ့ဒါအဓိကဖြစ်တယ်။ လောလောဆယ် ဘုရားကျောင်းက စားဖို့ စီစဉ်ပေးထားတယ်။ ကြာလာရင်တော့ ရိက္ခာလိုတာပေါ့နော်။ တချို့လည်း စားနပ်ရိက္ခာနည်းနည်း လာကူညီတာရှိတယ်။ ဒါပေမယ့် လိုတာတော့ အများကြီးပဲ” ဟု ပြောသည်။
ကချင်ပြည်နယ် မိုးမော်မြို့နယ်အတွင်း စစ်ရေးအရ အရေးကြီးသည့်၊ အချက်အချာကျသည့် အလော့ဘွမ် တပ်စခန်း ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး အာဏာသိမ်း စစ်အုပ်စု တပ်ဖွဲ့များ က ဧပြီလ ဒုတိယပတ်ခန့် မှာ ပြန်လည် တိုက်ခိုက်မှုတွေ ပြုလုပ်နေသည့်အတွက် အနီးတဝိုက် တိုက်ပွဲများ ပြင်းထန် နေခြင်း ဖြစ်သည်။
“တိုက်ပွဲတွေဖြစ်တဲ့ ရွာကလူတွေက အခုဒီကိုပြေးလာတယ်နော်။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဒီနေရာနဲ့ဆိုလည်း ၁ နာရီခွဲ လောက်ပဲဝေးတယ်လေနော်။ လေယာဉ်နဲ့ပစ်လည်း ကြားနေရတယ်။ မြင်နေရတယ်။ လက်နက်ကြီးမပြောနဲ့ သေ နတ် ပစ်ရင်တောင် ကြားနေရတာဆိုတော့ တိုက်ပွဲတွေ မိုးမောက်ဘက် အရမ်းဖြစ်လာရင် ကျမတို့လည်း ဘယ်မှာ ပြေးရမလဲပေါ့။ အဓိက စိုးရိမ်ရတာက အခုဆိုရင် လုံခြုံရေးပဲနော်။ စစ်ရှောင်တွေအတွက်လည်း စိတ်ပူရတယ်။ ကိုယ့်အတွက်လည်း စိတ်ပူနေရတယ်” ၎င်း က ဆက်ပြောသည်။
မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်၊ စီးဟက်နှင့် ကုန်းလောစသည့် ကျေးရွာများအနီးရှိ အာဏာသိမ်းစစ်ကောင်စီ တပ် ၏ စစ်စခန်းကုန်းငယ်များကိုလည်း KIA က သိမ်းယူပြီးနောက် အဆိုပါကျေးရွာများနှင့် အနီးအနားတွင် နှစ်ဖက် ကြား တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်များဖြင့်လည်း လာရောက် ပစ်ခတ် နေသည်ဟု ဒေသခံများ က ပြောသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အသက် (၈၄) နှစ်အရွယ် အဖွားအို တစ်ဦးအပါအဝင် ရွာသားလေးဦး လက်နက် ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့ရကြောင်း ကျေးရွာအချို့ထဲသို့လည်း လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ ဝေဟင်ထိုးစစ်ဆင် ပစ်ခတ်ခဲ့ခြင်းတို့ကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
*** ZAWGYI ***
မိုးေမာက္တြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ေနၿပီး စစ္ေရွာင္ ၅၀၀၀ ေက်ာ္သြားၿပီ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၄ ရက္။
ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္အတြင္းက ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ယခုရက္ပိုင္း စစ္ေရွာင္ျပည္သူမ်ား တိုးလာေနၿပီး ယခုခါ စစ္ေရွာင္ ၅၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ေနစရာ ေနရာႏွင့္ အေရးေပၚအကူအညီမ်ား လိုအပ္ေန သည္ဟု စစ္ေရွာင္မ်ားႏွင့္ ၎တို႔အား ကူညီေပးေနသူမ်ားက ေျပာသည္။
မိုးေမာက္ၿမိဳ႕နယ္အတြင္းရွိ တာပိန္ျမစ္ေၾကာင္း တေလွ်ာက္က ေက်း႐ြာေပါင္း ၁၀ ႐ြာခန႔္က ႐ြာသားေတြက မိုးေမာက္ ၿမိဳ႕ႏွင့္ ဗန္းေမာ္ၿမိဳ႕ မ်ားသို႔ စစ္ေဘးတိမ္းေရွာင္လာၾကသည့္အတြက္ ယခုခါ ေနရာအခက္အခဲမ်ား ႏွင့္ ရင္ဆိုင္ ေနရသည္ဟု ရွမ္းတိုင္းရင္း သားမ်ား ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ SNLD (ကခ်င္ျပည္နယ္) က တာဝန္ရွိသူ တစ္ဦး က ေျပာ သည္။
“တိုက္ပြဲေတြကေတာ့ ဆက္တိုက္ျဖစ္ေနတာေပါ့။ ဟိုတစ္ေခါက္ေျပာသလိုေပါ့ေနာ္ တာပိန္တေၾကာကလူေတြ အကုန္ လုံးပဲ ေရွာင္လာၿပီေနာ္။ အခုျဖစ္ေနတဲ့ေနရာ လူဦးေရ ႏွစ္ေသာင္းေလာက္ရွိတဲ့ ဧရိယာမွာ ဆက္ေနတာေပါ့။ အခုဆို ရင္ ေျပးလာတဲ့လူက ၅၀၀၀ ထက္မနည္းဘူးလို႔ ေျပာလို႔ရၿပီ။ က်ေနာ္တို႔ ဒီအမ်ားစုက မိုးေမာက္၊ ဗန္းေမာ္မွာ ရွိတဲ့ ႐ြာေတြ ကို ဘုန္းႀကီးေက်ာင္းေတြ၊ ဘုရားေက်ာင္းေတြ၊ ေသနတ္သံ မၾကားရတဲ့ ႐ြာေတြမွာရွိတဲ့ ေဆြမ်ိဳးေတြဆီမွာ လာေနၾကတယ္။ အခုဆို ဘုန္းႀကီးေက်ာင္းေတြလည္း ျပည့္ကုန္ေတာ့ ဘယ္သြားရမွန္းမသိတဲ့ လူေတြလည္း အမ်ား ႀကီးပဲ။ စစ္ေရွာင္ဦးေရ အခုဆို အတည္ျပဳရခက္သြားၿပီ။ ဒီေန႔စာရင္းေကာက္တယ္ ၁၀၀ ဆို ညေနျပန္သြားေကာက္ ၂၀၀၊ ၃၀၀ အဲလိုျဖစ္သြားၿပီ။ ေန႔တိုင္း လူေတြေရာက္ေနတယ္။”
စစ္ေရွာင္ဦးေရ ေန႔စဥ္တိုးလာေနသည့္အတြက္ ေနစရာေနရာ၊ စားနပ္ရိကၡာႏွင့္ အိပ္ယာမ်ား အေရးေပၚ လိုအပ္ေန သည္ဟု စစ္ေရွာင္မ်ားကို ကူညီေပးေနသူမ်ားက ေျပာသည္။
မိုးေမာက္ၿမိဳ႕ စစ္ေရွာင္မ်ားကို ကူညီေပးေနသူ တစ္ဦးက “ေလာေလာဆယ္ အဓိကလိုအပ္ေနတာက အခက္အခဲက ေနစရာ အခက္အခဲေပါ့ေနာ္၊ ဘုန္းႀကီးေက်ာင္းေတြမွာ ေနတယ္ဆိုေပမယ့္ အခုက ေနစရာ ေနရာ လုံးဝမရွိေတာ့ဘူး။ ဘုန္းႀကီးေက်ာင္းေတြကလည္း လူေနဖို႔ စီစဥ္ထားတဲ့ေနရာမဟုတ္ေတာ့ ရက္ၾကာလာတာနဲ႔ ပိုၿပီး ခက္ခဲလာတယ္။ ေဆြမ်ိဳးေတြအိမ္ဆိုလည္း ရက္ရွည္လာရင္ ဘယ္မွာ ဆက္ေနမလဲေပါ့၊ အခုက သူတို႔အတြက္ ေရွာင္တိမ္းဖို႔နဲ႔ ေနရာ စရာအတြက္ Camp လိုေနရာမ်ိဳး လိုအပ္ေနၿပီေနာ္။ အခုေကာက္တဲ့စာရင္းအရဆို ႐ြာေပါင္း ၁၀ ေက်ာ္တယ္ ေျပး လာတဲ့လူေတြက။ အဲ့ေတာ့ အဓိကက ေနရာထိုင္ခင္းေပါ့ေနာ္” ဟု ေျပာသည္။
မိုးေမာက္ၿမိဳ႕ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ KBC က တာဝန္ရွိသူ တစ္ဦးကလည္း “လူက မ်ားလာတယ္ဆိုေတာ့ အခုက အိပ္ယာခင္းေတြလည္း အဆင္မေျပေတာ့ဘူး။ သူတို႔ကို ထားတဲ့ေနရာကလည္း သမံတလင္းဆိုေတာ့ လူႀကီး ေတြ ကေလးေတြအတြက္က ၾကာၾကာဆို အဆင္မေျပေတာ့ဘူး။ ဖ်ာေတြလိုတယ္၊ အိပ္ယာခင္းေတြလိုတယ္။ ၿပီး ေနမယ့္ ေနရာေပါ့ေနာ္ အဲ့ဒါအဓိကျဖစ္တယ္။ ေလာေလာဆယ္ ဘုရားေက်ာင္းက စားဖို႔ စီစဥ္ေပးထားတယ္။ ၾကာလာရင္ေတာ့ ရိကၡာလိုတာေပါ့ေနာ္။ တခ်ိဳ႕လည္း စားနပ္ရိကၡာနည္းနည္း လာကူညီတာရွိတယ္။ ဒါေပမယ့္ လိုတာေတာ့ အမ်ားႀကီးပဲ” ဟု ေျပာသည္။
ကခ်င္ျပည္နယ္ မိုးေမာ္ၿမိဳ႕နယ္အတြင္း စစ္ေရးအရ အေရးႀကီးသည့္၊ အခ်က္အခ်ာက်သည့္ အေလာ့ဘြမ္ တပ္စခန္း ကို ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA က မတ္လ ၂၅ ရက္ေန႔က သိမ္းပိုက္ခဲ့ၿပီး အာဏာသိမ္း စစ္အုပ္စု တပ္ဖြဲ႕မ်ား က ဧၿပီလ ဒုတိယပတ္ခန႔္ မွာ ျပန္လည္ တိုက္ခိုက္မႈေတြ ျပဳလုပ္ေနသည့္အတြက္ အနီးတဝိုက္ တိုက္ပြဲမ်ား ျပင္းထန္ ေနျခင္း ျဖစ္သည္။
“တိုက္ပြဲေတြျဖစ္တဲ့ ႐ြာကလူေတြက အခုဒီကိုေျပးလာတယ္ေနာ္။ တိုက္ပြဲျဖစ္တဲ့ေနရာနဲ႔ ဒီေနရာနဲ႔ဆိုလည္း ၁ နာရီခြဲ ေလာက္ပဲေဝးတယ္ေလေနာ္။ ေလယာဥ္နဲ႔ပစ္လည္း ၾကားေနရတယ္။ ျမင္ေနရတယ္။ လက္နက္ႀကီးမေျပာနဲ႔ ေသ နတ္ ပစ္ရင္ေတာင္ ၾကားေနရတာဆိုေတာ့ တိုက္ပြဲေတြ မိုးေမာက္ဘက္ အရမ္းျဖစ္လာရင္ က်မတို႔လည္း ဘယ္မွာ ေျပးရမလဲေပါ့။ အဓိက စိုးရိမ္ရတာက အခုဆိုရင္ လုံၿခဳံေရးပဲေနာ္။ စစ္ေရွာင္ေတြအတြက္လည္း စိတ္ပူရတယ္။ ကိုယ့္အတြက္လည္း စိတ္ပူေနရတယ္” ၎ က ဆက္ေျပာသည္။
မိုးေမာက္ၿမိဳ႕နယ္အတြင္းရွိ ၿမိဳ႕သစ္၊ စီးဟက္ႏွင့္ ကုန္းေလာစသည့္ ေက်း႐ြာမ်ားအနီးရွိ အာဏာသိမ္းစစ္ေကာင္စီ တပ္ ၏ စစ္စခန္းကုန္းငယ္မ်ားကိုလည္း KIA က သိမ္းယူၿပီးေနာက္ အဆိုပါေက်း႐ြာမ်ားႏွင့္ အနီးအနားတြင္ ႏွစ္ဖက္ ၾကား တိုက္ပြဲမ်ားျပင္းထန္ေနျခင္းျဖစ္သည္။
စစ္ေကာင္စီတပ္ဘက္က လက္နက္ႀကီးမ်ားႏွင့္ ပစ္ခတ္ေနသည့္အျပင္ ေလယာဥ္မ်ားျဖင့္လည္း လာေရာက္ ပစ္ခတ္ ေနသည္ဟု ေဒသခံမ်ား က ေျပာသည္။
ကခ်င္ျပည္နယ္ မိုးေမာက္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားအတြင္း အသက္ (၈၄) ႏွစ္အ႐ြယ္ အဖြားအို တစ္ဦးအပါအဝင္ ႐ြာသားေလးဦး လက္နက္ ႀကီးက်ည္ထိမွန္ကာ ေသဆုံးခဲ့ရေၾကာင္း ေက်း႐ြာအခ်ိဳ႕ထဲသို႔လည္း လက္နက္ႀကီးက်ည္မ်ားျဖင့္ ပစ္ခတ္ျခင္း၊ ေဝဟင္ထိုးစစ္ဆင္ ပစ္ခတ္ခဲ့ျခင္းတို႔ေၾကာင့္ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ လူေနအိမ္အမ်ားအျပား ပ်က္စီးခဲ့ရသည္ဟု ေဒသခံမ်ားက ေျပာသည္။