ဗုံးကွဲမှု၊ တွေ့ရှိမှု သတင်းများနောက်တွင် စစ်ဆေးမှုများတိုးလာနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်။

မွန်ပြည်နယ်အတွင်း စစ်ကောင်စီက ညပိုင်း သေနတ်ပစ်ဖောက်မှုများနှင့် စစ်ဆေးမှုများ မြို့နယ် အချို့တွင် ပိုမို ပြုလုပ်လာနေသည်ဟု ဒေသခံ များက ပြောသည်။

မော်လမြိုင်၊ ပေါင်၊ သထုံမြို့နယ်များအတွင်း သေနတ်ပစ်ခတ်မှုများ၊ ဗုံးဟု ယူဆရသည့် ပေါက်ကွဲမှုများနှင့် ဗုံး တွေ့ရှိမှု သတင်းများ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပြီး မြို့အဝင်အထွက်များတွင်သာမက မြို့တွင်းနေရာအချို့တို့တွင် အာဏာသိမ်းစစ်ကောင်စီ ပြည်သူ များကို စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့ က ဒေသခံတစ်ဦးက “ပေါက်ကွဲမှုတွေ ဖြစ်တယ်။ ဗုံးတွေ့တယ်ဆိုတဲ့ သတင်းတွေထွက်လာတဲ့ နောက်မှာ အစစ်အဆေးတွေ ပိုများလာတယ်။ အခုဆိုရင် မြို့အနှံ့ပဲ စစ်ဆေးမှုတွေ လုပ်ဆောင်လာတယ်။ အရင် က လမ်းဆုံလမ်းခွလိုနေရာတွေပဲ စစ်တာ။ အခုက အဲ့လိုမျိုး မဟုတ်တော့ဘူး။ နေရာတော်တော်များများမှာ စစ်တယ်။ ဆိုင်ကယ်ရော၊ ကားတွေရော၊ ဖုန်းတွေလည်း စစ်တယ်” ဟု ပြောသည်။

မွန်ပြည်နယ် ပေါင်မြို့နှင့် သထုံမြို့ရှိ မြို့ပေါ်ရပ်ကွက်တို့တွင် ဧပြီလ ၂၆ ရက်နေ့ ည ၈ နာရီကျော်အချိန်ခန့်က သေနတ်ပစ်ဖောက်သံများ ဆက်တိုက် ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

“ည ၈ နာရီနောက်ပိုင်းမှာ ကြားရတာပါ။ သေနတ်သံ သုံး လေးကြိမ်ပေါ့၊ ဘာကိုပစ်တယ်ဆိုတာတော့ မသိဘူး။ အသံတော့ ကြားရတယ်။ ညဆို ကျနော်တို့ဆီမှာက စစ်တပ်နဲ့ ရဲတွေက ကင်းလှည့်တာတို့၊ အိမ်တွေလိုက်စစ်တာ တို့လုပ်တယ်။ အဲ့အချိန်မှာ ဖြစ်တာပဲ” ဟု ပေါင်မြို့က ဒေသခံတစ်ဦးက ပြောသည်။

သထုံဒေသခံတစ်ဦးက “ဒီမှာလည်း မော်လမြိုင်လိုပါပဲ။ နေ့ရော ညရော စစ်တယ်၊ ပြည်သူတွေ လမ်းသွားလမ်း လာတွေကို ဆိုင်ကယ်နော် အကုန်ဖွင့်ရတယ်၊ ဖုန်းစစ်တယ်။ ကားတွေလည်း အဲ့လိုပဲ စစ်တာပဲ။ ညဆိုလည်း ခန ခနပဲ သေနတ်သံက ကြားနေရတာ။ ကားသံ ဆိုင်ကယ်သံတွေ ညမှာ ကြားရပြီဆို သထိထားတော့၊ ခနနေဆို ဆဲသံရော သေနတ်သံရော ထပ်ကြားပြီ” ဟု ပြောသည်။

ဧပြီလ ၂၉ ရက်နေ့ (ယမန်နေ့) ကလည်း မော်လမြိုင်မြို့ရှိ ကမ္ဘာဇဘဏ်(KBZ) တွင် ပြည်သူများ ငွေထုတ်ရန် တန်းစီစောင့်ဆိုင်းနေစဉ် လုံခြုံရေးယူထားသည့် ရဲတစ်ဦးက သေနတ်ပစ်ဖောက်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

“ဒီလိုပဲ စစ်တပ်နဲ့ ရဲတွေက ပစ်ချင်တိုင်းပစ်တယ်။ အိမ်တွေကို ဝင်ချင်တိုင်းဝင်၊ လူတွေကိုလည်း ဖမ်းချင်တိုင်း ဖမ်းနေတာ။ ပြီးရင် ဘယ်သူက ပစ်တာပါဆိုပြီး သူတို့က အဲ့လူကို ရှာတယ်၊ ဖမ်းတယ်နော် အဲ့လိုမျိုး လုပ်ချင် တိုင်းလုပ်တယ်။ ကျမတို့ ပြည်သူက ဘယ်လိုလုပ်ပြီး ပစ်မှာလဲ၊ သူတို့ပဲ ပစ်တယ်လို့ အားလုံးက အဲ့လိုပဲ ထင်ကြ တာ ဒီမှာကနော်။ အဲ့လို သေနတ်သံကြားပြီဆိုတာနဲ့ ဘယ်သူထပ်အဖမ်းခံရမလဲပဲ စိုးရိမ်နေရတာ” မော်လမြိုင် မြို့ စစ်ကဲကုန်း ရပ်ကွက်က အမည်မဖော်လိုသူ ဒေသခံတစ်ဦး က ပြောသည်။

ယခုခါ စစ်ဆေးမှုကို နေ့ခင်ပိုင်းအပြင် ညဦးပိုင်း ၈ နာရီမထိုးခင်အချိန်တိုတွင်လည်း မြို့အနှံ့ နေ့စဉ်၊ ညစဉ် လုပ် ဆောင်နေပြီး ပြည်သူများအနေဖြင့် အသွားအလာ သတိထားနေရသည်ကြောင်း၊ လုံခြုံမှုလည်း ကင်းမဲ့လာသည် ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မော်လမြိုင်မြို့ လုံခြုံရေးအတွက်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက မြို့အနှံ့ စစ်ဆေးမှုများ ပိုမို လုပ်ဆောင်နေသည့်အပြင် မြို့တစ်ခုလုံးကိုလည်း CCTV များ တပ်ဆင်ရန် စီစဉ်နေသည်ဟု သိရသည်။

မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ မပြုလုပ်နိုင်အောင် စစ်တပ်နှင့် ရဲတပ်ဖွဲ့များက လုံခြုံ ရေး တင်းကြပ်ထားသော်လည်း စစ်အာဏာရှင်ကို အလိုမရှိသည့် ပြည်သူများက နည်းမျိုးစုံဖြင့် စစ်အာဏာရှင် ကျဆုံးရေး နေ့စဉ် ဆန့်ကျင် ဆန္ဒပြနေကြသည်။

ပြည်နယ်အတွင်းက စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတို့က လိုက်လံဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာနေပြီး အများစုက ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မွန်ပြည်နယ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ပြသည့် ပြည်သူများအား စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်မှု တို့ ကြောင့် ၁၁ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဖမ်းဆီးတရားစွဲဆိုခံထား ရသည်။

*** ZAWGYI ***
ဗုံးကြဲမႈ၊ ေတြ႕ရွိမႈ သတင္းမ်ားေနာက္တြင္ စစ္ေဆးမႈမ်ားတိုးလာေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္။

မြန္ျပည္နယ္အတြင္း စစ္ေကာင္စီက ညပိုင္း ေသနတ္ပစ္ေဖာက္မႈမ်ားႏွင့္ စစ္ေဆးမႈမ်ား ၿမိဳ႕နယ္ အခ်ိဳ႕တြင္ ပိုမို ျပဳလုပ္လာေနသည္ဟု ေဒသခံ မ်ားက ေျပာသည္။

ေမာ္လၿမိဳင္၊ ေပါင္၊ သထုံၿမိဳ႕နယ္မ်ားအတြင္း ေသနတ္ပစ္ခတ္မႈမ်ား၊ ဗုံးဟု ယူဆရသည့္ ေပါက္ကြဲမႈမ်ားႏွင့္ ဗုံး ေတြ႕ရွိမႈ သတင္းမ်ား ဆက္တိုက္ျဖစ္ေပၚေနခဲ့ၿပီး ၿမိဳ႕အဝင္အထြက္မ်ားတြင္သာမက ၿမိဳ႕တြင္းေနရာအခ်ိဳ႕တို႔တြင္ အာဏာသိမ္းစစ္ေကာင္စီ ျပည္သူ မ်ားကို စစ္ေဆးမႈမ်ား ဆက္တိုက္လုပ္ေဆာင္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေမာ္လၿမိဳင္ၿမိဳ႕ က ေဒသခံတစ္ဦးက “ေပါက္ကြဲမႈေတြ ျဖစ္တယ္။ ဗုံးေတြ႕တယ္ဆိုတဲ့ သတင္းေတြထြက္လာတဲ့ ေနာက္မွာ အစစ္အေဆးေတြ ပိုမ်ားလာတယ္။ အခုဆိုရင္ ၿမိဳ႕အႏွံ႔ပဲ စစ္ေဆးမႈေတြ လုပ္ေဆာင္လာတယ္။ အရင္ က လမ္းဆုံလမ္းခြလိုေနရာေတြပဲ စစ္တာ။ အခုက အဲ့လိုမ်ိဳး မဟုတ္ေတာ့ဘူး။ ေနရာေတာ္ေတာ္မ်ားမ်ားမွာ စစ္တယ္။ ဆိုင္ကယ္ေရာ၊ ကားေတြေရာ၊ ဖုန္းေတြလည္း စစ္တယ္” ဟု ေျပာသည္။

မြန္ျပည္နယ္ ေပါင္ၿမိဳ႕ႏွင့္ သထုံၿမိဳ႕ရွိ ၿမိဳ႕ေပၚရပ္ကြက္တို႔တြင္ ဧၿပီလ ၂၆ ရက္ေန႔ ည ၈ နာရီေက်ာ္အခ်ိန္ခန႔္က ေသနတ္ပစ္ေဖာက္သံမ်ား ဆက္တိုက္ ၾကားေနရသည္ဟု ေဒသခံမ်ားက ေျပာသည္။

“ည ၈ နာရီေနာက္ပိုင္းမွာ ၾကားရတာပါ။ ေသနတ္သံ သုံး ေလးႀကိမ္ေပါ့၊ ဘာကိုပစ္တယ္ဆိုတာေတာ့ မသိဘူး။ အသံေတာ့ ၾကားရတယ္။ ညဆို က်ေနာ္တို႔ဆီမွာက စစ္တပ္နဲ႔ ရဲေတြက ကင္းလွည့္တာတို႔၊ အိမ္ေတြလိုက္စစ္တာ တို႔လုပ္တယ္။ အဲ့အခ်ိန္မွာ ျဖစ္တာပဲ” ဟု ေပါင္ၿမိဳ႕က ေဒသခံတစ္ဦးက ေျပာသည္။

သထုံေဒသခံတစ္ဦးက “ဒီမွာလည္း ေမာ္လၿမိဳင္လိုပါပဲ။ ေန႔ေရာ ညေရာ စစ္တယ္၊ ျပည္သူေတြ လမ္းသြားလမ္း လာေတြကို ဆိုင္ကယ္ေနာ္ အကုန္ဖြင့္ရတယ္၊ ဖုန္းစစ္တယ္။ ကားေတြလည္း အဲ့လိုပဲ စစ္တာပဲ။ ညဆိုလည္း ခန ခနပဲ ေသနတ္သံက ၾကားေနရတာ။ ကားသံ ဆိုင္ကယ္သံေတြ ညမွာ ၾကားရၿပီဆို သထိထားေတာ့၊ ခနေနဆို ဆဲသံေရာ ေသနတ္သံေရာ ထပ္ၾကားၿပီ” ဟု ေျပာသည္။

ဧၿပီလ ၂၉ ရက္ေန႔ (ယမန္ေန႔) ကလည္း ေမာ္လၿမိဳင္ၿမိဳ႕ရွိ ကမာၻဇဘဏ္(KBZ) တြင္ ျပည္သူမ်ား ေငြထုတ္ရန္ တန္းစီေစာင့္ဆိုင္းေနစဥ္ လုံၿခဳံေရးယူထားသည့္ ရဲတစ္ဦးက ေသနတ္ပစ္ေဖာက္ခဲ့သည္ဟုလည္း ေဒသခံမ်ားက ေျပာသည္။

“ဒီလိုပဲ စစ္တပ္နဲ႔ ရဲေတြက ပစ္ခ်င္တိုင္းပစ္တယ္။ အိမ္ေတြကို ဝင္ခ်င္တိုင္းဝင္၊ လူေတြကိုလည္း ဖမ္းခ်င္တိုင္း ဖမ္းေနတာ။ ၿပီးရင္ ဘယ္သူက ပစ္တာပါဆိုၿပီး သူတို႔က အဲ့လူကို ရွာတယ္၊ ဖမ္းတယ္ေနာ္ အဲ့လိုမ်ိဳး လုပ္ခ်င္ တိုင္းလုပ္တယ္။ က်မတို႔ ျပည္သူက ဘယ္လိုလုပ္ၿပီး ပစ္မွာလဲ၊ သူတို႔ပဲ ပစ္တယ္လို႔ အားလုံးက အဲ့လိုပဲ ထင္ၾက တာ ဒီမွာကေနာ္။ အဲ့လို ေသနတ္သံၾကားၿပီဆိုတာနဲ႔ ဘယ္သူထပ္အဖမ္းခံရမလဲပဲ စိုးရိမ္ေနရတာ” ေမာ္လၿမိဳင္ ၿမိဳ႕ စစ္ကဲကုန္း ရပ္ကြက္က အမည္မေဖာ္လိုသူ ေဒသခံတစ္ဦး က ေျပာသည္။

ယခုခါ စစ္ေဆးမႈကို ေန႔ခင္ပိုင္းအျပင္ ညဦးပိုင္း ၈ နာရီမထိုးခင္အခ်ိန္တိုတြင္လည္း ၿမိဳ႕အႏွံ႔ ေန႔စဥ္၊ ညစဥ္ လုပ္ ေဆာင္ေနၿပီး ျပည္သူမ်ားအေနျဖင့္ အသြားအလာ သတိထားေနရသည္ေၾကာင္း၊ လုံၿခဳံမႈလည္း ကင္းမဲ့လာသည္ ဟု ေဒသခံမ်ားက ေျပာသည္။

ထို႔အျပင္ ေမာ္လၿမိဳင္ၿမိဳ႕ လုံၿခဳံေရးအတြက္ဟုဆိုကာ အာဏာသိမ္းစစ္ေကာင္စီက ၿမိဳ႕အႏွံ႔ စစ္ေဆးမႈမ်ား ပိုမို လုပ္ေဆာင္ေနသည့္အျပင္ ၿမိဳ႕တစ္ခုလုံးကိုလည္း CCTV မ်ား တပ္ဆင္ရန္ စီစဥ္ေနသည္ဟု သိရသည္။

မြန္ျပည္နယ္အတြင္း စစ္အာဏာရွင္ဆန႔္က်င္ဆႏၵျပမႈမ်ား မျပဳလုပ္ႏိုင္ေအာင္ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕မ်ားက လုံၿခဳံ ေရး တင္းၾကပ္ထားေသာ္လည္း စစ္အာဏာရွင္ကို အလိုမရွိသည့္ ျပည္သူမ်ားက နည္းမ်ိဳးစုံျဖင့္ စစ္အာဏာရွင္ က်ဆုံးေရး ေန႔စဥ္ ဆန႔္က်င္ ဆႏၵျပေနၾကသည္။

ျပည္နယ္အတြင္းက စစ္အာဏာရွင္ကို ဆန႔္က်င္ေနၾကသည့္ ျပည္သူမ်ားကို အာဏာသိမ္းစစ္ေကာင္စီတို႔က လိုက္လံဖမ္းဆီးမႈမ်ား ဆက္တိုက္လုပ္ေဆာင္လာေနၿပီး အမ်ားစုက ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

မြန္ျပည္နယ္တြင္ စစ္အာဏာရွင္ကို ဆန႔္က်င္ျပသည့္ ျပည္သူမ်ားအား စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔၏ ပစ္ခတ္မႈ တို႔ ေၾကာင့္ ၁၁ ႏွစ္အ႐ြယ္ကေလးတစ္ဦး အပါအဝင္ ၈ ဦး ေသဆုံးခဲ့ၿပီး ၂၀၀ ေက်ာ္ ဖမ္းဆီးတရားစြဲဆိုခံထား ရသည္။