ပဲခူးတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ၃ ဦးကို အစည်းအဝေးဟု ဆိုကာ ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃ ဦးကို လုံခြုံရေးအစည်းအဝေးအတွက်ဟုဆိုပြီး စစ်တပ် က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
လုံခြုံရေးအစည်းအဝေးအတွက်ဟု ဆိုကာ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်မြို့နယ်၊ ဥသျှစ်ပင်မြို့က ရပ်ကွက် အုပ်ချုပ်ရေးမှူးသုံးဦး ကို ပြည် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်း မိသားစုဝင်များ က ပြော သည်။
ဧပြီလ ၂၄ ရက် နေ့လည် ၁၂နာရီခန့်က ပြည်တော်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ ရွှေပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်အောင်နှင့် ရတနာပုံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြသိန်း တို့ သုံးဦးကို ရဲစခန်းမှာ လုံခြုံရေး အစည်းအဝေး လာတက်ပေးပါဟု ဆိုပြီး ဒကစ သို့ ခေါ်သွားခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသည့် အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးသုံးဦးသည် အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်က ရွေးကောက်ခံ အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ တနိုင်ငံလုံး တွင် ဧပြီလ ၂၃ ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသူ ၃၃၇၁ ဦး ရှိသည်။
*** ZAWGYI ***
ပဲခူးတြင္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ၃ ဦးကို အစည္းအေဝးဟု ဆိုကာ ဖမ္းဆီး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၄ ရက္။
ပဲခူးတိုင္းေဒသႀကီးအတြင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ၃ ဦးကို လုံၿခဳံေရးအစည္းအေဝးအတြက္ဟုဆိုၿပီး စစ္တပ္ က ဖမ္းဆီးေခၚေဆာင္သြားသည္ဟု သိရသည္။
လုံၿခဳံေရးအစည္းအေဝးအတြက္ဟု ဆိုကာ ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္ၿမိဳ႕နယ္၊ ဥသွ်စ္ပင္ၿမိဳ႕က ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးသုံးဦး ကို ျပည္ ေဒသကြပ္ကဲေရး စစ္ဌာနခ်ဳပ္သို႔ ေခၚေဆာင္သြားေၾကာင္း မိသားစုဝင္မ်ား က ေျပာ သည္။
ဧၿပီလ ၂၄ ရက္ ေန႔လည္ ၁၂နာရီခန႔္က ျပည္ေတာ္သာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ကို၊ ေ႐ႊပင္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးရန္ေအာင္ႏွင့္ ရတနာပုံရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးျမသိန္း တို႔ သုံးဦးကို ရဲစခန္းမွာ လုံၿခဳံေရး အစည္းအေဝး လာတက္ေပးပါဟု ဆိုၿပီး ဒကစ သို႔ ေခၚသြားျခင္း ျဖစ္သည္။
ဖမ္းဆီးခံရသည့္ အဆိုပါ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးသုံးဦးသည္ အမ်ိဳးသားဒီမိုကေရစီအစိုးရ လက္ထက္က ေ႐ြးေကာက္ခံ အုပ္ခ်ဳပ္ေရးမႉးမ်ား ျဖစ္ၾကသည္။
ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ၏ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံ တႏိုင္ငံလုံး တြင္ ဧၿပီလ ၂၃ ရက္ေန႔အထိ စစ္အာဏာရွင္ဆန႔္က်င္မႈေၾကာင့္ ဖမ္းဆီးခံထားရသူ ၃၃၇၁ ဦး ရွိသည္။