မွန်ပြည်နယ်တွင် ဖမ်းခံထားရသူ ၂၀၀ ကျော်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်။
မွန်ပြည်နယ်အတွင်း၌ စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် အဖမ်းခံထားရသူ အယောက် ၂၀၀ ကျော် ရှိနေသည်ဟု ဖမ်းဆီးခံရသူများအတွက် လိုက်လံကူညီပေးနေသည့် ရှေ့နေများ က ပြောသည်။
ဖမ်းဆီးခံရသူများသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ နှင့် ပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုခံထားရပြီး ထောင်တွင်း တရားရုံးတွင် တရားရင်ဆိုင်နေရသည်ဟုလည်း ဖမ်းဆီးခံရသူများအရေး ဆောင်ရွက်နေသူများက ပြောသည်။
ဖမ်းဆီးခံရသူများအား လိုက်လံကူညီပေးနေသည့် ရှေ့နေတစ်ဦးက “နေ့တိုင်းဖမ်းတယ်။ ဒီတစ်ပတ်ထဲမှာပဲ CDM ဝန်ထမ်းတွေ ဖမ်းခံရတာတွေလည်း ရှိတယ်။ တော်တော်များများက ၅၀၅ နဲ့ တရားစွဲခံရတယ်။ နောက် ပြီး ပုဒ်မ ၁၈၈ လည်းပါတယ်” ဟု ပြောသည်။
ပြည်နယ်အတွင်းက စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ ဝင် များက ဆက်တိုက် လိုက်လံဖမ်းဆီးနေသည် ဟု သိရသည်။
“စစ်အာဏာရှင်ကို အလိုမရှိလို့ ဆန့်ကျင်ဆန္ဒပြနေတဲ့လူတွေ CDM မှာ ပါနေတဲ့လူတွေကို အခုဆို နေ့ရော ည ရော လိုက်ပြီးတော့ ဖမ်းဆီးနေတယ်၊ မတွေ့ရင် မိသားစုဝင်တွေကိုပါခေါ်သွားနေတာတွေလည်း လုပ်လာတယ်” ဟု စစ်အာဏာရှင်ကို ဆန့်ကျင်ရေးတွင် ပါဝင်လှုပ်ရှားနေသူတစ်ဦး က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကပင် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ထားပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသည့် သံဖြူဇရပ်မြို့မှ ကျောင်းဆရာမတစ်ဦးကိုလည်း စစ်ကောင်စီမှ သွားရောက် ဖမ်းဆီးခဲ့ ပြီး အဆိုပါ ကျောင်းဆရာမကို မမိသည့်အတွက် ကျောင်းဆရာမ၏ မိသားစုဝင် သုံးဦးကို ဓါးစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။
ဖမ်းဆီးခံရသူများသည် ၎င်းတို့အား လိုက်လံကူညီပေးနေသည့် ရှေ့နေများနှင့်လည်း ကောင်းမွန်စွာ တွေ့ခွင့်မရ သလို မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရကြဘူးဟု သိရသည်။
မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ မပြုလုပ်နိုင်အောင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံ ရေးများ ပိုမို တင်းကြပ်ထားသော်လည်း စစ်အာဏာရှင်ကို အလိုမရှိသည့် ပြည်သူများက နည်းမျိုးစုံဖြင့် စစ်အာ ဏာရှင်ကို ဆက်လက် ဆန့်ကျင် ဆန္ဒပြနေ ကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်း၌ စစ်အာဏာရှင်ကို ဆန့်ကျင်ပြသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ၁၁ နှစ် အရွယ်ကလေးတစ်ဦးအပါအဝင် သေဆုံးသူ ၈ ဦး ရှိခဲ့သည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တနိုင်ငံလုံး တွင် ဧပြီလ ၂၃ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် သေဆုံး (၇၄၅) ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၃၃၇၁ ဦး ရှိသည်။
*** ZAWGYI ***
မြန္ျပည္နယ္တြင္ ဖမ္းခံထားရသူ ၂၀၀ ေက်ာ္ရွိ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၄ ရက္။
မြန္ျပည္နယ္အတြင္း၌ စစ္အာဏာရွင္ကို ဆန႔္က်င္မႈေၾကာင့္ အဖမ္းခံထားရသူ အေယာက္ ၂၀၀ ေက်ာ္ ရွိေနသည္ဟု ဖမ္းဆီးခံရသူမ်ားအတြက္ လိုက္လံကူညီေပးေနသည့္ ေရွ႕ေနမ်ား က ေျပာသည္။
ဖမ္းဆီးခံရသူမ်ားသည္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ ႏွင့္ ပုဒ္မ ၁၈၈ တို႔ျဖင့္ တရားစြဲဆိုခံထားရၿပီး ေထာင္တြင္း တရား႐ုံးတြင္ တရားရင္ဆိုင္ေနရသည္ဟုလည္း ဖမ္းဆီးခံရသူမ်ားအေရး ေဆာင္႐ြက္ေနသူမ်ားက ေျပာသည္။
ဖမ္းဆီးခံရသူမ်ားအား လိုက္လံကူညီေပးေနသည့္ ေရွ႕ေနတစ္ဦးက “ေန႔တိုင္းဖမ္းတယ္။ ဒီတစ္ပတ္ထဲမွာပဲ CDM ဝန္ထမ္းေတြ ဖမ္းခံရတာေတြလည္း ရွိတယ္။ ေတာ္ေတာ္မ်ားမ်ားက ၅၀၅ နဲ႔ တရားစြဲခံရတယ္။ ေနာက္ ၿပီး ပုဒ္မ ၁၈၈ လည္းပါတယ္” ဟု ေျပာသည္။
ျပည္နယ္အတြင္းက စစ္အာဏာရွင္ကို ဆန႔္က်င္ေနၾကသည့္ ျပည္သူမ်ားကို အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ ဝင္ မ်ားက ဆက္တိုက္ လိုက္လံဖမ္းဆီးေနသည္ ဟု သိရသည္။
“စစ္အာဏာရွင္ကို အလိုမရွိလို႔ ဆန႔္က်င္ဆႏၵျပေနတဲ့လူေတြ CDM မွာ ပါေနတဲ့လူေတြကို အခုဆို ေန႔ေရာ ည ေရာ လိုက္ၿပီးေတာ့ ဖမ္းဆီးေနတယ္၊ မေတြ႕ရင္ မိသားစုဝင္ေတြကိုပါေခၚသြားေနတာေတြလည္း လုပ္လာတယ္” ဟု စစ္အာဏာရွင္ကို ဆန႔္က်င္ေရးတြင္ ပါဝင္လႈပ္ရွားေနသူတစ္ဦး က ေျပာသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းကပင္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈတြင္ ပါဝင္ထားၿပီး ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ ျဖင့္ အမႈဖြင့္ခံထားရသည့္ သံျဖဴဇရပ္ၿမိဳ႕မွ ေက်ာင္းဆရာမတစ္ဦးကိုလည္း စစ္ေကာင္စီမွ သြားေရာက္ ဖမ္းဆီးခဲ့ ၿပီး အဆိုပါ ေက်ာင္းဆရာမကို မမိသည့္အတြက္ ေက်ာင္းဆရာမ၏ မိသားစုဝင္ သုံးဦးကို ဓါးစာခံအျဖစ္ ဖမ္းဆီး ေခၚေဆာင္သြားခဲ့သည္။
ဖမ္းဆီးခံရသူမ်ားသည္ ၎တို႔အား လိုက္လံကူညီေပးေနသည့္ ေရွ႕ေနမ်ားႏွင့္လည္း ေကာင္းမြန္စြာ ေတြ႕ခြင့္မရ သလို မိသားစုဝင္မ်ားႏွင့္လည္း ေတြ႕ခြင့္မရၾကဘူးဟု သိရသည္။
မြန္ျပည္နယ္အတြင္း စစ္အာဏာရွင္ဆန႔္က်င္ဆႏၵျပမႈမ်ား မျပဳလုပ္ႏိုင္ေအာင္ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔က လုံၿခဳံ ေရးမ်ား ပိုမို တင္းၾကပ္ထားေသာ္လည္း စစ္အာဏာရွင္ကို အလိုမရွိသည့္ ျပည္သူမ်ားက နည္းမ်ိဳးစုံျဖင့္ စစ္အာ ဏာရွင္ကို ဆက္လက္ ဆန႔္က်င္ ဆႏၵျပေန ၾကသည္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ မြန္ျပည္နယ္အတြင္း၌ စစ္အာဏာရွင္ကို ဆန႔္က်င္ျပသူမ်ားကို စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕မ်ားက ပစ္ခတ္မႈေၾကာင့္ ၁၁ ႏွစ္ အ႐ြယ္ကေလးတစ္ဦးအပါအဝင္ ေသဆုံးသူ ၈ ဦး ရွိခဲ့သည္။
ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ၏ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံ တႏိုင္ငံလုံး တြင္ ဧၿပီလ ၂၃ ရက္ေန႔အထိ စစ္အာဏာရွင္ဆန႔္က်င္မႈေၾကာင့္ ေသဆုံး (၇၄၅) ဦးရွိၿပီး ဖမ္းဆီးခံထားရသူ ၃၃၇၁ ဦး ရွိသည္။