မွန်ပညာရေးဝန်ထမ်းများအား မေ ၃ ရက်နောက်ဆုံး ရုံးပြန်တက်ရန် ဖိအားပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်။

မွန်ပြည်နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား မေလ ၃ ရက်နေ့ နောက်ဆုံးထား၍ ရုံးပြန်တက်ကြရန် ပြည် နယ် ပညာရေးမှူးရုံးမှ ဖိအားပေးနေသည်ဟု လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) ပညာရေးဝန်ထမ်း အချို့က ပြောသည်။

ပြည်နယ်ပညာရေးမှူးရုံး အပါအဝင် ခရိုင်ပညာရေးမှူးရုံးများ၊ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာ သင် ကျောင်းများမှ ဆရာ/ဆရာမများနှင့် ရုံးဝန်ထမ်းများ မေလ ၃ ရက်နေ့ နောက်ဆုံးထား၍ မပျက်မကွက် ရုံးပြန် တက်ကြရန် ဧပြီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှ စာထုတ်ကာ ဖိအားပေးမှုများ ပြုလုပ် လာသည် ဟု CDM ပညာရေး ဝန်ထမ်းများက ပြောသည်။

“၅ လပိုင်း ၃ ရက်နေ့ နောက်ဆုံး ရုံးပြန်တက်ဖို့ အလုပ်ပြန်ဆင်းဖို့ စာထုတ်ပြီးတော့ CDM ဝန်ထမ်းတွေကို ဖိ အားပေးနေတယ်၊ ဒါကို ပျက်ကွက်မယ်ဆိုလို့ရှိရင်လည်း ပျက်ကွက်တဲ့သူရဲ့ အချက်အလက်ကို တိတိကျကျ စာ ရင်း ပြုစုပြီးတော့ ပြန်တင် အဲလိုမျိုးနဲ့ စာထုတ်ထားတယ်၊ CDM တွေကို ဖိအားပေးတာပေါ့” ဟု CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

သတ်မှတ်ရက်အတွင်း ရုံးပြန်တက်ကြရန်နှင့် ပျက်ကွက်သူများကို စာရင်းတိကျစွာပြုစု၍ ပြည်နယ်ပညာရေးမှူး ရုံး စီမံဌာနသို့ မေလ ၃ ရက်နေ့ နေ့လည် ၁ နာရီအရောက် တင်ပြရန်လည်း ပြည်နယ်ပညာရေးမှူးရုံးမှ ထုတ်ထား သည့်စာတွင် ပါရှိသည်။

စစ်အာဏာသိမ်းမှုကို ပြည်သူများနှင့်အတူ ပညာရေးဝန်ထမ်းတို့ကလည်း အင်တိုက်အားတိုက်ဖြင့် လမ်းပေါ် ထွက်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

ပြည်နယ်အတွင်းရှိ ထောင်နှင့်ချီသော ပညာရေးဝန်ထမ်းများက အာဏာရှင်ဖိဆန်ရေးလှုပ်ရှားမှု CDM တွင် ပါ ဝင်ထားကြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြလျှက်ရှိသည်။

ယခုခါ အာဏာသိမ်းစစ်ကောင်စီမှ CDM တွင် ပါဝင်သည့် ပညာရေးဝန်ထမ်းအချို့ကို လုပ်ငန်းတာဝန်ရပ်ဆိုင်း လိုက် ခြင်းဖြင့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်ထဲပြန်ဝင်ရန် ဖိအားပေး လုပ်ဆောင်လျှက်ရှိသည်။

တစ်ဘက်တွင်လည်း CDM ပညာရေးဝန်ထမ်းအချို့ကို ပုဒ်မ (၅၀၅) ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးမှုများ လုပ်ဆောင် လာနေသည်များ လည်းရှိသည်။

ထိုအခြေအနေကြောင့် ပြည်နယ်အတွင်းရှိ CDM ပညာရေးဝန်ထမ်းအများစုတို့က တိမ်းရှောင်နေရသည့် အနေ အထားရှိနေသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ယခုနှစ်တွင် ကျောင်းများပြန်ဖွင့်ရန် စီစဉ်နေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများထဲ ရှိ မြို့နယ်အချို့တို့ရှိ CDM လှုပ်ရှားမှုများတွင် ပါဝင်နေကြသည့် ပညာရေးဝန်ထမ်းများကို ရုံးပြန်တက်ရန် ဖိအားပေးမှုများ ဧပြီလ ဒုတိယအပတ်က စတင် စာပို့မှုများ ရှိနေသည်ဟု ပညာရေးဝန်ထမ်းများက ပြောသည်။

ထို့အပြင် လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) ကျန်းမာရေး ဝန်ထမ်း များထံ လုပ်ငန်းခွင်သို့ အမြန်ဆုံး ဝင်ရောက်ရန် အကြောင်းကြား စာပေးပို့လာပြီး ခြိမ်းခြောက်မှုများလည်း ရှိနေ သည်ဟု ကျန်းမာရေးဝန်ထမ်းများ က ပြောသည်။

*** ZAWGYI ***
မြန္ပညာေရးဝန္ထမ္းမ်ားအား ေမ ၃ ရက္ေနာက္ဆုံး ႐ုံးျပန္တက္ရန္ ဖိအားေပး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၇ ရက္။

မြန္ျပည္နယ္အတြင္းရွိ ပညာေရးဝန္ထမ္းမ်ားအား ေမလ ၃ ရက္ေန႔ ေနာက္ဆုံးထား၍ ႐ုံးျပန္တက္ၾကရန္ ျပည္ နယ္ ပညာေရးမႉး႐ုံးမွ ဖိအားေပးေနသည္ဟု လူထု အာဏာဖီဆန္ေရး လႈပ္ရွားမႈ (Civil Disobedience Movement-CDM) ပညာေရးဝန္ထမ္း အခ်ိဳ႕က ေျပာသည္။

ျပည္နယ္ပညာေရးမႉး႐ုံး အပါအဝင္ ခ႐ိုင္ပညာေရးမႉး႐ုံးမ်ား၊ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ားႏွင့္ အေျခခံပညာ သင္ ေက်ာင္းမ်ားမွ ဆရာ/ဆရာမမ်ားႏွင့္ ႐ုံးဝန္ထမ္းမ်ား ေမလ ၃ ရက္ေန႔ ေနာက္ဆုံးထား၍ မပ်က္မကြက္ ႐ုံးျပန္ တက္ၾကရန္ ဧၿပီလ ၂၅ ရက္ေန႔ ရက္စြဲျဖင့္ ျပည္နယ္ပညာေရးမႉး႐ုံးမွ စာထုတ္ကာ ဖိအားေပးမႈမ်ား ျပဳလုပ္ လာသည္ ဟု CDM ပညာေရး ဝန္ထမ္းမ်ားက ေျပာသည္။

“၅ လပိုင္း ၃ ရက္ေန႔ ေနာက္ဆုံး ႐ုံးျပန္တက္ဖို႔ အလုပ္ျပန္ဆင္းဖို႔ စာထုတ္ၿပီးေတာ့ CDM ဝန္ထမ္းေတြကို ဖိ အားေပးေနတယ္၊ ဒါကို ပ်က္ကြက္မယ္ဆိုလို႔ရွိရင္လည္း ပ်က္ကြက္တဲ့သူရဲ႕ အခ်က္အလက္ကို တိတိက်က် စာ ရင္း ျပဳစုၿပီးေတာ့ ျပန္တင္ အဲလိုမ်ိဳးနဲ႔ စာထုတ္ထားတယ္၊ CDM ေတြကို ဖိအားေပးတာေပါ့” ဟု CDM ပညာေရးဝန္ထမ္းတစ္ဦးက ေျပာသည္။

သတ္မွတ္ရက္အတြင္း ႐ုံးျပန္တက္ၾကရန္ႏွင့္ ပ်က္ကြက္သူမ်ားကို စာရင္းတိက်စြာျပဳစု၍ ျပည္နယ္ပညာေရးမႉး ႐ုံး စီမံဌာနသို႔ ေမလ ၃ ရက္ေန႔ ေန႔လည္ ၁ နာရီအေရာက္ တင္ျပရန္လည္း ျပည္နယ္ပညာေရးမႉး႐ုံးမွ ထုတ္ထား သည့္စာတြင္ ပါရွိသည္။

စစ္အာဏာသိမ္းမႈကို ျပည္သူမ်ားႏွင့္အတူ ပညာေရးဝန္ထမ္းတို႔ကလည္း အင္တိုက္အားတိုက္ျဖင့္ လမ္းေပၚ ထြက္ကာ ဆန႔္က်င္ဆႏၵျပခဲ့ၾကသည္။

ျပည္နယ္အတြင္းရွိ ေထာင္ႏွင့္ခ်ီေသာ ပညာေရးဝန္ထမ္းမ်ားက အာဏာရွင္ဖိဆန္ေရးလႈပ္ရွားမႈ CDM တြင္ ပါ ဝင္ထားၾကၿပီး စစ္အာဏာရွင္ကို ဆန႔္က်င္ေနၾကလွ်က္ရွိသည္။

ယခုခါ အာဏာသိမ္းစစ္ေကာင္စီမွ CDM တြင္ ပါဝင္သည့္ ပညာေရးဝန္ထမ္းအခ်ိဳ႕ကို လုပ္ငန္းတာဝန္ရပ္ဆိုင္း လိုက္ ျခင္းျဖင့္ ပညာေရးဝန္ထမ္းမ်ား လုပ္ငန္းခြင္ထဲျပန္ဝင္ရန္ ဖိအားေပး လုပ္ေဆာင္လွ်က္ရွိသည္။

တစ္ဘက္တြင္လည္း CDM ပညာေရးဝန္ထမ္းအခ်ိဳ႕ကို ပုဒ္မ (၅၀၅) ျဖင့္ အမႈဖြင့္ၿပီး ဖမ္းဆီးမႈမ်ား လုပ္ေဆာင္ လာေနသည္မ်ား လည္းရွိသည္။

ထိုအေျခအေနေၾကာင့္ ျပည္နယ္အတြင္းရွိ CDM ပညာေရးဝန္ထမ္းအမ်ားစုတို႔က တိမ္းေရွာင္ေနရသည့္ အေန အထားရွိေနသည္ဟု သိရသည္။

အာဏာသိမ္းစစ္ေကာင္စီက ယခုႏွစ္တြင္ ေက်ာင္းမ်ားျပန္ဖြင့္ရန္ စီစဥ္ေနၿပီး ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားထဲ ရွိ ၿမိဳ႕နယ္အခ်ိဳ႕တို႔ရွိ CDM လႈပ္ရွားမႈမ်ားတြင္ ပါဝင္ေနၾကသည့္ ပညာေရးဝန္ထမ္းမ်ားကို ႐ုံးျပန္တက္ရန္ ဖိအားေပးမႈမ်ား ဧၿပီလ ဒုတိယအပတ္က စတင္ စာပို႔မႈမ်ား ရွိေနသည္ဟု ပညာေရးဝန္ထမ္းမ်ားက ေျပာသည္။

ထို႔အျပင္ လူထု အာဏာဖီဆန္ေရး လႈပ္ရွားမႈ (Civil Disobedience Movement-CDM) က်န္းမာေရး ဝန္ထမ္း မ်ားထံ လုပ္ငန္းခြင္သို႔ အျမန္ဆုံး ဝင္ေရာက္ရန္ အေၾကာင္းၾကား စာေပးပို႔လာၿပီး ၿခိမ္းေျခာက္မႈမ်ားလည္း ရွိေန သည္ဟု က်န္းမာေရးဝန္ထမ္းမ်ား က ေျပာသည္။