ကရင်စစ်ရှောင် ၅၀၀၀၀ ခန့် အရေးပေါ်အကူအညီများလိုအပ်နေ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်။
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နှင့် စစ်ကောင်စီ တပ်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ ငါးသောင်းဝန်းကျင်ခန့်မှာ စားဝတ်နေရေးအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြော သည်။
တိုက်ပွဲများကြောင့် တောထဲ တောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် မူတြော်(ဖာပွန်) ခရိုင်အတွင်းက စစ် ဘေးရှောင်များမှာ အစာရေစာ ပြတ်လတ်မှုများနှင့် ကြုံတွေ့နေရသည့်အပြင် ကျန်းမာရေး၊ နေထိုင်ရေး အစရှိ သည့် အဖက်ဖက်မှ အခက်အခဲများကို ရင်ဆိုင်နေရသည်ဟု KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီး က ပြော သည်။
KPSN “အတွင်းဖက်မှာ ပုန်းရှောင်နေရတဲ့ လူဦးရေ အရေအတွက်က ကျမ တို့ ခန့်မှန်းတာက လေးသောင်း ငါး သောင်း လောက်ရှိပြီ။ အစားအသောက် မစားရဘူး။ အခုသူတို့အတွက် ကျမတို့ စိတ်ဆင်းရဲ့ စိတ်ရှုတ်နေရ တယ်။ သူတို့အတွက် ဘယ်လိုလုပ်ပေးရမလဲတောင် မပြောတတ်တော့ဘူး” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်မှ စစ်အာဏာသိမ်းပြီးနောက် KNU/KNLA တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများ ပိုမိုရှိလာပြီး တိုက်ပွဲများလည်း နေ့ တိုင်း ဖြစ်ပွားနေသလို စစ်ဘေးရှောင်များမှာလည်း အစစအရာရာ ပိုမိုခက်ခဲလာသည်ဟု ဆိုသည်။
နော်ဝါးခူရှီးက “တိုက်ပွဲက နေ့တိုင်းပဲ အတွင်းဖက်မှာဆို သေနတ်ကြီးတွေနဲ့ ရွာထဲဖက်ကို ပစ်တာရှိတယ်။ အတွင်းဖက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့လူတွေရှိတယ်။ ကမမောင်းနဲ့ ဖာပွန်လမ်းဖက်ပေါ့ အဲဖက် မှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ သူတွေက အစားအသောက်မရှိဘူး” ဟု ပြောသည်။
ထို့အပြင် ဧပြီလ ၂၇ ရက်နေ့က KNU/KNLA တပ်မဟာ ၅ မှ စစ်သည်များက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ၏ သော်လဲထာ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အဆိုပါနေ့မှစတင်ကာ စစ်ကောင်စီဖက်မှ KNU တပ်မဟာ ၅ နယ်မြေ ထိုင်း-မြန်မာနယ်စပ်ရှိ ကျေးရွာများ အတွင်းသို့ လေယာဉ်ဖြင့် နေ့တိုင်းလာရောက်ပစ်ခတ်နေသည်အတွက် ဒေသခံများမှာ ထိုင်းနိုင်ငံဖက်သို့ ထွက် ပြေးတိမ်းရှောင်နေရသည် ဟု KPSN က ပြောသည်။
“အခုက တစ်ရွာလုံးပဲ သေနတ်တွေနဲ့ ပစ်တာက အရမ်းကြမ်းတယ်။ အသံအကျယ်ကြီးပဲ လေယာဉ်ပျံနဲ့ ဗုံးလာ ကြဲတာ ခုနကပဲ ကျမတို့ကို လှမ်းပြောတာ ဒါးဂွင်ဖက်လို့ပြောတယ်။ စစ်စခန်းနဲ့ အနီးအနားတွေကို ပစ်နေတာ” ဟု နော်ဝါးခူရှီး က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့ကလည်း KNU/KNLA တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်ရှိ KNLA စစ်သည်များ က စစ်ကောင်စီ၏ သီးမူထာ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်များက KNU/KNLA တပ်မဟာ ၅ မူတြော်(ဖာပွန်) ခရိုင်အတွင်းရှိ ကျေးရွာများ အတွင်းသို့ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများမှာ ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသော်လည်း ထိုင်းအစိုးရက လက်မခံပဲ မောင်းထုတ်ခဲ့သည့်အတွက် စစ်ဘေးလွတ်ရာ တော တောင်များထဲတွင် ပုန်းရှောင်နေထိုင်နေရသည် မှာ ယနေ့အချိန်ထိ ဖြစ်သည်။
ဧပြီလ ၂၇၊ ၂၈ နှင့် ၂၉ ရက်တို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊ သံလွင်မြစ် တစ်လျောက်၊ ထိုင်းနှင့်ကရင်ပြည်နယ်စပ်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကရင်ဒေသခံ ၂၀၀၀ ကျော် ထိုင်း နိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး လာမည့် ရက်များတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ထပ်မံ တိုက်ခိုက်လာပါက သံလွင်မြစ်ကမ်းတလျောက်ရှိ ကရင်ပြည်သူ ဒေသခံ ၈၀၀၀ ကျော်ထက်မနည်း ထိုင်းနိုင်ငံ ဖက်သို့ ထွက်ပြေးခိုလုံရမည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောသည်။
ထို့ကြောင့် ထိုင်းအာဏာပိုင်စစ်တပ်အနေဖြင့် စစ်ဘေးရှောင်ဒေသခံများကို ကူညီဖို့ရန်လည်း မျော်လင့်သည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ပြောသည်။
*** ZAWGYI ***
ကရင္စစ္ေရွာင္ ၅၀၀၀၀ ခန႔္ အေရးေပၚအကူအညီမ်ားလိုအပ္ေန
သတင္းႏွင့္မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၃၀ ရက္။
ကရင္အမ်ိဳးသား အစည္းအ႐ုံး KNU တပ္မဟာ ၅ ႏွင့္ စစ္ေကာင္စီ တပ္တို႔အၾကား ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား ေၾကာင့္ ေတာထဲသို႔ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ေဒသခံ ငါးေသာင္းဝန္းက်င္ခန႔္မွာ စားဝတ္ေနေရးအတြက္ အေရးေပၚ အကူအညီမ်ား လိုအပ္ေနသည္ဟု ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ KPSN က ေျပာ သည္။
တိုက္ပြဲမ်ားေၾကာင့္ ေတာထဲ ေတာင္ထဲတြင္ ထြက္ေျပးတိမ္းေရွာင္ေနရသည့္ မူေၾတာ္(ဖာပြန္) ခ႐ိုင္အတြင္းက စစ္ ေဘးေရွာင္မ်ားမွာ အစာေရစာ ျပတ္လတ္မႈမ်ားႏွင့္ ႀကဳံေတြ႕ေနရသည့္အျပင္ က်န္းမာေရး၊ ေနထိုင္ေရး အစရွိ သည့္ အဖက္ဖက္မွ အခက္အခဲမ်ားကို ရင္ဆိုင္ေနရသည္ဟု KPSN ေျပာေရးဆိုခြင့္ရွိသူ ေနာ္ဝါးခူရွီး က ေျပာ သည္။
KPSN “အတြင္းဖက္မွာ ပုန္းေရွာင္ေနရတဲ့ လူဦးေရ အေရအတြက္က က်မ တို႔ ခန႔္မွန္းတာက ေလးေသာင္း ငါး ေသာင္း ေလာက္ရွိၿပီ။ အစားအေသာက္ မစားရဘူး။ အခုသူတို႔အတြက္ က်မတို႔ စိတ္ဆင္းရဲ႕ စိတ္ရႈတ္ေနရ တယ္။ သူတို႔အတြက္ ဘယ္လိုလုပ္ေပးရမလဲေတာင္ မေျပာတတ္ေတာ့ဘူး” ဟု ေျပာသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က တပ္မေတာ္မွ စစ္အာဏာသိမ္းၿပီးေနာက္ KNU/KNLA တပ္မဟာ ၅ မူေၾတာ္ (ဖာပြန္) ခ႐ိုင္ႏွင့္ အာဏာသိမ္း စစ္ေကာင္စီတပ္တို႔အၾကား စစ္ေရးတင္းမာမႈမ်ား ပိုမိုရွိလာၿပီး တိုက္ပြဲမ်ားလည္း ေန႔ တိုင္း ျဖစ္ပြားေနသလို စစ္ေဘးေရွာင္မ်ားမွာလည္း အစစအရာရာ ပိုမိုခက္ခဲလာသည္ဟု ဆိုသည္။
ေနာ္ဝါးခူရွီးက “တိုက္ပြဲက ေန႔တိုင္းပဲ အတြင္းဖက္မွာဆို ေသနတ္ႀကီးေတြနဲ႔ ႐ြာထဲဖက္ကို ပစ္တာရွိတယ္။ အတြင္းဖက္မွာလည္း ထြက္ေျပးတိမ္းေရွာင္ေနရတဲ့လူေတြရွိတယ္။ ကမေမာင္းနဲ႔ ဖာပြန္လမ္းဖက္ေပါ့ အဲဖက္ မွာ ထြက္ေျပး တိမ္းေရွာင္ေနရတဲ့ သူေတြက အစားအေသာက္မရွိဘူး” ဟု ေျပာသည္။
ထို႔အျပင္ ဧၿပီလ ၂၇ ရက္ေန႔က KNU/KNLA တပ္မဟာ ၅ မွ စစ္သည္မ်ားက ထိုင္း-ျမန္မာနယ္စပ္ရွိ စစ္ေကာင္စီ ၏ ေသာ္လဲထာ တပ္စခန္းကို ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ခဲ့သည္။
အဆိုပါေန႔မွစတင္ကာ စစ္ေကာင္စီဖက္မွ KNU တပ္မဟာ ၅ နယ္ေျမ ထိုင္း-ျမန္မာနယ္စပ္ရွိ ေက်း႐ြာမ်ား အတြင္းသို႔ ေလယာဥ္ျဖင့္ ေန႔တိုင္းလာေရာက္ပစ္ခတ္ေနသည္အတြက္ ေဒသခံမ်ားမွာ ထိုင္းႏိုင္ငံဖက္သို႔ ထြက္ ေျပးတိမ္းေရွာင္ေနရသည္ ဟု KPSN က ေျပာသည္။
“အခုက တစ္႐ြာလုံးပဲ ေသနတ္ေတြနဲ႔ ပစ္တာက အရမ္းၾကမ္းတယ္။ အသံအက်ယ္ႀကီးပဲ ေလယာဥ္ပ်ံနဲ႔ ဗုံးလာ ႀကဲတာ ခုနကပဲ က်မတို႔ကို လွမ္းေျပာတာ ဒါးဂြင္ဖက္လို႔ေျပာတယ္။ စစ္စခန္းနဲ႔ အနီးအနားေတြကို ပစ္ေနတာ” ဟု ေနာ္ဝါးခူရွီး က ေျပာသည္။
ၿပီးခဲ့သည့္ မတ္လ ၂၇ ရက္ေန႔ကလည္း KNU/KNLA တပ္မဟာ ၅ မူေၾတာ္(ဖာပြန္) ခ႐ိုင္ရွိ KNLA စစ္သည္မ်ား က စစ္ေကာင္စီ၏ သီးမူထာ တပ္စခန္းကို ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္ခဲ့သည္။
ထို႔ေနာက္ စစ္ေကာင္စီတပ္မ်ားက KNU/KNLA တပ္မဟာ ၅ မူေၾတာ္(ဖာပြန္) ခ႐ိုင္အတြင္းရွိ ေက်း႐ြာမ်ား အတြင္းသို႔ ေလယာဥ္ျဖင့္ လာေရာက္ ဗုံးႀကဲ တိုက္ခိုက္ခဲ့သည့္အတြက္ ေဒသခံမ်ားမွာ ထိုင္းႏိုင္ငံသို႔ ထြက္ေျပး တိမ္းေရွာင္ခဲ့ၾကေသာ္လည္း ထိုင္းအစိုးရက လက္မခံပဲ ေမာင္းထုတ္ခဲ့သည့္အတြက္ စစ္ေဘးလြတ္ရာ ေတာ ေတာင္မ်ားထဲတြင္ ပုန္းေရွာင္ေနထိုင္ေနရသည္ မွာ ယေန႔အခ်ိန္ထိ ျဖစ္သည္။
ဧၿပီလ ၂၇၊ ၂၈ ႏွင့္ ၂၉ ရက္တို႔တြင္ စစ္ေကာင္စီက ေလယာဥ္ျဖင့္ ေကအန္ယူ တပ္မဟာ ၅ နယ္ေျမ၊ သံလြင္ျမစ္ တစ္ေလ်ာက္၊ ထိုင္းႏွင့္ကရင္ျပည္နယ္စပ္တြင္ ဗုံးႀကဲတိုက္ခိုက္ခဲ့သည့္အတြက္ ကရင္ေဒသခံ ၂၀၀၀ ေက်ာ္ ထိုင္း ႏိုင္ငံဖက္ကို ထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး လာမည့္ ရက္မ်ားတြင္ စစ္ေကာင္စီတပ္က ေလယာဥ္ျဖင့္ ထပ္မံ တိုက္ခိုက္လာပါက သံလြင္ျမစ္ကမ္းတေလ်ာက္ရွိ ကရင္ျပည္သူ ေဒသခံ ၈၀၀၀ ေက်ာ္ထက္မနည္း ထိုင္းႏိုင္ငံ ဖက္သို႔ ထြက္ေျပးခိုလုံရမည္ဟု ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ KPSN က ေျပာသည္။
ထို႔ေၾကာင့္ ထိုင္းအာဏာပိုင္စစ္တပ္အေနျဖင့္ စစ္ေဘးေရွာင္ေဒသခံမ်ားကို ကူညီဖို႔ရန္လည္း ေမ်ာ္လင့္သည္ဟု ကရင္ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳကြန္ရက္ KPSN က ေျပာသည္။