ဆန္ဒပြသူဖမ်းလာသော ဒုရဲအုပ်အား လူထုမှ ပိတ်ဆို့ရာမှ သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ထီးချိုင့်မြို့က စစ်အာဏာရှင်စနစ်ဆန်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို ဖမ်း ဆီးပြီး ကသာထောင်သို့ပို့စဉ် ပြည်သူများလိုက်လံ ပိတ်ဆို့ရာမှ ဒုရဲအုပ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့ (ယမန်နေ့) မွန်းလွဲပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူကို ဖမ်းဆီးသွား သည့် ကားအား လူထုက ပိတ်ဆို့တားဆီး ကယ်တင်ရာမှ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နှစ်ပွင့် ဒုရဲအုပ် မြတ်ဇွဲမာန် ပွဲချင်းပြီး သေ ဆုံးသွားခြင်း ဖြစ်သည်ဟု ပြောသည်။

“လူဖမ်းသွားတဲ့သတင်းကြားတော့ လူတစ်ရာလောက်ဆိုင်ကယ်တွေနဲ့ လိုက်ကြတာပ၊ လမ်းမှာ တူးမီးစောင့်ပစ် လို့ ကားမှောက်သွားတာ နှစ်ပွင့်ဗိုလ်က တူမီးခေါင်းမှန်တာ” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦး က ပြော သည်။

တက်ကြွလှုပ်ရှားသူတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသည်ဆိုသည့် သတင်းကို ပြည်သူများ ကြားရမှာ ဆိုင် ကယ်များဖြင့် လိုက်လံပိတ်ဆို့ တားဆီးကယ်တင်ရာ ရဲတပ်ဖွဲ့ဝင်များ၏ ကားမှောက်သွားသည်ဟုလည်း သိရ သည်။

ဖြစ်စဉ်မှာ စစ်ကိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့ ရွှေမိုးညှင်းလဖက်ရည်ဆိုင်တွင် လက်ဖက်ရည် သောက်နေ သူ စစ်အာဏာရှင်စနစ်ဆန့်ကျင် တော်လှန်သူ တစ်ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲကာ ရဲကဖမ်းဆီးပြီး ကသာ ထောင်သို့ ပို့ရန်ကားဖြင့်ခေါ်သွားသည်ကို ပြည်သူများက ပြန်လုကြခြင်းဖြစ်ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ် သေဆုံးသွားသည့် ဒုရဲအုပ် မြတ်ဇွဲမာန်သည် မောင်းကုန်းရဲကင်းမှ ဖြစ်ပြီး အခင်းဖြစ်ပွား စဉ် တူမီးသေနတ်ထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ကသာမှ စစ်ကူလိုက်လာသူ ရဲနှင့်စစ်တပ်က ကျန်လူများကိုလာရောက်ကယ်စဉ် သေနတ်နှင့်ပစ်ခဲ့ခတ်၍ အမျိုး သမီးတစ်ဦး သေနတ်ထိမှန်ခဲ့ပြီး အဆိုပါ အမျိုးသမီးကို မန္တလေးဆေးရုံသို့ ဆေးကုသရန် ပို့ထားသည်ဟု ဒေသ ခံများက ပြောသည်။

ရဲနှင့် စစ်သားများ၏ ပစ်ခတ်မှုကြောင့် ကျွဲတစ်ကောင်လည်း သေနတ်ထိမှန် သေဆုံးသွားသည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ခန့်က စစ်အာဏာရှင် စနစ်ဆန့်ကျင်တော်လှန်သူ ကျောင်းဆရာ၊ ဆရာမများ နှင့် ထီးချိုင့်ဒေသခံ ၁၀ ဦးကို ကသာထောင်သို့ပို့စဉ် အလယ်တောကျေးရွာအနီး ပြည်သူများက လမ်းပိတ်ကာ ဆန္ဒပြတောင်းမှုများကြောင့် ပြန်လွတ်လာသည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်။

*** ZAWGYI ***
ဆႏၵျပသူဖမ္းလာေသာ ဒုရဲအုပ္အား လူထုမွ ပိတ္ဆို႔ရာမွ ေသဆုံး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၄ ရက္။

စစ္ကိုင္းတိုင္း၊ ကသာခ႐ိုင္ ထီးခ်ိဳင့္ၿမိဳ႕က စစ္အာဏာရွင္စနစ္ဆန္က်င္ေရး တက္ႂကြလႈပ္ရွားသူတစ္ဦးကို ဖမ္း ဆီးၿပီး ကသာေထာင္သို႔ပို႔စဥ္ ျပည္သူမ်ားလိုက္လံ ပိတ္ဆို႔ရာမွ ဒုရဲအုပ္တစ္ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဧၿပီလ ၂၃ ရက္ေန႔ (ယမန္ေန႔) မြန္းလြဲပိုင္းက စစ္အာဏာရွင္ဆန႔္က်င္ေရး တက္ႂကြလႈပ္ရွားသူကို ဖမ္းဆီးသြား သည့္ ကားအား လူထုက ပိတ္ဆို႔တားဆီး ကယ္တင္ရာမွ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီး ႏွစ္ပြင့္ ဒုရဲအုပ္ ျမတ္ဇြဲမာန္ ပြဲခ်င္းၿပီး ေသ ဆုံးသြားျခင္း ျဖစ္သည္ဟု ေျပာသည္။

“လူဖမ္းသြားတဲ့သတင္းၾကားေတာ့ လူတစ္ရာေလာက္ဆိုင္ကယ္ေတြနဲ႔ လိုက္ၾကတာပ၊ လမ္းမွာ တူးမီးေစာင့္ပစ္ လို႔ ကားေမွာက္သြားတာ ႏွစ္ပြင့္ဗိုလ္က တူမီးေခါင္းမွန္တာ” ဟု အမည္မေဖာ္လိုသူ ေဒသခံ တစ္ဦး က ေျပာ သည္။

တက္ႂကြလႈပ္ရွားသူတစ္ဦးအား ရဲတပ္ဖြဲ႕က ဖမ္းဆီးသြားသည္ဆိုသည့္ သတင္းကို ျပည္သူမ်ား ၾကားရမွာ ဆိုင္ ကယ္မ်ားျဖင့္ လိုက္လံပိတ္ဆို႔ တားဆီးကယ္တင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ား၏ ကားေမွာက္သြားသည္ဟုလည္း သိရ သည္။

ျဖစ္စဥ္မွာ စစ္ကိုင္းေဒသႀကီး ကသာခ႐ိုင္ ထီးခ်ိဳင့္ၿမိဳ႕ ေ႐ႊမိုးညႇင္းလဖက္ရည္ဆိုင္တြင္ လက္ဖက္ရည္ ေသာက္ေန သူ စစ္အာဏာရွင္စနစ္ဆန႔္က်င္ ေတာ္လွန္သူ တစ္ဦးကို ပုဒ္မ ၅၀၅ (က)ျဖင့္ တရားစြဲကာ ရဲကဖမ္းဆီးၿပီး ကသာ ေထာင္သို႔ ပို႔ရန္ကားျဖင့္ေခၚသြားသည္ကို ျပည္သူမ်ားက ျပန္လုၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ ၃၃ ႏွစ္အ႐ြယ္ ေသဆုံးသြားသည့္ ဒုရဲအုပ္ ျမတ္ဇြဲမာန္သည္ ေမာင္းကုန္းရဲကင္းမွ ျဖစ္ၿပီး အခင္းျဖစ္ပြား စဥ္ တူမီးေသနတ္ထိမွန္ၿပီး ေသဆုံးသြားျခင္း ျဖစ္သည္ဟုလည္း သတင္းမ်ား ထြက္ေပၚေနသည္။

ကသာမွ စစ္ကူလိုက္လာသူ ရဲႏွင့္စစ္တပ္က က်န္လူမ်ားကိုလာေရာက္ကယ္စဥ္ ေသနတ္ႏွင့္ပစ္ခဲ့ခတ္၍ အမ်ိဳး သမီးတစ္ဦး ေသနတ္ထိမွန္ခဲ့ၿပီး အဆိုပါ အမ်ိဳးသမီးကို မႏၲေလးေဆး႐ုံသို႔ ေဆးကုသရန္ ပို႔ထားသည္ဟု ေဒသ ခံမ်ားက ေျပာသည္။

ရဲႏွင့္ စစ္သားမ်ား၏ ပစ္ခတ္မႈေၾကာင့္ ကြၽဲတစ္ေကာင္လည္း ေသနတ္ထိမွန္ ေသဆုံးသြားသည္ဟု ဆိုသည္။

လြန္ခဲ့သည့္ ရက္သတၱပတ္ ႏွစ္ပတ္ခန႔္က စစ္အာဏာရွင္ စနစ္ဆန႔္က်င္ေတာ္လွန္သူ ေက်ာင္းဆရာ၊ ဆရာမမ်ား ႏွင့္ ထီးခ်ိဳင့္ေဒသခံ ၁၀ ဦးကို ကသာေထာင္သို႔ပို႔စဥ္ အလယ္ေတာေက်း႐ြာအနီး ျပည္သူမ်ားက လမ္းပိတ္ကာ ဆႏၵျပေတာင္းမႈမ်ားေၾကာင့္ ျပန္လြတ္လာသည့္ ျဖစ္စဥ္တစ္ခုလည္း ရွိခဲ့သည္။