အာဆီယံကိုယ်စားလှယ်အား လတ်တလောတွင် ဝင်ခွင့်ပြုမည်မဟုတ်သေး
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်။
နိုင်ငံတည်ငြိမ် အေးချမ်းမှု အပေါ်မူတည်ပြီးမှသာ အာဆီယံ အထူးကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံအတွင်းသို့ ဝင်ခွင့် ပေးမည် ဟု စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်သည်။
ဧပြီလ ၂၆ ရက်နေ့ (ယမန်နေ့) က ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့၏ အစည်းအဝေး အမှာစကားထဲတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့သည်ဟု ကြေးမုံသတင်းစာက ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လက်ရှိတွင် မိမိတို့အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုရှိရေးကို ဦး စားပေး ဆောင်ရွက်နေသောကြောင့် ပြည်တွင်းတည်ငြိမ်မှု အပေါ်မူတည်ပြီးမှသာ အာဆီယံမှ အဆိုပြုသည့် မြန်မာနိုင်ငံသို့ လာရောက်လိုသည့် ခရီးစဉ်များကို စဉ်းစားသွားမည်ဖြစ်” ဟု ကြေးမုံသတင်းစာထဲတွင် ဖော်ပြ ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာအရေးအတွက် အာ ဆီယံ ခေါင်းဆောင်များ၏ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပြဿနာများကို ပြေလည်အောင် ဖြေရှင်းရန် အတွက် အာဆီယံမှ ကိုယ်စားလှယ်အဖွဲ့တစ်ခု မြန်မာနိုင်ငံသို့ လာရောက်မည့်ကိစ္စကို ၎င်းအနေဖြင့် မကန့်ကွက် ကြောင်း အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည် ဟု သိရသည်။
ထိုသို့ပြောဆိုခဲ့သော်လည်း ဧပြီလ ၂၆ ရက်နေ့ (ယမန်နေ့) က ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့၏ အစည်းအဝေး အမှာစကားထဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတည်ငြိမ် အေးချမ်းမှု အပေါ်မူတည်ပြီးမှသာ အာဆီ ယံ အထူးကိုယ်စားလှယ် အဖွဲ့အား နိုင်ငံအတွင်းသို့ ဝင်ခွင့်ပေးမှုကို စဉ်းစားသွားမည် ဟု ပြောဆိုခဲ့သည်။
ဧပြီလ ၂၄ ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံ အစည်းအဝေးအပြီး ခေါင်းဆောင်များမှ ပူးတွဲ ဘုံသဘော တူညီ ချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ အချက်များမှာ အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ချက်ချင်း ရပ်တန့်ရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး တွေ့ဆုံဆွေးနွေးရေး၊ တွေ့ဆုံဆွေးနွေးရေးကို အာဆီယံ အထူး ကိုယ်စား လှယ်က ကြားဝင်အကျိုးဆောင် စေ့စပ်ပေးရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး နှင့် အာဆီယံ အထူးကိုယ်စားလှယ်များက မြန်မာပြည်တွင်းသို့ လာရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးနှင့် တွေ့ဆုံ ရေးတို့ ဖြစ်သည်။
*** ZAWGYI ***
အာဆီယံကိုယ္စားလွယ္အား လတ္တေလာတြင္ ဝင္ခြင့္ျပဳမည္မဟုတ္ေသး
သတင္းႏွင့္မီဒီယာကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၇ ရက္။
ႏိုင္ငံတည္ၿငိမ္ ေအးခ်မ္းမႈ အေပၚမူတည္ၿပီးမွသာ အာဆီယံ အထူးကိုယ္စားလွယ္ အဖြဲ႕ကို ႏိုင္ငံအတြင္းသို႔ ဝင္ခြင့္ ေပးမည္ ဟု စစ္ေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာဆိုလိုက္သည္။
ဧၿပီလ ၂၆ ရက္ေန႔ (ယမန္ေန႔) က ျပဳလုပ္သည့္ စစ္ေကာင္စီအဖြဲ႕၏ အစည္းအေဝး အမွာစကားထဲတြင္ ထိုသို႔ ထည့္သြင္းေျပာၾကားခဲ့သည္ဟု ေၾကးမုံသတင္းစာက ေဖာ္ျပထားသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က “လက္ရွိတြင္ မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းမႈရွိေရးကို ဦး စားေပး ေဆာင္႐ြက္ေနေသာေၾကာင့္ ျပည္တြင္းတည္ၿငိမ္မႈ အေပၚမူတည္ၿပီးမွသာ အာဆီယံမွ အဆိုျပဳသည့္ ျမန္မာႏိုင္ငံသို႔ လာေရာက္လိုသည့္ ခရီးစဥ္မ်ားကို စဥ္းစားသြားမည္ျဖစ္” ဟု ေၾကးမုံသတင္းစာထဲတြင္ ေဖာ္ျပ ထားသည္။
ၿပီးခဲ့သည့္ ဧၿပီလ ၂၄ ရက္ေန႔က အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ ျမန္မာအေရးအတြက္ အာ ဆီယံ ေခါင္းေဆာင္မ်ား၏ အစည္းအေဝးတြင္ ျမန္မာႏိုင္ငံ၏ ျပႆနာမ်ားကို ေျပလည္ေအာင္ ေျဖရွင္းရန္ အတြက္ အာဆီယံမွ ကိုယ္စားလွယ္အဖြဲ႕တစ္ခု ျမန္မာႏိုင္ငံသို႔ လာေရာက္မည့္ကိစၥကို ၎အေနျဖင့္ မကန႔္ကြက္ ေၾကာင္း အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာခဲ့သည္ ဟု သိရသည္။
ထိုသို႔ေျပာဆိုခဲ့ေသာ္လည္း ဧၿပီလ ၂၆ ရက္ေန႔ (ယမန္ေန႔) က ျပဳလုပ္သည့္ စစ္ေကာင္စီအဖြဲ႕၏ အစည္းအေဝး အမွာစကားထဲတြင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုင္ငံတည္ၿငိမ္ ေအးခ်မ္းမႈ အေပၚမူတည္ၿပီးမွသာ အာဆီ ယံ အထူးကိုယ္စားလွယ္ အဖြဲ႕အား ႏိုင္ငံအတြင္းသို႔ ဝင္ခြင့္ေပးမႈကို စဥ္းစားသြားမည္ ဟု ေျပာဆိုခဲ့သည္။
ဧၿပီလ ၂၄ ရက္ေန႔က ျပဳလုပ္ခဲ့သည့္ အာဆီယံ အစည္းအေဝးအၿပီး ေခါင္းေဆာင္မ်ားမွ ပူးတြဲ ဘုံသေဘာ တူညီ ခ်က္ ၅ ခ်က္ကို ထုတ္ျပန္ခဲ့ၿပီး အဆိုပါ အခ်က္မ်ားမွာ အၾကမ္းဖက္လုပ္ရပ္မွန္သမွ်ကို ခ်က္ခ်င္း ရပ္တန႔္ေရး၊ သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား အားလုံး ေတြ႕ဆုံေဆြးေႏြးေရး၊ ေတြ႕ဆုံေဆြးေႏြးေရးကို အာဆီယံ အထူး ကိုယ္စား လွယ္က ၾကားဝင္အက်ိဳးေဆာင္ ေစ့စပ္ေပးေရး၊ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရး ႏွင့္ အာဆီယံ အထူးကိုယ္စားလွယ္မ်ားက ျမန္မာျပည္တြင္းသို႔ လာေရာက္ၿပီး သက္ဆိုင္ရာ အဖြဲ႕အစည္း အားလုံးႏွင့္ ေတြ႕ဆုံ ေရးတို႔ ျဖစ္သည္။